Saturday 11 July 2009

တီဟီရန် တက္ကသိုလ်မှာ အီရန် ကျောင်းသူကျောင်းသား ထောင်နဲ့ချီပြီး ဆန္ဒပြနေ

Brave Iranian women Continue Their Justified Fight Against Dictators

-WFWW-

၁၉၉၉ ခုနှစ် ဇူလိုင်လ မှာ ဖြစ်ပွားခဲ့တဲ့ အီရန်ကျောင်းသားအရေးအခင်း ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ တီဟီရန် တက္ကသိုလ်မှာ အီရန် ကျောင်းသူကျောင်းသား ထောင်နဲ့ချီပြီး မနေ့က ဆန္ဒပြနေကြပါတယ်။ အီရန်အမျိုးသမီးတွေဟာ အမျိုးသားများနှင့် ရင်ဘောင်တန်းပြီး “စစ်အဏာရှင် ကျဆုံးပါစေ။ အကျဉ်းချ ခံနေရတဲ့ ငါတို့ရဲ့ ညီအကိုမောင်နှမတွေ လွတ်ပါ။” လို့ သံပြိုင်ကြွေးကြော်ယင်း ပါဝင် ချီတက် ဆန္ဒပြ ခဲ့ကြတယ်။ ဆန္ဒပြပွဲဟာ မြို့တော်တီဟီရန် နေရာတော်တော် များများ ကို ကူးစက်သွားခဲ့ကြောင်း သိရှိရပါသည်။ ဒီဆန္ဒပြပွဲမှာ အီရန်ကျောင်းသူများ၊ အီရန်အမျိုးသမီးများက ရှေ့တန်းကနေ ဦးဆောင်ပြီး ချီတက်ဆန္ဒပြ နေကြကြောင်း သိရှိရ ပါတယ်။

လူထောင်နဲ့ချီ ဆန္ဒပြနေကြတဲ့ ဒီဆန္ဒပြပွဲဟာ ရက်အနည်းငယ်အတွင်းမှာ ကျင်းပတော့မဲ့ သမ္မတ အမာဒီနီဂျက် မဲလိမ်ပြီး သမ္မတအဖြစ်ဆက်လက် ဘိတ်သိပ်ခံမည့်ပွဲကို ရှု့ချဆန္ဒပြကြမဲ့ အကြိုပွဲလည်းဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ အကြီးအကျယ်ထပ်မံ ချီတက်ဆန္ဒပြကြဖို့ ပြန်လည်းအားယူပြင်ဆင်နေကြတယ်။ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အတိုက်အခံ ခေါင်းဆောင်းတွေကလည်း ဆန္ဒပြသူတွေအပေါ် အစိုးရ မှ အကြမ်းဖက် တိုက်ခိုက်နေမှုကို ရပ်ပါ။ ဖမ်းဆီးထားခံရတဲ့သူတွေကို ပြန်လွတ်ပါလို့ တောင်းဆိုယင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို ဆက်လက်ပြုဖို့ ဆော်သြော်ထားကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အီရန်နိုင်ငံရေးဟာ အီရန် နိုင်ငံအတွင်းမှာ သာမက အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများ ကို ပါ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခု ဆီဦးတည်ရွေ့လျားနေပါတယ်။


တီဟီရန် တက္ကသိုလ်မှာ အီရန် ကျောင်းသူကျောင်းသား ထောင်နဲ့ချီပြီး ဆန္ဒပြနေစဉ်





No comments :