Wednesday, 29 July 2009
ဒီကနေ့ဟာသောကြာ(ကဗျာ)
စုတ်ပြတ်ပေရေတဲ့လမ်းများပေါ်
ငါတို့ခုန်တက်ခဲ့
ဒီကနေ့ဟာသောကြာ
သိမ်ငယ်စိတ်နဲ့အစာအိမ်များ
ပူလောင်လှုပ်ရှားခဲ့
ဒီကနေ့ဟာသောကြာ
ဆူညံမှုကိုပြုကြ
ရာဇ၀င်ရှိတဲ့ဂီတကိုဟစ်ကြွေးကြဟေ့
ဒီကနေ့ဟာသောကြာ
နာကျဉ်းမှုဆိုတာ
ပြာကျအောင်မီးလောင်တိုက်သွင်းရတာမို့
လုံ့လရှိကြ
အကောင်ကြီးရင်တော့အားစိုက်ရလိမ့်မယ်
ခုန်အုပ်ကြ
ဟင်းလင်းပွင့်သွားအောင်ရိုက်ခွဲပြစ်ခဲ့လေ
ငါတို့ဂုဏ်သိက္ခာတွေပြန်မရမချင်း
သောကြာမှာအရောက်လာခဲ့မယ်တဲ့လား
လမ်းများအားလုံးအင်းစိန်ဆီသို့။
ရေးဖွဲ့သူ-ထွန်းလင်းနေ
ပြည်တွင်းမှပေးပို့သည်။
at 14:13
Subscribe to:
Post Comments
(
Atom
)
2 comments :
ကောင်းလိုက်တဲ့ကဗျာ
အရမ်းကျြိက်တယ်ဗျာ
ကောင်းတယ်ဗျာ
Post a Comment