Tuesday, 22 September 2009

မြန်မာ ပြည်မှာ မနေ့ ညက ငလျင်လှုပ်

ပြင်းအား ၅ ဒသမ ၆ မက်ဂနီကျူစ် ရှိတဲ့ ငလျင်တခုဟာ မြန်မာ နိင်ငံအနောက်မြောက် ပိုင်းမှာ အင်္ဂါနေ့  နံနက်လင်းအားကြီး ပိုင်းမှာ လှုပ်သွားပါတယ်။ ရန်ကုန်မြို့ က မိုင် ၂၆၀ အကွာ ဖြစ်ပါတယ်။ လူအသေအပျောက်မရှိဘူးလို့ သိရတယ်။ ဒါပေမဲ့ ၁၁ ရာစုကထည်းတည်ထားတဲ့ ဘုရားတချို့  ပျက်ဆီးသွားတယ်လို့ သိရတယ်။ ပျက်ဆီးသွားတဲ့စေတီတွေကတော့ အုန်းပွဲတော်ရွာ က စေတီတဆူနဲ့  ရေနံချောင်းမြို့ နယ်က စေတီတဆူတို့ ပါဝင်တယ်လို့ သိရပါတယ်။ လူအသေအပျောက်စရင်းနဲ့  အပျက်အစီး စာရင်းကို အတိကျမသိရသေးဘူးလို့  မိုးလေ၀သ ဌာနက ဦး သိန်းဌေးက ဆိုပါတယ်။ ကြပ်ပြေးမြို့ ဟာ ငလျင်ကြောပေါ်မှာတည်ဆောက်ထားတာဖြစ်တဲ့အတွက် တချိန်မှာ ငလျင်ဒဏ် ကို ခံစားရလိမ့်မယ်လို့  အမည်မဖေါ်လိုတဲ့ ဘူမိဗေဒပညာရှင်တဦးက ဆိုပါတယ်။

No comments :