Monday 12 October 2009

ပါမောက္ခဒေါက်တာတင့်ဆွေလတ် ရဲ့ စာရိတ္တချစားမှုကို ဆေးကျောင်းသားတယောက်က ဖော်ထုတ်လိုက်ပြီ

2 comments :

Anonymous said...

ဒီအခြေအနေမျိုးက လက်ရှိအနေအထားမှာ မထူးဆန်းတော့ဘူးဗျ မောင် ဆေးကျောင်းသားရေ... ဆေးကျောင်းမှာ လူတန်းစားခွဲခြားတယ်ဆိုတာက အခုမှ မဟုတ်ဘူး ကြာပေါ့ဗျာ။ ဟိုရှေးကတည်းကပါ။ ဆရာဝန်သားသမီးနဲ့ အရပ်ထဲက သားသမီးဆိုရင်တောင် ဆရာဝန် မျိုးဆက်က ပိုမျက်နှာသာပေးခံရတာ ဓမ္မတာ.. ခုခေတ် ဂျိုကုပ်တွေ တန်ခိုးထွားတော့ ဂျိုကုပ်သားသမီးတွေ မျက်နှာပန်းလှတာ ဘာဆန်းလို့တုန်း။ ဒီ ဘား ဆွဲတာကတော့ ဆွဲမှာပဲ။ ငါတို့ခေတ်တို့ကတော့ တစ်တန်း ၅- ၆ ယောက် လွန်လှပေါ့။ နောက်ပိုင်းကြားတာတော့ တစ်ရာဆိုတဲ့အရေအတွက်က ပိုမှန်လိုဖြစ်လာပါတယ်။ သာအေး စာမရေးဘူးဆိုတဲ့ ဂျိုကုပ်သမီးကျတော့ ပါလို့ ဖြစ်မလား ကိုယ့်လူရေ... ဆြာတင့်ဆွေလတ် ခေါင်းပြတ်သွားမှာပေါ့ဗျ အဟ အဟ... အတွင်းရေးလေး ပြောလိုက်အုန်းမယ်။ မင်းတို့ ဆေး (၂) က ဆရာလတ်နဲ့ ဆေး (၁) က ဆရာညွန့်သိန်းက မတည့်ဘူးကွ ငါ့ကောင်ရ.. အဲတာ ဂျိုက်ကာ ဆေးရုံမှာကတည်းက စတဲ့ဇာတ်လမ်း... ဆြာတွေကို စာရိတ္တပျက်တယ်လို့တော့ ပြောပါနဲ့ကွာ။ ကျင့်ဝတ်ဖောက်တယ်ဆို တော်လောက်ပါပြီ။ သူတို့ကတော့ လုပ်စရာရှိတာ လုပ်မှာပဲ င့ါညီရေ... ကိုယ့်ဟာကိုယ်သာ လွတ်အောင်ရှောင်.. မလွတ်ဘူးထင်ရင်တော့ ဆြာကြီးဒေအိမ် ဒါမှမဟုတ် ပါချုပ်အိပ်ထိ တက်ပြီး ယာတောရှိပေတော့.. သဘောပေါက်တယ်နော်။ ဂျိုကုပ်သားသမီးတွေတောင် အလကား အအောင်ပေးနေရတာ... ဘာမှ မရဘူးလေ။ မင်းဆီက တစုံတရာ တန်ဖိုးကြီးတာ ရမယ်ဆိုရင်တော့ သူတို့လည်း ဘာသားနဲ့ ထုထားတာမှတ်လို့... ဒီလိုနဲ့ တစ်နှစ် တစ်နှစ်လွတ်တဲ့လူတွေ လူနပ်ချမ်းသာ ဖြစ်နေတာ ကြာလှပေါ့။ ဒါက ဂျိုကုပ်များလက်ထက် မြန်မာပြည်ရဲ့ ထုံးစံဖြစ်နေပြီ။ မထူးဆန်းဘူးထင်တယ်။

ဒေါက်တာ ဖိုးလှ

Anonymous said...

ကွန်ပျူတာမှာလည်း ဒီလိုပဲဗျ