Saturday, 6 June 2009

မြန်မာလေကြောင်းပိုင် XY-ADW လေယာဉ် လမ်းချော်တိမ်းမှောက်


သေချင်ရင် စိန်မစား နဲ့  မြန်မာ့လေကြောင်းနဲ့  ခရီးသွား


-ရိုက်တာ-

မြန်မာ လေကြောင်းပိုင် ဂျက်လေယာဉ် ( XY-ADW)ဟာ စစ်တွေ လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် လေယာဉ်လမ်းကြောင်း ချော်သွားသဖြင့် လေယဉ်မှူး တဦးအပါအ၀င် စုစုပေါင်း ၃ ဦး ဒဏ်ရာ ရရှိသွားသည်။ လေယာဉ် ဟာ ခရီးသည် ၈၀ တင်ဆောင်လာပြီး၊ မီတာ ၉၀ ကျယ်ဝန်းတဲ့ပြေးလမ်းကြောင်းမှာ ဆင်းသက်ခဲ့စဉ် လမ်းချော်သွားခဲ့ခြင်းဖြစ်ပါတယ်။ လေယာဉ်ဟာ ဒီနေ့နံနက်က ရန်ကုန်မှ ပျံသန်းလာပြီး နံနက် ၈ နာရီ ၃၀ တွင် စစ်တွေ ကွင်းသို့ အဆင်း၌ ယခုကဲ့သို့ လမ်းချော်သွားခြင်း ဖြစ်သည်။ လေယာဉ်မှူး နှင့် ခရီးသည် ၂ဦးကို ဆေးရုံသို့ ခေါ်ဆောင်သွားပြီးဒဏ်ရာများကို ကုသပေးနေပါတယ်လို့ သိရှိရပါသည်။

လေယာဉ်ဆင်းသက်မှုကိုထိမ်းချုပ်ပေးတဲ့ ဂီယာ နှင့် လေယာဉ်တောင်ပံတစ်ခုလုံး ပျက်စီးသွားကြောင်း ရိုက်တာသတင်ဌာနက ရေးသားထားတဲ့ သတင်းမှာ ဖတ်ရှု့ ရပါသည်။ မြန်မာနိုင်ငံမှာ စက်ချို့ ယွင်းမှုကြောင့် မကြာခဏဆိုသလို မြန်မာလေကြောင်းပိုင် လေယာဉ်များ ပျက်ကျနေတာကြောင့် လေကြောင်းသွား ခရီးသည်များ အထူး တုန်လှုန့်ချောက်ခြား နေကြပါတယ်။

5 comments :

Anonymous said...

it's not MIA .. it's MAI ..

Anonymous said...

And it seemed to be Myanmar Airways not Myanmar Airway International.

Anonymous said...

ပြီးခဲ့တဲ့အပတ်ကပဲ တိုးတက်လှပါပြီဆိုတဲ့ ဥရောပနိုင်ငံဖြစ်တဲ့ ပြင်သစ်လေယာဉ်တစ်စီး ဘရာဇီး သမုဒ္ဒရာထဲမှာ ပျက်ကျသွားတာရော ဘယ်လိုပြောမလဲ...တိုးတက်လှတဲ့ အမေရိကန်နိုင်ငံတောင် ခဏဏ လေယာဉ်ပျက်ကျနေတာတွေ ဘယ်လိုပြောမလဲ...မြန်မာနိုင်ငံဟာ မဖြစ်စလောက်လေး လေယာဉ်လမ်းကြောင်းလေး လွဲချော်သွားတာကို ပုံကြီးချဲ့နေတာဟာ ပုတ်ခတ်လွန်းရာကျနေပါတယ်

Anonymous said...

ဟကောင်ရ ဥရောပနိုင်ငံတွေမှာက လေယာဉ်ပေါင်း သိန်းသောင်းချီပြီးသွားလာနေတာကွ။ probability အရ တစ်စီး နှစ်စီး ပျက်ချင်ပျက်မှာပေါ့ မင်းအဖေ အမ်အေအိုင်က ရှိတာမှ ၃- ၄ စီး တစီးပျက်ရင် ဘယ်လောက်ထိခိုက်မယ်ဆိုတာ မင်းဦးနှောက်ရှိရင် စဉ်းစားပေါ့ကွာ စက်ပဲကွာ လူတောင်အစိုးမရတာ ပျက်ချင်ပျက်မှာပေါ့လို့ ပြောတာကမှ ဟုတ်အုန်းမယ် တော်တော် စောက်ကြောပြောင်တဲ့ကောင် ဟား ဟား

Anonymous said...

မှန်လိုက်လေခြင်း။
ဥရောပ နိုင်ငံတွေမှာ စက္ကန့်နဲ့ အမျှ လေယာဉ်နဲ့ ခရီးသွားနေတာ...
နှစ်နဲ့ချီမှ တစ်စီးတလေ ပျက်တာ။
Myanmar မှာ တရက်မှာ ဘယ်နှစ်စီးများ ပျံနေလို့လဲ
ဒါပေမယ့် တော်ကြာ air bagan, တော်ကြာ myanmar airway ခဏ ခဏ ပျက်နေတာ
ဒီနှုန်းအတိုင်းဆို ဥရောပနဲ့ အနောက် နိုင်ငံတွေဆို တနေ့ ကို ၁စင်း ၂ စင်းလောက်ကို ပျက်ကျနေပြီ
ဒီလို ဦးနှောက်နဲ့ လူတွေများနေလို့ တို့ မြန်မာနိုင်ငံ ဒုက္ခရောက်နေတာ
ခင်ဗျား မလို့ အရှက်မရှိနှိုင်းရက်လေခြင်း။