Monday, 19 October 2009

အခုတလော နာမည်ကြီးနေတဲ့ မော်ဒယ်မလေး ဂျင်းနီ



သူလေးကတော့ အခုတလော နာမည်ရလာတဲ့ အဆိုတော် နှင့် မော်ဒယ်မလေး ဂျင်းနီ ပါ။ သူ့နာမည်အရင်း က''ဟန်နွေငြိမ်း'' ပါ။ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ ''အမေဆိုတာ တစ်ခါတုန်းက သမီးပါပဲ'' မှာလည်း ကလေးသရုပ်ဆောင် ဝင်လုပ်ဖူးပါတယ်။ ဆိုကရေးတီး ပြိုင်ပွဲတွေ မှာလည်း မြန်မာအကနဲ့ ဆုတံဆိပ်တွေ အများကြီး ချိတ်ခဲ့သေးတယ်။ Hip Hop နယ်ပယ်မှာ သူ (Featuring) တွေ ဝင်ဆိုတော့လည်း အောင်မြင်ပြန်ရော။ သူ့အဆိုတော် နာမည်ကကျတော့ Jenny သူ့အဖွဲ့နာမည် Witch ။ သရုပ်ဆောင် အလုပ်နဲ့ပတ်သတ်ပြီး ဂျင်းနီ က “အရမ်းကြီး ဝါသနာပါတာ မျိုးတော့ မဟုတ်ဘူး။ ကိုယ်ဆိုထားတဲ့ သီချင်းလေးတွေမှာ VCD သရုပ်ဆောင် အနေနဲ့တော့ ရှိတယ်။ အနုပညာရှင် ဆိုတာကတော့ ငါ ဟိုဟာမလုပ် ဘူး၊ ဒီဟာ မလုပ်ဘူး ဆိုပြီး အဲလို ငြင်းလို့တော့လည်း မရဘူး ပေါ့နော်။ အခွင့်အရေးရမယ်၊ ကိုယ်လည်း လုပ်ကွက်ရှိမယ် ဆိုရင်တော့ လုပ်ဖြစ်မယ် ထင်ပါတယ်” လို့ပြောပါတယ်။ မော်ဒယ် ဂျင်းနီ ရဲ့ အလှပုံတွေကို ဒီမှာ ဆက်ကြည့်နိုင် ပါတယ်။ Hip Hop အဆိုတော် ကြက်ဖ နဲ့ တွဲဆိုထားတဲ့ အချေအတင် သီချင်းကို ဂျင်းနီ က လှလှပပ ကြွကြွလေး Live Featuring လုပ်ထားတဲ့ MTV ကိုတော့ ဒီမှာ ကြည့်ပါ။



စာဖတ်ပရိသတ်များအတွက် ဤနေရာမှ ကူးယူဖော်ပြသည်။

8 comments :

Anonymous said...

ကိုမိုးသီး ခင်ဗျား၊
ဒီ post ကတော့ ခင်ဗျား blog နဲ ဘာမှ မဆိုင်ဘူး ထင်တယ်၊၊

Anonymous said...

မိုးသီးရေ
ငါငယ်ငယ်က နင်ဘယ်ရောက်နေလဲဟင်လို့ 
မေးလိုက်ချင်တော့တယ်။ ဒီကလေးမလေးလှချက်ကတော့
တို့ မိကျောင်းကန်မှာ မတွေ့ ဘူးပါဘူးကွာ။
ကိုဝီစင်း

Anonymous said...

အခုလို အသိအမှတ်ပြုဖော်ပြပေးတဲ့ အတွက် ဂျင်းနီရဲ့ ပရိသတ်တစ်ယောက် အနေဖြင့်ကျေးဇူးတင်ရှိပါကြောင်း။

KTZM
လသာ (၂)
ခေတ္တ-ယူစက်အေ

Anonymous said...

Jenny,

We love you and we are so proud of you.

Friends from China Town
Yangon

Anonymous said...

ပါးချိုင့်ကလေးနဲ့ ပုံပြောကောင်းသူ ဟန်နွေငြိမ်းဆိုတဲ့ ကောင်မလေးကို ၃၈ဖြာမင်္ဂလာ ပုံပြင်တွေ ကြည့်ဖူးသူတိုင်း သိနေကြမှာပါ။ ပုံပြောကောင်းတဲ့ တစ်ချိန်ကဟန်နွေငြိမ်းဟာ ပုံပြင်တွေထဲမှာ ကိုယ်တိုင်ကလည်း ပီပြင်စွာ ကလေးသရုပ်ဆောင်အဖြစ် အကျွမ်းတ၀င်ရှိခဲ့ပေမယ့် အခုတော့ သရုပ်ဆောင် ဟန်နွေငြိမ်းဆိုတဲ့ ဘ၀ထက် အဆိုတော် ဂျင်းနီဘ၀ကို ပိုမိုခုံမင်နေသူပါ ...။ သူမက ရန်ကုန်မြို့သူ စစ်စစ်ဖြစ်သလို ငယ်ငယ်ကတည်းက လသာမြို့နယ်မှာ နေခဲ့တာ ခုချိန်ထိပါပဲလို့ ဆိုပါတယ်။ ရန်ကုန်မြို့က သွားရေးလာရေးလည်း အဆင်ပြေသလို စားစရာတွေကလည်း အစုံအလင်ရှိတာကြောင့် ရန်ကုန်မြို့သူဖြစ်ရတာ ကျေနပ်ပါတယ်တဲ့။ သူမကတော့ ဘယ်နေရာတွေမှာ Game Cityတွေရှိနေတယ်ဆို တာအကုန်နီးပါး သိနေတယ်။ ဂိမ်းကစားရတာကို အရမ်းနှစ်သက်လို့ပါလို့ ဆိုပါတယ်။ သူမရဲ့ ငယ်ဘ၀ပုံရိပ်တွေက ...

ဂျင်းနီတို့အိမ်က လမ်းမတော်မြို့နယ်မှာပါ။ ရန်ကုန်က လူတွေအများစုက ပြောနေကြတဲ့ တရုတ်တန်းဆိုတာ ဂျင်းနီတို့လမ်းထိပ်တွေလေ။ ငယ်ငယ်ကတည်းက ဒီနေရာလေးမှာ နေခဲ့တာ ခုချိန်ထိပဲ ဆိုပါတော့။ တရုတ်တန်းဆိုတာ စားစရာတွေ အစုံရှိတယ်။ ဒါ့ကြောင့်လားမသိဘူး။ ဂျင်းနီက အစားအသောက် အရမ်းခုံမင်တယ်။ ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာ အစားအသောက်ကောင်းကောင်းတွေ ရှိလဲဆိုတာ ဂျင်းနီတို့က သိနေတယ်။ ဥပမာ စိမ်းလန်းစိုပြေက ၀က်သားတုတ်ထိုး၊ ကျောက်မြောင်းက ဒိန်ချဉ် ဒါတွေက စားနေကြတွေလေ။ ပြီးတော့ ရခိုင်မုန့်တီနဲ့ မုန့်ဟင်းခါးဆိုလည်း မလွတ်တမ်း အကြိုက်ဆုံးပဲ။

ဂျင်းနီ ငယ်ငယ်ကနေခဲ့တဲ့ ကျောင်းတော်ကြီးက အထက(၂)လသာ အမျိုးသမီးကျောင်းပေါ့။ သူငယ်တန်းကနေ ၁၀တန်းအောင်တဲ့အထိ နေခဲ့တာပါ။

ခုကွန်ပျူတာတက္ကသိုလ် နောက်ဆုံးနှစ်ပါ။ ငယ်ငယ်တုန်းကတော့ သရုပ်ဆောင် လုပ်ရတာကို ၀ါသနာပါတယ်။ ၄တန်းလောက်မှာပဲ မြန်မာအသံကလွှင့်တဲ့ ၃၈ဖြာမင်္ဂလာ အစီအစဉ်တွေမှာ ကိုယ်တိုင်ပုံပြောတယ်။ မပြောဖြစ်ရင် သရုပ်ဆောင်တယ်။ အေရိုးဗစ် ကစားဆိုရင်လည်း ဂျင်းနီက ထိပ်ဆုံးကပဲ။ မှတ်မိသေးတယ်။ ငါးတန်းနှစ်မှာ အေရိုးဗစ်ပြိုင်ပွဲရှိတယ်ဆိုတော့ သူငယ်ချင်းတွေစုပြီး ကျောင်းမှာအိပ်ကြရတာ။ အိမ်နဲ့ခွဲပြီး တစ်ခါမှ အပြင်မှာ မအိပ်ဖူးဘူးလေ။ ခုချိန်အထိ သူငယ်ချင်းတွေဆုံဖြစ်ရင် ဒီအကြောင်းလေးက အမြဲတမ်း ပြောနေကြပဲ။ အခုတော့ ဂျင်းနီသရုပ်ဆောင်လုပ်တာထက် အဆိုတော်ကို ပိုလုပ်ဖြစ်မယ်ထင်တယ်။ လုံးဝ သရုပ်ဆောင် မလုပ်တာကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်သီချင်းလေးတွေမှာ ဆိုရင်တော့ ကိုယ်တိုင်သရုပ်ဆောင်ဖြစ်တယ်။ “ရန်ကုန်မြို့မှ ကြိုဆိုပါ၏” ဒီဗီဒီကားလေးလည်း လက်ရှိရိုက်နေတယ်လေ။ အဆိုတော်ဘ၀ကိုတော့ ဂျင်းနီက ပိုပြီးနှစ်သက်တယ်လို့ ထင်ပါတယ်။

ရန်ကုန်မြို့သူဖြစ်ရတာ ဂျင်း နီကျေနပ်တယ်။ အဓိကအချက်ကတော့ သွားရေးလာရေး အဆင်ပြေတယ်။ အကြိုက်ဆုံးနေရာတွေ ဆိုရင်လည်း အများကြီးပဲ။ တန်ခိုးကြီးဘုရား ရွှေတိဂုံဆိုရင်လည်း ရန်ကုန်မှာရှိတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ရန်ကုန်မြို့ရဲ့ တချို့လှပတဲ့ နေရာလေးတွေကို လူတွေ ဖျက်ဆီးနေကြတယ်။ လှပနေတဲ့ ပန်းခြံထဲက ပန်းတွေကို တချို့ခူးပစ်နေတာတွေ၊ သန့်ရှင်းနေတဲ့ လူသွားလမ်းတွေမှာ ကွမ်းတံတွေးတွေ ထွေးကြတာ ဒါတွေမလုပ်သင့်ဘူးလို့ ထင်တယ်။ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ကိုယ်တိုင်လှပဖို့ ထိန်းသိမ်းရမှာလေ။ ဒါကတော့ ရန်ကုန်မြို့ကြီး ပိုပြီးသန့်ရှင်းစေဖို့ ဂျင်းနီရဲ့ ရင်ထဲကဆန္ဒပါ။

Credit: အတာ (7Day News Journal, Vol. 8, No. 31)

Anonymous said...

ခေတ်သစ်လူငယ်တွေရဲ့ တီထွင်သော အနုပညာ ကို အသိအမှတ်ပြုရင်း လမ်းကြောင်းမှန်တွေဆီကို ရောက်ရှိလာစေအောင် အားပေးသင့်ပါတယ်။

သူတို့ရဲ့ တေးဂီတ တီထွင်ဖန်တီးမှုကို ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ပြည်သူက ချစ်တဲ့ ပြည်သူ့အနုပညာရှင်တွေဖြစ်ဖို့ က ပိုပြီး အဓိက ကျပါတယ်။

ဆက်လက်အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်။

Anonymous said...

မြန်မာပြည် မှာ နအဖ က sport တွေ entertainment တွေနဲ. ပြည်သူတွေ ကို အားရပါးရ ပြုစုထားလို. လုံလောက် နေပါပြီ။
We want
more than media.
We need
more than entertainment too.

Anonymous said...

မြန်မာပြည် မှာ နအဖ က sport တွေ entertainment တွေနဲ. ပြည်သူတွေ ကို အားရပါးရ ပြုစုထားလို. လုံလောက် နေပါပြီ။
We need
more than entertainment too.