Wednesday 16 September 2009

လမ်းသစ် ( တုံ့ပြန်ချေပချက်ဆောင်းပါး)


ဆရာဇော်ဂျီ ဘာသာပြန်ထားတဲ့ “မိုးကြယ်မို့လားနဲ့ လမ်းသစ်ဝတ္ထုတို များ” ထဲက ‘လမ်းသစ်’ ဆိုတဲ့ ၀တ္ထုကလေးကို တခါတလေ သတိရမိ သေးတယ်။ အသေးစိတ်တော့ မမှတ်မိပေမယ့် မျိုးဆက်ကွာခြားလာ တဲ့ သူတွေအကြားက ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖော်ပြတာလို့ အ မှတ်ရနေမိတယ်။ ဒီ ‘လမ်းသစ်’ ဆိုတဲ့ ဇာတ်လမ်းလေးက တရုတ်ပြည် ဆိုရှယ်လစ်ခေတ်ပြောင်းကာလ ၁၉၅၀ ကာလများကို အခြေခံထား တာပါ။ မြို့ကလေးတခုမှာ လမ်းသစ်ကြီးတခု ဖြတ်ဖောက်ဖို့လုပ်တော့ ပြဿနာရှိလာပါတယ်။ အဖိုးအိုတယောက်ရဲ့ ရိုးရာစဉ်ဆက် အသက် မွေးဝမ်းကျောင်းလုပ်စားလာတဲ့ (ရေနွေးဆိုင်လို့ထင်တယ်) လုပ်ငန်းပါ လမ်းဖောက်လို့ ဖျက်ရမယ့်အထဲပါလာတယ်။ ဒါပေမယ့် ဒီအဖိုးရဲ့သား လို့ထင်တယ်၊ လူငယ်ကလေးကတော့ လမ်းဖောက်တာကို ထောက်ခံ တယ်။ သူ့အိမ်တစိတ်တပိုင်း ဖျက်ပေးလိုက်ရမှာကိုတောင် စွန့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ သူကတော့ ဒီလမ်းမကြီးဟာ ခေတ်မီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ကြဉ်းလာ မယ့်အရာလို့ မြင်ထားသလို သူ့ဘ၀အနာဂတ်နဲ့လည်း ယှဉ်မြင်ထားပါတယ်။ အဖိုးအိုကတော့ မြေကြီးထဲမှာ နှစ် ရှည်ကြာ အမြစ်စွဲနေတဲ့ သူ့ရေနွေးအိုးကြီးနဲ့ ဆိုင်ကို မဖျက်ချင်ဘဲ ခင်တွယ်နေတဲ့ ဇာတ်လမ်းပါ။

ခြုံပြောရရင် မျိုးဆက်တွေ ကွာခြားလာတဲ့အလျောက် ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ်ပုံတွေ ကွာခြားလာတာပါပဲ။

ကျနော် ဒီလိုအစချီရေးရတာက ဆရာလူထုဦးစိန်ဝင်း ဝေဖန်ရေးသားတဲ့ အဲန်ဂျီအို၊ နိုင်ငံတကာ အဲန်ဂျီအိုအ ပေါ် အမြင်မကောင်းတဲ့ကိစ္စ ဆောင်းပါး “အတ္တပရဟိတလုပ်ငန်း” အပေါ် တုံ့ပြန်ရေးသားချင်လို့ပါ။ ယေဘု ယျ သူ့ဆောင်းပါးအပေါ် ကောက်ချက်ချရရင် ...

(၁) မြန်မာတွေ မျောက်ဖြစ်ကုန်မှာ စိုးတယ်။ အဲန်ဂျီအိုတွေက မျောက်ပြဆန်တောင်းနေကြတယ်။
(၂) ဘယ်သူ့အားမှမကိုးနဲ့။ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းကြ။
(၃) အဲန်ဂျီအိုတွေ ဆိုင်းဘုတ်စုံလာတယ်။ ပြောနေရင်းနဲ့ များလာတယ်။ နိုင်ငံခြားခဏသွား၊ ခဏ သင်တန်း တက်ပြီး အဲန်ဂျီအို ဖြစ်လာကြတယ်။
(၄) ပရဟိတသမားအစစ် မြန်မာ့အလင်း ဦးတင်လို ရိုးသားသမာဓိရှိတာကို အတုယူကြလို့ ကောက်ချက်ချမိပါ တယ်။

ဒီနေရာမှာ ကျနော် ပြန်လည်ဖြေရှင်းစရာ၊ ထောက်ပြဆွေးနွေးစရာတွေ အများကြီးရှိလာပါတယ်။ခင်ဗျားက အဲန်ဂျီအိုကို ကိုယ်စားပြုလို့ ဖြေရတာလားဆိုရင်တော့ မဟုတ်ပါဘူး။ မိတ်ဆွေတဦးက ဒီဆောင်းပါးနဲ့ ပတ် သက်လို့ အဲန်ဂျီအိုလူငယ်တွေအကြား ပြောဆိုပွဲဆူဖြစ်ကြရတာလေးတွေကို ပေးပို့လာတော့ ကျနော်အတွက် စဉ်းစားစရာ အများကြီး အထောက်အကူဖြစ်ရပါတယ်။ ပြန်လည်ဖြေရှင်းသင့်တယ် ထင်လို့လည်း ရေးရတာပါ။

ဒီဆောင်းပါးမှာ လူမှုရေးကို အကြောင်းပြလို့ လုပ်စားနေကြတာတွေ သဘောမတွေ့လို့ ထောက်ပြတာဆိုရင် တော့၊ ကြံ့ဖွံ့တို့၊ မြန်မာအမျိုးသမီးအဖွဲ့ချုပ်တို့၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး စသဖြင့်တို့ရဲ့ လူမှုရေးလုပ်ငန်း တွေကိုလည်း ထောက်ပြဖို့သင့်တာပေါ့၊ ဒါမှ မျှမျှတတဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ အဲန်ဂျီအိုတွေကို တင်း တင်းကျပ်ကျပ် ကိုင်တွယ်ရမယ်ဆိုတဲ့ စစ်အစိုးရရဲ့မူအပေါ်မှာလည်း ထောက်ခံရာရောက်နေသလားလို့လည်း အတွေးပွားစရာပါ။

ကျနော်တင်ပြချင်တဲ့ အချက်တွေကတော့ ဒါတွေပါ။

(၁) ဂလိုဘယ်လိုက်ဇေးရှင်း

ဆရာလူထုဦးစိန်ဝင်းက အဲန်ဂျီအိုလို့ ယေဘုယျသမုတ်တဲ့၊ နိုင်ငံတကာစာပေတွေမှာ civil society အရပ်ဖက် လူမှုအဖွဲ့အစည်းလို့ ခေါ်ကြတဲ့ အင်အားစုတွေက ကမ္ဘာလွှမ်းပတ်ဆက်သွယ်မှုမှာ အင်အားကြီးတခုလို ဖြစ်လာ ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကို မောင်းနှင်နေတဲ့ တွန်းအားတခုလို့ ပြောကြသလို ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ထွက်ပေါ်လာခဲ့တဲ့ ရလဒ်လည်းဖြစ်ပါတယ်။

အခုအခါ အရင်းရှင်စီးပွားရေးအင်အားစုနဲ့ အစိုးရတွေအကြား ထိန်းညှိပေးနိုင်မယ့် အင်အားစုအဖြစ် အရပ်ဖက် လူထုထူထောင် အဖွဲ့အစည်းတွေကို အင်အားကြီးတရပ်အဖြစ် အသိအမှတ်ပြု လက်ခံလာကြရပါပြီ။ Global civil society လို့ ခေါ်ဆိုလက်ခံကြရတဲ့ အဆင့်ထိတောင် ရှိလာခဲ့ပါပြီ။

ဒီအဖွဲ့တွေက ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေသာမက အခြား အခွင့်အရေးလှုပ်ရှားမှု ခေါင်းစဉ်ပေါင်းစုံ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ပတ်သက်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က မရှိ ဘူးတဲ့ နိုင်ငံတကာစာချုပ်စာတမ်းအများက (လက်တွေ့အားကိုးမရသည်ထားဦး) ကမ္ဘာပေါ်မှာ ရှိလာပါတယ်။ အဲဒါအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ ကိုယ်နှိုက်ကလည်း အဲန်ဂျီအိုတွေကို နေရာပေးဆက်ဆံနေကြရပါပြီ။ နောက်ဆုံး ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်မှာတောင် သူတို့စီမံကိန်း၊ ပရောဂျက်တွေအတွက် ဒေသခံလူထု၊ အဲန် ဂျီအိုတွေ၊ စိတ်ဝင်စားသူ အုပ်စုတွေ (concerned groups) တွေရဲ့ အသံကို နားထောင်ရမယ်လို့ နေရာပေး လာတာ၊ သူတို့ကို စင်မြင့်ပေးလာရတာတွေ ဖြစ်လာပါတယ်။ နောက်ဆုံး အာဆီယံပဋိညာဉ်စာတမ်းကိုယ်နှိုက် မှာက အဖွဲ့ဝင်အစိုးရတွေက အဲန်ဂျီအိုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသိအမှတ်ပြုထားကြပါပြီ။ ဒါကို မျောက်ပြ ဆန်တောင်းနေကြတဲ့အဖွဲ့တွေ၊ ဆိုင်းဘုတ်စုံလွန်းတယ်လို့ မြင်ရင်တော့ မသင့်လျော်လှပါလို့ ထင်ပါတယ်။

(၂) ပြဿနာများက နိုင်ငံနယ်နိမိတ်ကို ဂရုမစိုက်ကြပါ။

အချို့ပြဿနာတွေက နိုင်ငံအစိုးရတွေတောင် သူတို့ချည်းသက်သက် မဖြေရှင်းနိုင်ကြဘူး ဖြစ်လာပါတယ်။ အ ခု ကြက်ငှက်တုပ်ကွေးရောဂါ၊ ၀က်တုပ်ကွေးရောဂါ အပါအ၀င်၊ လူကုန်ကူးရောင်းချမှု၊ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်ပြဿနာတွေ၊ သဘာ၀၀န်းကျင်ပြဿနာတွေက နိုင်ငံအစိုးရတခုတည်း ဖြေရှင်းရလို့ ရနိုင်တာမဟုတ် တော့ပါဘူး။ နိုင်ငံစုံပူးပေါင်းဖြေရှင်းကြရသလို၊ နိုင်ငံအစိုးရမဟုတ်တဲ့ ကျွမ်းကျင်သူအဖွဲ့တွေ၊ အဲန်ဂျီအိုတွေနဲ့ပါ ပူးပေါင်းဖြေရှင်းနေကြရတာတွေ ဖြစ်နေပါတယ်။

နိုင်ငံတကာဆက်ဆံရေးဆိုတာ အစိုးရတွေရဲ့ တာဝန်ပဲ၊ သူတို့လက်ထဲမှာချည်း ထားမှာလား၊ အဲန်ဂျီအိုလို့ခေါ် တဲ့ အဖွဲ့တွေအချင်းချင်းရော နိုင်ငံတကာပူးပေါင်းဆက်ဆံမှုတွေ မလုပ်ရတော့ဘူးလားလို့ ဆရာဦးစိန်ဝင်း ဆောင်းပါးကို ဖတ်ကြည့်ရင် မေးခွန်းပွားစရာပါပဲ။ ကမ္ဘာကြီးမှာ ပြဿနာတွေ များလာတာနဲ့အမျှ အဲန်ဂျီတွေ ပူးပေါင်းဆောင်ရွက်ရေးလည်း တိုးများလာစရာရှိပါတယ်။ နောက်ထပ် ဆိုင်းဘုတ်စုံလာစရာလည်းရှိပါတယ်။

(၃) မြန်မာနိုင်ငံ ပြဿနာဟာ ပြည်တွင်းက ဖြေရုံနဲ့ လုံလောက်နိုင်ပါသလား

အချက်အလက်တွေအရ မြန်မာနိုင်ငံပြဿနာက သူ့ဘာသာ မဖြေရှင်းနိုင်တော့တာ အသေအချာပါပဲ။ အခု ထိုင်းနိုင်ငံထဲမှာတင် နိုင်ငံရေးဒုက္ခသည်တွေ သိန်းချီရှိနေသလို၊ စီးပွားရေးအရ ခိုးဝင်ရွှေ့ပြောင်း အလုပ်လုပ် ကြသူတွေလည်း (၄) သန်းလောက် ရှိနေပါတယ်။ အရင်က ကျနော်တို့က ဗီယက်နမ်လှေစီးပြေး ဒုက္ခသည်ဆို တာမျိုး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည် ဆိုတာတွေလည်း နိုင်ငံတကာ အစည်းအဝေးတွေမှာ ဆွေးနွေးရတဲ့အဆင့် ဖြစ်လာပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမှာတင် လူတသိန်းလေးသောင်းကျော် အသက်ဆုံးရပြီး၊ (၂.၄) သန်းကျော် အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုကပ်ဘေးဒုက္ခတွေကို မြန်မာ့အလင်းဦးတင်လို တပိုင်တနိုင် စေတနာရှင်တွေ လောက်နဲ့တော့ ဖြေရှင်းလို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ ဒါတင်မကသေးပါဘူး။ လေ့လာချက်တွေအရ လူပေါင်း ၂၄၀,၀၀၀ လောက်က အိပ်ခ်ျအိုင်ဗွီ ကိုယ်ခံအားကျရောဂါပိုး ရှိနေတယ်။ HIV ရောဂါရှင် ၇၆,၀၀၀ လောက် ဆေးသောက်ဖို့ လိုအပ်နေတယ်။ အဲဒါအပြင် တီဘီ၊ ငှက်ဖျား၊ အာဟာရချို့တဲ့မှု၊ အခြားကူးစက်ရော ဂါတွေအတွက် အခြေအနေ အစီရင်ခံစာတွေကလည်း စိုးရိမ်စရာချည်းပါပဲ။ ဒီလိုအစီရင်ခံစာတွေကလည်း မ ဟုတ်မဟတ်လုပ်ဇာတ်ခင်းပြီး မြန်မာလူမျိုးတွေကို မျောက်အဖြစ်ပြနေကြတာလားလို့ စောကြောဖွယ်ရှိလာ တော့တာပေါ့။

(၄) မြန်မာနိုင်ငံမှာ အဲန်ဂျီအိုတွေ သိပ်များနေပြီလား

မြန်မာနိုင်ငံက ဒေသအတွင်းမှာ နိုင်ငံတကာ အကူအညီရတာ အနည်းဆုံးပါ။ စာရင်းတွေအရ မြန်မာနိုင်ငံက ရတဲ့ နိုင်ငံတကာအကူအညီဟာ လူတဦးကို တနှစ်မှာ (၃) ဒေါ်လာပဲရပါတယ်။ တချိန်တည်းမှာပဲ ဗီယက်နမ် နိုင်ငံက လူတဦးချင်းကို (၂၃) ဒေါ်လာရပြီး၊ လာအိုနိုင်ငံကတော့ လူတဦးကို ဒေါ်လာ (၅၀) ရပါတယ်။ တနှစ် ကို (၃) ဒေါ်လာရတာနဲ့တောင် အဲန်ဂျီအိုတွေ သိပ်များလာပြီ၊ စိုးရိမ်စရာဖြစ်နေပြီလို့ ထင်ရင်တော့ နောက်ထပ် ပွင့်လင်းလာလို့ နိုင်ငံတကာအကူအညီတွေ ပိုမိုရရှိလာတဲ့အခါ ဘယ်လို ကျနော်တို့ ခန့်မှန်းထားရမှန်းတောင် မသိတော့ပါဘူး။

တကယ်တော့ နိုင်ငံတကာအဲန်ဂျီအိုတွေ၊ အဲန်ဂျီအိုတွေ၊ အကူအညီတွေနဲ့အတူ နည်းပညာပိုင်းဆိုင်ရာ၊ အခြား ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စတွေလည်း အတူကပ်ပါလာလေ့ရှိပါတယ်။ နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံ ကစလို့၊ အရည်အသွေးမြှင့် သင်တန်းတွေကတဆင့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှု စသဖြင့် ကျွမ်းကျင်မှုအရည်အ သွေးတွေကိုလည်း ရလာလေ့ရှိကြပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍကလည်း မပွင့်လင်း၊ ပညာရေးကလည်း ခက်ခဲ၊ အစိုးရလုပ်ငန်းတွေ မှာလည်း နေရာနည်းနေတဲ့ကာလမှာ လူငယ်တွေက အဲန်ဂျီအိုကဏ္ဍမှာ ပြုံတိုးနေတာ၊ အခွင့်အလမ်းတခုလို မြင်နေကြတာကတော့ နားလည်မှုပေးနိုင်ပါတယ်။ သိပ်များနေပြီလို့ မဆိုလောက်သေးဘူး ထင်ပါတယ်။

(၅) လူမှုအရင်းအနှီး

လူမှုအရင်းအနှီး (social capital) ဆိုတဲ့ အမြင်နဲ့ အချို့သောသူတွေက ကျနော်တို့နိုင်ငံမှာ အဲန်ဂျီအိုပဲခေါ်ခေါ်၊ လူထုထူထောင်အဖွဲ့အစည်းပဲခေါ်ခေါ် တိုးပွားစေဖို့ ကြိုးစားနေကြပါတယ်။ လူဆိုတာက တဦးတည်းနေရင် အားမရှိလှပါ။ ဒီလူတွေကို ပေါင်းကူးဆက်စပ်ပြီး စုစည်းပေးတဲ့အခါ Bridging and bonding အားဖြစ်လာပါ တယ်။ ဒီအားဟာ အခုကာလ လူမှုရေး၊ ကယ်ဆယ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေအတွက်သာမက တချိန်ပြန် လည် နိုင်ငံထူထောင်ရေးကာလတွေအတွက်ပါ အားဖြစ်စေပါလိမ့်မယ်။

လူမှုအရင်းအနှီးအားကောင်းတဲ့ နိုင်ငံတွေက ပဋိပက္ခဖြေရှင်းဖို့ လွယ်သလို၊ ဒီမိုကရေစီအမြစ်ခိုင်ဖို့၊ တိုးတက်မှု ရစေဖို့လည်း မြန်စေပါတယ်။

"ခဏ သင်တန်းလေးတက်ပြီးတော့ ပြန်လာတဲ့အခါ အဲန်ဂျီအို ဖြစ်ကုန်ကြတယ်" ဆိုတဲ့ ဝေဖန်ချက်ကလည်း မသင့်လှဘူးထင်ပါတယ်။ တကယ်တော့ ဒီသင်တန်းတွေမှာ အဖွဲ့အစည်းတခု လည်ပတ်စီမံပုံ၊ ခေါင်းဆောင်မှု၊ ပွင့်လင်းမြင်သာမှု၊ စီမံချက်တခုကို ဘယ်လိုရလဒ်ရှိရှိ အကောင်အထည်ဖော်ရမယ်ဆိုတဲ့ Logical framework ဆိုတာမျိုး အနည်းနဲ့အများ ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် ယခင် ကျနော်တို့နဲ့ ဝေးနေခဲ့တဲ့ gender လိင်ကွဲပြားမှုအ ပေါ် အမြင်ကိစ္စတွေ၊ ပဋိပက္ခဖြေရှင်းနည်းတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောတရားတွေကိုလည်း သူ တို့ လေ့လာရရှိခဲ့နိုင်ပါတယ်။ ဒီသင်တန်းတွေက ဘာမှတတ်လာမှာ မဟုတ်ပါဘူးဆိုတာမျိုးကတော့ အထင်အ မြင်သေးရာကျပါတယ်။

(၆) ခေတ်ပြောင်းခဲ့တယ်

ပထမအချက်ကတော့ ကျနော်တို့က ကိုယ့်ဘာသာ တံခါးပိတ်နေလို့ မရနိုင်တော့ပါဘူး။ ကျနော်တို့က ဘာဖြစ် လို့ မျောက်လို့ အထင်မခံချင်ရတာလဲဆိုတာလည်း မေးခွန်းဖြစ်မိပါတယ်။ နိုင်ငံ့သိက္ခာကျစေတယ်၊ လူမျိုး သိက္ခာကျစေတယ်၊ အရှက်ရစေတယ်လို့ ပြန်ဖြေမယ်ထင်မိပါတယ်။ မြန်မာစစ်အစိုးရလည်း မြန်မာနိုင်ငံမှာ အ လားတူ မကောင်းတာ၊ ဆင်းရဲနေတာ၊ ဆိုးရွားနေတာတွေ နိုင်ငံတကာက မမြင်စေချင်ပါဘူး။ တခါက နိုင်ငံတ ကာအစည်းအဝေးတခုမှာ မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲလုပ်မယ်ဆိုရင် အကူအညီ (၁) ဘီလီယံဒေါ် လာပေးမယ် ကမ်းလှမ်းတော့ မြန်မာတွေက မျောက်တွေမဟုတ်ဘူးလို့ အဲသည်အချိန်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူက ပြန်ပြောတာ အမှတ်ရမိပါသေးတယ်။ တကယ်တော့ ဆင်းရဲတယ်ဆိုတာ ရှက်စရာမဟုတ်ပါ။ တရုတ် နိုင်ငံကြီးကတောင် သူ့ဆီမှာ လူမှုရေးမညီမျှတာ၊ အချို့ဆင်းရဲကျန်နေတဲ့ ဒေသက ပြဿနာတွေကို ဦးစားပေး ဖြေရှင်းရမယ်ပြောနေတာ ဖတ်ရပါတယ်။ အိန္ဒိယကလည်း သူတို့ကိုယ်သူတို့ ဆင်းရဲတဲ့ နိုင်ငံကြီးလို့ ပြောနေ တုန်းပါ။ အရှက်နဲ့ လူလုပ်ပြီး ကိုယ်ဆင်းရဲနေတာ ဖုံးဖိနေ၊ ကိုယ့်ပြဿနာတွေ လူများမသိစေနဲ့ဆိုတဲ့ ခေတ်က တော့ ကုန်ပြီထင်ပါတယ်။

မြန်မာ့အလင်း ဦးတင်လို ပရဟိတ ကိုယ်ကျိုးစွန့် လူမှုရေးဆောင်ရွက်သူတွေကတော့ လေးစားစရာပါ။ သို့ သော်လည်း ခေတ်မီဖွံ့ဖြိုးရေးသဘောတရားနဲ့ ကြည့်တဲ့အခါ သူ့လုပ်ငန်းက အလှူပေးရေး (charity) အဆင့်မျှ သာပဲရှိပါတယ်။ အကယ်၍ မြန်မာပြည်ထဲမှာ သူ့လိုလူတွေပေါ်လာ အဖွဲ့အစည်းတွေ ထူထောင်ကူညီကြတယ် ပဲထားဦး၊ Gender လို့ခေါ်တဲ့ လိင်ကွဲပြားမှုကိစ္စတွေ စဉ်းစားမိဖို့ မဖြစ်နိုင်ပါဘူး။ သဘာဝပတ်ဝန်းကျင်ကိစ္စ တွေလည်း လုပ်ဆောင်မိကြပါ့မလား။ Empowerment လို့ခေါ်တဲ့ လူထုအင်အားဖွံ့ဖြိုးလာစေရေး ကိစ္စတွေ ကိုလည်း စဉ်းစားမိကြဖို့ရှိသလား။ ဒီလိုပြည်တွင်းက အဖွဲ့အစည်းတွေမှာ ခေတ်သစ်ခေါင်းဆောင်မှု၊ စီမံခန့်ခွဲ ရေးပညာတွေကို ဘယ်သူတွေက ပေးမှာလဲ။ ဒီလို ပြည်တွင်းစေတနာရှင်အဖွဲ့တွေက ပညာရေးကို ဘယ်ပုံနဲ့ သစ်ကြမှာလဲ။ နာဂစ်မုန်တိုင်းအပြီး ဆောင်ရွက်ကြသလို စစ်တမ်းကောက်ယူတာတွေ၊ စီမံချက် သေချာဆွဲပြီး ဆောင်ရွက်တာတွေ ရှိမှာလား။ ပြည်တွင်းက အရင်းအမြစ်တွေကရော တချိန်ပြန်လည်စုစည်းလိုက်ရင် လုပ် ငန်းကြီးတွေ လုပ်လောက်အောင် လောက်လောက်လားလားကျန်သေးရဲ့လား။ နိုင်ငံတကာက စာချုပ်စာတန်း တွေ၊ ပဋိညာဉ်တွေ၊ ကမ္ဘာ့အဖွဲ့အစည်းတွေက နေရာပေးထားတဲ့ အဲန်ဂျီအိုတွေအတွက် စင်မြင့်တွေကို ပြည် တွင်းအဲန်ဂျီအိုတွေက ၀င်ယူကြမှာလား။ တို့နဲ့ မဆိုင်ဘူးဆိုပြီး ထားကြမှာလား … ကျနော်ကတော့ ဦးတင်တို့ ခေတ် အခြေအနေနဲ့ အခုအခြေအနေ ကွာခဲ့ပြီလို့ မြင်မိပါတယ်။ သူတို့ရဲ့ သမာဓိကို အတုယူစရာဖြစ်ပေမယ့် အလှူပေးလုပ်ငန်းလောက်နဲ့ မလုံလောက်တော့ဘူးလို့ထင်ပါတယ်။

အဲန်ဂျီအိုတွေမှာ မူမမှန်တာ၊ ခြစားနေတာ၊ ပျံ့ကျဲလွန်းနေတာ အားမရစရာတွေရှိကောင်းရှိနေနိုင်ပါတယ်။ တ ကယ်လိုအပ်နေတဲ့ ပြည်သူတွေအတွက် မထိရောက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကိုလည်း ထောက် ပြဖို့လိုသလို သူတို့ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ် (code of conduct) တွေကိုလည်း ပြန်လည် ထောက်ပြဖို့ လိုပါတယ်။ ဝေဖန်စရာရှိရင်လည်း ဝေဖန်ဖို့လိုပါတယ်။ အခုကာလမှာ လူငယ်တွေက တယောက်ပြီးတ ယောက် အဲန်ဂျီအိုဆိုင်းဘုတ်တွေ ထောင်လာကြတယ်ဆိုတာ မကောင်းတဲ့ကိစ္စလို့ မမြင်မိပါ။ မုဒိတာပွားသင့်ပါ ကြောင်း တင်ပြလိုပါတယ်ခင်ဗျား။

အောင်သူငြိမ်း

14 comments :

Anonymous said...

In fact it is not a response but a challenge to the prolific writer and journalist Lu-Du Sein Win. I don't really know who is Aung Thu Nyein but he wrote little bit here and there? And the problem is Aung Thu Nyein seems to be quite sensitive about NGOs.

I strongly believe that Saya Lu-Du Sein Win will not write such a critique without comprehensive knowledge of how NGOs work and play in this globalised world.

I reckoned that Saya Sein Win targeted to the phoney NGOs inside Burma and the political campaigning organisations, for instance, Burma campaign oraganisations formed with a few professionals and Burmese money-makers out of politics.

I hope Aung Thu Neyin do realise that some professionals make profits out of Burma's crisis after showing 'Monkeys' on the stage while they secure international donations and funds behind the scene.

I am sure 'Monkeys' themselves and selfish and phoney NGOs and campaign organisations would not accept what Saya Sein Win said.

Nge Naing said...

ဆရာအောင်သူငြိမ်း သုံးသပ်တင်ပြထားတာ သိပ်ကောင်းပါတယ်။ ကျွန်မလည်း ဒီဆောင်းပါးကို ခွန်မြလှိုင် ဘလော့ဂ်မှာ ဖတ်မိပါတယ်။ စာရေးသူရဲ့ စေတနာကိုလည်း တဘက်က မြင်မိတော့ သူမြင်တဲ့ လက်လှမ်းမီသလောက်နဲ့ပဲ ကိုးကားတင်ပြတာ ဖြစ်လိမ့်မယ်လို့ပဲ သဘောထားခဲ့တယ်။ ဒါပေယ့် အမြင်ဒီလောက် ကွာဟနေတာကတော့ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးဆိုတာ မိမိဖါသာ စိတ်ထဲမှာ တွေးမိတာကလွဲပြီး မှတ်ချက်ပေးလို့မတတ် ဖြစ်ခဲ့ရတယ်။ အခု ဆရာအောင်သူငြိမ်း ရေးထားတာ ဖတ်ရတော့ ကျွန်မကိုယ်တိုင် ပြောနေရသလိုပဲ ခံစားရတယ်။ ဒါကြောင့် ဒီဆောင်းပါးကို ကျွန်မဘလော့ဂ်မှာ ပြန်ဖေါ်ပြပြုပါလို့ တောင်းခံပါရစေ။

NN said...

To Anonymous: I am an NGO staff. Please don't think it as a challenge too. It is good in some way that we get chance to discuss about NGOs and I think that we need to explain to people more about our work. In our country, if a famous person or respectable person says something, we have to accept whatever it is. In this way, many people become dictators and behaves like a god. Please try to change this kind of mindset. Ludu Sein Win is a human being and he can make mistake. He shouldn't be untouchable. Just accept this article as the correction of his wrong idea. I am not undermining Ludu Sein Win too. You don't need to know who is Ko Aung Thu Nyein. Use your own brain and learn more to understand. Buddha told us not to believe even what He said. He asked us to observe it.

NGOs don't need to show any monkey to get money. We need to show more functioning NGOs to get money. For your information, NGOs are also not monkeys. There should be more and more NGOs in our country. I know many NGOs functioning without getting any support from anybody or with a small amount in our country. We have to encourage people to form more NGOs to suppport our people and nothing is wrong with forming NGOs in my opinion. Everybody knows that our country is poor and has a lot of problems. No government can handle all the problems nowadays. They need support from other groups. That's why emergence of NGOs is a new trend of responding the needs of the world population. Like Ko Aung Thu Nyein mentioned, the problems we are facing nowadays cannot be handled with self sufficiency theory. At the same time, international community is also not donating money. This is a long story to explain. But I think that it is worth discussing.

Anonymous said...

စစ်အစိုးရကို ဝေဖန်တဲ့အခါမှာ ဘယ်ပျောက်လို့ ပျောက်မှန်းမသိ...။ ကိုယ့်ကိုယ်ကို ဝေဖန်တော့မှ နအဖကို ဝေဖန်မှ တရားနည်းလမ်းကျမယ်တဲ့... အတိုက်အခံသမားတွေ ကလေးနည်းနည်းဆန်မနေဘူး လား...။

Unknown said...

ဘာတွေဘဲပြောနေပြောနေဒီနေ့မြန်မာတွေပြည်တွင်းမှာခံစားနေရတဲ့ဒုက္ခတွေရဲ့၁၀ပုံ၁ပုံလောက်ကိုပြည်ပမှာနိုင်ငံ
ရေးလုပ်စားနေတဲ့ခေါ်င်းဆောင်ကြီးများခံစားဘူးရင်
တော့နားလည်နိုင်ပါလိမ့်မယ်ဦးစိန်ဝင်းရေးတဲ့ဆောင်းပါး
ဟာအမှန်ဆိုတော့ခင်ဗျားတို့ဘယ်ခံနိုင်မလဲ.စစ်အစိုးရ
ကအကြမ်းနည်းနဲ့ပြည်သူကိုသတ်တယ်ခင်ဗျားတို့တွေ
ကအနုနည်းသုံးပြီးပြည်သူကိုသတ်တယ်ပြည်သူဟာ
ဖွတ်ဖွတ်ညက်ညက်ကြေနေပါပြီဗျာဒီ့ထက်မကဘာတွေများထပ်နှိပ်စက်ကြအုံးမှာလဲခင်ဗျားတို့လုပ်နေတဲ့အရေးဟာဒီမိုကရေစီအရေးလားကိုယ်နဲ့ကိုယ့်မိသားစုကောင်း
စားရေးလားနဖူးပေါ်လက်တင်ပြီးစဉ်းစားကြပေါ့ဗျာ။စ
ကားလုံးအကြီးတွေသုံးပြီးပြည်သူတွေကိုမလှည့်စားကြပါနဲ့တော့လို့တောင်းပန်ပါတယ်နိုင်ငံကိုတစ်ကယ်ချစ်တယ်
ပြည်သူကိုတစ်ကယ်စေတနာထားတယ်ဆိုရင်မျိုးချစ်
နိုင်ငံရေးသမားတွေကိုအတုယူလုပ်ကိုင်ကြပါလို့တိုက်
တွန်းပါတယ်စစ်အစိုးရဆိုးဝါးယုတ်မာလွန်းလို့ပြည်သူ
တွေမှာအစစအရာရာချို့ယွင်းနေပါပြီခင်ဗျားတို့ကပါထပ်
ပြီးဒီလမ်းစဉ်အတိုင်းလိုက်ကြရင်တော့ပြည်သူတွေရဲ့စိမ်
ရေဟာစစ်အစိုးရတွင်သာမကခင်ဗျားတို့ပါသင့်မယ်ဆို
တာသဘောပေါက်ထားကြပါ။နိုင်ငံရေးမသိတဲ့ပြည်သူကို
နိုင်ငံရေးလှည့်ကွက်တွေနဲ့ဒုက္ခမပေးပါနဲ့တော့။
NCGUBမှခေါ်င်းဆောင်တာဝန်ကိုသန်းရွှေလိုဘဲသိမ်း
ပိုက်ထားသူများခင်ဗျ သံသယာလည်တယ်ဆိုတာ
ကိုတော့လူကြီးမင်းတို့သိကြမှာပါ။သန်းရွှေလိုတစ်ဘဝ
ဘဲစံမယ်ဆိုရင်တော့ခင်ဗျားတို့ရဲ့လုပ်ရပ်တွေကိုမပြင်ကြ
နဲ့ပေါ့ဗျာဆက်လုပ်ကြပေါ့။ဒီဝက်ဆိုဒ်ဟာအမှန်ကိုမြတ်
နိုးတဲ့ဆိုဒ်ဆိုရင်ဒီကွန်မန့်လေးကိုဖေါ်ပြပေးမည်လို့ထင်
ပါတယ်။

Anonymous said...

TO NN and anyone who support Aung Thu Nyein's Argument: Aung Thu Nyein behaved and talked like a smart ass and explaining about these NGO works like an expert. I don't know whether he is highly educated and have an outstanding knowledge of how civil society and NGOs that are part of the civil society can make significant differences rather than their existence.

I can't believe that why you people are so stupid and do not understand what Lu-Du Sein Win said. Lu-Du Sein Win only talked about money-making NGOs. Burma needs NGOs? OK, then what happen when NGOs are severely restricted under this regime? They are craps! People talk about civil society. How can the genuine civil society be established in a country like Burma ruled by the authoritarian government.

These days, some quasi-scholars or thin-tank claim that civil society needs to be flourished in order to strengthen democratic principles and educate the people. That's true in its sense but totally a joke in Burma.

First, bring down the regime and then civil society can be functioned effectively and to a greater extent of its capacity.

It is very very disappointing that Burmese opposition as a whole (with an exception of Daw ASSK and a few leaders in detention) has not been smart enough for 21 years.

One last thing, I am not an apologist of Lu-Du Sein Win but simply supporting what he said. But, it is a shame that some apologists of Aung Thu Nyein, monkeys and money-makers under the banner of NGO are touchy for revealing what NGOs in Burma are taking advantages.

Anonymous said...

the thing is that, the INGO's play the role that is set aside by the donors (governments, multi-national corporates or philanthropists.the ultimate direction is just for their own interests not for the target community. they are contributing let say for the HIV/AIDS or TB in Burma in order to prevent social upheavals in there.if it happens, those upheavals will affect neighbours which in turn causes detrimental effect to those super powers.
moreover, they have databases of how much resources to be contributed for those problems and only a small fraction of that amount is contributed.
in addition, only 15-20 % of total money reached to targeted population.
the expatriates enjoy lion's share-salaries around 6-10,000 USD tax free, free accommodation, free transport, children in International School Yangon with donor's money, home leave, even some accommodate pet in Sedona Hotel for short stay.
most local get 2-400 USD with now on tax.
I don't want to say what is right and wrong but we must know the reality(which our people basically lacking-praise up to heaven or look down to hell- extremism-lack of moderation and lack of tolerance which is the essential element of morality of developed nations.)
the basic thing is self reliance- donor donate money out of their pockets for their own interests not for the people thousands of miles away and they just aware of just awhile
nothing personal, saya ATN, i think you encountered INGOs in the border areas and your Harvard sponsors, I am expecting more descriptive stories on this issue (if u do not have strings attached) like ur Harvard Diaries and if you can better try to go back home and see what is going on down to earth.those in John Hopkins are just elites.

Anonymous said...

ဦးစိန်ဝင်းရေးတဲ့ဆောင်းပါးကို အစအဆုံးဖတ်တယ်.. ဖတ်သလောက်လည်း တွေးမိတယ်.. တွေးမိသလောက်လည်းရှင်းတယ်.. ရှင်းသလောက်လည်း လက်ခံတယ်.. အရိပ်ပြရုံနဲ့ အကောင်ကိုမြင်မိတယ်.. ဆရာကဘာ မက်ဆေ့ခ်ျ ပေးချင်လည်းဆိုတာကိုသိတယ်.. ကိုယ်သိသလို ကိုအောင်သူငြိမ်းလည်းသိစေချင်းတယ်.. ဖတ်သမျှလူတိုင်းလည်းရိပ်မိစေချင်တယ်.. ကိုအောင်သူငြိမ်းရဲ့ ဆောင်းပါးကို လုံးဝမဖတ်ပါ.. ခုတ်ရာတခြား၊ ရှရာတလွဲဖြစ်နေတယ်.. (မဖတ်ပေမဲ့ ယုတ္တိ၊ယုတ္တာရှိရှိပြန်လည်းခြေပထားတယ်ဆိုတာသိပါ တယ်၊ အမှန်တကယ်တော့ အဲလိုရေးစရာတောင်မလိုပါဘူး.. ဆရာလူထုစိန်ဝင်းအနေနဲ့ ခင်ဗျားသိသလိုမသိဘူးထင်ရင် လျှော့တွက်ရာ ရောက်မယ်နော်..)

Aung Moe Thein said...

I am strongly agreed with Mr. Aung Thu Nyein 's explanation .I am Aung Moe Thein (96 generation - YIT )from Malaysia.

Mg Mg said...

imm----, ko aung thu nyein's argument is impressive and I agree with him. But we should think why sayar Lu-Duu Sein Win criticize like that.According to my experience in Nargis Response Program (NRP), some NGO workers thought and behaved as if they were donors. I think some is the significant percentage of the workers. Nevertheless, the old-fashioned social workers like U Tin can not handle the whole thing. Their contribution in early days of NRP is very impressive and I feel very proud of being Myanmar for them. But it is very conspicuous that most of them can not implement sustainable programs. But NGOs are trying to implement the sustainable programs. We have to admit that some NGO workers have not good attitude and practices(may be not enough). The only way is we should emphasize to train the social workers to be good enough and reduce our expectation. Because not all social workers( sons and daughters of 1000 mothers)can not be the one like U Tin.

Anonymous said...

ကိုအောင်သူငြိမ်း ရဲ့ NGO တွေရဲ့ အရေးပါပုံ ကိုရှင်းလင်းထားတာ ကောင်းပါတယ်။ NGO တွေ တကယ်လည်း ထိထိရောက်ရောက် လုပ်နိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် ဆရာစိန်ဝင်း ပြောတဲ့ လူငယ်တွေ NGO ထောင်ကြတာ ဟာ ပြည်ပရောက် အတိုက်အခံတွေ ရဲ့ နှစ်ယောက်တစ်ပိုင်း နဲ့ အဖွဲ့ တွေထောင်ပြီး ရန်ပုံငွေ ရှာစားကြတဲ့ ရောဂါ ကူးစက်လာတာကို ပြောတာပါ။ ပြည်တွင်းမှာ NGO တွေဟာ လခ ကောင်းကောင်းပေးပါတယ်။ ဒေါ်လာ၊ FEC နဲ့ တစ်လ တစ်လ သိန်းချီပြီးရကြပါတယ်။ အဲ့ဒီမှာ လူငယ်တွေဟာ NGO အလုပ်ကို အရမ်းလုပ်ချင်လာကြပါတယ်။ နာဂစ် အလွန်မှာ NGO ထောင်စားဖို့ အလွန်ကောင်းတဲ့ အခြေအနေ ဖြစ်လာပါတယ်။

NGO ဆိုတာနဲ့  UN agencies တွေ၊ ICRC, World Vision, International Care, MSF စတဲ့ ကျန်းမာရေး၊ လူမှုရေး အထောက်အကူအဖွဲ့ အစည်းတွေပဲ မြန်မာနိုင်ငံမှာ ရှိပါတယ်။ လူ့ အခွင့်အရေး၊ ကျောင်းသားရေးရာ ကို အကောင်အထည်ဖော်တဲ့ အဖွဲ့ မျိုးတွေ ဖွဲ့ စည်းခွင့်၊ လုပ်ပိုင်ခွင့် လုံးဝမရှိပါဘူး။

နိုင်ငံရေး အပြောင်းအလဲ မဖြစ်သရွေ့  ဗမာပြည် ဘယ်တော့မှ နလန်မထူပါဘူး။ နိုင်ငံရေး အပြောင်းအလဲ ကို ဖော်ဆောင်နိုင်တဲ့ အမှန်အကန် NGO တွေပြည်တွင်းမှာ မရှိသရွေ့  အတ္တ NGO တွေဟာ လုပ်စားနေမှာပဲ။ NGO ၀န်ထမ်းတွေ အများစုဟာလဲ လခကောင်းလို့ နိုင်ငံခြားသားတွေ နဲ့ ဘိုလို မှုတ်ပြီးအလုပ်လုပ်နေရတာကို လူအထင်ကြီးစရာ အလုပ်လို့ ယူဆပြီး အလုပ်လုပ်နေကြတာပါ။ ခဏနေရင် NGO sponsor နဲ့ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်တွေမှာ လွယ်လွယ်ကူကူ နဲ့ သုတေသန ပညာရှင်လိုလို၊ ဘွဲ့ လွန် မဟာတန်းတက်သလိုလို အခွင့် အရေးလေးတွေ ကလဲ မက်မောစရာ ဖြစ်နေပါတယ်။ Sponsor ကောင်းတာနဲ့ ထောက်ခံစာကောင်းတာနဲ့ ကျောင်းကောင်းကောင်းမှာ စာသင်ရတာ ကို ကိုယ့်ကိုကိုယ် အထင်တွေ ကြီးပြီး လူတတ်လုပ် တကယ်ဝါရင့်တဲ့ အမှန်အကန် နိုင်ငံရေးသမား ပညာရှင်တွေ ကိုရင်ဘောင်တန်း စိန်ခေါ်လာတာကတော့ ရယ်စရာပါပဲ။ ခေတ်ပညာတတ်တွေ ကို တစ်ခုတော့ ပြောလိုက်ပါရစေ - ကမ္ဘာ့ ထိပ်တန်းကျောင်းတွေဟာ ထောက်ခံစာနဲ့ လာတဲ့သူတွေကို ချွင်းချက်နဲ့ လွယ်လွယ် ကူကူ လက်ခံပြီး လွယ်လွယ်ကူကူ ပဲ ဘွဲ့ တံဆိပ်တွေ ပေးတတ်ကြောင်း၊ နာမည် နောက်က အမြီးလေး တော့ရလာပါလိမ့် မယ်။ ဒါပေမယ့် ကိုယ် ဘယ်လောက် တော်တယ် တတ်တယ် ဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးပဲ ဖြစ်မှာပါ။ တကယ်တော်တယ် တတ်တယ်ဆိုရင် ပြည်သူတွေက အသိအမှတ်ပြူတာကို ခံရပါလိမ့်မယ်။

ြNN said...

ကိုအောင်သူငြိမ်းကို ထောက်ခံစရာလဲမလိုသလို လူထုစိန်ဝင်းပြောတာကို နာစရာအဋ္ဌေကာင်းလဲ မရှိပါဘူး။ ဘယ်မျောက်တွေကိုမှပြပြီး လုပ်စားတာမျိုးလဲမလုပ်ဖူးလို့ ကိုယ့်အလုပ်ကို ကိုယ်ဂုဏ်ယူစွာနဲ့ဘဲ လုပ်နေမှာဘဲ။ မဟုတ်တာကို မဟုတ်ဘူးလို့ ရဲရဲပြောလို့ထောက်ခံတာ ဘာမှ apologist လုပ်တာမဟုတ်ဘူး။မျောက်ပြပြီး ဆန်တောင်းရအောင်လဲ ဘယ်အလှူရှင်ကမှ အရူးမဟုတ်ဘူးဆိုတာ သိဖို့လိုမယ်ထင်တယ်။ ဒီလောကအေုကာင်းကို သေချာမသိဘဲ ရေးရဲတာကော၊ မသိတဲ့လူက မတတ်တဲ့လူတွေကို ရှင်းပြတာကို မဟုတ်ဘူးဝင်ပြောတာကို ခင်ဗျားက ရန်တွေ့၊ ကျုပ်ကထောက်ခံနဲ့ ဟိုဖက်ဒီဖက်ငြင်းနေရတာကောအချိန်ကုန်ပါတယ်ဗျာ။ ခင်ဗျားထင်ချင်သလိုသာထင်လိုက်ပါ။ အားလုံးက ဒီတိုင်းဘဲဆက်ရှိနေမှာပါဘဲ။ ကျုပ်တို့လဲ ကိုယ်ယုံကည်တာလေးတွေ ဆက်လုပ်နေအုံးမှာဘဲ။ ဘယ်သူဘာပြောပြောလေ။ုကားဖူးတယ်မဟုတ်လား။ ကုသိုလ်လဲရ၊ ၀မ်းလဲဝလေ။

Anonymous said...

ဆောင်းပါးနှစ်ပုဒ်လုံးကို ဖတ်ရပါတယ်။ တပုဒ်က အန်ဂျီအိုလုပ်ငန်းဆောင်တာတွေထဲက အားနည်းချက်တွေ၊ လွဲချော်ချက်တွေကို ထောက်ပြရင်း အန်ဂျီအိုတွေအားလုံးကို သိမ်းရမ်းလိုက်သလို ဖြစ်သွားပြီး၊ တုံ့ပြန်ချက်ဆောင်းပါး ကျပြန်တော့လဲ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်နေတာ တွေ့ရပါတယ်။

ပထမဆောင်းပါးရေးသူက ရန်ကုန်မြို့ကြီးက အင်္ဂလိပ်စာဆရာတယောက်ဖြစ်ပါတယ်။ မြန်မာပြည်မှာ ကမ္ဘာနဲ့ပတ်သက်ပြီး အသိဥာဏ်အပွင့်ဆုံးနေရာတွေက အင်္ဂလိပ်စာသင်ကျောင်းတွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစာသင်ကျောင်းတွေက ဆရာတွေကိုင်သင်ကြတဲ့ စာအုပ်စာတမ်းများဟာ အင်္ဂလန် တက္ကသိုလ်ကြီးတွေက စာအုပ်တွေဖြစ်ပြီး၊ ကျောင်းသားနဲ့ ဆရာတွေ ဟာ British Council စာကြည့်တိုက်နဲ့ အနည်းနဲ့အများဆိုသလို ဆက်စပ်သွားကြလို့ပါပဲ။ နောက်တခါ အင်္ဂလိပ်စာအောင်လက်မှတ် တော်တော်များများရဲ့ အက်ဆေးရေးသားတဲ့အပိုင်းမှာ current issues ကို မေးတာဖြစ်တဲ့အတွက် ဆရာများဟာ ကမ္ဘာ့ရေးရာ တိုတိုထွာထွာတွေကို လေ့လာကြရပါတယ်။ ဘာကြောင့် ဒီအချက်ကို ပြောပြရတာလဲ ဆိုတော့ ဆောင်းပါးရေးတဲ့ အင်္ဂလိပ်စာဆရာကြီးဟာ ဂလိုဘယ်လိုင်းဇေးရှင်းတို့၊ အန်ဂျီအိုတို့ကို နားလည်ပြီးသားဖြစ်တယ်ဆိုတဲ့ assumption ကို ထောက်ပြချင်လို့ဖြစ်ပါတယ်။

နောက်တချက်က မြန်မာပြည်မှာ အင်္ဂလိပ်စာဆရာတွေတင်မကပါဘူး။ ၁၉၉၀၊ ၉၁ ကာလကတည်းက ဂလိုဘယ်လိုင်းဇေးရှင်း၊ အန်ဂျီအိုစတာတွေကို အနည်းနဲ့အများ သိနေကြပါပြီ။ ကမ္ဘာလုံးဖြစ်စဉ်၊ ကမ္ဘာပြုဖြစ်စဉ်စတာတွေအနေနဲ့ နွယ်နီမဂ္ဂဇင်း၊ မြန်မာ့ ဓနစတာတွေမှာ ရေးသားပြီးဖြစ်နေကြပါပြီ။ အန်ဂျီအိုလုပ်ငန်းလေးတွေနဲ့ အနည်းနဲ့အများ ပေါ်ထွက်နေကြပါပြီ။ ဒါကြောင့် ဒါတွေဟာ မြန်မာပြည်အတွက် လမ်းသစ်တွေ မဟုတ်ပါဘူး။ ဖောက်ပြီးသူတွေက ဖောက်ထားခဲ့ကြပြီးသားတွေဖြစ်ပါတယ်။ တုန့်ပြန်ရေးသားသူအနေနဲ့ကတော့ မြန်မာပြည်နဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ်နေတာဖြစ်လို့ နာဂစ်အပြီးမှာ အန်ဂျီအိုတွေများလာတာလေးကိုပဲ တွေ့မြင်ပြီး လမ်းသစ်လို့ မြင်ပုံရပါတယ်။

ဒီတော့ ကောက်ချက်ချလိုက်ရင် ရေးသားသူက အန်ဂျီအိုတွေအကြောင်းကို အပြင်ပန်းကတွ့မြင်တာ၊ အန်ဂျီအိုအလုပ်သမား တပည့်တွေဆီက ကြားရတာတွေနဲ့ အားနည်းချက်တွေကို အားမလိုအားမရဖြစ်လာတာကနေ အားလုံးကို ၀ါးလုံးရှည်နဲ့ သိမ်းရမ်းလိုက်သလို ဖြစ်သွားခြင်းသာ ဖြစ်ပါတယ်။ အန်ဂျီအို၊ ဂလိုဘယ်လိုင်းဇေးရှင်းတွေကို နားမလည်တာ မဖြစ်နိုင်ပါဘူး။ လမ်းသစ်တွေကို လိုက်ပိတ်နေတဲ့ ထုံထုံအအ ဘိုးတော်ဘုရားခေတ် အဖိုးအိုကြီးလဲ မဟုတ်ဘူးဆိုတာ တခြားဆောင်းပါးတွေမှာ ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ တချက်ပဲရှိပါတယ်။ အန်ဂျီအိုတွေမှာ ရှိတတ်တဲ့ အားနည်းချက်တွေ၊ ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်မှုတွေ၊ leaking bucket သဘောတရားတွေကိုတော့ အတွင်းမှာ လုပ်နေသူ မဟုတ်တဲ့ အတွက် သိမြင်လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ moral principles တွေကို လက်ဆုပ်လက်ကိုင်ထားတဲ့ ကျောင်းဆရာ၊ သတင်းစာဆရာ ပညာတတ်ကြီး တယောက်ဖြစ်တဲ့အတွက် ယနေ့ခေတ်ရဲ့ moral principles တွေက ပုံသဏ္ဍာန်သစ်တမျိုး ဖြစ်လာပြီ၊ ပညာတတ်ဆိုတာတွေကလဲ တဖြည်းဖြည်းနဲ့ အများစုက “ပညာတတ်တယ်ဆိုတာ ကိုယ်ကျင့်တရားထိန်းသိမ်းဖို့ထက် လုပ်စားဖို့ ဆိုပြီး ဖြစ်လာခဲ့ပြီ“ ဆိုတာကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ (to be continued)

Anonymous said...

တုန့်ပြန်ရေးသားသူအနေနဲ့ကတော့ နှစ်ပေါင်းများစွာ ပြည်ပမှာ အန်ဂျီအိုတွေ၊ အန်ဂျီအိုတွေ ချပေးတဲ့ ပရောဂျက်တွေနဲ့ လုပ်ကိုင်နေထိုင်လာသူ ဖြစ်တဲ့အတွက် leaking bucket သဘောတရားတွေကို သေသေချာချာ၊ နှံ့နှံ့စပ်စပ် သိပြီးသား ဖြစ်ပါလိမ့်မယ်။ aid တွေရယူဖို့အတွက် အန်ဂျီအိုတွေ မဖြစ်မနေ လိုအပ်တယ်ဆိုတာတွေ၊ ဒီလိုလိုအပ်ချက်နဲ့အတူတွဲပြီး အလွဲသုံးစားမှု၊ ကိုယ်ကျိုးရှာမှုတွေကလဲ ကမ္ဘာအနှံ့မှာ ဖောင်းပွနေပြီဆိုတာတွေ၊ aid effectiveness ဖြစ်ရေးအတွက် အန်ဂျီအိုတွေရဲ့ အခန်းကဏ္ဍစတာတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ Paris High Level Forum တုန်းက aid effectiveness ဘယ်လိုဖြစ်အောင်လုပ်ကြမလဲဆိုတာကို အန်ဂျီအိုခေါင်းဆောင်ကြီးတွေနဲ့ နိုင်ငံတကာ donor တွေ ဘယ်လိုဘယ်ပုံ ဆွေးနွေးကြပုံတွေ စတဲ့ အချက်တွေကို အတွင်းကျကျ ပြန်လည်တုန့်ပြန်ရေးသားတာက မိကျောင်းမင်းရေခင်းပြသလို “ဂလိုဘယ်လိုင်းဇေးရှင်းခေတ် ရောက်လာပြီ၊ အဖိုးအိုကြီးရဲ့ “လို့ တိုက်ရိုက် မရေးရုံတမယ် အရေးအသားတွေထက် ပိုပြီး သပ်ရပ် လှပမယ်ထင်ပါတယ်။ အပြန်အလှန် ဆွေးနွေးမှု၊ ငြင်းခုန်မှု၊ တဦးရေးတာကို တဦးက တုန့်ပြန်ရေးသားမှုဆိုတာ အလွန်ပဲ သင့်မြတ်ပါတယ်။ ဒါပေမယ့် တုံ့ပြန်ချက်မရေးခင်မှာ တဘက်သားက ဘာကို ဆိုလိုလဲဆိုတာကို သေချာနားလည်ပြီးမှ ရေးသင့်ပါတယ်။

စာရေးသားသူကလဲ မြန်မာ့အလင်း ဦးတင်လို ပရဟိတသမားလောက်နဲ့ပဲ နိုင်ငံတနိုင်ငံမှာ လိုအပ်တဲ့ humanitarian aid တွေ အတွက် မလုံလောက်နိုင်ဘူးဆိုတာကို အမှန်အတိုင်း သိမြင်သင့်ပါတယ်။ ခြုံငုံဆိုရရင်တော့ စာရေးသားသူရော၊ တုံ့ပြန်သူပါ မြန်မာပြည်က အန်ဂျီအိုလောကကို အတွင်းကျကျ ၀င်လေ့လာကြည့်သင့်ကြောင်းပါ။ ကိုယ်ကျိုးရှာမှုတွေ၊ ဆိုင်းဘုတ်တပ်ငွေရှာမှုတွေ ရှိနေနိုင်သလို ဒီဆိုင်းဘုတ်တပ်ခွင့်ရဖို့ သက်ဆိုင်ရာကို ဘယ်လောက် ခွံ့ရ၊ ကျွေးရပြီး၊ တဆယ်မှာ သုံးကျပ်ပြည်သူဆီ ရောက်ရင်ပြီးရော စိတ်နဲ့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲခံ လုပ်နေသူတွေလဲ အများကြီးပါ။ အပေါ်ယံလေးတွေ ရေးရ၊ ပြောရတာက သိပ်လွယ်ပါတယ်။ စပါးကနေ ဆန်ဖြစ်တယ် ဆိုသလိုပေါ့လေ။ စပါးဘယ်လို စိုက်ရတယ်၊ ဆန်ဖြစ်အောင် ဘယ်လိုလုပ်ရတယ်ဆိုတာလဲ လက်တွေ့သိပြီးမှ ရေးရင် ပိုကောင်းပါလိမ့်မယ်။