ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ ၈ လေးလုံး လူထုအရေးတော်ပုံ အနှစ် (၂၁) ပြည့်နေ့ ချီတက်ဆန္ဒပြပွဲ
-ကိုကိုအောင်-
တိုကျို၊ ဂျပန်
(၈၈၈၈) လူထုအရေးတော်ပုံ အနှစ် (၂၁) ပြည့်နေ့အဖြစ် ဂျပန်နိုင်ငံရောက် ဒီမိုကရေစီလူပ်ရှားသူများ ယနေ့ ချီတက် ဆန္ဒပြကြရာ စုစုပေါင်း လူဦးရေ တထောင်ကျော် ခန့် ပါဝင်ချီတက်ဆန္ဒပြခဲ့ကြပါသည်။ ယင်းဆန္ဒပြပွဲသို့ ဂျပန်နိင်ငံရောက် မြန်မာ ဒီမိုကရေစီအင်အားစုများ ( JAC- ဂျပန်) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ၊ ( ဂျပန်ဌာနခွဲ )၊ ဂျပန်နိုင်ငံအခြေစိုက် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စလှယ်ခေါင်းဆောင်များ၊ လူတန်းစားအလွှာအသီးသီးမှ ဒီမိုကရေစီအင်အားစုများ အားတက်သရောဆန္ဒပြချီတက်ခဲ့ကြသည်။ ယင်းဆန္ဒပြပွဲကို ဂျပန်ရုပ်မြင်သံကြား သတင်းမီးဒီယာများနှင့် ဂျပန်သတင်းစာများ၊ ဂျပန်ရှိ မြန်မာ့သတင်းစာနယ်ဇင်းများတွင် ဝေေ၀ဆာဆာဖော်ပြပေးခဲ့ကြသည်။
No comments :
Post a Comment