Tuesday 8 September 2009

ဗိုလ်မှုး အောင်လင်းထွဋ် က ဗိုလ်ချုပ်ရွှေမန်းသို့ ပေးစာ

ဗိုလ်ချုပ်ကြီးသူရရွှေမန်းသို့ အိတ်ဖွင့်ပေးစာ..
အကိုကြီးခင်ဗျာ..
ကျနော် အောင်လင်းထွဋ်ပါ၊ အကိုကြီး တပ်မ ၆၆ နည်းဗျူဟာမှုးတာဝန်ထမ်းဆောင်စဉ် ကရင်ပြည်နယ်ကို စစ်ဆင်ရေးမသွားခင် တပ်မတော်ထောက်လှမ်းရေးညွန်ကြားရေးမှုးရုံး တိုက်ပွဲထောက်လှမ်းရေးဌာနမှာ လာရောက်သြ၀ါဒခံယူစဉ် စစ်ဦးစီးမှုးဒုတိယတန်း ဗိုလ်မှုးအောင်လင်းထွဋ်ရဲ့ Ray Ban ကိုသတိရလိမ့်မယ်လို့ထင်ပါတယ်။ နောင် အကိုကြီးတို့ရဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အပတ်စဉ် (၁) သင်တန်းမှာ ကျနော် ထောက်လှမ်းရေးဘာသာရပ် lecture လာပို့တာကိုလည်း အမှတ်ရမိလိမ့်မယ်လို့ထင်ပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့်အရေးယူခံရပြီးနောက် အကိုကြီးပြောခဲ့တဲ့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေရဘူးဆိုတဲ့ စကားလုံးဟာ ကျနော်တို့ရင်ထဲမှာရော၊ မြန်မာပြည်သူလူထုနဲ့ တပ်မတော်သားတို့ရဲ့ရင်ထဲမှာရော အခုအချိန်ထိ စွဲကျန်နေခဲ့သလို …အားလုံးကလဲ အကိုကြီးကို မြန်မာနိုင်ငံတော်ကြီးကို အာဏာရှင်စနစ်ထဲက ကယ်တင်မဲ့ ကယ်တင်ရှင်ကြီးဖြစ်လာလိမ့်မယ်လို့ မျော်လင့်မိခဲ့ပါတယ်။ ကျနော်သိရသလောက် တပ်မတော်အရာရှိကြီးများကလည်း အကိုကြီးသာဦးဆောင်မယ်ဆိုရင် ထောက်ခံဖို့အသင့်လို့ပဲလို့သိရပါတယ်။ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးမောင်အေးတို့ရဲ့ခေါင်းဆောင်မှုတွေကိုစိတ်ပျက်နေကြပါတယ်ဆိုတာ အားလုံးကပြောနေကြပါတယ်။ အကိုကြီးဟာ ကျနော်တို့ထက် နိုင်ငံအခြေအနေကို အသိဆုံးဖြစ်သလို ဗိုလ်ချုပ်သန်းရွှေ အကြောင်းကိုလည်း အသိဆုံးပါ။ တပ်မတော်သားများအပါအ၀င် ပြည်သူလူထုနဲ့ နိုင်ငံတကာကသိအောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကိုဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ၍ နိုင်ငံကောင်းရာကောင်းကြောင်းလုပ်မယ်ဆိုရင် အားလုံးက သာဓုခေါ်ကြပါလိမ့်မယ်။ ကျနော်တို့မြန်မာနိုင်ငံသားတွေ ပြည်တွင်းမှာရော ပြည်ပမှာရော ဒုက္ခရောက်နေကြပါတယ်။ ရွှေမြန်မာတွေ နိုင်ငံတကာမှာ ကျွန်ဖြစ်နေသလို ပြည်တွင်းကမြန်မာတွေလဲ အာဏာပိုင်တွေနှိပ်စက်ချင်တိုင်းနှိပ်စက်ခံနေရတဲ့ စစ်ကျွန်ဖြစ်နေကြပါတယ်။ အကိုကြီးအနေနဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ဘာတွေဖြစ်ပြီး ဘာတွေလုပ်နေတယ်၊ ဘယ်လိုစဉ်းစားနေတယ်ဆိုတာ အကိုကြီးအသိဆုံးပါ။ ဒီပဲယင်းအရေးအခင်းရဲ့ တရားခံဟာ
ဗိုလ်ချုပ်ကြီးသန်းရွှေဆိုတာ အကိုကြီးသိပါတယ်။ ဒီပဲယင်းအရေးအခင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖျောင်းဖျခိုင်းတာလဲ ဗိုလ်ချုပ်ကြီးသန်းရွှေပါပဲ။ အဲဒီအချိန်က ပြည်ထဲရေးဝန်ကြီး ဗိုလ်မှုးကြီးတင်လှိုင် ဒုတိယတပ်မတော်ထောက်လှမ်းရေးမှုးချုပ် ဗိုလ်ချုပ်ကျော်ဝင်း တန်ပြန်ထောက်လှမ်းရေးဌာနကြီးမှုး ဗိုလ်မှုးချုပ်သန်းထွန်းတို့ကို အဖွဲ့ ဖွဲ့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကိုဆွေးနွေးခိုင်းတာလဲ ဗိုလ်ချုပ်သန်းရွှေပါပဲ။ အဲဒီဆွေးနွေးလို့ကရလာတဲ့ ရလဒ်ကို ဗိုလ်ချုပ်သန်းရွှေကိုယ်တိုင်သဘောတူပြီးမှ ဖျက်ပစ်တာလဲ ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ အကိုကြီးသိပြီးဖြစ်ပါလိမ့်မယ် ၂၀၀၄ ခုနှစ်ကဘာတွေ သဘောတူခဲ့တယ်ဆိုတာ သိအောင်ထပ်ပြီးပြောပြရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးတင်ဦးကိုလွှတ်ပေးမယ် NLD အမျိုးသာညီလာခံပြန်တက်မယ် အမျိုးသားညီလာခံရဲ့ အခြေခံမှုတွေထဲကအချို့အချက်အလက်တွေပြန်ဆွေးနွေးမယ် ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးမယ်ဆိုတဲ့အဓိကအချက်တွေပါပါတယ်။ ဒီသဘောတူညီချက်တွေကို ပထမ ဗိုလ်ချုပ်သန်းရွှေက သဘောတူတယ်ဆိုလို့ ကျနော်တို့ အဖွဲ့တွေ ၉၅% တော့သေချာတယ်ဆိုပြီး ၀မ်းသာမိခဲ့ကြပါတယ်။ အမျိုးသားညီလာခံစဖို့ နီးပြီဆိုမှ ဗိုလ်ချုပ်သန်းရွှေ စိတ်ပြောင်းပြီး စေ့စပ်ညှိနိုင်းရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးတင်ဦးကို ပြန်လွှတ်မပေးနိုင်သေးဘူးလို့ပြောခိုင်းတယ်။ ဒီစေ့စပ်ညှိနိုင်းရေးအဖွဲ့ကဒေါ်အောင်ဆန်းစုကြည်ကိုပြန်လယ်သတင်းပို့တော့ ဒေါ်အောင်ဆန်းစုကြည်က ရှင်တို့ယောက်ျားတွေလုပ်နေပြီး ကတိမတည်တဲ့လူတွေလို့မှတ်ချက်ပြုခဲ့တယ်ဆိုတာ အကိုကြီးသိပါလိမ့်မယ်။ ကျနော်ပြောချင်တာက အမျိုးသ္မီးတစ်ယောက်ကို ဒီပဲယင်းမှာ အပြတ်ရှင်းဖို့အမိန့်ပေးခဲ့တယ်၊ လွတ်လာပြီးတော့လဲ ဟိုလိုလိုဒီလိုလိုနဲ့လိမ်ညာပြီးလုံခြုံရေးအရ ထိန်းရပါတယ်ဆိုပြီး ကမ္ဘာကို ဗြောင်လိမ်ခိုင်းတယ် နိုင်ငံတကာရဲ့လေသံရော့သွားမှ ပုဒ်မ ၁၀/ခ ဆိုပြီး လူမသိ သူမသိ ချုပ်တယ်၊ ၅နှစ်ပြည့်လို့ လွတ်ရက်စေ့တော့လဲ ကလိမ်ကကျစ်လုပ်ပြီး ၆နှစ်လို့ပြောတယ် ၆နှစ်ပြည့်လို လွတ်ချိန်တန်တော့ USA က်Mr. Yattaw နဲ့ အကွက်ဆင်ပြီးဖမ်းတယ် ဒါတွေကို ပြန်လေ့လာရင် အကိုကြီးပြောခဲ့တဲ့ ဥပဒေ ထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ ဟုတ်ပါသေးရဲ့လား။ ၂၀၀၉ ခု ဂျွန်လအတွင်းမှာ တရားသူကြီးချုပ် ဦးအောင်တိုး နေပြည်တော်က ဆေးရုံမှာ အရေးပေါ် ဆေးရုံတင်လိုက်ရတာ အဖိုးကြီးရဲ့ Pressure လို့ မခံနိုင်လို့ ဘူးသီးလုပ်ခံရလို့ဖြစ်တယ်လို့သိရတယ်။ တရားသူကြီချုပ်ဆိုတာ ဥပဒေကို ထိန်းရမဲ့ အမြင့်ဆုံးအာဏာပိုင်ပါ။ တရားသူကြီးချုပ်က ထိန်းချင်ပေမဲ့ ဥပဒေထက်က ဗိုလ်ချုပ်မှုးကြီးကထင်ရာစိုင်းပြီး လုပ်ချင်ရာလုပ်နေတာ ဥပဒေ ထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ ဟုတ်ပါရဲ့လား။ အကိုကြီးခင်ဗျား.. အကိုကြီးကိုယ်တိုင်ပြောခဲ့တဲ့ ဥပဒေ ထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့ မှန်ကန်မြင့်မြတ်တဲ့စကားကို တည်စေချင်ရင် အကိုကြီးကိုယ်တိုင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ဖယ်ရှားဖို့ပါပဲ။ အဲဒီနောက်မှာ ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ အောက်ပါအချက်သုံးချက်ကိုဆောင်ရွက်ပေးဖို့ပါ။
၁ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများပြန်လွတ်ပေးရေး
၂ ။ နိုင်ငံကောင်းရာကောင်းကြောင်းတွေ့ဆုံဆွေးနွေးရေး
၃ ။ အများသဘောတူတဲ့ဖွဲ့စည်းပုံနဲ့အတူ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲပြုလုပ်ပေးရေးတို့ဖြစ်ပါတယ်။
အကိုကြီး ခင်ဗျာ. ယနေ့မြန်မာနိုင်ငံကို အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့လက်တွင်းကကယ်တင်ဖို့ အကိုကြီးဟာအဓိကဖြစ်ပါတယ်။ ( Psychic reflection ) ဆိုက်ကစ် ရီဖလေးရှင်းဖြစ်နေတဲ့ စိတ္တဇဝေဒနာသည်ဖြစ်နေတဲ့ ဗိုလ်ချုပ်မှုးကြီးကို အနားပေးဖို့အချိန်တန်နေပါပြီးခင်ဗျာ. နတ်လူသာဓုခေါ်ဖို့ ကျနော်တို့စောင့်နေကြပါတယ်။

အောင်လင်းထွဋ်ပါခင်ဗျာ

18 comments :

Unknown said...

ဗိုလ်မှူး အောင်လင်းထွဋ် ပေးတဲစာကိုထောက်ခံပါသည်။ ဗိုလ်ချုပ်ကြီးရွှေမန်း ကရင်ပြည်နယ်က ရှေတန်းစစ်ဆင်ရေးမှာ ကိုအောက်က ရဲဘော်တွေရှေ့  ကျခဲတဲ့ မျက်ရည်တွေကို တန်ဖိုးထားရင် လက်ရှိ ရင်ဘတ်မှာ တတ်ထာတဲ့ သူရ ဘွဲ့  တံဆိပ်ကို တန်ဖိုးထားရင် ဗိုလ်ချုပ်ကြီး ပြေားခဲ့တဲ့ ဥပဒေ အထက်မှာ ဘယ်သူမှ့  မရှိအောင် မြန်မာပြည်သူ ပြည်သားများနှင့်တကွ ကမ္ဘာလေားက တစ်ခု့  လုံးက သာဓု့  ခေါ်ဆိုကြရအောင် ဆောင့်မျှော်နေပါသည်ဟု့  ထပ်ဆင့် ပြေားလိုက်ပါသည်။

Unknown said...

ဗိုလ်မှူး အောင်လင်းထွဋ် ပေးတဲစာကိုထောက်ခံပါသည်။ ဗိုလ်ချုပ်ကြီးရွှေမန်း ကရင်ပြည်နယ်က ရှေတန်းစစ်ဆင်ရေးမှာ ကိုအောက်က ရဲဘော်တွေရှေ့  ကျခဲတဲ့ မျက်ရည်တွေကို တန်ဖိုးထားရင် လက်ရှိ ရင်ဘတ်မှာ တတ်ထာတဲ့ သူရ ဘွဲ့  တံဆိပ်ကို တန်ဖိုးထားရင် ဗိုလ်ချုပ်ကြီး ပြေားခဲ့တဲ့ ဥပဒေ အထက်မှာ ဘယ်သူမှ့  မရှိအောင် မြန်မာပြည်သူ ပြည်သားများနှင့်တကွ ကမ္ဘာလေားက တစ်ခု့  လုံးက သာဓု့  ခေါ်ဆိုကြရအောင် ဆောင့်မျှော်နေပါသည်ဟု့  ထပ်ဆင့် ပြေားလိုက်ပါသည်။

Unknown said...

ဗိုလ်မှူး အောင်လင်းထွဋ် ပေးတဲစာကိုထောက်ခံပါသည်။ ဗိုလ်ချုပ်ကြီးရွှေမန်း ကရင်ပြည်နယ်က ရှေတန်းစစ်ဆင်ရေးမှာ ကိုအောက်က ရဲဘော်တွေရှေ့  ကျခဲတဲ့ မျက်ရည်တွေကို တန်ဖိုးထားရင် လက်ရှိ ရင်ဘတ်မှာ တတ်ထာတဲ့ သူရ ဘွဲ့  တံဆိပ်ကို တန်ဖိုးထားရင် ဗိုလ်ချုပ်ကြီး ပြေားခဲ့တဲ့ ဥပဒေ အထက်မှာ ဘယ်သူမှ့  မရှိအောင် မြန်မာပြည်သူ ပြည်သားများနှင့်တကွ ကမ္ဘာလေားက တစ်ခု့  လုံးက သာဓု့  ခေါ်ဆိုကြရအောင် ဆောင့်မျှော်နေပါသည်ဟု့  ထပ်ဆင့် ပြေားလိုက်ပါသည်။

Unknown said...

ဗိုလ်မှူး အောင်လင်းထွဋ် ပေးတဲစာကိုထောက်ခံပါသည်။ ဗိုလ်ချုပ်ကြီးရွှေမန်း ကရင်ပြည်နယ်က ရှေတန်းစစ်ဆင်ရေးမှာ ကိုအောက်က ရဲဘော်တွေရှေ့  ကျခဲတဲ့ မျက်ရည်တွေကို တန်ဖိုးထားရင် လက်ရှိ ရင်ဘတ်မှာ တတ်ထာတဲ့ သူရ ဘွဲ့  တံဆိပ်ကို တန်ဖိုးထားရင် ဗိုလ်ချုပ်ကြီး ပြေားခဲ့တဲ့ ဥပဒေ အထက်မှာ ဘယ်သူမှ့  မရှိအောင် မြန်မာပြည်သူ ပြည်သားများနှင့်တကွ ကမ္ဘာလေားက တစ်ခု့  လုံးက သာဓု့  ခေါ်ဆိုကြရအောင် ဆောင့်မျှော်နေပါသည်ဟု့  ထပ်ဆင့် ပြေားလိုက်ပါသည်။

မြန်မာပြည်ကြီး စစ်ကျွှန်ဘ၀ မှ့  လွတ်မြောက်ပါစေ။ said...

ဗိုလ်မှူး အောင်လင်းထွဋ် ပေးတဲစာကိုထောက်ခံပါသည်။ ဗိုလ်ချုပ်ကြီးရွှေမန်း ကရင်ပြည်နယ်က ရှေတန်းစစ်ဆင်ရေးမှာ ကိုအောက်က ရဲဘော်တွေရှေ့  ကျခဲတဲ့ မျက်ရည်တွေကို တန်ဖိုးထားရင် လက်ရှိ ရင်ဘတ်မှာ တတ်ထာတဲ့ သူရ ဘွဲ့  တံဆိပ်ကို တန်ဖိုးထားရင် ဗိုလ်ချုပ်ကြီး ပြေားခဲ့တဲ့ ဥပဒေ အထက်မှာ ဘယ်သူမှ့  မရှိအောင် မြန်မာပြည်သူ ပြည်သားများနှင့်တကွ ကမ္ဘာလေားက တစ်ခု့  လုံးက သာဓု့  ခေါ်ဆိုကြရအောင် ဆောင့်မျှော်နေပါသည်ဟု့  ထပ်ဆင့် ပြေားလိုက်ပါသည်။

Kane said...

Mr Htut,
As long as we don't know that we gotta change Myanmar Mind-sets, Attitude, Opinions, Traditions and Culture, we'll never prevail. Disastrous Monarchies & Dictatorships were born out of these factors.
Oppositions will never be united and people will never join them as long as they are on this way. Most of the Myanmars don't know what they are doing. But Army Gangs will always prevail since Don Than Shwe and Gangsters know these Fatal Weakness of Myanmars.
Why don't you check this page roughly about Burma. You may go on Analysis further if you'd like to do so.
http://en.wikipedia.org/wiki/Burma
We need to solve this problem first or we'll always be far from Victory.

Anonymous said...

အကို ကြီး ခင်ဗျာ...
ကျွန်တော်ကတော့ S1 ရှိခိုးသွားမကျိုး တပ်မတော်က သင်တန်းတိုင်းမှာ ပိုက်ဆံ ကိုရေလိုသုံး၊ ကိုယ့်အတွက် ဆိုရင် ဘယ်ကောင်ကိုမှ မကြည့်။ ခြေလျင်က တစ်ပတ်စဉ် တည်းတွေ ။ ညီငယ်တွေ ကြားမှာ ကိုယ့် အဖွဲ့ အစည်း ကောင်းစားတုန်းက မောက်မာ ချင်တိုင်း မောက်မာ ပြီ။ အခု တော့ မှ ပြည်တော် မပြန်ရဲ တဲ့ ဘဝ ကိုရောက်မှ မဟုတ်တာတွေ ကို သိမ်းကျုံးပြော။ ကိုယ့် ကို ကိုတောင် ဘယ်ဘဝ ရောက်မှန်း မသိအောင် ရောက်နေတဲ့ လူတစ်ယောက်ပါလို့လည်း ပြောလိုက်ပါဦး ဗိုလ်မှူးရယ်။ ကျောင်းဆင်းတစ်ယောက်ကို အခု လို အခြေ အနေနဲ့ တွေ့ ရတာ စိတ်မကောင်း စရာပါပဲ။ ဗိုလ်မှူး လေလှိုင်း ကနေ အော်နေတာ တွေ ကို ကြားတာ ကြာပါပြီ။ ကြာတော့ လည်း ဗိုလ်မှူး တို့ ခေတ်ကောင်းတုန်းက အကြောင်းလေးတွေလည်း ပြောလိုက်ပါဦး။ ဗိုလ်မှူးတို့ အဖွဲ့တွေ သင်တန်းလာရင် တပ်မတော် သားတွေ နဲ့ နည်းတူမစား တာတွေ၊ ဆိုင်မှာ လပြတ်ပေးစားတာတွေ၊ ဂျာကင်ကိုတောင် အရောင် ကို ဆင်တူ ကာလာတူမှ ဝတ်တယ် ဆိုတာတွေလည်းပြောပါဦး။ ဗိုလ်မှုးကရော အဲ လို လူတစ်ယောက် မဖြစ်ခဲ့ ဘူးဘူးလား။အဲဒါတွေလည်းပြော ပါဦး ။ ကိုယ်ကောင်းကြောင်းတွေ ကို ပဲ ပြော နေတာတော့ မကောင်းဘူးနော်။ အပြင်လူတစ်ယောက် ပြောတာကို နားထောင်လို့ ရပါသေးတယ်။ ဗိုလ်မှုးကိုပြော ချင်ပါတယ်။ ဗိုလ်မှုးရဲ့ သက်တမ်းတစ် ဝက်လောက် က ဘယ်က ထမင်း ကို စားခဲ့ ပြီး ပြီလည်း ဆိုတာ ကို တွေးကြည့်ပါဦး ဗိုလ်မှူး။ သစ္စာ ဆိုတာ ဆူးတယ်နော် ဗိုလ်မှူး။

Anonymous said...

ဗိုလ်မှုးအောင်လင်းထွဋ် ပြောသလို ဗိုလ်ချုပ်ရွှေမန်းက အာဏာသိမ်းပြီး သန်းရွှေကို ဖြုတ်ချဖို့ ဆိုတာနဲ့ပတ်သက်လို့ မဖြစ်နိုင်ဘူးတော့ မဆိုလိုဘူး။ ဒါပေမဲ့ သူ့အတွက် အင်မတန် အန္တရာယ်များတဲ့ အလုပ်။ အခန့်မသင့်ရင် သေ
ဒဏ်ထိပြီး သူ့တစ်မိသားစုလုံး ဘ၀ပျက်မဲ့ ကိစ္စကြီးဆိုတော့ သူရ ဘွဲ့ရ ပုဂ္ဂိုလ်ကြီး ဒီလောက်ထိ လူထုအပေါ်မေတ္တာရှိပါ့မလားလို့။ သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးပေါ့ ဘကြီးမန်းရယ်...မသေရင် တစ်ပြည်လုံး ထိုင်ကန်တော့မှာသေချာတယ်။

Anonymous said...

ဆိတ်ဘိုတို့
ပြောအားရှိတုန်းတော့ ပြောကြပေါ့။ အောင်လင်းထွဋ်လည်း တချိန်တုန်းက မောက်မာတဲ့ထောက်လှမ်းရေးပဲ ဖြစ်ခဲ့မှာပါ။ ဆိတ်ဘိုချင်းလည်း အနိုင်ကျင့်မယ် ပြည်သူကိုလည်း နှိပ်စက်ခဲ့မှာဘဲ။ အခုလက်ရှိ ဆိတ်ဘိုတွေရော သူ့အတိုင်းပဲ သူ့ခြေရာနင်းနေကြတယ် မဟုတ်ဘူးလား။ ဘယ်သူတွေ ဘာပြောင်းလို့တုန်း ဟိုတလောက ရုရှားပြန် ဆိတ်ဘို ၁၀ ယောက်လောက် လျှို့ဝှက်ဖိုင်တွေယူပြီး ပြည်ပကို ထွက်ပြေးကြတယ်မှတ်လား။ အဲတာရှင်းနေတာပဲ။
အရေးကြီးတာ သိထားဖို့က မင်းတို့ စစ်တပ်စားနေတဲ့ ဆန်ဆိုတာ ပြည်သူတွေ စိုက်ထားတဲ့ စပါးက ထွက်တာ၊ သန်းရွှေ မောင်အေး ရွှေမန်းရဲ့ လုပ်စာတပြားသား မပါဘူး။ ဒီလူကြီးတွေ ဒီအရွယ် ဒီလောက် တိုင်းပြည်ကို မွဲတေအောင်လုပ်ပြီးနေပြီပဲ. အောင်လင်းထွတ်ပြောသလို အငြိမ်းစား မယူသင့်ဘူးလား။ အောင်လင်းထွတ်ပြောတာမှာ စစ်တပ်ကို စော်ကားတာ ဘာမှ မမြင်ပါဘူး။ သူ့ကိုယ်သူ ကိုယ်ရည်သွေးတာတော့ ရှိမှာပေါ့ကွာ ပြည်တွင်းက မင်းတို့ ဆိတ်ဘိုတွေလည်း ယူနီဖောင်းလေး ၀တ်ရရင် ဘယ်လောက်မာန်တက်ပြီးနိုင်ထက်စီးနင်း လုပ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ အောင်လင်းထွတ်လည်း ပြည်သူကျွေးတဲ့ ထမင်းစားခဲ့တာပဲ။ မင်းတို့လည်း စားနေဆဲပါ။ ဘာမှ မထူးပါဘူး။ အောင်လင်းထွတ်ကို ပုဂ္ဂိုလ်ရေးအရ မကြိုက်ပေမဲ့ ရွံပေမဲ့ ဒီစာမှာပါတဲ့ အချက်အလက်တွေကိုတော့ ကျေနပ်ပါတယ်။ တပ်မတော်တွင်းမှာ အပြောင်းအလဲလုပ်ပြီး အရပ်သား ပညာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်နိုင်မဲ့ အချိန်ရောက်ဖို့ အရေးကြီးနေပါပြီ။ ၂၀၁၀ ဟာ မှန်ကန်တဲ့ ပြောင်းလဲမှုဖြစ်နိုင်ပါစေ။ ဘောင်းဘီချွတ်ပြီး တိုက်ပုံကောက်ဝတ်၊ ဘိုကနေ ဦးပြောင်းတာမျိုးကတော့ မလုပ်ကောင်းဘူး နှစ် ၂၀ လည်းကြာပြီ။ ဆိတ်ဘိုချုပ် ဆွေစဉ်မျိုးဆက် ဘယ်နှစ်ဆက် လုပ်စားကြဦးမှာလည်း

Anawrahtar said...

Democracy is just a label. Nobody could guarantee that democracy will give you peace and wealth. May become even worse than today if those in power under democracy system would not handle right. It is very simple. You will reap what you sow.

I believe Myanmar's civil war can be ended if only all could forget the "problematic secession" . Lousy forefathers who were responsible for today's mess should be in hell. Bogyoke Aung San would also definitely disappointed if someone mention about "secession" and try to breakaway.

Anonymous said...

Ko Moe Thee

Please do not publish any of those rubbishes from that defected military intelligence major, which will infest your blog.
People should not forget what he had done to his own Myanmar citizens while he was in power.
Now, he is licking your balls because he doesn’t have one to go back and face the consequences like others.
The word defect should only use for the civil servant diplomat. For him the precise word is "Traitor". He deserted his army, his superiors and all his comrades.
Everybody knows the reason. If he really seen this way, why didn’t he say something while he was in power.
In fact, it is just complete wasting time to talk about him.

Best regards

Anonymous said...

ဗိုလ်မှူးအောင်လင်းထွဋ်က အခု ဒီစာကို ဘလောခ်ပေါ်တင်ဖို့ ဘဲလား ဒါမှ မဟုတ် ရွှေမန်းဆီကို ရော ပို့တာကို ဒီဘလောခ်ကနေ ကူးယူဖော်ပြတာလား ????
ဘလောခ်ပေါ်တင်ပြီး သူ့သဘောထား ကို ဖော်ပြရုံသက်သက်ဘဲလား ?
တကယ်ပေးစာ ဆိုရင်လဲ တကယ်ပို့လိုက်ပါ ဗျာ ???

Anonymous said...

ဦးအောင်လင်းထွဋ္ဋ်ပြောတာတွေကသိပ်ယုံကြည်ဖို့
မကောင်းဘူး၊သူသိတာနည်းနည်း၊အာတာကများများ
နဲ့တူပါတယ်၊ကျွန်တော်ထင်မြင်ချက်ပါနော်၊
စစ်အစိုးရလုပ်တာအားလုံးတော့ကျွန်တော်အနေနဲ့
အမှားလို့မထင်ပါဘူး၊အခုစာကိုလည်းအကိုသိပါတယ်
ဗိုလ်ချုပ်ရွှေမန်းဖတ်ရရင်လည်းဟားနေမှာပါ၊အကို့ကို
ပြောနေကြအတိုင်းဒီကောင်ကတော့ခပ်ကြောင်ကြောင်
ပါဘဲလို့ပြောမှာပါ၊ကိုယ့်ဘ၀ရဲ့လွတ်မြောက်ရေး
အတွက်တစ်ခြားနိုင်ငံမှာခိုလှုံတာသဘာဝကျပါတယ်
ကျွန်တော်ဆိုလည်းဒီလိုဘဲဖြစ်မှာပါ၊ဒါပေမဲ့ခပ်ငြိမ်ငြိမ်
ဘဲနေတာပိုကောင်းမှာပါ၊သူတစ်ပါးဝမ်းသာဖို့လေလည်
မပြစေလိုပါ၊အကိုလက်ထက်ကလည်းအကိုအစွမ်းကုန်
လုပ်ခဲ့ပြီးပြီဘဲ၊စစ်အာဏာရှင်တစ်ယောက်မကျဆုံးချိန်
မှာလည်းသူအတွက်အကိုဒီမိုကရေစီဘက်
တော်သားတွေကို ကိုယ်အားစိတ်အားနဲ့ဘယ်လောက်
ရက်စက်ခဲ့ပြီးပြီလဲ၊အကိုသံရုံးအမှုထမ်းစဉ်ကာလမှာ
တောင်အမေရိကန်ရောက်အကိုတို့အခေါ်ချီးထုတ်တွေ
ကိုဘယ်လောက်နိပ်ကွက်ဖို့စီမံချက်ဘယ်သူဆွဲခဲ့တာ
လဲ၊အကိုရဲ့ဆရာဘ၀ပျက်မှမျောက်သစ်ကိုင်းလွတ်ပြီး
ဒီမှာခုန်ဆင်းခဲ့တာမဟုတ်လာား၊အကိုရဲ့ဆရာကကော
ဒီမိုကရေစီသမားတွေကိုဘယ်သူကိုချမ်းသာပေးခဲ့ဖူးလို့
လဲ၊အပျောက်ရှင်ဖို့အမိန့်တွေဘယ်လောက်ပေးခဲ့လည်း
အကိုအသိဆုံးပါ၊သူလည်းပြောင်းလဲလိုတဲ့သူတစ်
ယောက်မဟုတ်ပါဘူး၊အာဏာကိုပိုတည်မြဲအောင်လုပ်
ဆောင်ရင်ကျဆုံးသွားတာမဟုတ်လား၊အကိုလည်း
ပထမဆုံးလုပ်စေချင်တာပြည်သူတွေကိုလုပ်ခဲ့မိတဲ့
အပြစ်တွေကိုဖေါ်ထုတ်ပြီးဝန်ချတောင်းပန်သင့်ပါတယ်၊
စိတ်ထားမြင့်မြတ်သူတွေရဲ့လုပ်ဆောင်နည်းများအတိုင်း
ပါ၊တစ်ကယ်တော့သူများကိုဘဲမကောင်းဘူးလို့ပြောနေ
လို့မရပါ၊ကိုယ်ကိုယ်တိုင်ကောဘယ်လောက်ကောင်း
ခဲ့ပါလဲ၊ကိုယ်အာဏာရစဉ်ကကောဘယ်သူကိုငဲ့ညာခဲ့
ဘူးပါသလဲ၊အကိုကဗိုလ်ရွှေမန်းကိုမှတ်မိအောင်ပြန်
ပြောပြနေရတယ်၊အကိုနဲ့သူနဲ့တွေခဲ့တယ်ဆိုတဲ့အချိန်ကရာထူးအဆင့်ချင်းဘယ်လောက်ကွာပါသလဲ၊အကို
မော်ကြည့်ရဲခဲ့ပါသလား၊အကိုကအခုရေးခဲ့တဲ့အချိန်ဆိုရင်ဆရာလဲဖြစ်ခဲ့တယ်၊သူငယ်ချင်းလည်းဖြစ်ခဲ့တယ်
လို့ထင်အောင်ရေးခဲ့တယ်၊တစ်ကယ်ကောဒီလိုဖြစ်ခဲ့ပါ
သလား၊အခုအချိန်မှာကိုယ်တိုင်းပြည်တိုးတက်ကြီးပွား
စွာနေထိုင်တာကိုမြင်ရဖို့ထက်မြန်မာပြည်ကိုဘယ်လို
ခန့်ခန့်ကြီးပြန်နိုင်မလဲဆိုတဲ့နည်းလမ်းတွေကိုဘဲ
ရှာကြံနေတယ်ဆိုတာလည်းသဲကွဲအောင်ပြောပြလိုက်
ပါအကိုကြီးခင်ဗျာ....

Anonymous said...

aung lin htut need to appolozize what he did to public first because of his master khin nyunt"s order.He didnt and said his master khin nyunt is from democracy side.can u belive it?khin Nyunt M.I became one month older than father(army) and press not only the public but also the army.everybody and army hate M.I .khin Nyunt"s M.I do all badthings.arrest the politicians,asking the money from the business men,no respect the army officers,look down to infantrymen..Thats the khin nyunt M.I men job.every body can do lkie this.
M.I men r very afraid to go back to infantry because they have drunk whiskey and eaten fry chicken at M.I.
Major aung lin htut,
did u tried to go back to infantry?i know u have already drink whiskey and fry chicken at M.I,so u afraid to go back to front line infantry.u r not soldier.

Anonymous said...

u aung lin htut
why u move to M.I from infantry ?can ask the money from the business men,right?all khin nyunt m.i men r rich because of the corouption.u too.tell me which m.i man make no couroption?
did u tried to move back to infantry?why?i know u dont want to goback to front line.arresting the people job is better than going to front line,so u decide to stay at M.I.u r not soldier,u r just M.I police.
if u want to be a real soldier,u want to attend the comando course,parachute jumping course.did u tried to attend these course?
u just tried to attent the M.I course.not real soldier course.

Anonymous said...

Come on People

Wake up and open your eyes. Who is going to read that shit?
There are many people like him send all sort of letters to authorities.
It’s like sending a message in a bottle to Queen Elizabeth.
There are tons of letters like this has been sent to U Ne Win.
Do you think U Ne Win, Than Shwe, Maung Aye and Shwe Mann etc. will open the letter and read those?
Please use a tiny bit of your brain and think. There you go. You’ve got the answer.

This guy with prawn brain tried to show off his experience indirectly including his Ray Band.
I honestly think that, he is completely gone. Only God knows what Ko Moe Thee and clan did to him.
Burmese says, he is soaking up the old dried shit. I think he did it for his dinner.

At the moment, he is making up a new story to get some crumbs.
There will be more interesting, if he write a real story of what/how he did to those Democracy Activists.

min said...

တစ်ကယ်ဘဲအမြင်မှန်အသိမှန်ရသွားပြီဆိုရင်တော့ဝမ်း
သာပါတယ်ဗျာ.အခြေအနေမကောင်းလို့ဘက်ပြောင်းပြီး
အယောင်ဆောင်တစ်ယောက်တော့မဖြစ်ပါစေနဲ့။
ခွင့်လွှတ်ခြင်းဆိုတာဗုဒ္ဓဘာသာဝင်တိုင်းလက်ကိုင်
ကျင့်သုံးရမယ်လို့မြတ်စွာဘုရားဟောထားတာဘဲ.ခွင့်
လွှတ်ပေးလိုက်ကြပါ.တစ်ကယ်လို့များပြည်သူတွေရဲ့
ခွင့်လွှတ်မှု့ကိုအခွင့်အရေးတစ်ခုအဖြစ်အသုံးချသွား
မယ်ဆိုရင်တော့သူ့ထိုက်နဲ့သူ့ကံပေါ့.ဘာဘဲဖြစ်ဖြစ်
ပြည်သူတွေအတွက်ရန်သူတစ်ယောက်လျော့သွားတာ
ပေါ့.

Anonymous said...

aung lin htut
if ur master khin nyunt get back to power,i know u will go back and u will do whatever he said.