Friday, 18 September 2009

Plan 1

2 comments :

min said...

ပြည်လူအားလုံးပူးပေါင်းပါဝင်ကြမယ်ဆိုရင်ကျနော်တို့
အားလုံးစစ်ကျွန်ဘဝကလွတ်မယ်ဆိုတာအသေအချာပါ
ဘဲ.ဒီကျေညာချက်ကိုဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်
ကျနော်တို့နိုင်ငံရဲ့ပြဿနာကိုကျနော်တို့ဘဲဖြေရှင်းရမှာပါ
လိုအပ်ရင်အသက်စွန့်ဖို့ဝန်မလေးပါဘူး.ကျနော်ပြီး ပြီး
ရောပြောတာမဟုတ်ပါဘူး.အစ်ကိုတို့ကိုကျနော်ဆက်
သွယ်ပါ့မယ်.ကျနော်ပြည်ပမှာနေတာပါ.အရည်အချင်းရှိ
တဲ့ခေါ်င်းဆောင်သာဖြစ်ပါစေ.ကျနော်နောက်လိုက်လုပ်
ဖို့အဆင်သင့်ပါ။ဒီစစ်အစိုးရရှိနေသမျှကိုယ့်နိုင်ငံကိုယ့်လူမျိုးလူညွန့်တုံးရုံတင်မက သာသနာတော်ပါစော်ကားခံနေ
ရတာကိုကြည့်ပြီးနေသာသလိုနေမဲ့အစားအသက်အသေ
ခံသွားတာကပိုမြတ်ပါတယ်။ဒီခေတ်နဲ့ကြည့်ရင်တော့ကျ
နော်အခုလိုပြောတာရူးနေလို့ဒါမှမဟုတ်ကြောင်နေလို့
လို့ထင်ကောင်းထင်နေမဲ့လူတွေရှိမှာပါ.ကျနော်တို့တိုင်း
ပြည်အရေးဟာကိုယ်ကျိုးစွန့်လွှတ်မှု့တွေနည်းနေသမျှ
အတ္တကြီးမားမှု့တွေများနေသမျှကာလပါတ်လုံးဘယ်
တော့မှမအောင်မြင်ဘူးဆိုတာလူတိုင်းနားလည်လက္ခံ
သဘောပေါက်ဖို့လိုနေပါပြီ။

min said...

ပြည်တွင်းပြည်ပမှာရှိကြတဲ့ညီအကိုမောင်နှမများခင်ဗျာ
ကျနော်တို့တိုင်းပြည်ဟာအလွန်ဆိုးဝါးယုတ်မာလှတဲ့
အာဏာရှင်လူတစ်စုရဲ့လက်အောက်မှာကျရောက်နေ
တယ်ဆိုတာညီအကိုတို့အားလုံးသိပြီးသားပါ.ပြည်ထဲမှာ
နေထိုင်ကြတဲ့သန်းပေါင်းများစွာသောပြည်သူတွေဟာ
ဒုက္ခအမျိုးမျိုးတွေနဲ့ရင်ဆိုင်တွေ့နေရတာနှစ်ပေါင်း၂၀
ကျော်လာပါပြီ၊ကျနော်တို့အားလုံးဒီအတိုင်းခေါ်င်းငုံ့ခံနေ
ကြရင်ကျနော်တို့ဟာလူမျိုးပါတစ်ဖြေးဖြေးနဲ့ပျေက်ကြ
ရပါတော့မယ်.ကျနော်တို့ရဲ့ကိုယ်းကွယ်ရာရတနာတစ်ပါး
ဖြစ်တဲ့သံဃာဆိုတဲ့ရတနာတစ်ပါးကိုသန်းရွှေနဲ့အပေါင်း
အပါတစ်စုကအကြိမ်ပေါင်းများစွာစော်ကားနေတာအား
လုံးသိကြမှာပါ၊ကျနော်တို့လူမျိုးတွေရဲ့လွဲမှားနေတဲ့အ
ထင်တစ်ခုကလူတော်တော်များများထင်နေကြတဲ့နိုင်ငံ
ရေးဆိုတာဒို့တွေနဲ့မဆိုင်ပါဘူးဆိုတဲ့အထင်ဟာလွဲနေ
တယ်ဆိုတာအားလုံးသိကြဖို့ပါ၊
ဒီအတိုင်းဘဲတိုင်းပြည်အတွက်အနစ်နာခံလုပ်တဲ့လူက
လုပ်မသိလိုက်မသိဖာသာနေတဲ့လူကနေအခွင့်အရေးနဲ့
အာဏာငွေကြေးရဖို့လုပ်တဲ့စားဖားတွေကချောင်းနဲ့တစ်
စစီဖြစ်နေကြရင်တော့ကျွန်သက်ရှည်နေအုံးပါဘဲ.ဒီတော့
ပြည်ပမှာရှိကြတဲ့မျိုးချစ်နိုင်ငံရေးသမားများနဲ့၈၈ကျောင်း
သားထဲကမျိုးချစ်ကျောင်းသားခေါ်င်းဆောင်များကဦး
ဆောင်ပြီးတစ်ကယ်ကိုယ်ကျိုးစွန့်အနစ်နာခံပြီးတိုင်းပြည်
နဲ့လူမျိုးအတွက်တစ်ကယ်အကျိုးရှိမဲ့အလုပ်တွေလုပ်တဲ့
အဖွဲ့တွေဖွဲ့ပြီးလုပ်ကြရအောင်လားခင်ဗျာ။