Thursday 24 September 2009

9/23/09 - United Nations General Assembly - Protest Rallies Against Dictators From Burma

နအဖရဲ့ လုပ်ရပ်တွေကို ဒီမိုကရေစီအင်အားစုများက ကမ္ဘာသိအောင်ဖွင့်ချ ခဲ့တယ်။ နိင်ငံတကာ ဒီမိုကရေစီအင်အားစုများနဲ့ မြန်မာ အရေး
ကိုဆက်စပ်လှုပ်ရှားနိင်အောင်ကြိုးပန်းကြတယ်။ ဒီအခန်းအနားကို ရွှေဝါရောင်သံဃာ များဖြစ်ကြတဲ့ ဦးဇင်းနတ်ဇော၊ ဦးဇင်းကောဝိဒ နဲ့ သံဃာတွေတက်ရောက်ကြတယ်။






နအဖ လက်အောက်မှာ ကျရောက်နေတဲ့ မြန်မာ ပြည်သူလူထု ရဲ့  လူမှု ဘ၀ အနိဌာရုံနဲ့  ခါးသီးတဲ့ခံစားမှုတွေကို နိင်ငံတကာ ပြည်သူတွေသိအောင် သရုပ်ဖေါ်တင်ဆက်နေတဲ့ အမေရိကန် လူငယ်လေးများ။ သူတို့ က လူပေါင်း တသောင်းကျော်လာတဲ့
လူထုအစည်းဝေးကြီး ကျင်းပရာ ကုလသမဂ္ဂအဆောက်ဦးရှေ့ မှာ တင်ဆက်ပြသနေခြင်းဖြစ်ပါတယ်။




အေဘီအက်စ်ဒီအက်ရဲဘော်ဟောင်းများဖြစ်ကြတဲ့ ကိုမောင်တိတ်၊ ကိုစောငို ( ပန်းချီ) တို့ က အစာငတ်ခံဆန္ဒပြခဲ့ကြတယ်။
အခန်းနားကိုဖြစ်မြောက်အောင်ဦးဆောင်စီစဉ်ကြတဲ့ ကိုနေတင်မြင့်၊ ကိုဖိုးခွား၊ ကိုအောင်ခန့် ၊ကိုအောင်မိုး၊ကိုတင်မောင်အေး၊ကိုသိမ်းမြင့် ၊ ကိုဇော်လင်းကျော်၊ အတာ ( ၀ါရှင်တန်ဒီစီ) နဲ့  ယူတီကာ မှ အေဘီအက်စ်ဒီအက်ရဲဘော်ဟောင်းများ ကို အထူးကျေးဇူးတင်ရှိပါတယ်။

No comments :