Monday 12 October 2009

သန်းရွှေရဲ့ ကံကြမ္မာ ဆိုး နှင့် မြန်မာနိင်ငံ အနာဂတ် ( ဝေဒသုတေသီတဦး)

သန်းရွှေ ခေတ်တော့ ပြီးပြီလို့  ဗေဒင်ဆရာကြီးများ တညီတညွတ်တည်း ကောက်ချက် ချ။


နေကြတ် လကြတ် နှင့် နိုင်ငံရေးဗေဒင် (ထွန်းကျော်)
{ October 11, 2009 @ 5:40 am }

ပြည်သူများ အုံကြွတော်လှန်မည်၊ စစ်တပ်အတွင်း ပုန်ကန်မှုဖြစ်မည်။• နေကြတ်ခြင်း ပထမတြင်းတွင်ဖြစ်လျှင် ကြီးကျယ် ထင်ရှားသူအတွက် ပူဆွေးသောက ရောက်ကြရမည်။ ပြည်သူများ ပုန်ကန်မည်၊ အုပ်ချုပ်သူများ တိုင်းပြည်မှ ထွက်ပြေးရမည်။


လွန်ခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့က နေကြတ်ခဲ့သည်။ မကြာမီ လာမည့် ၁၅-၁-၂၀၁၀ တွင်လည်း တဖန် နေကြတ်ပါဦးမည်။ ထိုကဲ့သို့ နေကြတ်ခြင်း စသည့် ဖြစ်ရပ်မျိုး ပေါ်ပေါက်လာသည် ဆိုလျှင် မိမိတို့ လူသားများ အပေါ်၌လည်း အကျိုး အပြစ် များ တနည်းနည်းဖြင့် ကျရောက် ဖြစ်ပေါ်တတ်သည် ဟု မြန်မာနိုင်ငံသားတို့ ရှေးယခင် ခေတ်ကာလများကတည်းကပင် အစဉ်အလာအားဖြင့် ယုံကြည်မှု ရှိခဲ့ကြသည်။ ယနေ့ ခေတ်ကာလတိုင်အောင် ယုံကြည်သူ အများအပြား ရှိနေကြောင်းလည်း သိရသည်။

သို့ဖြစ်ရာ လွန်ခဲ့သည့် ဇူလိုင်လအတွင်းက ဖြစ်ပေါ်ခဲ့သော နေကြတ်ခြင်းကြောင့် ပေါ်ပေါက်လာနိုင်သည့် အကျိုး အပြစ်များ ကို သိလိုသဖြင့် ဤ ဟောစာတမ်းရေးသူ ကျနော့်အား မေးလာသူများ ရှိပါသည်။ အထူးသဖြင့် မိမိတို့ မြန်မာနိုင်ငံအပေါ် မည်သည့်ဖြစ်ရပ်၊ မည်သည့် အခြေအနေမျိုး ကျရောက်ဖြစ်ပေါ်လာနိုင်သည်ကို ပို၍ သိလိုသဖြင့် မေးလာကြခြင်းဖြစ်သည်။ ကျနော့်အနေဖြင့်လည်း လက်တန်းဟောပေးနိုင်သူမဟုတ်သဖြင့် အချက် အလက်များ စုဆောင်းပြီး ဟောစာတမ်းတစောင် ရေးပေးပါမည် ဟု ကတိပေးခဲ့သည်။ ထို ပေးခဲ့သည့် ကတိအတိုင်း စိတ်ဝင်တစား ဝါသနာပါသူများအတွက် ပညာရှင်ကြီးများ၏ အဆိုအမိန့်များ နှင့်တကွ ဖော်ပြထားသည့် နေကြတ် ၂ ခု အတွက် အဟောကို ရေးပေးလိုက်ပါသည်။

အဟောကို မရေးမီ နေကြတ်၊ လကြတ် အဟော၏ သဘောကို ဦးစွာ ဖော်ပြလိုပါသည်။ နေကြတ်၊ လကြတ် အဟောမှာ အိန္ဒိယ ရှေးဟောင်း သံဟိတနက္ခတ်ဗေဒင်ကျမ်းကြီးများမှ လာသည့် သံဟိတဗေဒင် အဟောမျိုးဖြစ်သည်။ ပုဂ္ဂိုလ်ရေးအရ အဟောမဟုတ်။ ဂြိုလ် နက္ခတ် တို့ကြောင့် နိုင်ငံများ၊ ဒေသများ အပေါ် ကျရောက် ဖြစ်ပေါ်တတ်သည့် ငလျင်လှုပ်ခြင်း စသော သဘာဝဘေးဒဏ်များ၊ နိုင်ငံခေါင်းဆောင်များ ပျက်စီးခြင်း၊ စစ်ဖြစ်ခြင်း စသော နိုင်ငံရေး ဖြစ်စဉ်များကို မင်း နှင့်တကွ ပြည်သူများ ကြိုတင်သိရှိနိုင်စေရန် ဟောပေးထားသည့် အများအကျိုးအတွက် ရည်ရွယ် သည့် အဟောမျိုးဖြစ်သည်။ ထိုအဟောမျိုးကို အနောက်တိုင်း နက္ခတ်ဗေဒင် ပညာရှင်များက Mundane Astrology ဟုခေါ်ကြပြီး ၎င်းကို ဆရာကြီး ဝဏ္ဏကျော်ထင် ပျဉ်းမနား ဦးသန်းမောင် က နိုင်ငံရေးဗေဒင် ဟု ဘာသာပြန်ပါသည်။ သို့ဖြစ်လျှင် ကျနော်၏ ယခု အဟောမှာလည်း နိုင်ငံရေးဗေဒင်ပင် ဖြစ်ပါမည်။

ပညာရှင်ကြီးများ၏ အဆို အမိန့် နှင့် အဟော များ နေ လ ကြတ်ရာတွင် မြင်နိုင်သော ကမ္ဘာခြမ်းမှ နိုင်ငံများ အတွက်သာ အကျိုး အပြစ်ရှိသည်။ မမြင်နိုင်သော ကမ္ဘာခြမ်းမှ နိုင်ငံများအတွက် အကျိုး အပြစ် မရှိ။ (ယခု နေကြတ်ခြင်း ၂ ခုလုံးကို မြန်မာနိုင်ငံမှ မြင်ရသည်) နေကြတ်ရာတွင် သဗ္ဗကြတ် (အလုံးစုံကြတ်) ဖြစ်မှ အပြည့်အစုံ အကျိုးပေးသည်။ တစိတ်တပိုင်း ကြတ်၊ ပတ်လည်ကြတ်တို့တွင် အတိုင်းအတာအရသာ အကျိုးအပြစ်ပေးမည်။ အချို့ အလွန်သေးငယ်သည့် ကြတ်ခြင်းမျိုးမှာ အကျိုးအပြစ်ပေးလေ့မရှိ။ (၂၂-၇-၂၀၀၉ နေကြတ် သဗ္ဗကြတ်။ ၁၅-၁-၂၀၁၀ နေကြတ် ပတ်လည်ကြတ်)
နေကြတ်ခြင်းကြောင့် နိုင်ငံအစိုးရများ၊ ခေါင်းဆောင်များအပေါ် အကျိုးဖြစ်ပေါ်စေပြီး၊ လကြတ်ခြင်းကြောင့် သာမန်ပြည်သူများ အထူးသဖြင့် အမျိုးသမီးများအပေါ် အကျိုးအပြစ် ပေါ်ပေါက်စေသည်။



နေကြတ်ရာတွင် အကျိုးအပြစ်ပေးစတင်မှု နှေးတတ်ပြီး၊ အကျိုးပေးချိန် တာရှည်တတ်သည်။ ကြတ်ချိန် ကြာလျှင် ကြာသလောက် အကျိုးပေး ကြာနိုင်သည်။ ကြတ်ချိန် ၁ နာရီလျှင် တနှစ် စသည်။ (၂၂-၇-၀၉ နေကြတ်ချိန် ၂ နာရီ ၃၁ မိနစ် ကြာသည်။ ၁၅-၁-၂၀၁၀ နေကြတ်ချိန် ၂ နာရီ ၅၅ မိနစ် ကြာမည်)လကြတ်ရာတွင် အကျိုးပေးစတင်မှု မြန်ဆန်ပြီး အကျိုးအပြစ်များ မြန်မြန်ပြီးဆုံးလွယ်သည်။ ရက်ပိုင်းအတွင်း အကျိုးပေးမှုစတင်ပြီး လပိုင်းအတွင်းပြီးဆုံးသွားတတ်သည်။နေ လ တို့ ကြတ်ခြင်းသည် စရ ရာသီ၌ဖြစ်လျှင် အကျိုးပေးမှု မြန်ပြီး မြန်မြန် ပြီးဆုံးလွယ်သည်။ ထိရ ရာသီ တွင်ဖြစ်လျှင် အကျိုးပေးမှု နှေးတတ်ပြီး အကျိုးပေး တာရှည်တတ်သည်။ ဒေသဟ ရာသီ ၌ဖြစ်လျှင် အကျိုးပေး စတင်မှု မြန်သော်လည်း ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်တေတ်သည်။ (ယခု နေကြတ်ခြင်း ၂ ခု စလုံး စရ ရာသီ ၌ ဖြစ်မည်)
ဆက်လက်ဖော်ပြမည့် အဟောများတွင် ဆရာများအကြား အနောက်တိုင်းသုံး သာယန ဂြိုလ်သွားကို အခြေခံသူ နှင့် အရှေ့တိုင်းသုံး နိရာယန ဂြိုလ်သွားကို အခြေခံသူ ဟူ၍ ကွဲပြားနေသဖြင့် အဟော၏ သဘောချင်း တူနိုင်သော်လည်း နေ လ ကြတ်သည့် တည်နေရာ၊ ရာသီ၊ တြင်း စသည်တို့ ကွဲလွဲချက်များ ရှိနေပါသည်။


ဤနေရာတွင် ဆရာကြီး ပျဉ်းမနား ဦး သန်းမောင် ၏ မှတ်ချက်အရ နိုင်ငံအများနှင့် သက်ဆိုင်သည့် အဟောမျိုးကို ဟောရာတွင် အနောက်တိုင်းသုံး သာယန ဂြိုလ်သွားက ပိုမို သင့်လျော်သည် ဟု မှတ်ချက်ရှိဖူးသည်။ ကျနော်က ဆရာကြီး ၏ အယူအဆနောက်ကို လိုက်ပါသည်။ သို့သော် လေ့လာသူများ မိမိ စိတ်သန်ရာဖြင့် အသုံးပြုနိုင်စေရန် ဂြိုလ်သွား ၂ မျိုးအရ ရာသီတြင်း စသည် နှင့် ရာဟု ဂြိုလ် တည်ရာ ရာသီ ကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။


(၁) ၂၂-၇-၂၀၀၉ ရက်နေ့ နေကြတ် မှာ သာယန ဂြိုလ်သွားအရ ကရကဋ်ရာသီ၊ တတိယ တြင်း။ နိရာယန ဂြိုလ်သွားအရ ကရကဋ်ရာသီ၊ ပထမတြင်း။(၂) ၁၅-၁-၂၀၀၁ ရက်နေ့ နေကြတ်မှာ သာယန ဂြိုလ်သွားအရ မကာရ ရာသီ၊ တတိယ တြင်း။ နိရာယန ဂြိုလ်သွားအရ မကာရ ရာသီ၊ ပထမတြင်း တွင် နေကြတ်ခြင်းဖြစ်မည်။ နေကြတ် ၂ ခုလုံး ရာသီတူသော်လည်း တြင်းကွဲသည်။(၃) ရာဟုဂြိုလ်သည် သာယန ဂြိုလ်သွားအရ ၂၇-၇-၂၀၀၉ မှ ၁၄-၂-၂၀၀၁ အတွင်း မကာရ ရာသီ၌ တည်မည်။ နိရာယန ဂြိုလ်သွားအရ ၂၆-၄-၂၀၀၈ မှ ၁၃-၁၁-၂၀၀၉ အတွင်း မကာရ ရာသီတွင် တည်ပြီး ၁၃-၁၁-၂၀၀၉ ကျော်လျှင် ဓနု ရာသီ သို့ ပြောင်းပါမည်။

ရာဟု တည်ရာမှ သမသတ် ၁၈၀ အံသာ (ဒီဂရီ) တွင် ကိတ်ဂြိုလ် အမြဲတမ်းတည်သည်။ ထို့ကြောင့် ယခုကာလ ကိတ် ဂြိုလ် ကာရကဋ် ရာသီတွင် တည်ပြီး ထို ရာဟု နှင့် ကိတ် ဂြိုလ် တည်ရာ ရာသီ ၁၂ အံသာ (ဒီဂရီ) အတွင်းသို့ တနင်္ဂနွေ ဂြိုလ် ခေါ် နေမင်း ရောက်လျှင် နေကြတ်၊ လကြတ်ခြင်းဖြစ်သည် ဟုလည်း မှတ်သားထားပါ။ ထို့ကြောင့် ရာဟုဂြိုလ် တည်သည့် ရာသီ သည် နေကြတ်၊ လကြတ် အဟောအတွက် အရေးပါခြင်းဖြစ်သည်။

ယခုမှစပြီး အရှေ့တိုင်း နက္ခတ်ဗေဒင်ဆရာကြီး ဝရဟာ မိဟိရ ၏ ဘရိဟတ် (ဗြို့ဟစ်) သံဟိတ ကျမ်းလာ နေကြတ်၊ လကြတ် အဟောများဖြင့် အဟောကို စတင်ပါမည်။နေ၊ လ ကြတ်ခြင်းသည် ကရကဋ် ရာသီ၌ ကျရောက်လျှင် တောင်ပေါ်ဒေသနေ လူများအတွက် ထိခိုက် နစ်နာမည်။ ထိုဒေသများတွင် အစားအသောက် ဆန်ရေစပါး ရှားပါမည်။ (၂၂-၇-၂၀၀၉ နေကြတ်ရက် သည် ကရကဋ် ရာသီ ၌ ဖြစ်သည်။)နေ၊ လကြတ်ခြင်းသည် မကာရ ရာသီ၌ ကျရောက်လျှင် ဝန်ကြီးများ နှင့် သူတို့၏ မိသားစုများ၊ ထို့အပြင် အိမ်တွင်းအမှုလုပ်များ၊ သက်ကြီးရွယ်အိုများ နှင့် လူသတ်လက်နက် ကိုင်ဆောင်သူများ ပျက်စီးမည်၊ ဖျက်ဆီးခြင်း ခံရမည်။



(၁၅-၁-၂၀၁၀ နေကြတ်ရက်သည် မကရ ရာသီ၌ ဖြစ်သည်။)အကယ်၍ နေကြတ် လကြတ်ခြင်းကို ဗုဒ္ဓဟူး ဂြိုလ် ပူးလျှင် အုပ်ချုပ်သူများ၊ မင်းညီမင်းသားများ၊ စစ်မှုထမ်း များ၊ လူငယ်များ၊ ပညာတတ်များ ပူဆွေးသောက ရောက်ရမည်။ (၂၂-၇-၂၀၀၉ နေကြတ်ခြင်းတွင် ဗုဒ္ဓဟူး ဂြိုလ် ပူး သည်။ သို့သော် ဗုဒ္ဓဟူး ဂြိုလ်သည် နေ နှင့် နီးနီးကပ်ကပ် အမြဲ ရှိတတ်သည်)အကယ်၍ သောကြာပူးလျှင် ဝန်ကြီးများ၊ သာမန် အမျိုးသမီးများ အခက်အခဲ နှင့် ရင်ဆိုင်ရတတ်သည်။ (၁၅-၁-၂၀၁၀ နေကြတ် တွင် သောကြာပူးသည်။)အကယ်၍ နေ လ ကြတ်ခြင်းသည် တပို့တွဲလတွင် ဖြစ်လျှင် ဘာသာေ၇းသမားများ၊ ဗာရာဏသီပြည်သား များ နှင့် ဘင်္ဂလားနယ်သားများ သောကရောက်ရမည်။


သို့သော် လယ်သမားများ မိုးကောင်းခြင်းကြောင့် ကြွယ်ဝမည်။ (၁၅-၁-၂၀၁၀ နေကြတ်ရက်သည် တပို့တွဲလဆန်း ၁ ၇က် ဖြစ်သည်။)အကယ်၍ နေ လ ကြတ်ခြင်းသည် ဝါခေါင်လ တွင် ဖြစ်ပါမူ ကက်ရှမီးယား၊ တရုတ်၊ အာဖဂန်၊ ပန်ဂျပ် နှင့် အိန္ဒိယအလယ်ပိုင်း ဒေသများ ဒုက္ခရောက်မည်။ ထို့အတူ ယဝန တိုင်းသားများလည်း ဝမ်းနည်း ပူဆွေးရမည်။ အခြား သူများ ပြဿနာမရှိ (၂၂-၇-၂၀၀၉ နေကြတ်ရက်သည် ဝါခေါင်လဆန်း ၁ ရက် ဖြစ်သည်။)

ယခုတဖန် ဝဏ္ဏကျော်ထင် ဆရာကြီး ဦး ကျော်ငြိမ်း ၏ နေကြတ်၊ လကြတ် သရတွက်ရိုး ကျမ်းလာ အဟောများကို ဖော်ပြပါဦးမည်။• မကာရ ရာသီတွင် ရာဟုဂြိုလ်တည်ခိုက် နေ လ ကြတ်မူ ရေ မြေ ကို အစိုးရသော မင်း၊ စစ်သူကြီး၊ ခိုးသူ၊ ရဟန်း၊ ပုဏ္ဏား၊ လှေသွား တို့ ပျက်စီးအံ့၊ (ယခုအခါ မကာရ ရာသီတွင် ရာဟု တည်သဖြင့် ၂၂-၇-၂၀၀၉ နေကြတ် နှင့် ၁၅-၁-၂၀၁၀ နေကြတ် ၂ ခုစလုံး နှင့် အကြုံးဝင်သည်။)• လ အလိုကား ဝါခေါင်လတွင် ကြတ်မူ တောတောင်နေ အကြီးပြုသူတို့ ပျက်စီးအံ့။ (၂၂-၇-၂၀၀၉ နေကြတ်)။ တပို့တွဲ လ ကြတ်မူ မဇ္ဈိမဒေသ ဘေးဖြစ်အံ့။


(၁၅-၁-၂၀၁၀ နေကြတ်)• နေ့အလိုကား ဗုဒ္ဓဟူး နေ့တွင် ကြတ်မူ ရဟန်း၊ ပုဏ္ဏား၊ အတတ် တတ်သောသူတို့အား အသည်း အဆဲ တွေ့အံ့၊ နှင်းဆီ ထောပတ် ရုတ်အံ့။ (၂၂-၇-၂၀၀၉ နေကြတ်)။ သောကြာနေ့ ကြတ်မူ လစ်လူမင်းတို့ သေပျောက်အံ့၊ စစ်ဖြစ်အံ့ (၁၅-၁-၂၀၁၀ နေကြတ်)(လစ်လူမင်း ၏ အဓိပ္ပာယ် အား စာရေးသူကိုယ်တိုင် နားမလည်ပါ။)• နေ လ တို့သည် တလတည်းတွင် ၂ ကြိမ် ကြတ်သော်လည်းကောင်း၊ ကြတ်လျက်ထွက်သော်လည်းကောင်း၊ ကြတ်လျက် ဝင်သော်လည်းကောင်း၊ ပါပဂြိုလ်မြင်သော်လည်းကောင်း ပညာရှိ သုခမိန် ပြည့်ရှင်မင်းတို့ ပျက်စီးခြင်းဖြစ်အံ့။


မှတ်ချက် ဆရာကြီး ၀ရဟာ မိဟိရ နှင့် ဆရာကြီး ဦးကျော်ငြိမ်းတို့၏ အဟောမှား ကျန်နေပါသေးသည်။ ယခု နေ ၂ ကြိမ် ကြတ်ခြင်း နှင့် မသက်ဆိုင်သဖြင့် ချန်ထားခဲ့ပါသည်။

ဆက်လက်ပြီး ခေတ်သစ် ပညာရှင် ၂ ဦ ဖြစ်ကြသည့် အရှေ့တိုင်းပညာရှင် ဆရာ J.C Luthra နှင့် အနောက်တိုင်းပညာရှင် ဆရာကြီး Alan Leo တို့၏ နေကြတ်ခြင်းဆိုင်ရာ တြင်းအလိုက် အဟောများကို ဖော်ပြပေးပါ မည်။ ထို ၂ ဦး တွင် ဆရာ ဂျေစီ လုသာရာ က အရှေ့တိုင်းပညာရှင် ဖြစ်ပြီး ဆရာ အလင်လီယို က အနောက်တိုင်း ပညာရှင် ဖြစ်သည်။ သူတို့ ရည်ညွှန်းသည့် တြင်းများကို အဟောနောက်တွင် မှတ်ချက်ပေးဖော်ပြထားသည်။ ၂၂-၇-၂၀၀၉ ကရကဋ်ရာသီ နေကြတ်အဟောများ (သဗ္ဗကြတ်)
ဆရာ ဂျေစီ လုသာရာ က … ကရကဋ်ရာသီ တွင် နေကြတ်လျှင် တိုင်းပြည်မ ငြိမ်မသက်ဖြစ်မည်။
ရောဂါ ဘယ ထူပြောမည်။ ကူးစက်ရောဂါများ ဖြစ်ပွားမည်။ မြစ် ချောင်း များ ရေခမ်းခြောက်မည်။ ရာသီဥတု ပြောင်းလဲမည်။• နေကြတ်ခြင်း ပထမတြင်းတွင်ဖြစ်လျှင် ရာသီဥတုပြောင်းလဲမည်။ (နေကြတ်တြင်း)• နေကြတ်ခြင်း ဒုတိယတြင်းတွင်ဖြစ်လျှင် အမျိုးကောင်းသားသမီးများ ပျက်စီးမည်။ မြစ် ချောင်းများ ရေခမ်းခြောက်မည်။• နေကြတ်ခြင်း သည် တတိယတြင်းတွင် ဖြစ်လျှင် ထကြွပုန်ကန်မည်။ ကူးစက်ရောဂါဖြစ်မည်။

ဆရာ အလင် လီယို အလိုအရ ..• ပထမတြင်းတွင် ဖြစ်လျှင် လေထူ ပျက်ပြားမည်၊ လေမျိုးစုံတိုက်ခတ်မည်၊ ရာသီဥတု အပြောင်းအလဲများ မည်။• ဒုတိယတြင်းတွင်ဖြစ်လျှင် မြစ် ချောင်း များ၊ စမ်း များ ရေခမ်းခြောက်မည်၊ ဒေါသ နှင့် သောက ကြောင့် သေကြေ ပျက်စီးမှုများမည်။• တတိယတြင်းတွင် ဖြစ်လျှင် အာမေးနီးယား၊ အာဖရိက နှင့် အခြားသော ကာရကဋ် ရာသီဆိုင်ရာ နိုင်ငံ နှင့် ဒေသများတွင် ရေဓာတ်ခမ်းခြောက်သော ရောဂါဖြစ်မည်။ တိုင်းပြည် မငြိမ်မသက်ဖြစ်မည်။ (နေကြတ် တြင်း)(မြန်မာနိုင်ငံ ကာရကဋ် ရာသီ နှင့် မသက်ဆိုင်)ဆရာ ၂ ဦး ၏ အဟောကို ခြုံငုံသုံးသပ်ရလျှင် မိုးခေါင်မည်၊ မြစ် ချောင်းရေများ ခမ်းခြောက်မည်၊ အပူဓာတ် လွန်ကဲမည်၊ အခါမဲ့ မုန်တိုင်းများ ကျနိုင်သည်၊ ရောဂါ ထူပြောမည်၊ တိုင်းပြည် မငြိမ်မသက် ဖြစ်မည် ဟု ကောက်ချက် ချနိုင်သည်။ (သြဂုတ်လ မှ နောက်ပိုင်း မိုးပြတ်သွားသည်ကို သတိထားလျှင် သိနိုင်ပါသည်။)



၁၅-၁-၂၀၁၀ ရက်နေ့ မကာရ ရာသီ နေကြတ် အဟော (ပတ်လည်ကြတ်)
ဆရာ ဂျေစီ လုသာရာ ကမကာရ ရာသီ တွင် နေကြတ်လျှင် ကြီးကျယ် ထင်ရှားသူများအတွက် ဝမ်းနည်း ပူဆွေးရမည်၊ ပြည်သူများ အုံကြွတော်လှန်မည်၊ စစ်တပ်အတွင်း ပုန်ကန်မှုဖြစ်မည်။• နေကြတ်ခြင်း ပထမတြင်းတွင်ဖြစ်လျှင် ကြီးကျယ် ထင်ရှားသူအတွက် ပူဆွေးသောက ရောက်ကြရမည်။ ပြည်သူများ ပုန်ကန်မည်၊ အုပ်ချုပ်သူများ တိုင်းပြည်မှ ထွက်ပြေးရမည်။ (နေကြတ် တြင်း)• ဒုတိယတြင်းတွင်ဖြစ်လျှင် စစ်တပ်အတွင်း ပုန်ကန် တော်လှန်မှု ဖြစ်မည်။ ဆူပူ သောင်းကျန်းမည်။• တတိယတြင်းတွင်ဖြစ်လျှင် အုပ်ချုပ်သူ နှင့် သက်ဆိုင်နေသူများ ဒုက္ခတွေ့မည်၊ အစာရေစာ ရှားပါးမည်။

ဆရာ အလင် လီယို အလိုကား• မကာရရာသီ ပထမတြင်းတွင် နေကြတ်လျှင် စိတ်မချမ်းမြေ့ဖွယ်ရာ အမှတ်လက္ခဏာဖြစ်ပြီး ကြီးကျယ်ထင် ရှားသူများ မထင်မှတ်သည့် ဖြစ်ရပ် နှင့် ကြုံတွေ့ရမည်။ အချို့ဘုရင်များ နတ်ရွာလားမည်။ ယုတ် မြတ် မရွေး တိုင်းပြည်အလုံး အုံကြွတော်လှန်မည်။• ဒုတိယတြင်းတွင် ဖြစ်လျှင် စစ်သားများက သူတို့၏ ဗိုလ်ချုပ်များ၊ အထက်အရာရှိများအား ဆန့်ကျင်ရာတွင် အားတက်သရော တက်တက်ကြွကြွရှိမည်။ စစ်ရေး အစီအစဉ် ပျက်မည်။• တတိယတြင်းတွင် ဖြစ်လျှင် တိုင်ပြည်အုပ်ချုပ်သူအား ဆောကတည်ရာမရ ဘရုတ်သုက္ခ အခြေအနေသို့ ဆိုက်ရောက်စေမည်။ ငတ်မွတ် ခေါင်ပါးမည်။


(နေကြတ်တြင်း)
အထက်ပါ ဆရာ ၂ ဦး ၏ အဟောများကို ခြုံငုံသုံးသပ်ကြည့်လျှင် …တိုင်းပြည်အုပ်ချုပ်သူ အစိုးရများအတွက် မကောင်း။ သေဆုံးခြင်း၊ တိုင်းပြည်မှ ထွက်ပြေးရခြင်းမျိုး ဖြစ်မည်။ ပြည်သူအများ လေးစားသည့် ထင်ရှားကျော်ကြားသူအတွက် မမျှော်လင့်သော ဖြစ်ရပ် နှင့် ကြုံတွေ့ရမည်။ တတိုင်း တပြည်လုံး အုံကြွတော်လှန်မည်။ စစ်တပ်လည်း ပုန်ကန်နိုင်သည် စသည်ဖြင့် ကောက်ချက် ချနိုင်ပါသည်။ ဆရာကြီး ဝရဟာမိဟိရ ၏ အဟော နှင့် ဆရာကြီး ဦးကျော်ငြိမ်းတို့၏ နေကြတ် လကြတ် သရတွက်ရိုးကျမ်းလာ ရာဟု တည် သည့် အဟော ကို ကြည့်ပြန်လျှင်လည်း တိုင်းပြည်အုပ်ချုပ်သူများအတွက် ကံမကောင်းနိုင်ကြောင်း တွေ့ရပါမည်။

ဤနေရာတွင် နေကြတ်ခြင်း ၂ ခု သဘောသဘာဝကို အနည်းငယ် ဖော်ပြပါဦးမည် ၁၁-၇-၂၀၀၉ ပထမ နေကြတ်ခြင်းသည် သဗ္ဗကြတ် ဖြစ်သည်။ အလုံးစုံလုံးကို ဖုံးအုပ်နေချိန် ၆ မိနစ် ၃၉ စက္ကန့် ကြာသည်။ ၁၀ စုနှစ် အတွင်း အကြာဆုံး ဖြစ်သည်။ အလွန် အားကြီးသဖြင့် အကျိုး အပြစ် ပေးမှုလည်း အားကြီးနိုင်သည်။ ၁၅-၁-၂၀၁၀ ရက်နေ့ နေကြတ်ခြင်းကား ပတ်လည်ကြတ်ဖြစ်သည်။ ပတ်လည်ကြတ်နေချိန် ၁၁ မိနစ်ကျော် ကြာသည်။ ဤ ပတ်လည်ကြတ်ည်း ၁၀ စုနှစ် အတွင်း အကြာဆုံးဖြစ်သည်။ အကျိုးအပြစ်ပေးမှု အားရှိနိုင်သည့် ကြတ်ခြင်းမျိုး ဖြစ်သည် ဟု ယူဆနိုင်သည်။ထို့အပြင် ၂၂-၇-၂၀၀၉ နေကြတ်ချိန် ၂ နာ၇ီ ၃၀ မိနစ် ကြာသဖြင့် ၂ နှစ်ခွဲကြာ အကျိုးအပြစ် ရှိမည်။ ၁၅-၁-၂၀၁၀ ရက်နေ့ နေကြတ် ၂ နာရီ ၅၅ မိနစ် ကြာသဖြင့် ၃ နှစ် နီးပါ အကျိုး အပြစ် ရှိမည်။ ပထမ နေကြတ် ငလျင်၊ မုန်တိုင်း၊ မိုးခေါင် စသော သဘာဝဘေးဒဏ်ကို သတိထားရမည်။ ဒုတိယနေကြတ် နိုင်ငံရေးအပြောင်းအလဲ၊ ခေါင်းဆောင်ပြဿနာ စသည့် နိုင်ငံရေးပြဿနာများကို သတိထားရမည်။


တဖန် နေကြတ် အကျိုး အပြစ်ပေး စတင်မှုနှင့် ပတ်သက်ပြီး အီဂျစ် နက္ခတ်ဆရာကြီး တိုလ်မီ အဆိုအရ ၂၂-၇-၂၀၀၉ နေကြတ်ခြင်းသည် ကြတ်သည့်နေ့မှ ၄ လ အတွင်း အကျိုး အပြစ်ပေး စတင်မည်၊ ၁၅-၁-၂၀၁၀ နေကြတ် ခြင်းအတွက် ၈ လ မှ ၁၂ လ အတွင်း စတင် အကျိုးပေးမည် ဟု ဆိုသည်။ထို့အပြင် နေကြတ်ရာသီ ၂ ခု စလုံး စရ ရာသီ ဖြစ်နေခြင်းကြောင့် အကျိုးပေးစတင်မှု မြန်နိုင်ကြောင်း သတိ ပြုပါ။ ဆရာ ကားဒင်း ၏ အဆိုအရမူ ၂၂-၇-၂၀၀၉ နေကြတ်သည် အောက်တိုဘာ ဒုတိယပတ်အတွင်း အကျိုးအပြစ် ကီးမားမည် ဟု ဆိုထားသဖြင့် ဟောစာတမ်း၏ မူလအစီအစဉ်ကို ဖျက်၍ ယခု အဟောကို ထုတ်ပေးလိုက်ရပါသည်၊
ယခုဖော်ပြခဲ့သည့် အဟောများမှာ နေကြတ်ခြင်းကို မြင်နိုင်သည့် နိုင်ငံအားလုံး နှင့် ဆိုင်သည့် အဟောများ ဖြစ်သည်။



ထို့ကြောင့် နေကြတ်သည်ကို မြင်နိုင်သည့် နိုင်ငံအားလုံးအတွက် အကျိုးအပြစ်ပေးမှုလည်း ယေဘုယျ အားဖြင့် တူညီမည်ဖြစ်သော်လည်း ပထဝီအနေအထား ကွာခြားမှုကြောင့် မြင်ရပုံချင်းတော့ တူမည် မဟုတ်ပါ။ မြင်ရပုံ အနိမ့် အမြင့် စသည်ဖြင့် ကွာပါမည်။ ထိုသို့ မြင်ရပုံ အနိမ့်အမြင့် ကွာခြားခြင်းမှာ ဗေဒင်သဘောအရ နေကြတ်သည်မှ လာသည့် အကျိုးသက်ရောက်မှု ဘာဝသဘော ကွာခြားချက်ပင်ဖြစ်သည်။ ထိုကဲ့သို့ အကျိုးသက်ရောက်မှု ဘာဝခြင်း မတူလျှင် နိုင်ငံများအကြား အကျိုးအပြစ်ပေးပုံလည်း ကွာခြားသွားပါသည်။ ထို ဘာဝသက်ရောက်မှု သဘောကို သိနိုင်ရန် နိုင်ငံအလိုက် ဇာတာဖွဲ့၍ စိစစ်ကြည့်ရပါသည်။



ထို့ပြင် နေကြတ်ဇာတာခွင့် နှင့် နိုင်ငံဇာတာ၊ နိုင်ငံ ခေါင်းဆောင် ဇာတာတို့ဖြင့်လည်း တိုက်ဆိုင် စစ်ဆေးရပါသည်။ထို့ကြောင့် ၂၂- ၇- ၂၀၀၉ နေကြတ်ဇာတာ နှင့် မြန်မာ့ လွတ်လပ်ရေး ဇာတာတို့ကို တွဲဖက် ဖော်ပြပေး လိုက်ပါသည်။ နေကြတ်သည့်နေ့ ၂၂-၇-၂၀၀၉ (သောကြာနေ့)၊ သဗ္ဗကြတ်နေ လ ထပ်ချိန် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၆ မိနစ်ဗဟိုပြုတွက်ချက်ရာဒေသ အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ၁၂ မိနစ်၊ မြောက်လတ္တီကျု ၂၀ ဒီဂရီ ၃၀ မိနစ် (မြန်မာတပြည်လုံး အကျုံးဝင်နိုင်ရန် မြန်မာနိုင်ငံအလယ်ပိုင်း၊ ရမည်းသင်း ဒေသ ဝန်းကျင်ကို ဗဟိုပြုသည်။)

နေကြတ်ဇာတာခွင်အရ သိဟ် ရာသီ လဂ် ဖြစ်ပြီး လဂ် တွင် စနေ နီးကပ်စွာ ပူးသည်။ သောကြာ ဂြိုလ် ကမ္မ ဘာဝ တည့်တည့်တွင် တည်သည်။ နေကြတ်ဇာတာ လဂ် နှင့် မြန်မာ့ လွတ်လပ်ရေး ဇာတာ ကမ္မဘာဝ တထပ်တည်း လောက် ကျသည်။ ကြတ်သည်။ နေ နှင့် လ (တနင်္ဂနွေ နှင့် တနင်္လာ ဂြိုလ်) တို့ ဗျယ တွင် တည်သော်လည်း ဘာဝ နှင့် မတည့်၊ ဗျယဘာဝ ကား ကာရကဋ်ရာသီ ၂၂ ဒီဂရီ တါင် ရှိနေပြီး နေကြတ်သည်က ၅ ဒီဂရီတွင်သာ ရှိသဖြင့် ဘာဝ နှင့် မတည့်၊ သန္ဒိပေါ် ကျသည်။ ဘာဝအတွင်းမဝင်သဖြင့် မြန်မာနိုင်ငံသားတို့အတွက် ဘေးအန္တရာယ် ကြီးကြီး မားမား မရှိနိုင် ဟု ဟောရပါမည်။ သို့သော် မြင်နိုင်သော ဒေသအတွင်း ပါဝင်နေသဖြင့် ဒေသတွင်းမှ အခြား နိုင်ငံများ နည်းတူ ပေါ်ပေါက်လာမည့် ဘေးအန္တရာယ်များကို ကြုံရနိုင်ပါသည်။


ဥပမာ ~ ငလျင်၊ မုန်တိုင်း စသည့် ဘေးအန္တရာယ်များမိမိတို့နိုင်ငံကို ဗဟိုပြု မဖြစ်နိုင်သော်လည်း အခြား နိုင်င့များမှ ဖြစ်သည်ကို မိမိတို့လည်း အစွန်အဖျားသဘောလောက် ကြုံတွေ့ရပြီး ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား မကြုံရနိုင် ဟု ဟောရပါမည်။တဖန် မြန်မာ့လွတ်လပ်ရေးဇာတာနှင့် တွဲဖက်စစ်ဆေးပြန်လျှင်လည်း နေကြတ်ခြင်းမှာ လွတ်လပ်ရေးဇာတာ နှင့် မရဏဘာဝ သန္ဓိတွင် ကျနေပြီး ဘာဝမတည့ှ်ု အကျိုးအပြစ် မရှိနိုင်၊ ကပ် ရောဂါ စသည်တို့ ကြီးကြီးမားမား မဖြစ်၊ အသေအပျောက် မရှိ၊ ပြည်သူများအတါက် ဤ နေကြတ်ခြင်းကြောင့် ဘေးအန္တရာယ် ကြီးကြီးမားမား မရှိကြောင်း ဟောရပါမည်။နိုင်ငံခေါင်းဆောင် ဇာတာ နှင့် တွဲဖက် စစ်ဆေးရန် ဟောစာတမ်းရေးသူတွင် မည်သည့် နိုင်ငံခေါင်းဆောင်၏ ဇာတာမျှမရှိပါ။


သို့သော် ဟောနိုင်သည့်အချက်တော့ ရှိပါသည်။ အကယ်၍ နိုင်ငံခေါင်းဆာင်ဇာတာသည် ဓနုလဂ် ပထမ တြင်းစီးလျှင် ကျန်းမာရေးဆိုးရွားမည်။ လက်အောက်ငယ်သားများ၏ တော်လှန်ခြင်းကို ခံရမည်။ သိဟ်ရာသီ လဂ် ပထမတြင်းစီးလျှင် ဂုဏ်သိက္ခာကျမည်၊ ရာထူးပြုတ်နိုင်သည်။ နိုင်ငံရပ်ခြားတွင် သိက္ခာကျစရာပေါ်မည် ဟု ဟောနိုင်သည်။ထို့အပြင် အကယ်၍ နိုင်ငံခေါင်းဆောင်ဇာတာတွင် အင်္ဂါ သို့မဟုတ် စနေဂြိုလ်သည် ကာရကဋ်ရာသီ ပထမ တြင်းတွင်သော်လည်းကောင်း၊ မကာရ ရာသီ ပထမတြင်းတွင်သော်လည်းကောင်း တည်လျှင် ထိုခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရတတ်သည်။ သို့သော် သေကံကြုံမှ သေပါမည်။ယခု ဖော်ပြခဲ့သည့်အဟောများမှာ နေကြတ်ခြင်း ၏ တည်နေရာကို ဘာဝအရ ရှာဖွေဟောသည့် အဟော ဟု ဆိုနိုင်ပါသည်။ ဆက်လက်၍ နေကြတ်မှုဖြစ်စဉ်တွင် ပါဝင်သော ဂြိုလ်တို့နှင့် သက်ဆိုင်သော အဟောကို ဆက်ပါမည်။ နေကြတ်ဇာတာတွင် လဂ်သည် စနေဂြိုလ် နှင့် နီးကပ်စွာ ပူးလျက် လွတ်လပ်ရေးဇာတာ ၏ ကမ္မဘာဝတည့်တည့်တွင် ကျရောက်သည်။ နေကြတ်ဇာတာ ၏ ကမ္မဘာဝတွင် သောကြာတည်သည်။

လဂ်တွင် စနေ ပူးခြင်းကြောင့် တိုင်းသူပြည်သားများ ဆင်းရဲ ပင်ပန်းမှုတော့ ရှိမည်။ အကြပ်အတည်းလည်း ရှိမည်။ သို့ရာတွင် ထို စနေသည် ဇာတာ ၏ အစ ဟု ဆိုရသော လဂ်တွင် တည်ခြင်း၊ လွတ်လပ်ရေး ဇာတာ ၏ အာဏာနေရာတွင် တည်ခြင်းကြောင့် နိုင်ငံ၏ ဖြစ်စဉ်အားလုံးကို အစုပြု အကောင်အထည်ဖော်မည့် ဂြိုလ် ဟု ဆိုနိုင်သည်။ စနေဂြိုလ်သည် တိုင်းသူပြည်သားများ နှင့် သက်ဆိုင်သဖြင့် တိုင်းပြည်၏ နိုင်ငံရေး စသော ဖြစ်စဉ်အားလုံးကို ပြည်သူများက ဦးဆောင် အကောင်အထည် ဖော်မည့် အခြေအနေမျိုး ကြုံလာမည် ဟု ဟောရပါမည်။သောကြာဂြိုလ်ကမ္မဘာဝ တွင် တည်သည်။


ကမ္မဘာဝသည် ဇာတာတွင် ချုပ်ကိုင်ချယ်လှယ်သည့် ဘာဝ ဖြစ်သည်။ သောကြာဂြိုလ်မှာ အနုပညာသည်များ၊ လုပ်ငန်းရှင်များ၊ သြဇာရှိသည့်အမျိုးသမီးများ၊ ငြိမ်းချမ်းရေးတမန် များ၊ NGO လုပ်စားသူများကို ကိုယ်စားပြုသည်။ တနည်းအားဖြင့် ရွှေပြည်အေးသမားများ ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ ဖော်ပြခဲ့သည့် တိုင်းသူပြည်သားများ ဦးဆောင်အကောင်အထည်ဖော်၍ ရခဲ့သည့် ရလဒ်များကို ရွှေပြည်အေးသမားများ က ချုပ်ကိုင် ချယ်လှယ်မည် ဟု ဆိုရပါမည်။ သို့သော် သောကြာကို စနေ က မြင်ထားသဖြင့် ရွှေပြည်အေးသမားများ ထင်တိုင်းကြဲနိုင်မည်တော့ မဟုတ်ပါ။ ဤသည်တို့မှာ ၂၂-၇-၂၀၀၉ နေကြတ်ခြင်း အကျိုးအပြစ်ဟောများ ဖြစ်သည်။ အခြား ဂြိုလ်များမှာ သူ့နေရာ နှင့် သူ အသီးသီး ရှိကြသော်လည်း ဘာဝ မတည့်သဖြင့် အကျိုးအပြစ် မကြီးနိုင်၍ မဟောတော့ပါ။

ဆက်လက်ပြီး ၁၅-၁-၂၀၁၀ ဒုတိယနေကြတ်အဟော ကို ဆက်ပါမည်။နေကြတ်သည့် နေ့ ၁၅-၁-၂၀၁၀ (သောကြာနေ့) ပတ်လည်ကြတ်နေ လ ထပ်ချိန် နေ့လည် ၁ နာရီ ၄၂ မိနစ်ဗဟိုပြုတွက်ချက်ရာဒေသ ပထမ နေကြတ်အတိုင်း ဤ ဒုတိယ နေကြတ်မှာ ပြိဿ ရာသီ လဂ် ဖြစ်သည်။ နေကြတ်သည့် ရာသီ မှာ မကာရ ရာသီ ၁ ဒီဂရီ ဖြစ်သည်။ ဘာဝအရ သုဘဘာဝ နှင့် နီးကပ်သည်။ သုဘဘာဝ မှာ ဓနုရာသီ ၂၆ ဒီဂရီကျော်တွင် ရှိသည်။ ထို့ကြောင့် နေကြတ်ခြင်း ဖြင့် သုဘဘာဝ ကို အကျိုးအပြစ်သက်ရောက်စေမည်။


သုဘဘာဝသည် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ အဆောက်အဦများ၊ တရားသူကြီးများ၊ တရားရုံးများ၊ ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်ကြီးများ၊ ပညာရှင်ကြီးများ၊ ကုလသမဂ္ဂဆိုင် ရာ ပုဂ္ဂိုလ်များ၊ နိုင်ငံခြား ဆက်ဆံရေးဌာနများ၊ ရေကြောင်း လေကြောင်း နှင့် ဆိုင်သော လုပ်ငန်းများ၊ အဆင့်မြင့် ပညာဌာနများ နှင့် ဆိုင်သဖြင့် ထို ဌာနရှိ ပုဂ္ဂိုလ်များအား ထိခိုက်နစ်နာစေမည်။ တိုင်းပြည် ဂုဏ်သိက္ခာ ကျဆင်းမည်။ထို့အပြင် နေကြတ်ချိန်တွင် အင်္ဂါဂြိုလ်သည် လွတ်လပ်ရေးဇာတာ သုဘဘာဝပေါ်တွင် နောက်ဆုတ်သွား နေခြင်းကြောင့် တိုင်းပြည်အကြီးအကဲများ ဘေးရန် ကျရောက်မည်။ လူထုလေးစားမြတ်နိုးခံရသောသူများ စစ်တပ်၏ နှိမ်နင်းမှုကို ခံရနိုင်သည်။ စစ်တပ်၏ အဓမ္မပြုမှု များမည်။ တိုင်းပြည်တွင် တရားပျက်ပြီး နိုင်ငံခေါင်းဆောင်များ ဂုဏ် သိက္ခာကျဆင်းမည် ဟု ဟောရပါမည်။

ဤနေရာတွင် ဆရာကြီးများ ဟောထားသည့် အဟောများကို ပြန် အမှတ်ရပါ။ နေကြတ်လျှင် အုပ်ချုပ်သူများအတွက် မကောင်း၊ အန္တရာယ်ရှိသည်။ မကာရ ရာသီ၌ နေကြတ်လျှင် ကြီးကျယ် ထင်ရှားသူအတွက် ဝမ်းနည်းစရာကြုံမည်။ ဘုရင်သေမည် ဟု လည်း ဆိုသည်။ တိုင်းပြည်၌ အုံကြွတော်လှန်မှုလည်း ဖြစ်မည် စသည်ဖြင့် အဟောကို အမှတ်ရပါ။ဤ ၁၅-၁-၂၀၁၀ နေကြတ်ခြင်းမှာ ပြည်သူများအတွက် ညံ့သလို အုပ်ချုပ်သူများအတွက်လည်း ကံမကောင်း နိုင်ကြောင်း ကောက်ချက်ချနိုင်ပါသည်။

ဟောစာတမ်းဖတ်သူများ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ
ထွန်းကျော်နက္ခတ္တဗေဒ သုတေသီ
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်

မှီငြမ်း
1. Practical Mundane Astrology by J.C Luthra.2. Alan Leo’s Dictionary of Astrology3. The American Ephemeris for the 21st Century (2000 to 2050) at Midnight Expanded Second Edition4. ၃၂ နှစ် ရှေ့ပြေး ဂြိုလ်သွား ပြက္ခဒိန်ကောက်ကိန်း (ပျဉ်းမနား ဦးသန်းမောင်)5. Raman’s New Millennium 50 years Ephemeris (2001-2050 AD)6. Tables of Ascendants by NC Lahiri7. နက္ခတ္တဗေဒ ပုဏ္ဏားပညာရှိ ဆရာကြီး ဦးလှမောင် ၏ သံဒိဌပြက္ခဒိန်

5 comments :

Anonymous said...

တကယ်တမ်းကျတော့ ဗေဒင်တွေ ယုံနေတာ ဘယ်သူတွေလဲ...။ သန်းရွှေက ၂၀၀၈ သြဂုတ်ကတည်းက သေနေတာ...။ ဟဟ

Anonymous said...

ဘယ်ကောင်လဲကွ နောက်တောက်တောက်ဝင်လုပ်တာ။
နင့်နှမလင်ရမဲ့ရက်ကိုဟောလို့ ရတယ်။
မှန်ရင်မှန် မမှန်ရင် ဆရာကိုယ်တိုင်ယူပေးမယ်။

Anonymous said...

ကောင်းကင်ပေါ်က နေကြီးကြတ်သွားတာနဲ့ မြေပြင်ပေါ်က သန်းရွှေကြီးရဲ့ ကံကြမ္မာ ဆိုးရွားမယ်ဆိုတာကို ကျွန်ပ် နလပိန်းတုန်း ဘယ်လိုမှ ဆက်စပ် ပြီး နားမလည်နိုင်ပါ။

Anonymous said...

Apocalypse? End of the World in 2012”?

The Mayan civilization, which reached its height from 300 A.D. to 900 A.D., had a talent for astronomy. Its Long Count calendar begins in 3,114 B.C., marking time in roughly 394-year periods known as Baktuns. Thirteen was a significant, sacred number for the Mayas, and the 13th Baktun ends around Dec. 21, 2012.

At Cornell University, Ann Martin, who runs the "Curious? Ask an Astronomer" Web site, says people are scared, because a significant time period for the Mayas does end on the date, and enthusiasts have found a series of astronomical alignments they say coincide in 2012, including one that happens roughly only once every 25,800 years.

But most archaeologists, astronomers and Maya say the only thing likely to hit Earth is a meteor shower of New Age philosophy, pop astronomy, such as one on the History Channel which mixes "predictions" from Nostradamus and the Mayas and asks: "Is 2012 the year the cosmic clock finally winds down to zero days, zero hope?"

The broken ruined stone tablet was found in the obscure rubbles in southern Mexico in the 1960, at the road construction site. The stone’s parts had been looted. But it's unique in that the remaining parts contain the equivalent of the date 2012. The inscription describes something that is supposed to occur in 2012 involving Bolon Yokte, a mysterious Mayan god associated with both war and creation.

Archaeologist Guillermo Bernal of Mexico's National Autonomous University interprets the last eroded glyphs as maybe saying, "He will descend from the sky."

Some say the Maya knew another secret: the Earth's axis wobbles, slightly changing the alignment of the stars every year. Once every 25,800 years, the sun lines up with the center of our Milky Way galaxy on a winter solstice, the sun's lowest point in the horizon. That will happen on Dec. 21, 2012, when the sun appears to rise in the same spot where the bright center of galaxy sets.

Coincidence for the End of the World?
(From Yahoo news)

htoo said...

အနှစ် ၂၀ ကျော်ပြီ။
နေလည်း ကြပ်ပေါင်းများပြိ၊ လ လည်းကြပ်ပေါင်းများပြီ
ဦးသန်းရွှေကြီးလည်း အခါခါသေပြီးနေပြီ။
ဗေဒင်ယုံပြီး ဖြစ်ချင်တာတွေ ထိုင်မျော်နေတာ သဘောပေါက်ကြဖို့ ကောင်းပြီ။