Friday 10 July 2009

မြန်မာ-မြောက်ကိုရီးယား လက်နက်အရောင်းအ၀ယ် မလေးရှားဘဏ် နှင့် ပက်သက်

North Korea-Burma Financial Transition from Malaysia's Bank


ကျော်သိင်္ခ
ဇူလိုင်လ ၁၀ ရက်

ဇူလိုင်လ ၉ ရက်နေ့ထုတ် မလေးရှားနိုင်ငံ ပူထရာဂျာရာ သတင်းတွင်ဖော်ပြထားသော “Malaysia Won't Allow Banks To Violate UN Sanctions On North Korea ” ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

မြောက်ကိုရီးယား နှင့် မြန်မာနိုင်ငံအကြား လက်နက်အရောင်းအ၀ယ် ကိစ္စနှင့်ပက်သက်ပြီး ငွေကြေးပေးချေမှုမှာ မလေးရှား ဘဏ်တစ်ခုကို ကြားခံအနေနှင့် အသုံးပြုသည့်ကိစ္စအား မလေးအစိုးရက အမေရိကန်အစိုးရနှင့်အတူ ပူးပေါင်း ဆောင်ရွက် သွားဖို့ စီစဉ်နေပါတယ်။

မလေးရှားနိုင်ငံအနေနှင့် ထိုကိစ္စအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမေရိကန်အစိုးရအား အကူအညီများလည်း ပေးသွားမယ်လို့ မလေးရှား ၀န်ကြီးချုပ် ဒါတွတ် ဆရီနာဂျစ်တွန်ဇာရတ် က ကြာသပတေးနေ့က ပြုလုပ်တဲ့ အငယ်စား နှင့် အလတ်စား အမျိုးသားစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကောင်စီ အစည်းအဝေးမှာ သတင်းထောက်တွေကို အခုလို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားကလာတဲ့ သတင်းများအရ၊ မြောက်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် လက်နက်တွေ တင်ပို့ ကြောင်း သံသယရှိပြီး၊ အဆိုပါလက်နက် အရောင်းအ၀ယ်ကိစ္စအတွက် အမည်ဖော်ပြမထားတဲ့ မလေးရှားနိုင်ငံ ဘဏ်တစ်ခု ကနေ ငွေပေးချေမှုတွေ ပြုလုပ်ပြီးသွားပြီလို့လည်း ဆိုပါတယ်။

မကြာသေးမီက ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် ဘဏ္ဍာရေး၊ လက်နက်ရောင်းဝယ်မှုနှင့် အခြားပိတ်ဆို့မှုများ နှင့်ပက် သက်ပြီး အမေရိကန် ကိုယ်စားလှယ် ဖိလစ်ဂိုးလ်ဘာ့ဂ်က ပြီးခဲ့တဲ့ တနင်္လာနေ့က မလေးရှားနိုင်ငံ အစည်းအဝေးမှာ ဆွေးနွေး ခဲ့ပါတယ်။

ဖီးလစ် ဂိုးလ်ဒ်ဘာ့ဂ် က သတင်းထောက်တွေကို ပြောကြားရာမှာ သူ့ကိုယ်စားလှယ်အဖွဲ့တွေအနေနဲ့ မလေးအာဏာပိုင် တွေနှင့်အတူ နီဂါရာဘဏ် (Bank Negara) မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အစည်းအဝေးတစ်ရပ် ကျင်းပကာ အလွန်ကောင်းမွန် သော ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ဖြစ်ခဲ့ကြောင်း ပြောခဲ့။ သို့သော် မြောက်ကိုရီးယားနိုင်ငံအား ကုလသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုကို မလေးရှားပြည်တွင်းဘဏ်တစ်ခုက ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိ ဆွေးခဲ့သည့်ကိစ္စနှင့် ပက်သက်ပြီးတော့ ထည့်သွင်းပြောကြားသွားခြင်း မရှိခဲ့ပါဘူး။
အမေရိကန်အစိုးရအနေနှင့် မည်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ်စနစ် ချိုးဖောက်မှု သတင်းမျိုးကိုမဆို အခြားနိုင်ငံများနှင့် သတင်းချင်းဖလှယ်သွားမည်ဖြစ်ကြောင်း နှင့် အထူးသဖြင့် မြောက်ကိုရီးယားအစိုးရအပေါ် ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူမှုနှင့် ပက်သက်ပြီး မြောက်ကိုရီးယားအစိုးရနှင့် ကုန်သွယ်ရေး နှင့် ဘဏ္ဍာရေးဆက်သွယ်မှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံဖြတ်ချက် အပိုဒ် ၁၈၄၇ အား ချိုးဖောက်ခြင်း ရှိ၊ မရှိ နှင့် တရားဝင်ခြင်း ရှိ၊ မရှိတို့ကို စုံစမ်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံ၏ ၀န်ကြီးချုပ်လည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်သူ နာဂျစ်က “ဒီ ကိစ္စအပေါ် ကျနော်တို့ အသေးစိတ် စုံစမ်းမှုတွေ လုပ်နေပါတယ်။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် (သို့မဟုတ်) နိုင်ငံတကာရဲ့ ပြဌာန်းချက်တွေကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုး၊ အခုလို စွပ်စွဲချက်တွေကို မလိုချင်ဘူး။ ကျနော်တို့နေနဲ့ မလေးရှားမှာ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဘဏ်စနစ် ရှိနေ တာကို မလိုချင်ပါဘူး” လို့ ပြောပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ နြူကလီးယား လက်နက်ဖြန့်ဝေမှုကို အားမပေးတဲ့အတွက် နြူကလီးယားလက်နက် ရောင်းဝယ်မှုများ မှာလည်း မလေးရှားဘဏ်စနစ်ကို အသုံးပြုခွင့်ပြုမှာလည်း မဟုတ်ကြောင်း ၀န်ကြီးချုပ် နာဂျစ်က ပြောသွားပါတယ်။

No comments :