Thursday 16 July 2009

အခြေခံဥပဒေပေါ် ဦးစော ရဲ့  ပေါ့ပျက်ပျက် အမြင်


''ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ ကိစ္စဟာ လွယ်ပါတယ်။ ကျုပ်ကိုလက်နှိပ်စက်စာရေး တယောက်သာပေးပါ၊ ခင်ဗျား တို့ဘယ်လို ပုံစံဖွဲ့စည်းအုပ်ချုပ်ပုံမျိုး လိုခြင်ကြသလဲ၊ ခင်ဗျားတို့လိုခြင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမျိုးကို ကျုပ်နာရီပိုင်းအတွင်း ရေးဆွဲပေးမယ်။ ''


( ဂဠုံဦးစော - ပင်လုံ အစည်းဝေး။၁၉၄၆)

7 comments :

Anonymous said...

မောင်စောပြောတာလည်းမှန်သားပဲဗျ...ဟဲဟဲ..သူပြောတာက လက်နှိပ်စက်နဲ့နာရီဝက်တွင်းရိုက်ပေးမယ်လို့ပြောတာလေ..ဖွဲ့စည်း ပုံရေးမယ်လို့မပြောဘူး..တကယ်တော့ နအဖ ဖွဲ့စည်းပုံရေးဆွဲခဲ့တာ ဒီလောက်ကြာစရာတော့မရှိပါဘူးဗျို့..

Anonymous said...

သူပြောတာ တကယ်လို့ ယူမယ် ဆိုရင် ဒီပုဂိုလ်ဟာ အခြေံဥပဒေ နဲ့ ပက်သက်လို့ အထူးကျွမ်းကျင် လက်ပွန်းတတီး ရှိနေလို့လား ဒါမှမဟုတ် နကန်းတလုံးမှ နားမလည်လို့ လား - တခုခု တော့ ဖြစ်ရမယ်

santun said...

ကိုမိုးသီးက အချိန်တိုအတွင်းဆွဲတဲ့ အခြေခံဥပဒေက ပေါ့ပျက်တယ်ဆိုတော့ နအဖဆွဲခဲ့တဲ့ အခြေခံဥပဒေက နှစ်ပေါင်းများစွာ အချိန်ယူပြီးဆွဲခဲ့ ရလို့ အင်မတန်လေးနက်ကောင်းမွန်တယ်လို့များ ဆိုလိုချင်သလား၊

Anonymous said...

ဂဠုန်ဦးစောဆိုတာ ဗိုလ်ချုပ်တို့ ကို လုပ်ကြံခဲ့တဲ့ မဟာအမှားတစ်ခုရှိခဲ့လို့ သာ ဖြစ်တယ်။

အဲဒီအတွက်လဲ တိုင်းပြည်နစ်နာခဲ့သလို သူကိုယ်တိုင်လဲ သေဒဏ်ခံယူသွားရတယ်။

ဒါပေမယ့် တိုင်းပြည်ပေါ်ကို ချစ်တာ ၊ ထက်မြက်တာ ၊ တော်တာ တိုင်းပြည် အပြင်က ခုခေတ် ခေါင်းဆောင်ဆိုတဲ့ ကောင်တွေ ပညာရှင်ဆိုတဲ့အချောင်သမားတွေထက်
အများကြီးသာသူဖြစ်တယ်။

ဒါ့အပြင်က ဂဠုန်ဦးစော ဆိုတာ ၀တ်လုံတဦးလဲဖြစ်ပြန်တယ်။ ခု ခေတ် ဘီအယ်စီဆိုပြီးလုပ်စားနေတဲ့ ပြည်ပရောက်ရှေ့ နေ
တွေထက်အများကြီးသာသူဖြစ်တယ်။

ထက်မြက်တဲ့ မြေလတ်သားတစ်ယောက်
ဖြစ်တဲ့ဂဠုန်ဦးစောအနေနဲ့ အခြေခံဥပဒေကို နာရီပိုင်းအတွင်း ရေး နိုင်တယ် ဆိုတာ ဘာမှ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး ။
သူ့ အခြေခံဥပဒေကို လူထု လက်ခံသည် လက်မခံသည်ကသာ Issue တစ်ခုဖြစ်တယ် ။


ဗိုလ်ချုပ်လောက်ထက်မြက်ရဲရင့်တဲ့  သူကို ဗြောင်သတ်ရဲတာ ဇလဲ ရှိ ထက်လဲ ထက်မြက်ဘာကိုမှလဲ ဂရုမစိုက်တတ်တဲ့သူမို့ 
လို့ ဖြစ်တယ်။

အခုခေတ်ပြည်ပရောက်ခေါင်းဆောင်ဆိုတဲ့သူတွေ ဗိုလ်ချုပ်အောင်ဆန်းလောက် မစွန့် လွှတ်နဲ့မတော်
နဲ့ဦး ။

ဂဠုန်ဦးစောလောက် ဇရှိ ၊ ထက်မြက်ပြီး ခပ်ပြတ်ပြတ်လုပ်ရဲတဲ့ သတ္တိနဲ့  အရည်အချင်းရှိရင် နအဖ ဒီလောက်သက်ဆိုးမရှည်ဘူး ။


တချို့ ဆို အဖွဲ့ အစည်းတစ်ခု ရဲ့ အခြေခံဥပဒေလေးကိုတောင် ဟုတ်တိပတ်တိဆွဲနိုင်တာမဟုတ်ပဲ ခေါင်းဆောင်လုပ်နေကြတာ ဒုနဲ့ဒေး။

ကိစ္စတိုင်းကိစ္စတိုင်းမှာ အကန့် လိုက်
အကန့် လိုက်ခွဲပြီး လူထုကို
တွေးနိုင်ဖို့ ဦးဆောင်မှုပေးဖို့ ခုအချိန်မှာသိပ်အရေးကြီး တယ် ။ သေသွားတာ ပဝေသဏီက ဦးစောကို ဟုတ်တိပတ်တိအပုတ်ချနေလို့  ဘာမှဖြစ်မလာဘူး။

အဲသလို အာဇာနည်နေ့  ရောက်မှ ဂျူလိုင်လ ရောက်မှ ဦးစော ကို ထအပုတ်ချလိုက် ၊ သန်းရွှေ သေပြီပြောလိုက် ၊ ဦးနု နောက်သာလိုက်ခဲ့ရင် ဘာဖြစ်မယ်ညာဖြစ်မယ် ပြန်လွမ်းပြလိုက်နဲ့ကတော့ ခင်ဗျားတို့  ခေါင်းဆောင်မှုနဲ့ဒီမိုကရေစီကတော့ မျှော်လေဝေးလေပဲဖြစ်မယ်။ ခင်ဗျားတို့  နားချိန်တန်ပြီ ။ ပါးစပ်ပင်စင်ယူကြပါတော့။ ပြည်သူ လူထုခေါင်းရှုပ်တယ်။ လူတွေက နေတာက နိုင်ငံခြားတိုင်းပြည်တွေမှာ၊ လုပ်နေတာ အင်တာနက်ပေါ်က လမ်းညွှန်ချက်တွေပေးနေတာ၊ ဟိုဖက်က လာဆက်ပြီး လမ်းညွှန်ချက်တွေကို
အခန့် သား နားထောင်နေတယ်
ဆိုတဲ့ကောင်တွေကလဲ အကုန်ထောက်လှမ်းရေးတွေချည်ပဲ ။
အင်မတန် လေးနက် တိကျ လေးစားဖွယ်ကောင်း
တဲ့ခေါင်းဆောင်မှုတွေနဲ့လူတွေက ဂဠုန်ဦးစော ကို ဘာဖြစ်တယ်ညာဖြစ်တယ်လေး ထပ်အပုတ်ချနေသေးတယ်။ ခင်ဗျားတို့ အတွက်လဲ လာမယ် ဂဠုန်ဦးစော လက်သစ်တွေ။ ဒါပေမယ့်ကျိန်းသေတာကတော့ ခင်ဗျားတို့ ကျရင် ဗိုလ်ချုပ်အောင်ဆန်းတို့ လိုတော့ လူထုတရပ်လုံး ကြေကွဲ ပြီး တသသဖြစ်နေမှာမဟုတ်ဘူး ။

Anonymous said...

ကောင်းလိုက်လေ ကွာ။

Anonymous said...

သူနိုင်ငံရေးလှုပ်ရှားတုန်းက ဗိုလ်ချုပ်က ကလေးပဲရှိသေးတယ်.. သူ ပြည်ပမှာ ထောင်ကျပြီးပြန်လာတော့ ဗိုလ်ချုပ်က ဦးဆောင်နေပြီ.. နောက်ဆုံးမှာ သူ့ရဲ့မနာလိုစိတ်၊ ခံပြင်းစိတ်တွေနဲ့ မိုက်မဲစွာနဲ့လုပ်ကြံခဲ့တာပဲ.. ဒါတွေထားလိုက်ပါတော့.. အခု ဦးစော ထက်ယုတ်ကန်းတဲ့ နအဖ ရှိပါသေးလားလို့ပဲ အမှတ်ရကြပါစို့လား.. ဦးစော ကသူ့မိုက်ပြစ်ကို သူပေးဆပ်ခဲ့ပြီးပြီပဲ..

ဒေါင်းဇာနည် said...

ကိုစေတန် အောက်မှာ ကွန့်မန်ပေးသွားသူသို့........



မသိရင်လည်းမသိသလို၊ နားမလည်ရင်လည်းနားမလည်သလို၊ မပြောတတ်ရင်လည်း မပြောတတ်သလို သာနေစမ်းပါဗျာ။ ခင်ဗျား Comment ဖတ်မိတာ ခွေးအဖေခေါ်နေသလိုပဲ။ တော်တော်ကျက်သရေယုတ်တယ်ဗျ။ ပဝေသဏီက ဦးစောကို အပုပ်ချရမယ့်အချိန်မဟုတ်ဘူး။ အာဏာရှင်တွေကို ထိထိရောက်ရောက်တိုက်ကြစို့...ဆိုတဲ့လိုရင်းဆိုလဲ ရှင်းရှင်းလင်းလင်းပြောပေါ့။ အခုတော့ တခြားလူအပုပ်ချ၊အပြစ်ပြောချင်တာနဲ့ ခင်ဗျားရေးတဲ့စာက ခွေးအဖေခေါ်စာ ဖြစ်နေပြီ။ ဒါနဲ့များ ရေးထားသေးတယ်။ “ကိစ္စတိုင်းကိစ္စတိုင်းမှာ အကန့် လိုက်
အကန့် လိုက်ခွဲပြီး လူထုကို
တွေးနိုင်ဖို့ ဦးဆောင်မှုပေးဖို့ ခုအချိန်မှာသိပ်အရေးကြီး တယ်”။ ခင်ဗျားသာ အဲလိုတွေးရင် ခွေးအဖေမခေါ်ဘူး။