အောက်တိုဘာ ၁ရက်နေ့ ကစပြီး ငါးထောင်တန် ငွေစက္ကူသစ်တမျိုးကို ပုံနိပ်ထုတ်ဝေသုံးစွဲသွားမယ်လို နအဖ ကသတင်းကြေညာသွားပါတယ်။ အချိုးအဆ မကျတဲ့ ဆင်တကောင်ပုံနှင့် ကြပ်ပြေးနေပြည်တော်ပုံ ကို ငွေစက္ကူ တွင်ထည့် သွင်းပုံနိပ်ထားတယ်။
အရောင်တွေကတော့ ပန်းချီသဘောအရ မတွဲဖက်သင့် တဲ့ ရန်ဖက်အရောင်တွေ ဖြစ်တဲ့ အနီသွေး( Red Family ) နဲ့ အစိမ်းလွမ်း ( Green Family ) အရောင်ကိုသုံးထားခြင်းက မျက်စိထဲမှာထော်လော်ကန့် လန့် ဖြစ်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ( Psychologically) အရလူအများယုံကြည်လက်ခံနိင်မှု ကင်းမဲ့စေနိင်ပါတယ်။
စီးပွားရေးသဘောအရ ကြည့် ရင်တော့ ငွေကြေးဈေးကွက် ( Finicial Market) ထဲမှာ ငွေစက္ကူတွေကိုထပ်မံ ဖြန့် ဝေသုံးစွဲခြင်းဟာ ငွေကြေးဖေါင်းပွမှု ( Inflaction ) ဆိုးကျိုးကိုရင်ဆိုင်ရစေနိင်ပါတယ်။ အဓိပါယ်ကတော့ နဂိုက တက်နေတဲ့ ကုန်ဈေးနှုန်းတွေ တလဟော တက်သွားစေနိင်ပါတယ်။
နအဖ သတင်းရပ်ကွက်ကလာတဲ့ သတင်းများအရ သန်းရွှေမင်းဆက်ကို နစ် ၅ ထောင် တိုင်တည် တန့် အောင် ရည်ရွယ်ချက်နဲ့ ထုတ်ဝေတာလို့ သိရပါတယ်။ သန်းရွှေ မိသားစု လက်စွဲ အဘထွန်းဆိုတဲ့ ဘိုးတော် ငကြောင်ကြီး တကောင် က အကြံပေးလိုက်တာလို့ သိရပါတယ်။ သန်းရွှေ ကကျောက်ဆည်သား၊ ကျောက်ဆည်မြို့ ရဲ့ အထိမ်းအမှတ်က ဆင် တကောင်ပုံဖြစ်တဲ့အတွက် ငွေစက္ကူမှာ
ဆင်တကောင်ပုံကို ဘိုးတော် က ထည့် ခိုင်းတာလို့ သိရပါတယ်။
ဆင်ဦးခေါင်းပေါ်ကနကင်း ဆင်ကိုယ်မှာ ပုံမှာလွှမ်းထားတဲ့ ခြုံလွှာ တွေက အနီရောင် တွေဖြစ်နေတဲ့အတွက် ပြည်သူလူထုတွေက ကျောင်းသား ခွပ်ဒေါင်းအလံ နဲ့ ရွှေဝါရောင်သံဃာတွေက သန်းရွှေ ခေတ်ကို မကြာခင်အဆုံးသတ်စေတော့မယ်လို့ ဆွေးနွေးနေကြကြောင်းပါခင်ဗျား။
6 comments :
သူတို့ဘဲ မထုတ်ဘူးဆို ခွေးမျိုးနအဖ ခုတစ်မျိုး တော်ကြာတစ်မျိုး တိုင်းပြည်ကိုရစရာမရှိအောင် ဖျက်နေတယ်
ခွေးအစိုးရလက်ထပ် မှာသူတို့ကြည်ညိုတဲ့ တိရစ္ဆာန်တွေကို ငွေစက္ကူတွေမှာ နေရာပေးလာတယ် တိရစ္ဆာန်ညီညွှတ်ရေးပေါ့
Instead of new print, that should be replacement of older note.
ဟုတ်ပဗျာ----- တော်တော်ကို အချိုးအစား မကျတယ့် ဆင်ပုံ၊ ပြီးတော့ တွဲထားတယ့် အရောင်ကလည်း ဘယ်လို မှကို ကိုင်ချင်စရာ အကောင်းတာ အမှန်ပါ။ သာမန် အတွေးအခေါ်ကောင်းတယ့် အခြေခံ လူတန်းစားတွေတော့ ဒါမျိုးပိုတ်ဆံကို မသုံးမှာတော့ သေချာပါရဲ့။ ၁၀၀၀ တန်တောင် အနှိင်နှိင် ကိုင်နေရတာကိုး။
အင်း သင်္ကြန် ကျခါနီး 10000တန်ထုတ်မှာ
အဆင်ပြေရင်
ရိုက်ပီးသားတွေအများကြီးပဲ
ဘယ်သူမှာ့မပြောနဲ့
ယူသိတာနောက်ဆုံးပဲ
ADDRESSEE ရေ
ခွေးမျိုး ဗမာတွေ လို့သိပ်မအော်ပါနဲ့
ကိုယ်အသုံးမကျတာတွေ ပေါ်လာမယ်ဗျ
စိတ်လျော့
Post a Comment