Wednesday, 22 July 2009

ကိုမိုးသီးဇွန် ရဲ့  ၁၉၉၀ ရွေးကောက်ပွဲ အတွေ့ အကြုံ

ကိုမိုးသီးဇွန်ရဲ့ အတွေ့ အကြုံတွေကို အင်္ဂနေ့ ညတိုင်း အာအက်ဖ်အေမှ တဆင့်ထုတ်လွင့်သွားမှာဖြစ်ပါတယ်။ အခု တင်ပြတဲ့အကြောင်းကတော့လူဘောင်သစ် ဒီမိုကရက်တစ်ပါတီကိုတည်ထောင်ပြီးလှုပ်ရှားခဲ့တဲ့ ၁၉၈၉ ခုနစ်ကာလဖြစ်ပါတယ်။
အသံဖိုင်လ်ကို မကြာခင်တင်ပြသွားပါမယ်။ WFWW

------------------------------------------------------------------------------------

သောတရှင်မိဘပြည်သူအပေါင်းတို့ ခင်ဗျား

၂၀၁၀ ရွေးကောက်ပွဲ လာတော့မယ်ဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲကာလကို ကျနော်ပြန်ပြောင်းသတိရမိတယ်။ ၂၀၁၀ ရွေးကောက်ပွဲအခြေအနေက ၉၀ တုံးကထက်
အခြေအနေဆိုးဝါးလှတာကိုတွေ့ ရပါတယ်။ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ဆိုရင် နိင်ငံတကာကသတ်မှတ်လက်ခံထားတဲ့ စံချိန်စံညွန်းတွေရှိရပါလိမ့်မယ်။

ဒါတွေကတော့ - နိင်ငံရေးခေါင်းဆောင်တွေ ရှိရမယ်။ နိင်ငံရေးပါတီတွေ လွတ်လပ်စွာ ဆွေးနွေးတာတွေ၊ စည်းရုံးခွင့်ရှိရမယ်။ သတင်းစာလွတ်လပ်ခွင့်ရှိရမယ်။ ပြည်တွင်းပြည်ပ လေ့လာသူတွေ အကဲခတ်တွေ တက်ရောက်လေ့လာခွင့်ရှိရမယ်။ မဲရေတွက်တဲ့နေရာမှာ မသမာမှုတွေမရှိရအောင် လွတ်လပ်တဲ့ အင်အားစုတွေက ကြီးမှုးကြီးမတ်ရမယ် စတဲ့ အခြေခံ လိုအပ်ချက်တွေရှိဖို့ လိုပါတယ်။ အခုဒါတွေရှိပါပြီလား။ လုံးဝမရှိဘူးလို့ ပြောခြင်ပါတယ်။

ဒီအခြေခံစံချိန် စံညွန်းတွေ မရှိတဲ့အပြင် ၂၀၁၀ က ပိုမိုဆိုးနေပါတယ်။ ဒီအချက်တွေကတော့

၁- ၁၉၉၀ တုံးက ရွေးကောက်ပွဲကို အဓိက နိင်ငံရေး ပါတီတွေက ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ဖြစ်စဉ်တခုလို သဘောထားခဲ့တယ်။ရွေးကောက်ပွဲကို လက်ခံခဲ့ကြပါတယ်။

၂၀၁၀ ကိုတော့ အဓိက အင်အားစုတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့  တိုင်းရင်သား လူမျိုစုအဖွဲ့ များ နဲ့ အပြစ်ခတ်ရ အဖွဲ့ များက ပါ လက်မခံနိင်ကြခြင်းဖြစ်ပါတယ်။
၁၉၉၀ တုံးက အဓိက ကျောင်းသား အဖွဲ့ ကြီးနစ်ဖွဲ့ ဖြစ်တဲ့ ဗကသရော၊ မကသ က ခေါင်းဆောင်တွေ က တရားဝင်နိင်ငံရေးပါတီတွေတည်ထောင်ခဲ့ကြပါတယ်။ ဗကသအနေနဲ့ 
လူဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုတည်ထောင်ပြီး လှုပ်ရှားခဲ့တယ်။ ကျနော်ပါတီဥက္ကဌ အနေနဲ့ တာဝန်ယူခဲ့တယ်။ ဗကသလည်း ကျနော်တို့ ရဲ့ ပါတီစည်းရုံးရေးတွေကိုနောက်ကနေ အားပေးခဲ့တယ်။ အလားတူပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရော ၊
တိုင်းရင်းသားအင်အားစုတွေပါ ရွေးကောက်ပွဲအတွက် ပြင်ဆင်ခဲ့ကြပါတယ်။

ပါတီများ ကိုထောက်ပံမှု မရှိတာကတော့ ၁၉၉၀ တုံးကလည်းမရှိဘူး။ ၂၀၁၀ ကတော့ပိုဆိုးပါတယ်။ ပါတီတွေကိုအစိုးရ ထောက်ပံပေးရတယ်ဆိုတာကို ကျနော်တို့ လုံးဝ မသိခဲ့ပါဘူး။ ဒါကိုအရေးဆိုရမယ်ဆိုတာလည်း နားမလည်ခဲ့ဘူးဆိုတာဝံခံပါတယ်။


နိင်ငံရေးပါတီတည်ထောင်လှုပ်ရှားရတဲ့အခက်ခဲကို နိင်ငံရေးသမားတွေမှပဲနားလည်နိင်ပါတယ်။ ပါတီတည်ထောင်လိုက်တဲ့အတွက် ပထမဆုံးသော စိန်ခေါ်မှုကြီးကတော့ ရံပုံငွေပဲဖြစ်ပါတယ်။ ကျနော်တို့ ပါတီတည်ထောင်ဖို့ 
အတွက် ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ရပါတယ်။ မှတ်ပုံတင်ကြေးနဲ့ ရုံးခန်းလေးတခုငှားဖို့ တောင် ကျနော်တို့ မှာ ရံပုံငွေ အလုံလောက်မရှိကြပါဘူး။
ဘာရံပုံငွေမှမရှိပါဘူး။ ငွေလိုနေပါတယ်။ ဒါနဲ့ ဗကသ အမှုဆောင်တဦးဖြစ်တဲ့ မလှယမင်းဆီကို
အပူကပ်ရတယ်။ သူက ငွေတော့မရှိဘူး လက်ကောက် ပဲရှိတယ် လက်ကောက်ယူသွားဆိုတာနဲ့ လက်ကောင်နစ်ရံကို ကျနော်ယူလာပြီးရောင်းလိုက်တာ ကျပ်၅ထောင်ရတယ်။ သူပိုက်ဆံနဲ့ လူဘောင်သစ်ကို တည်ထောင်လိုက်တယ်။
ပါတီရုံးခန်းကို ရန်ကုန်မြို့  ၁၂ လမ်းထိပ်က ဦးမာဃ တိုက်ခန်းကိုအောက်ထပ်ကို ငှားလိုက်ပါတယ်။ အောက်ထပ်တိုက်ခန်းဆိုလို့ အထင်မကြီးလိုက်စေခြင်ပါဘူး။ အောက်ထပ်မှာ ရှိတဲ့ အဲ့ ခန်းမှာ စာပွဲတလုံး ကုလားထိုင် တလုံးသာပါတဲ့  နေရာလေးမျှသာဖြစ်ပါတယ်။ ကျနော်မျက်နာခြင်းဆိုင်မှာ စားပွဲမှာတော့ အဝေးပြေးကားဂိတ်က ရုံးစားပွဲရှိပါတယ်။ အခန်းက က သိပ်မကျယ်လှပါဘူး ပေနစ်ဆယ်ခန့် သာ ကျယ်ပုံရတယ်။ ကျနော်အတွက်စားပွဲတလုံးသာ ရတဲ့နေရာကိုသာကျနော်တို့ ငှားနိင်ခဲ့ပါတယ်။ အဲ့ဒါ ဥက္ကဌ စားပွဲ ပါ ဆိုပြီးရဲဘော်တွေက ပြောပြီးရီကြတယ်။ ကျန်တဲ့သူတွေက ထိုင်းစရာမရှိဘူး မပ်တပ် ရပ်ပြီးနေကြပါတယ်။ ဟိုဖက်က စားပွဲနဲ့ ကပ်နေတဲ့အတွက် ကျနော်တို့ ပြောတာလည်း သူတို့ ကြားရ သူတို့  အဝေးပြေးကားဂိတ်အော်ဒါတွေလက်ခံနေတာလည်း ကြားနေရတယ်။ တယ်လီဖုန်းကိုတော့
မျှသုံးရတယ်။ ဒီလောက်အထိအခက်ခဲကြီးမားစွာဖြတ်သန်းခဲ့ရပါတယ်။

တကယ်ဆိုရင် အစိုးရတွေက ပါတီတွေကို ရံပုံငွေထောက်ပံပေးသင့်တယ်လို့ ကျနော်မြင်ပါတယ်။ ဥပမာ ထိုင်းနိင်ငံမှာဆိုရင် ပါတီတွေကို ဘတ် ၅ သန်းနီးပါးထောက်ပံကြေး ရကြပါတယ်။ အာဏာရပါတီဖြစ်သွားရင် သူက လျော့ပြီးယူရပြီး
အတိုက်ခံပါတီက အများဆုံး ငွေကြေးထောက်ပံမှုကိုရပါတယ်။ ဒီမိုကရေစီစနစ်ခိုင်မာဖို့ အတွက် အပြန်အလှန်ထိမ်းညှိပေးထားတဲ့သဘောဖြစ်ပါတယ်။ ဒါအပြင်တခြား အခွင့်အလန်းတွေကိုလည်းသူတို့ ရကြပါတယ်။ ရွေးကောက်ပွဲမှာ ကျနော်တို့ ပါတီအနေနဲ့ 
ကိုယ်စားလှယ် ၄၀၀ ကျော် ၀င်ပြိုင်ရမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်တဦးကို ရွေးကောက်ပွဲကြေး ကျပ် ၃၀၀၀ ခန့်  အစိုးရကိုပေးရမယ်လို့ ဆိုပါတယ်။
ကိုယ်စားလှယ် ၄၀၀ အမြောက် ကျပ် ၃၀၀၀ ဆိုတဲ့အခါမှာတော့ ကျနော်မှာ အသက်ရူကြပ်ခဲ့ဘူးခဲ့ပါတယ်။

အခုကျနော်တို့ ကြားနေရတဲ့သတင်းတွေအရတော့ ရွေးကောက်ပွဲဝင်မဲ့ ကိုယ်စားလှယ်လောင်းတဦးက ကျပ်ငွေ သုံးသိန်းခန့်  ( ဒေါ်လာ ၃၀၀ ခန့် ) တင်ရမယ်လို့ ဆိုပါတယ်။ မြန်မာ နိင်ငံသားတဦးရဲ့ တနစ်ဝင်ငွေက ဒေါ်လာ ၂၀၀ အောက်ကို ကျနေတဲ့အတွက် နိင်ငံသားတိုင်းဟာ ရွေးကောက်ပွဲကိုဝင်နိင်တဲ့ အခွင့်အလန်း မရှိတော့ဘူးလို ဖြစ်နေပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ရံပုံငွေတွေ ကောက်ခံနိင်သလောက်ကောက်ခံနိင်ခဲ့ကြပါသေးတယ်။ ၂၀၁၀ မှာတော့ ၀င်ပြိုင်မယ်လို့ ကြေညာထားတဲ့ ပြည်ထောင်စုဖွင့်ဖြိုးရေးပါတီ - UDP - က ဦးသုဝေ၊ ဦးရဲ ထွန်းတို့ ကိုယ်တိုင်သည် ပင်လျင် ပါတီလှုပ်ရှားနိင်ဖို့ အတွက်ရံပုံအခက်ကြုံနေကြောင်း ကြားနေရပါတယ်။ အေးလွင်တို့ ပါတီတော့ ရံပုံငွေအတွက် ပြောဆိုတာမရှိတာတော့ ထူးဆန်းစွာတွေ့ နေရတယ်။ သူတို့ ကို နအဖ ကထောက်ပံမှု ရှိနေတယ်လို့  ပြောဆိုတဲ့အသံတွေကိုလည်းကြားနေရပါတယ်။

နာသောတဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒုတိယပိုင်းကို နောက်တပတ်မှာ ကျနော်ဆက်လက်ဆွေးနွေးပါမယ်။ ကျနော် မိုးသီးဇွန်ပါခင်ဗျား-
Get this widget Track details eSnips Social DNA

1 comment :

Anonymous said...

your office is open at corner of 10th street not 12th street