Weekly Eleven News Journal (online) စာမျက်နှာတွင် “အသိပေးကြေငြာချက်” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် စာပိုဒ်အား တစ်ဆင့်ကူးယူ၍ ဖော်ပြခြင်းဖြစ်ပါသည်။ မည်သူ တစ်ဦးတစ်ယောက်၏ တွန်းအားပေးမှု၊ တိုက်တွန်းမှုဖြင့်မှ ပြန်လည်ဖော်ပြခြင်းမဟုတ်ပါ။ ကျနော်ဖတ်ဖြစ်လိုက်သည့် သတင်းတစ်ပုဒ်ကို အများအား တစ်ဆင့် ပြန်လည်မျှဝေလိုက်ခြင်း သာဖြစ်ပါသည်။
ကျော်သိင်္ခ
Weekly Eleven Journal စာမျက်နှာတွင် ဖော်ပြပါရှိသော ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အသိပေးကြေညာချက်
မည်သည့်ကျင့်ဝတ်စည်းမျဉ်း၊ စည်းကမ်းဥပဒေမှ Weekly Eleven သတင်းထောက်ချိုးဖောက်ခြင်းမရှိ
Weekly Eleven ဂျာနယ်မှ သတင်းထောက်ကိုဝင်းမြင့်ကျော်နှင့် ပတ်သက်၍ RFA သတင်းဌာနနှင့် မဇ္ဈိမသတင်း ဌာနတို့တွင် သတင်းဖော်ပြထားသည်များမှာ ဖြစ်စဉ်အမှန်နှင့် လွဲချော်နေပြီး Weekly Eleven News Journal မှ သတင်းထောက်သည် မည်သည့်ကျင့်ဝတ်စည်းမျဉ်း၊ စည်းကမ်းဥပဒေမှ ချိုးဖောက်ထားခြင်းမရှိပါ။
Weekly Eleven News Journal ဂျာနယ်မှ သတင်းထောက်ကိုဝင်းမြင့်ကျော်သည် A/H1N1 ကူးစက်ခံထား ရသည့် ၁၃ နှစ်အရွယ် မိန်းကလေးလူနာကို သတင်းဓာတ်ပုံရိုက်ယူဖို့ ကြိုးစားရာတွင် RFA သတင်းဌာနက သတင်းထောက်တစ်ဦး ပြောဆိုသည်ဟုဆိုကာ ကိုဝင်းမြင့်ကျော်သည် ဆေးရုံဘေးက လုံခြုံရေးဝန်ထမ်းတွေကို လာဘ်ထိုး၍ ၀င်ရောက်ခဲ့သည် ဆို၍လည်းကောင်း၊ သူ့ကို ရန်ကုန်ဆေးရုံကြီးမှာပဲ စစချင်းထိန်းထား တယ်ဆို၍ လည်းကောင်း၊ လူနာရှိတဲ့အခန်းထဲကို ၀င်ရောက်သွားပြီး အခန်းထဲရောက်မှ ဆရာဝန်နဲ့ တွေ့တယ်ဆို ၍လည်း ကောင်း၊ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထား ခဲ့တယ်ဆို၍လည်းကောင်း ဖော်ပြထားတာ တွေ့ရှိရပါသည်။ ၎င်းအပြင် မဇ္ဈိမသတင်းဌာနကလည်း ဆရာဝန်ကြီးတစ်ဦးအပြောဖြင့် ဒီသတင်းထောက်က အကာအကွယ်မသုံး ခဲ့ဟုလည်းကောင်း၊ တာဝန်ကျအစောင့်အားလာဘ်ပေး၍ ရောဂါဖြစ်ပွားနေသူ ကျောင်းသူလေးအား ဓာတ်ပုံရိုက် ကူးခဲ့သည်ဟူ၍လည်းကောင်း ဖော်ပြထားတာ တွေ့ရှိရပါသည်။
ဖြစ်စဉ်အမှန်မှာWeekly Eleven ဂျာနယ်မှ သတင်းထောက် ကိုဝင်းမြင့်ကျော်နှင့် ကိုဝေယံဖြိုးဦးတို့ နှစ်ဦးသည် ၂၈-၆-၂၀၀၉ နေ့ နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သတင်းကိစ္စအတွက် သွားရောက်ခဲ့ပါသည်။ သတင်းသွားရောက်ယူစဉ်တစ်လျောက်လုံး ကိုဝင်းမြင့်ကျော်သည် Surgical Mask ကို တပ်ထားပါသည်။ သူတို့ သည် ဒုတိယဆေးရုံအုပ်နှင့် ဦးစွာတွေ့ဆုံခဲ့ပါသည်။ ဒုတိယဆေးရုံအုပ်မှ ဆေးရုံအုပ်ကြီးနှင့်သာတွေ့ဆုံမေး မြန်းရန် ပြောကြားခဲ့ပါသည်။ ယင်းနောက် တာဝန်ကျဆရာဝန်တစ်ဦးကို မေးမြန်း၍ A/H1N1 လူနာကို မေးခိုင်ဌာန တွင် ထားကြောင်းသိရှိရသဖြင့် ဆက်လက်သွားရောက်ခဲ့ကြောင်း သိရပါသည်။ ထိုနေရာတွင် လုံခြုံရေးအစောင့် တစ်ဦးရှိပြီး တားဆီးခြင်းမရှိသည့်အတွက် ကိုဝင်းမြင့်ကျော်သည် လုံခြုံရေးအစောင့်ကို ကျော်၍အတွင်းသို့ ၀င် သွားခဲ့ပါသည်။ ကိုဝေယံဖြိုးဦးမှာ လိုက်ပါသွားခြင်းမပြုဘဲ အပြင်တွင် ရပ်စောင့်နေခဲ့ပါသည်။ အတွင်းသို့ ၀င်သွား ပြီးနောက် ကိုဝင်းမြင့်ကျော်သည် လူနာထားသည့်အခန်းမှ ၁၂ ပေခန့်အကွာအရောက်တွင် ဓာတ်ပုံရိုက် ခြင်းကို စက္ကန့်ပိုင်းမျှသာပြုလုပ်ခဲ့ပြီး ချက်ချင်းပြန်လည်ထွက်ခွာခဲ့ပါသည်။ ထိုစဉ် တာဝန်ကျတစ်ဦးမှတွေ့၍ မည်သည့် ဌာနမှ ဆရာဝန်လဲဟုမေးမြန်းရာ ကိုဝင်းမြင့်ကျော်က ဆရာဝန်မဟုတ်ကြောင်း၊ မီဒီယာသမားတစ်ဦး သာဖြစ် ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ကိုဝင်းမြင့်ကျော်နှင့် ကိုဝေယံဖြိုးဦးတို့သည် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ ချက်ချင်းပင် ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ ဆေးရုံကြီးမှအပြန် ၀င်္ကဘာလမ်းရှိ လူနာနေ အိမ်အနီး သို့လည်း သွားရောက်ခဲ့ရာ ရပ်ကွက်တာဝန်ရှိသူအချို့နှင့် တွေ့ဆုံခဲ့ပါသည်။ အဆိုပါတာဝန်ရှိသူက အိမ် ထဲသို့ ဆက်သွယ်၍ မရနိုင်ကြောင်း၊ သက်ဆိုင်ရာဆရာဝန်များလည်း လာသွားကြောင်း၊ လူနာမှာ သက်သာမှုရှိ သည်ဟု ပြောကာ ဘယ်ကပါလဲဟု မေးမြန်းရာ ဂျာနယ်မှဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ သူတို့နှစ်ဦးသည် အဆိုပါအိမ် အား အပြင်မှဓာတ်ပုံရိုက်ကာ ပြန်လာခဲ့ကြပါသည်။ ပြန်လာပြီးနောက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ မေတ္တာ ရပ်ခံချက်ကြောင့် ကိုဝင်းမြင့်ကျော်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ Weekly Eleven ၏ အစီအစဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။ ထိုမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာ၏ စီစဉ်မှုဖြင့် ဝေဘာ ဂီကူးစက်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ RFA သတင်းဌာနနှင့် မဇ္ဈိမသတင်းဌာနတို့သည် Weekly Eleven အယ်ဒီတာအဖွဲ့အား တစ်စုံတစ်ရာမေးမြန်းခြင်းမပြုဘဲ ဆေးရုံအစောင့်ဝန်ထမ်းအား လာဘ်ငွေပေး၍ ၀င်ရောက်ခဲ့ သည်ဟုလည်းကောင်း၊ အကာအကွယ်တစ်စုံတစ်ရာမရှိဟူ၍လည်းကောင်း၊ Weekly Eleven ၏ ဂုဏ်သိက္ခာနှင့် အသရေကိုညှိုးနွမ်းစေရန် ခိုင်လုံသောသတင်းအချက်အလက်များကို အဓိကသက်ဆိုင်သူထံ မေးမြန်းရယူမှုမရှိဘဲ ကျင့်ဝတ်နှင့် လျော်ညီခြင်းမရှိသည်ကို လုပ်ဆောင်ခဲ့ကြပါသည်။ သက်ဆိုင်ရာ Weekly Eleven ဂျာနယ်တာဝန် ရှိသူများအနေဖြင့် မြန်မာနိုင်ငံ၏သတ်မှတ်စည်းကမ်း ဥပဒေများနှင့် ညီညွတ်သော နည်းလမ်းများကို ဖြေဆိုနိုင်ပါ လျက် ကာယကံရှင်အား လာရောက်မေးမြန်းခြင်းမရှိဘဲ ခိုင်မာမှုမရှိသည့် တစ်ဆင့်ပြောစကားများကို ၀က်ဘ်ဆိုက် များပေါ်တွင် ဖော်ပြနေခြင်းအား Weekly Eleven ဂျာနယ်အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါသည်။
ဝေဘာဂီဆေးရုံ၌ သတင်းထောက်ကိုဝင်းမြင့်ကျော်ကို ဆေးစစ်ဆေးရာတွင်လည်း A\H1N1 ရောဂါကူးစက်ခံရခြင်း မရှိကြောင်းသိရှိရပြီး ၁၀ ရက်အကြာစောင့်ကြည့်ပြီးပါက ပြန်ခွင့်ပေးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
Monday, 6 July 2009
Subscribe to:
Post Comments
(
Atom
)
1 comment :
you know who is right who is crap clearly here if you have the head which is working...
typical demo media which even let down the revolution against junta...
Post a Comment