Sunday, 9 August 2009
ကိုမိုးသီး ၈လေးလုံး ၂၁ မြောက် မိန့် ခွန်း
လင်းယုန် ငှက်တကောင်လို လေဟုန်ဆန် ပြီးပျံသန်းကြ။
လူမျိုးစုံပြည်သူတရပ်လုံးအတူလက်တွဲပြီး တိုက်ပွဲဝင်ကြ။
လေးစားအပ်ပါသော ဂျပန်နိင်ငံရောက်မြန်မာ လူမျိုးအပေါင်းတို့ ခင်ဗျား
၂၁နစ်မြောက် ၈၈ နေ့ အခန်းအနားမှာ ကျနော် ကို ဖိတ်ခေါ် ပြီးစကားပြောခွင့်ပေးတဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ပထမဦးစာ - ၈ လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ အသက်ပေးလျူခဲ့ကြတဲ့ အာဇာနည်အပေါင်းကို ဦးညွတ်ဂုဏ်ပြုပါတယ်။ သူတို့ ရဲ့ ပေးဆပ်မှု အပေါင်း အတွက် ထိုက်တန်တဲ့အောင်ပွဲ ကို ရအောင်ယူမယ်လို့ လည်းထပ်လောင်းသံဓိဌာန်ပြု
လိုက်ပါတယ်။
ကျနော်တို့ လုပ်ဖေါ်ကိုင်ဖက်ရဲဘော်တွေဖြစ်တဲ့  ကိုကျော်စိုး ၊ ကိုသန်းဆွေ၊ ကိုကိုအောင်၊ ကိုမိုင်ကျော်ဦးနဲ့ တကွ ဂျေအေစီ က ရဲဘော်အပေါင်းကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဖေါ်ပြလိုပါတယ်။
မိတ်ဆွေများရဲဘော်များခင်ဗျား
၈ လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု ကြီးရဲ့ တောင်းဆိုချက် က ဒီမိုကရေစီ ဖြစ်ပါတယ်။ လူအခွင့်အရေးဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတွေမရှိပဲ ကြီးကြယ်ခန်းနားတဲ့နိင်ငံတော်တခုကို မတည်ဆောက်နိင်ဘူး။ဒါဟာ ၈၈ က ပေးတဲ့သခန်းစာဖြစ်တယ်။ နိင်ငံရေးအရလွတ်လပ်တဲ့အခွင့်အရေးတွေမရှိပဲ စီးပွားရေးဖွင့်ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတာဟာ မသေချာတဲ့ စိတ်ကူးယဉ်ဆန်မှုတွေသာဖြစ်တယ်။ ဒါကိုကျနော် လက်မခံနိင်ဘူး။
နအဖ စစ်အစိုးရက နိင်ငံတော်တခုဖွင့်ဖြိုးတိုးတက်ရေးဟာ လုံခြုံရေးနဲ့  စီးပွားရေး တိုးတက်ရင် နိင်ငံတော် အေးချမ်းသာယာရေးနဲ့ဖွင့်ဖြိုးတိုးတက်ရေးကို သူတို့ တည်ဆောက်နိင်မယ်လို့ ယူဆထားတယ်။ ဒါဟာ အလွန်အမှားယွင်းတဲ့အယူဆဖြစ်တယ်။ ဒီမှားယွင်းတဲ့အယူဆ ကို နအဖ စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးရှားမှုတွေ၊ အကျင့်ပျက် လဒ်စားမှုတွေ၊ အသိညဏ်ကင်းမဲ့မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တတိုင်းပြည်လုံးဟာ
စာဗူးတောင်း သိုက်ကို မျောက်ဖျက် လိုက်သလို ခံလိုက်ရပါတယ်။ ရေမရှိ၊ မီးမရှိ၊ စားစရာမရှိ၊ ဆေးဝါးမရှိ၊ ပညာရေးမရှိ၊လွတ်လပ်မရှိတဲ့အမှောင်တိကျနေတဲ့ ခေတ်ကြီးကို ကျနော်အထူးပြောစရာမလိုတော့ပါဘူး။
လက်ရှိအခြေအနေ -
အမိမြန်မာ ပြည်ဟာ အန္တရယ်ဆိုးတွေကျရောက်နေတယ်။ အမိနိင်ငံတော်ရဲ့ အနာဂတ်ဟာ မသေချာမရေရာ တဲ့ နေ ရက်တွေကို ဖြတ်သန်းနေရတဲ့ကာလဖြစ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ နဲ့  တကွ မြန်မာ တပ်မတော် ဗိုလ်ချုပ်တွေရဲ့  လက်တဆုတ်စာလူတစုရဲ့  စာရိတ္တပျက်ဆီးမှု၊ ကိုယ်ကျိုးစီးပွားလဒ်စားမှု နဲ့  အသိညဏ်နည်းပါးမှုတွေကြောင့် အမိမြန်မာ ပြည်ဟာ အလုံးစုံပျက်သုဉ်းမှုအခြေအနေကို ကျရောက်နေပြီ။ ပြည်သူလူထုတွေဟာ ကောက်စရာမရှိလောက်အောင် မွဲတေနေရပြီ။ လူမျိုးတုန်းသွားစေနိင်တဲ့ ကပ်ရောဂါပေါင်းစုံကျရောက်နေတယ်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေးအဖက်ဖက်က ပျက်ဆီးယိုယွင်းသွားပြီဖြစ်ပါတယ်။ မီးဖိုချောင်ကနေ အိမ်သာအထိ ဘာ စနစ်မှ မရှိတော့ဘူး။ အဆိုးဆုံးကတော့ တရားဥပဒေ ဆိုတာ လုံးဝ ဥသုံကင်းမဲ့ နေပြီဆိုတာ ကို ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကိုရုံတင်စစ်ဆေးနေတဲ့ ဖြစ်ရပ်က သက်သေခံနေတယ်။ ပြည်သူတွေဟာ ဥပဒေရဲ့ စောင့်ေ၇ှာက်ကာကွယ်ပေးမှုမရှိသလို လုံခြုံမှုကလည်းကင်းမဲ့နေတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့  နိင်ငံရေးအကျဉ်းသားတွေဟာ အဖမ်းဆီးခံနေရတယ်။ ဗိုလ်ချုပ်သန်းရွေနဲ့ လက်တစုပ်စာလူတစုက သူတို့ အကျိုးစီးပွားအတွက် နိင်ငံတကာ က လူမှုရေးကူညီမှုတွေ ၊ နိင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ
နိင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ပဲ - နိင်ငံတကာ က ဆန် ကျင်ထားတဲ့ မြောက်ကိုးရီးယားနဲ့ ပေါင်းနေတယ်။ နယူးကလီးယား လက်နက်ပိုင်ဆိုင်ဖို့ စိတ်ကူးရင်နေတယ်။
ဒါဟာ ဘာနဲ့ တူသလဲဆိုတော့ စာရေးဆရာကြီး ရုဒ်ကစ်ပလင်းရေးတဲ့ ၈ျန်ဂဲလ်ဘုတ် ၀ထ္တုထဲက မျောက်ဘုရင်ကြီး ကင်းလူဝီနဲ့ တူနေတယ်။ ဒီမျောက်ဘုရင်ကြီးက မီးကို ပိုင်ဆိုင်ခြင်နေတယ်။ မီးကိုရရင်တောတခုလုံးကို သူထိမ်းချုပ်နိင်မယ်လို့ ယူဆနေတယ်။ ဗိုလ်ချုပ်သန်းရွှေ လည်း မျောက်ဘုရင်ကြီးလို နယူးကလီးယားလက်နက်ကိုပိုင်ဖို့ သူလုပ်နေတယ်။ ဒီလို စိတ်ရူးထမှုတွေကို ကျနော်တို့ လက်ခံနေလို့ မရဘူး။ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်။ သစ်တောတခုလုံးမီးထဲပါမဲ့အရေး တိုင်းပြည်ကို နိင်ငံတကာကနေ အထီးကျန် မဲ့အရေး၊ အန္တရယ်ပေါင်းစုံကြရောက်စေနိင်တဲ့အခြေါအနေဆိုးကနေ အမြန်ဆုံးရုမ်းထွက်နိင်အောင် ကျနော်တို့ လုပ်ရမယ်။
ငါတို့ ဘာလုပ်နေသလဲ
၂၁ နစ်လုံးလုံး ကျနော်တို့  ခွပ်ဒေါင်းအလံကို ဝှေ ယမ်းပြီး တိုက်ပွဲဝင်နေတယ်။ စစ်ဝါဒကို
ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်နေတယ်။ ၂၁ နစ်လုံးလုံး နအဖ စစ်အစိုးရရဲ လုပ်ရပ်တွေကို
ဖေါ်ထုတ် ပြီး အားလုံးကို အသိပေးနေပါတယ်။ ဒီနေ့  ၂၁ နစ်မြောက် ၈၈ အခန်းနားမှာတော့ တော့ အားလုံးကို ထပ်မံသတိပေးပါရေစေ။
မျိုးဆက်သစ် ကျောင်းသားများ-
မျိုးဆက်သစ်များကို ကျနော်ဒီနေရာနေ ပန်ကြားလိုတယ်။့ တိုက်တွန်းလိုပါတယ်။ ဒီနေ့  ၂၁ နစ်အရွယ်ရှိတဲ့ လူငယ်တဦးဟာ ကိုကိုယ်ကို ငါဟာ လူကြီးတယောက်ဖြစ်ပြီလို့  ခံယူဖို့ အရင်ဆုံးလိုနေပါတယ်။ ၈သမိုင်းအမွေကိုလက်ဆင့်ကမ်းသယ်ဆောင်ပါ။ ၈၈ ဆိုတာ ဟာ့ အသိတရား ( Knowledge ) နဲ တာဝန်ယူမှု ( Responsibility) ဖြစ်ပါတယ်။ တိုင်းပြည်မှာဘာဖြစ်နေလဲ။ ငါတို့ ဘာလုပ်ရမလဲ ဆိုတာကို သိပါစေ။
ဒီနေ့ နအဖ က လူငယ်တွေအပေါ် ကန့် သတ်ချုပ်ချယ်မှုတွေသိပ်ကိုများနေတယ်။ ဒီကန့် သတ်ချူပ်ချယ်မှု တံတိုင်းတွေ ကို ဖယ်ရှားပြစ်ကြပါ။ ဖြိုချကြပါလို့ ကျနော်ခင်ဗျားတို့ ကိုတိုက်တွန်းလိုတယ်။ တော်လှန်ရေးကိုဘယ်ကနေစပါဝင်ရမလဲဆိုရင် ခင်ဗျားတို့ ကို လူကြီးတယောက်လို သတ်မှတ်မှုမရှိ ပဲ ဟိုဟာမလုပ်ရဒါမလုပ်ရ၊ ဟိုဟာမရေးရ ဒီဟာ မရေးရ၊
ဟိုဟာ မဆိုရဒီဟာမဆိုရ ဆိုတဲ့ နေရာတွေက ပဲ တော်လှန်ရေးကိုစတင်ရတာဖြစ်တယ်။ ဒါဟာ လွတ်လပ်မှု ကို စတင် တိုက်ပွဲဝင်တာပဲဖြစ်ပါတယ်။
တိုင်းရင်းသားအဖွဲ့ များ
နအဖ နဲ့  အပြစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသားအင်အားစုတွေကို ကျနော် ထပ်လောင်း အသိပေးလိုပါတယ်။ ၈ လေးလုံးဟာ သမိုင်းရဲ့  တောင်းဆိုမှုဖြစ်ပါတယ်။ သမိုင်းရဲ့  အမှန်တရားဖက်ဖြစ်ပါတယ်။ ၈၈ နဲ့ အတူရပ်တည်ပါလို့ တိုက်တွန်းခြင်တယ်။ နိင်ငံရေးစကားကို နောက်တက်တဲ့အစိုးရနဲ့ ပြောပါ။ တပ်မတော်နဲ့ ဒေသဖွင့်ဖြိုးရေး တွေကိုအတူလက်တွဲလုပ်ပါစိုတဲ့ နအဖရဲ့ ကတိစကားတွေရဲ့  လမ်းပြမြေပုံရဲ့ အဆုံးဟာ ကြေကွဲမှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ ပဲ နိဂုံချုပ်ပါလိမ့်မယ်။
ခင်ဗျားတို့ လိုခြင်တာတွေအားလုံး ၈ လေးလုံး မှာရှိတယ်။ ၈၈ကိုလာခဲ့ပါ။ နိင်ငံရေးပြသာနာတွေကိုမဖြေရှင်းပဲ ဒေသဖွင့်ဖြိုးရေး၊လူမှုရေး၊ ပညာရေး ဘာမှဖြေရှင်းလို့ မရဘူး။ ကျနော်တို့  ၈၈ တွေက အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ယုံကြည်ပြင်းပြနေတယ်။ မနုပလောစာချုပ်၊ မဲသရောထား ကြေညာချက်တွေဟာ ၈၈ လှုပ်ရှားမှုကြီးရဲ့ ရလဒ်ကောင်းတွေ ပါလို့ သတင်းကောင်းပါးပါရစေ။ မန ပုလော ကျသွားပေမဲ့မနပုလောကပေးခဲ့တဲ့ အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးစိတ်ဓါတ်ဟာ မကျဆုံးသွားပါဘူး။ ၈၈ နဲ့ အတူ အမြဲတမ်းရှင်သန်နေဆဲဖြစ်တယ်။
တပ်မတော်သားများ
တပ်မတော်ဆိုတာ လူထုကိုကာကွယ်ပေးရမယ်။ လူတယောက်ပေါ်မှာ ကြောင်းကျိးမဲ့ သစ္စာရှိနေတာ မျက်စိစုံမိတ်ပြီး နာခံနေတာဟာ လူထုအပေါ်မှာ သစ္စာဖေါက်နေတာသာဖြစ်တယ်။ ဗမာပြည်ဟာ ကျဆုံးနေပြီ၊ ဗမာပြည်ဟာ ပြိုကွဲနေပြီခင်ဗျားတို့ ဟာ ရှုံးနေတဲ့စစ်ကို တိုက်နေကြတယ်။ အနိင်ရမဲ့စစ်ပွဲကြီးကို ကျနော်တို့ တိုက်နေတယ်။ ခင်ဗျားတို့ သမိုင်းမှာ သူရဲကောင်အဖြစ်မှတ်တမ်းတင်ခံရမဲ့ စစ်ပွဲကြီး ကိုတိုက်ပါလို့ တိုက်တွန်းလိုတယ်။
ပြည်သူနဲ့  အတူရပ်တည် ပြီးတိုက်တဲ့စစ်ဟာ ဘယ်တော့မှ အရှုံးမရှိဘူး။ လူတဆုတ်စာလူတစုရဲ့  အမိန့် ပေးမှုကို စတင်ဆန်ကျင်ဖို့ အချိန်တန်ပြီလို့ တိုက်တွန်းလိုက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောသလို အနီးကပ်ဆုံးရန်သူကို စတိုက်ကြလို့ ထပ်လှောင်းတိုက် တွန်းပါရစေ- ရဲဘော်တို့ ။
မိတ်ဆွေများ ခင်ဗျား-
ပင်ကူလေးတွေညီညွတ်ရင် ခြသေ့င်္ကိုတောင်ချီနှောင်ထားနိင်တယ်ဆိုတဲ့ အာဖရိက ပုံပြင်လို ပဲ ကျနော်တို့ အားလုံးညီညွတ်ရင် နအဖ ကို ဖြုတ်ချနိင်တယ်။ ဒီနေ့  ကျနော်တို့ အင်အားစု အားလုံးညီညွတ်စွာနဲ့ တသံတည်းထွက်ပြီး အားလုံးလက်ရုံးဆန့် တန်းလိုက်တာနဲ့ နအဖ စစ်အစိုးရဟ ပြုတ်ကျသွားမှာဖြစ်ပါတယ်။ တော်လှန်ရေးအတွင်း အဓိက ပြသာနာက လှုပ်ရှားမှု တခုကို ညီညီညွတ်ညွတ်မလုပ်နိင်တဲ့ပြသာနာပါ။ သူတို့ က ကျဆုံးနေတဲ့သူတွေဆိုတာကို သိနေတယ်။ ကျနော်တို့ က အောင်ပွဲခံမဲ့သူတွေဆိုတာကို မသိသေးဘူးဖြစ်နေတယ်။ ဒါက အဓိက ပြသာနာပဲ။
မိုင်ပေါင်း ထောင်သောင်း ဝေးတဲ့ခရီးဟာ ခြေတလှမ်းက စတင်ရတယ်ဆိုတဲ့ တရုပ်စကားပုံလို အကြီးမားဆုံးအောင်ပွဲဟာ အသေးငယ်ဆုံးလှုပ်ရှားမှုက စတင်ရတာပါ။ ဒီနေ့ နအဖ စစ်အစိုးရက ကျောင်းသားလေးတွေရဲ့ ကြွေးကြော်သံကို ကြောက်ရွံနေပါတယ်။ လူငယ်တဦးရဲ တေးသံကို ထိန့်လှန့် နေပါတယ်။ ကာရံတွေကို ကြောက်ရွံနေပါတယ်။ ကျနော်တို့  အားလုံး
ညီ ညီညွတ်ညွတ် နဲ့  အိမ်ရှေ့ မှာ ၀ လုံး တလုံး ရေးကြရင်တောင် နအဖ ဟာ မုချပြုတ်ချသွားမှာ ဖြစ်ပါတယ်။
ကျနော်တို့ ဒါတွေကို လုပ်ရမယ်။
- ပြည်တွင်းမြေအောက်ကွန်ယက်တွေကို တိုးတက်တည်ဆောက်ရမယ်။
-တိုင်းပြည်မှာဖြစ်နေတဲ့ အခြေခံ စီးပွားရေးလှုမှုရေးပြသာနာတွေကို
နိင်ငံရေးလုပ်ငန်းစဉ်အဖြစ် ဦးစားပေ့း ဖေါ်ထုတ်ရမယ်။
- ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိင်ငံရေးအကျဉ်း သားလွတ်မြောက်ရေးကို ဦးလည်မသုဉ် တောင်းဆိုတိုက်ပွဲဝင်ရမယ်။
- အထွေထွေ လူထုလှုပ်ရှားမှုကြီးကို ၂၀၁၀ အတွင်း မှာ ကျနော်တို့ ဖေါ်ထုတ်ရမယ်။
- လူထုအစိုးရတရပ်ပေါ်ပေါက်လာနိင်ဖို့ ခုထည်းက ပြင်ဆင်ထားရမယ်။
မိတ်ဆွေများ ခင်ဗျား-
၈၈ ဟာ သမိုင်းသစ် ရေးမဲ့  လှိုင်းတပိုးကြီးဖြစ်ပါတယ်။ ဒီလှိုင်းတပိုးကို ဘယ်သူကမှပြောင်းလို မရဘူး တားဆီလိုမရဘူး။ စေ့စပ်ရေးသမားများ၊ တော်လှန်ရေးကို ပြောင်းလွဲအောင်ကြိုးပန်းသူ၊ ကိုယ်ကျိုးရှာသူ၊ အချောင်သမားများ၊
ဘက်ပြောင်းသူများ အားလုံးဟာ သမိုင်း အမိုက်ပုံမှာ ခွေးသေကောင်ပုတ်လို နိဂုံးချုပ်ကြလိမ့်မယ်။
မလျော့သော ဇွဲ လုံးလ၀ီရိယ၊ ညဏ်ပညာ နဲ့  စာနာမှု တရားတွေ အစဉ်သဖြင့် ကိန်းဝပ်နေ ကြပါလို့ ကျနော်ထပ်လောင်းတိုက်တွန်းပါတယ်။ဒီစိတ်ဓါတ်ကပဲကြီးမားတဲ့အောင်ပွဲကိုပေးပါလိမ့်မယ်။ နအဖ ဟာ မှိုင်းဝနေတဲ့  မီးပုံပျံသာဖြစ်တယ်။ မကြာခင် မီးစာကုန် လို လျောကျတော့မယ်။ ခင်ဗျားတို့ ဟာ တောင်ဟုန်ပြင်းတဲ့ လင်ယုန်ငှက်တကောင် ဖြစ်တယ်။ လေနီကြမ်းကိုဆန် ပြီး
လင်းယုန် တကောင်လို ပျံသန်းကြပါလို့  တိုက်တွန်းရင်း နိဂုံးချုပ်တယ်။
at 19:27
Subscribe to:
Post Comments
(
Atom
)
5 comments :
ကိုမိုး လေးစားပါသည်။ အားပေးပါသည်။ တော်လှန်ရေးခေါင်ဆောင်တွေ၏ နောက်မှာ ဒီမိုကရေစီရရှိရေးအတွက် ထွက်လိုက် ပါဝင်နေသည် ပြည်သူလူတု့ ကြီးက ကိုမိုးတို့ နောက်မှာ အမြဲး အားပေးယုံကြည်ပြီး လိုက်ပါနေပါတယ်။
u nay win allowed the people to march on the road to change one party system but u than shwe will not allow because he wants nothing to change.so,like 8888, will not happen.
ကိုမိုးသီး ရဲ့ မိန့် ခွန်းဟာ ခွန်အားဖြစ်စေပါတယ်။ ပြည်တွင်းက လှုပ်ရှားသူတွေကို ရဲဆေးရဲမာန်တင်ပေးကြပါ။ အခြေအနေကောင်းရင် ပြည်တွင်းပြန်လာပြီး ပူးပေါင်းကြပါ။
Nice speech!!!! Very inspiring and powerful!!
-AP
Who would take the responsibility for the consequences if people took to the streets and violence and riots broke out?
You?
BCP's Dr. Min Nyo?
BCP's Moe Thee Zun?
Anti-government groups?
Media?
Expatriates?
International gentlemen who say they are interested in and concerned about Myanmar affairs?
If the situation came to this pass, no one would take responsibility and could. It is only our people who will have to take care of our domestic affairs.
It is our people who will have to take the consequences, good or bad.
Post a Comment