Thursday 24 September 2009

ကာဒါဖီ ရဲ့  ဒေါသ

မနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လစ်ဗျားသမ္မတ ကဒါဖီ က မိန့် ခွန်းပြောခဲ့ပါတယ်။ သူ့
မိန့်ခွန်း မှာ ကုလသမဂ္ဂ က လုပ်ပုံကိုင်ပုံတွေဟာ ဒီမိုကရေစီနည်းလမ်းမကျဘူး။ လုံခြုံရေးကောင်စီ ဟာ အကြမ်းဖက် ကောင်စီဖြစ်နေပြီ။ ကုလသမဂ္ဂကို စတင်ဖွဲ့စည်းကတည်းက စစ်ပွဲကြီးပေါင်း ၆၅ ပွဲခန့် ကို မတားမြစ်နိင်ခဲ့ဘူးလို့ ဆိုပါတယ်။ သူက ကုလသမဂ္ဂရဲ့ အခြေခံဥပဒေ စည်းမျဉ်းစာအုပ်ကိုလည်းဆွဲ ဆုတ်ခဲ့ ပါတယ်။ သူ့မိန့်ခွန်းကြောင့် အစည်းဝေးပွဲဟာ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပါတယ်။ရီဖို့ ကောင်းတာကတော့ ကာဒါဖီ လို အာဏာရှင် တယောက်က ကုလသမဂ္ဂအဖွဲ့ ကို ဒီမိုကရေစီမကျတဲ့အတွက် ပြစ်တင်ဝေဖန် နေမှုဖြစ်ပါတယ်။ ဘူဘူခြင်း တစ်လုပ်သွားတယ်လို့ ပဲပြောရမလားပဲခင်ဗျား။ ဘာပဲဖြစ်ဖြစ် ဆူပါပါဝါ ခေါင်းဆောင်တွေကို ပြစ်တင်ကြိမ်းမောင်းရဲတဲ့ ကာဒါဖီ ရဲ့ သတ္တိကတော့ ၀ါးလုံးခေါင်းထဲလသာနေတဲ့ နအဖ မြန်မာ စစ်ခေါင်းဆောင် တွေထက်သာ တယ်လို့ ပြောရမှာပါ။













လုံခြုံရေးကောင်စီကို အကြမ်းဖက်ကောင်စီလို့ လက်ညိုးထိုး စွပ်စွဲနေတဲ့ ကာဒါဖီ





















ကုလသမဂ္ဂပဌိညဉ် စာအုပ်ကို ဆုတ်ဖြဲနေတဲ့ ကာဒါဖီ

3 comments :

min said...

ကဒါဖီလိုရူးနေရင်လည်းကအကောင်းသား.ခုတော့သန်း
ရွှေကအရူးပါး.တော်တော်ကြောက်ဖို့ကောင်းတယ်.က
လိမ်ကကျစ်ဗြောင်လိမ်ဗြောင်စားကိုယ်ကျိုးသက်သက်ဘဲကြည့်တဲ့နိုင်ငံရေးသမားဘိုဂျုတ်.

cmo said...

သတ္တိကို လေးစားတယ်ဗျာ နိုင်ငံတခုရဲ့ ခေါင်းဆောင်ဟာ လူထုကြီးအလယ်မှာ ဒီလိုလုပ်တာကတော့ သူ့သိက္ခာက မြောင်းထဲရောက်သွားတာပေါ့ ဘာပဲပြောပြော တော်ပါပေတယ်

Anonymous said...

ကာဒါဖီစည်းမျဉ်းစာအုပ်ကိုလည်းဆွဲ ဆုတ်ခဲ့တယ်ဆိုတာလွန်လားဗျာ။ ကျနော်တို့ဗမာပြည်ကိစ္စကိုခဏလေး
နောက်ဆုတ်ပြီးတကမ္ဘာလုံးအနေနဲ့ စဉ်းစားကြည့်လေ။ နိုင်ငံတကာရေးရာတွေကိုသေချာနားလည်သူတွေ UUN ဘယ်လည်းဘာလည်းဆိုတာကိုနားလည်မှာပါ။ တပွဲတိုး ပွဲဆူအောင်ထလုပ်သူတွေကိုတော့ထ မကြည့်တောဘူးဗျာ။ အိပ်ရေးဝဖို့ လိုတယ်လေ။ အိပ်ရေးဝမှလည်း နိုင်ငံကြီးတွေရဲ့ ပါဝါတင်တဲ့ UN ကျားကွက်ရွှေပွဲမှာ ကိုယ်နိုင်ငံရဲ့ ကံကြမ္မာကိုတွဲမချည်မိမှာ. ကျနော်တို့ ဗမာပြည်ကိုနိုင်ငံကြီးတွေဝိုင်းချစ်ကြသလောက် သဘာဝတွင်းထွက်နဲ့  ပထ၀ီနိုင်ငံရေး တွေမှာ အရေးမပါတဲ့ အာဖရိက က ယူဂန်ဒါ၊ ဂျဘူဒီ၊ မိုဇမ်ဘစ် ကိုသူတို့ ချစ်ကြရဲ့ လားဗျာ။ အဲဒီလောက်နားလည်ရင် ကိုယ်က သူကိုယ်အသုံချမလား သူရဲ့ အသုံချခံမလားဆိုတာ ကို နားလည်ကြမှပါ။ မျိုးဆက်သစ်တွေကို ဦးဝင်းတင်စကားနဲ့ြေ့ပာရရင် ခေတ်ကုန်နေတဲ့ စစ်အေးခေတ် အတွေးအခေါ်တွေနဲ့ မှိုင်းမတိုက်ကြပါနဲ့ဗျာ။ NY သားတွေ အမြင်ရှေနိုင်ပါစေ