ပေါ့ ပ်ဂီတ ဘုရင်ကြီး မိုက်ကယ်လ်ဂျက်ဆင်( ၅၀နှစ်) ဟာ ဒီနေ့ ညနေမှာ ရုတ်တရက် ကွယ်လွန်သွား ခဲ့ပြီဖြစ်ပါတယ်။ ကျနော်တို့ ၈၈ ဖြစ်ခါနီးမှာ သူရဲ့ လပေါ်လမ်းလျောက်အကဟာ ကမ္ဘာတလွားမှာ ရေပန်းစား ခဲ့တယ်။
အထူးသဖြင့် ၈လေးလုံးတုံးက အထက်တန်းကျောင်းသားအရွယ်တွေဟာမိုက်ကယ်ဂျက်ဆင်ရဲ့ လပေါ် လမ်းလျောက် အက ကို အပြိုင်အဆိုင်က ခုန်ခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ ချစ်စွာသော ရဲ ဘော်တွေဖြစ်တဲ့ ကိုသက်ဝင်းအောင် ( အကသ- ကျဆုံး) ၊ ရဲဘော်ဝင်းဇော်( အေဘီ -ကျဆုံး) ၊ ရဲဘော်တင်မောင် (ခ) တရုပ်ကြီး (အေဘီ- ကျဆုံး) တို့ဟာမိုက်ကယ်ဂျက်ဆင်သီချင်းနဲ့ ကခဲ့တာ တွေက ကျနော်တို့ကို ပြန်လည်အမှတ်ရ စေခဲ့ပါတယ်။ သူပါဝင်သီဆိုခဲ့တဲ့ We Are the World - သီချင်း က လူသားဆန်မှုကို ပြသခဲ့တယ်။
ဒီနေ့ သူချစ်တဲ့ ကမ္ဘာ့ပရိသတ်ကြီး ကို မိုက်ကယ်တယောက် မနှုတ်ဆက်ပဲ ရုတ်တရက်ခွဲခွာသွားခဲ့ပါတယ်။ သူက အင်္ဂလန်မှာ သွားရောက်ဖျော်ဖြေဖို့ စာချုပ်ချုပ်ခဲ့စဉ်က ဒါဟာ သူရဲ့ နောက်ဆုံးပွဲပါလို့ ပြောခဲ့တာကပဲ နိမိတ်တခုလို့ ဖြစ်ခဲ့ရတယ်လို့ သူ့ရဲ့ ပရိသတ် တဦးက ဆိုပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာကွယ်လွန်ခါနီးမှာ ကလေးများ ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှု ဆောင်ရွက်မှုတွေလုပ်ခဲ့တယ်လို့ တရားစွဲခံခဲ့ရပါတယ်။ မိုက်ကယ်ဂျက်ဆင် ကောင်းရာသုဂတိသို့ လားပါစေ-

1 comment :
ဘာဝမ်းနည်းစရာရှိလို့လဲ။ ဘာဝမ်းသာစရာရှိလို့လဲ။ မင်းတို့ဘလော့က တော်လှန်တဲ့ဘလော့ကနေ commercial blog ကြီးဖြစ်သွားဦးမယ်။ သတိထား။။။
Post a Comment