ပြည်တွင်းသတင်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌ ဦးရဲထွဋ်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ဦးအောင်သိန်း၊ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်တို့နှင့် ဒေါ်နော်အုန်းလှတို့ အမျိုးသမီးအုပ်စုများ ဒေါ်နော်အုန်းလှတို့ အဖွဲ့မှ ၁၀ ဦးခန့်အား ယနေ့ နံနက် ၁၁ နာရီခန့်တွင် ရဲများမှ ခေါ်ဆောင်သွားသေးတယ် ဘယ်ကိုလဲတော့ မသိဘူးအကို။ အင်းစိန်လမ်းမ ပိတ်ထားပြီး လုံခြုံရေးလည်း အရင်ထက် ပိုချထားသည်။ အင်းစိန်ထောင်ဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် အမှုကို စစ်ဆေးနေချိန်မှာ ဘုန်းကြီးတွေကို သေချာလိုက်စစ်နေတယ်။ ဘုန်းကြီးတွေကို တွေ့တာနဲ့ ဘယ်သွားမလို့လဲဘုရား။ တပည့်တော်တို့ တာဝန်အရ ခန စစ်ပါရစေ ဘုရား ဟုဆိုကာ ရှာဖွေမှု့များလည်း ပြုလုပ်ခဲ့သည်ဟု အောင်မြေရိပ်သာ ဘုန်းကြီးကျောင်းမှ ဆရာတော်တပါးမှ သူ၏ အတွေ့အကြုံကိုပြောပြခဲ့ပါသေးတယ်။ ရှက်တာပေါ့တကာရာ ဘုန်းကြီး ဆီမှာ ဘာမှ ပါတာလည်းမဟုတ်ဘူး ပေါ်တင်ကြီး ပြောပြီး ပြောလို့တောင် မပြီးသေးဘူး တယောက်က လိုက်ရှာနေတာ။ ဒါ ဦးဇင်းတို့ သံဃာတွေကို သက်သက် စော်ကားတာပေါ့။
လုံထိန်းတပ်ဖွဲ့ဝင်တွေကလည်း အရင်နဲ့မတူဘူး ။ လုံထိန်း(၆) က အိမ်ထောင်သည် အမျိုးသမီး တဦးက ပြောတာ သူုတို့ ဆီက သူတွေ မဟုတ်ဘူးတဲ့ ယူနီဖေါင်းတွေ လဲထားတဲ့ စစ်သားတွေ ဖြစ်မယ်တဲ့ဟိုး တပတ်ကျော် ရုံးချိန်းတုန်းက အင်းစိန်ဈေးရှေ့က ဒေါ်စုကို အားပေးထောက်ခံသူတွေထိုင်ပြီး စုဝေးတဲ့ နေရာကို လုံထိန်းရဲတွေ သိမ်းပိုက်ထားတော့ အဲဒီနေရာမှာ မစုနိုင်ခဲ့ဘူး။ ဒီတပတ်တော့ အဲဒီနေရာမှာ ဒေါ်စုကို ထောက်ခံသူ (၃ဝ-၄ဝ) ကျော်လောက် စုပြီးထိုင်နေတာ တွေ့ရတယ်။ လုံထိန်းရဲတွေကိုတော့ အဲဒီ အင်းစိန်ဈေးရှေ့ နေရာအနှံ့ ဖြန့်ပြီး ချထားတာ စုစုပေါင်း (၃ဝဝ) ဝန်းကျင်လောက်ရှိမယ်။ ပေါက်တောဝဘက် အခြမ်းမှာလည်း အင်အား ဒီလောက်ပဲရှိမယ်။ အင်းစိန်ရှေ့ လက်ဖက်ရည်ဆိုင်တွေ မှာတော့ အရပ်ဝတ် လုံခြုံရေးနဲ့ စွမ်းအားရှင်လို့ ယူဆရသူတွေချည်းပဲထိုင်နေကြတာတွေ့ရတယ်။ အင်းစိန်ခုံးတံတားပေါ်တွင် လုံထိန်းရဲ အယောက် (၂ဝ)ကျော်ခန့်တန်းစီနေရာချထားပြီးခုံးတံတားကျော်မည့်သူများထဲမှ မသင်္ကာသူများကို ခေါ်ယူစစ်ဆေး နေကာ ခုံးကျော်တံတားအောက်ကဖြတ်သန်းသူများကိုလည်း စောင့်ကြည့်လျက်ရှိသည်။ခုံးကျော်တံတား အောက်က မီးရထားဝန်ထမ်းဆေးရုံဝင်းကိုလည်း လွန်ခဲ့တဲ့ ၂ ရက်လောက်ထဲက ရှင်းလင်းပြီး ထလရ၊ရဲ၊စစ်တပ်၊ အစုံပဲ သူတို့ တွေ ရုံးခန်းဖွင့်ပြီး အပြင်က ခေါ်လာလိုက်၊ စစ်လိုက်။ ပြန်လွှတ်တဲ့သူလဲ လွှတ် ၊ ပြန်မထွက်လာတဲ့သူလည်း မထွက်လာဘူး။
အင်းစိန်ဈေး အရှေ့ဘက်ခြမ်းတွင် လုံထိန်းကား (၆) စီးနှင့် လုံထိန်းကား (၄) စီးရပ်ထားပြီး ရဲများက လမ်းများပေါ်တွင် ဖြန့်ကြက်နေရာယူထားကာ လမ်းကြိုလမ်းကြားတို့၌လည်း ရဲများကို နေရာချထားကြောင်း၊ အင်းစိန်ဈေးရှေ့မှ ထောင်ဘူးဝ သွားသည့်လမ်းကိုမူ သံဆူးကြိုးကာ ပိတ်ဆို့ထားပြီး ရဲများက သေချာစောင့်နေတယ်၊
No comments :
Post a Comment