Sunday 26 July 2009

နအဖ ငွေစက္ကူ အထိမ်းအကွပ်မဲ့ပုံနှိပ်ထုတ်ဝေခဲ့မှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေ


-မြတ်စိုး-
၀၇-၂၆-၂၀၀၉

ကမ္ဘာ့စီးပွားရေးဆိုင်ရာ အကျပ်အတည်းနှင့် မြန်မာ့စီးပွားရေး အခြေအနေများကို လေ့လာသုံးသပ်သော ဟောပြောဆွေးနွေးပွဲ တစ်ခုကို အမေရိကန်နိုင်ငံ အင်ဒီယားနား ပြည်နယ်၊ ဖို့ဝိုင်းမြို့ တွင် ပြီးခဲ့တဲ့ အပတ်က ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲသို့ လက်ရှိရင်ဆိုင် နေရတဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းများကို စိတ်ဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်နယ်အသီးသီးမှ မြန်မာ စီးပွားရေးပညာရှင်များ၊ စီးပွားရေးကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြတယ်။ မြန်မာနိုင်ငံစီးပွားရေးအခြေအနေ နှင့် ပက်သက်၍ ဆွေးနွေးခဲ့ရာတွင်-

“မြန်မာနိုင်ငံတွင် နအဖ စစ်အုပ်စု က ငွေစက္ကူ အထိမ်းအကွပ်မဲ့ထုတ်ဝေနေမှုကြောင့် ငွေကြေးဖောင်းပွမှု ၊ ငွေကြေးတန်ဘိုးလျော့ကျမှု နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု တွေကို ရင်ဆိုင်နေရပြီး၊ အထူးစိုးရိမ်အမှတ်ကိုရောက်ရှိနေကြောင်း ပါဝင်ဆွေးနွေးသူ မြန်မာစီးပွားရေး ပညာရှင်များက သုံးသပ်ထားကြတယ်။”

ဥပမာ အားဖြင့် ''စပါးစိုက်ပျိုးစရိတ်က တစ် ဧကကို ကျပ်တစ်သိန်းခွဲလောက် အထိသုံးနေရတာကြောင့်၊ စပါးစိုက် လယ်ဧက သန်း၂၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ စိုက်ပျိုးစရိတ် ကျပ်သန်းပေါင်း သိန်းနှင့်ချီကာလို အပ်မည်ဖြစ်သည်ဟု လေ့လာသူ များကသုံးသပ်ကြပါသည်။ ထို့သို့ ငွေချေးဘို့လိုအပ်နေမှု က ငွေစက္ကူ ထပ်မံပုံနှိပ်ဖို့ လိုအပ်လာကြောင်း၊ မကြာခင်က ဘော်လုံးအသင်းပိုင်ရှင်များ ငွေကြေး ကျပ် သန်းပေါင်းများစွာ သုံးစွဲနေမှု ကို ကြည့် ခြင်းအားဖြင့် မြန်မာ ငွေစက္ကူများဟာ ငွေကြေး လည်ပတ်မှု စံနစ်တွင် ဘုံးပေါ်လအော်ဖြစ်နေကြောင်း ထောက်ပြဆွေးနွေး သွားကြပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ ကျပ်ငွေ ထွီလီယံ ရာပေါင်းများစွာ လည်ပတ်နေမှုကြောင့် ပြည်သူများဟာ ငွေကြေးတန်ဘိုးလျော့ကျမှု နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု တွေကို ခါးသီးစွာခံစား နေရကြောင်း၊ တောင်သူဦးကြီးများဟာလည်း စိုက်စရိတ်သံသရာထဲမှာ ကြွေးမီ များစွာတင်ရှိနေကြကြောင်း ဆွေးနွေးသွားခဲ့ကြတယ်။

ပြည်တွင်း စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်အရ မြန်မာနိုင်ငံတွင် ငွေစက္ကူ ထွီလီယံ ရာနဲ့ချီ မကြာသေးခင်က နှစ်များက ထပ်မံထုတ်ဝေပုံနှိပ်ခဲ့ကြောင်းလည်းသိရှိရပါသည်။ မြန်မာ နိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်နေမှု၊ ကုတ်ထုတ်လုပ်မှုစရိတ်ကြီးမြင့်လာခဲ့မှု ဟာ နအဖ စစ်အုပ်စုမှ ငွေစက္ကူ အထိမ်းအကွပ်မဲ့ ထုတ်ဝေနေမှုကြောင့်သာ ဖြစ်ကြောင်း မြန်မာ့စီးပွားရေး ပညာရှင်များက ပြင်းထန်စွာ သတိပေး ပြောကြားသွားပါတယ်။

No comments :