Wednesday, 22 July 2009

အမေရိကန် ဒုသမတ ဂျိုးဘိုင်ဒင် ယူကရိမ်းရောက်

အမေရိကန် ဒုသမတ ဂျိုးဘိုင်ဒင် က ယူကရိန်းနိင်ငံကိုအလည်ပတ်ရောက်ရှိနေပါတယ်။ သူက ရုရှား က ယခင် ဆိုဗီယက်ယူနီယံခေတ်က နိင်ငံတွေပေါ်မှာ ဗိုလ်ကျ လွမ်းမိုးနေတာ တွေကို လက်ခံမှာမဟုတ်ဘူးလို ယူကရိန်းသမတနဲ့ တွေ့ ဆုံစဉ်မှာ အားပေးခဲ့ပါတယ်။ သူက ဂျောဂျီယာနိင်ငံကိုလည်း သွားလည်ဦးမယ်လို့ ဆိုပါတယ်။ နိင်ငံတခုက အခြားနိင်တခုရဲ့  ကံကြမ္မာပေါ်မှာ ဗီတိုသုံးတာကိုသူလက်မခံနိင်ကြောင်း ဆိုပါတယ်။ ဂျောဂျီယာ ကို ရုရှားတွေဝင်ရောက်တိုက်ခိုက်ပြီးကတည်းက အနောက်နိင်ငံတွေနဲ့ ရုရှား အခြေအတင်စကားများနေတာ တနစ်ခန့် ရှိသွားပြီဖြစ်ပါတယ်။ အမေရိကန်သမတ အိုဘားမားက ရုရှားနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ ကြိုးပန်းနေတဲ့အတွက် ရုရှားအိမ်နီးခြင်း နိင်ငံတွေဖြစ်တဲ့ ယူကရိန်းနဲ့  ဂျောဂျီယာတို့ က ငါဒို့ ကို အမေရိကန်မေ့ သွားပြီလားလို့ စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လာနေပါတယ်။ ဒုသမတ ခရီးစဉ်က ဒီဆိုးရိမ်မှုကိုဖြေသိမ့် ပေးနေပုံရပါတယ်။ အိုဘားမား က ရုရှားနဲ့  ဆက်ဆံရေး တိုးတက်အောင် တည်ဆောက်နေတဲ့ တပြိုင်နက်ထည်းမှာပဲ အမေရိကန်ရဲ့  အကျိုးစီးပွားက ဒီဒေသအတွင်းမှာ ရှိနေတယ်ဆိုတာကို ပြသနေခြင်းဖြစ်တယ်။


No comments :