Wednesday, 15 July 2009

ဗိုလ်ချုပ် အောင်ဆန်းပြောတဲ့ တော်လှန်ရေးသမား သုံးမျိုး

ဗိုလ်ချုပ် အောင်ဆန်း တိုင်းရင်းသားခေါင်းဆောင်များနှင့် အတူ


(ဗိုလ်ချုပ် အောင်ဆန်းပြောတဲ့ တော်လှန်ရေးသမား သုံးမျိုး)


"ကိုဖေခင် ခင်ဗျားကို ကျနော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သမား သုံးမျိုးသုံစားရှိတယ်။ ခင်ဗျား သိလား။

ပထမ တမျိုးက လက်နက်ကိုင်ပြီးတိုက်ရဲ၊ခိုက်ရဲတယ်။ သတ်ရဲ၊ ဖြတ်ရဲ အသေခံရဲတယ်။

ဒုတိယအမျိုးစားကလက်နက်ကိုင်ပြီးမတိုက်ရဲ မခိုက်ရဲ ။ မသတ်ရဲ။ မဖြတ်ရဲဘူး။ အသေလဲမခံရဲဘူး။ ဒါပေမဲ့ တရွာဝင်တရွာထွက် အပင်ပန်းခံအဆင်းရဲခံပြီး စည်းရုံးရေးလုပ်နိင်တယ်။ စားစရာရရင်စား၊ မရရင်မစားဘဲ ဇွဲနှဘဲ နဲ့ အငတ်ခံနိင်တယ်။

တတိယအမျိုးစားက တိုက်လည်းမတိုက်ရဲ အသေလည်းမခံရဲ အပင်ပန်းအဆင်းရဲ အငတ်အပြတ်လည်း မခံနိင်ဘူး။ ခတ်ကျော့ကျော့လေးဝတ်စား ပြီး ဦးဏှောက်သုံးပြီး တိုင်းပြည်အတွက် ဘာလုပ်ပေးရမလဲ လုပ်ပေးနိင်တယ်ဆိုတဲ့လူစားမျိုး ဖြစ်တယ်။ ခင်ဗျား က အဲဒီအမျိုးအစားထဲမှာပါတယ်။ ခင်ဗျားကို ကျူပ်တာဝန် ပေးစရာရှိတယ်။"

(မဟာသရေစည်သူ ဦးဖေခင်- ကိုယ်တွေ့ပင်လုံ စာအုပ်မှ) ဗိုလ်ချုပ်က တော်လှန်ရေးကာလမှာ ဖဆပလဌာနချုပ်မှာ အသစ်ဖွင့်တဲ့ နိင်ခြားဒေသဌာနခွဲ အတွင်းရေးမှုအဖြစ်တာဝန်ပေးဖို့ ဦးဖေခင်ကို စည်းရုံးနေပုံဖြစ်တယ်။

ပေးပို့သူ- ကိုဇော်ဝင်း ( နယူးယောက်မြို့ )

2 comments :

ငုဝါ said...

သဘောကျတယ်ရှင် တကယ်ပဲ ရှိတယ်လေ ဒါပေမဲ့ သေချာတာကောင်းမယ် နော် နို့မိုအချိန်ကုန် ငွေကုန်တယ်လေ

Nge Naing said...

ဒီပို့စ်ကို ကူးယူသွားပါတယ်။
ကျေးဇူးအထူး တင်ပါတယ်။