Friday, 23 October 2009

အမေရိကန် အစိုးရ ရဲ့ ပေါ်လစီသစ်ပေါ် ကျနော်အမြင် ( မိုးသီးဇွန် )

Kurt M. CampbellAssistant Secretary, Bureau of East Asian and Pacific Affairs
ရဲ့ တင်ပြချက်တွေကို ကြည့်ရင်

1- မြန်မာ နိင်ငံမှာအခြေအနေသိပ်ဆိုးနေတယ်။
2- စီးပွားရေးပိတ်ဆို့ မှုကရော၊ စေ့စပ်ဆွေးနွေးမှုကရော တိုးတက်အောင်မလုပ်နိင်သေးဘူး။
3- မြန်မာ့ ပြဿနာက အိမ်တွင်းရေးပြဿနာ တခုတည်းတော့မဟုတ်တော့ဘူး၊ဒေသဆိုင်ရာပြဿနာ အဖြစ် ပေါ်ပေါက်လာပြီ။
4- မြောက်ကိုးရီးယားနဲ့ မြန်မာ ဆက်ဆံရေးကို အမေရိကန် က အမြင်မကြည်ဘူး။ ခံစားချက်မကောင်းဘူး။
5- နအဖ က အမေရိကန်နဲ့ ပြေလည်ချင်တဲ့ဆက်ဆံရေးကို ပြတာတွေ့ ရပါတယ်။
6- မြန်မာ ဟာလည်း အမေရိကန် ရဲ့ အကျိုးစီးပွားလို့  ခံယူပါတယ်။
7- မြန်မာ အရေးကိုလုပ်ဆောင်တဲ့နေရာမှာ နအဖ ၊ ဒီမိုကရေစီအင်အားစုများ နဲ့  အန်ဂျီအိုတွေနဲ့ ပါ ညှိနှိုင်းသွားပါမယ်။
8- ပြောင်းလဲလိုက်တဲ့ပေါ်လစီသစ်ရဲ့  အဓိက ချဉ်းကပ်မှု ပုံစံကတော့ အဆင့်မြင့် သံတမန် ဆက်ဆံရေး ဖြစ်ပါတယ်။
9- ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး၊ တိုင်းရင်းသားတွေပေါ် နအဖ က ဖိနှိပ်နေတာတွေကိုဆက်လက် ကန့် ကွက် ဖိအားပေးနေမယ်။
10- စီးပွားရေပိတ်ဆို့ မှု ကိုဆက်ထားမယ်။ စီးပွားရေးပိတ်ဆို့ မှုကြောင့်မြန်မာ လူထုထိခိုက်တာမဟုတ်ဘူး။ နအဖ ရဲ့ အုပ်ချုပ်ရေး ညံဖျင်းမှုကြောင့်သာဖြစ်တယ်။

ဒီအချက်တွေကိုကြည့်ရင် အမေရိကန် ရဲ့ ပေါ်လစီက၁၈၀ ဒီဂရီပြောင်းသွားတယ်လို့  ပြောလို့ မရဘူး။ ထူးခြားမှုတခုကတော့ အစိုးရ ဆက်ဆံရေးမှာအဆင့်မြင့် သံတမန် ဆက်ဆံရေးကိုတည်ဆောက်မယ်။ မြောက်ကိုးရီးယားနဲ့ နအဖ ဆက်ဆံရေးကိုအမေရိကန် က အလေးထားတာကိုပြသနေတယ်။ နောက်ထပ် နအဖ အနေနဲ့  မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ဖြစ်ပေါ်လာတာနဲ့ အမေရိကန်နဲ့  ထိပ်တိုက် ပြောဆိုရတဲ့ အနေထားကိုရောက်လာနိုင်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးရင်၊ တိုင်းရင်းသားဒေသတွေမှာ နအဖ က စစ်ရေးအရကျူးကျော်နေတာတွေကိုမရပ်ရင်၊ လူအခွင့်အရေးချိုးဖေါက်မှုတွေကို မရပ်ရင် အမေရိကန် က စီးပွားရေးပိတ်ဆို့ မှု ကို ရပ်မှ မဟုတ်ဘူးလို့ နားလည်နိင်တယ်။ နအဖ နဲ့ အမေရိကန် သံတမန် ဆက်ဆံမှုကို တော့ပိုမို မြင်တွေရလာနိုင်တယ်။

အမေရိကန် မြန်မာ အရေးမှာ ၀င်ရောက်လာတာ ကတော့ ကောင်းတယ်လို့ ကျနော်မြင်တယ်။ စစ်တပ်ထဲမှာ တပ်မတော်ကို အမေရိကန် တပ်မတော်လိုခေတ်မှီ တဲ့ Professional Army တရပ်လို ရပ်တည်ခြင်တဲ့ တပ်မတော်သားတွေအတွက် ဒါဟာ အကျိုးရှိနိင်တယ်။ အမေရိကန် ၀င်ရောက်လာခြင်းအားဖြင့် စစ်တပ်ထပ်မှာ သန်းရွှေမိသားစု ချုပ်ကိုင်ချယ်လှယ်နေတာတွေကို ကန့် သတ်လာနိင်တယ်။ လျှော့ချလာနိင်တယ်။ တရုပ်က မြန်မာ အရေးမှာတဖက်သတ် လွှမ်းမိုနေတဲ့အခြေအနေကို ထိန်းညှိပေးလာနိုင်တယ်။

မြန်မာအစိုးရအဆက်ဆက်ပေါ်မှာ တရုပ်က တနိုင်ငံထည်းက စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးသြဇာလွမ်းမိုးနေမှုကို ရပ်တန့် ဖြစ်နိင်ဖို့ လိုနေပြီ။ လက်ဝါးကြီးအုပ်ချုပ်ကိုင်နေမှု ကို ဒီချဉ်းကပ်မှုနဲ့ ချေဖျက်သင့်တယ်လို့  ကျနော်မြင်တယ်။ ( Balance of Power) .

အမေရိကန် ၀င်လာရင်ဘယ်သူတွေအကျိုးရှိမလဲ။ ရေရည်မှာ ပြည်သူလူထု၊ ဒီမိုကရေစီအင်အားစု၊ တပ်မတော်သားတွေ အကျိုးရှိနိင်တယ်။ အမေရိကန်စီးက ပညာရေး၊ စစ်ရေး၊နည်ပညာနဲ့  စီးပွားရေး ဖွံ့ဖြိုးမှုတွေကို အားလုံးမျှဝေခံစားနိင်တယ်။ အမေရိကန်ဝင်လာမှာ ကို စိုးရိမ်ရမှာဟာ သန်းရွှေမိသားစု သာဖြစ်လိမ့်မယ်။

(ကိုးကန့် ကိစ္စမှာ တရုပ်ကအတော်လေးကို ဒေါသထွက်တယ်။ တရုပ်ပြည်တွင်းမီဒီယာတွေမှာ မြန်မာ ကိုပညာပေးဖို့ လို ပြီလို့ တောင်ရေးကြတယ်။ ဒီအချက်က တရုပ်ငြိုငြင်မှုကို နအဖခံလာရတယ်။ ဒီအခြေအနေက အမေရိကန် ဖက်ကို ခြေဦးလှည့်စရာ ဖြစ်လာပုံလည်းရတယ်လို့ ကျနော်ယူဆတယ်။ )

နောက်စဉ်းစားစရာတခုကတော့ တရုပ်ကိုယ်တိုင်က အမေရိကန် နဲ့ နအဖ ကိုပြေလည်ခြင်ပုံရတယ်လို့ ကျနော်ယူဆတယ်။ တရုပ်ကိုယ်တိုင်က အမေရိကန် မြန်မာ ပြည်ကို ၀င်လာမှာကိုစိုးရိမ်ပုံမရှိဘူးလို့  ယူဆတယ်။
- မိုးသီးဇွန် -

1 comment :

Anonymous said...

ပိတ်စို့ မဟုတ်ဘူး ပိတ်ဆို့ပါ။ ကိုမိုးသီးဟာ စလုံးနဲ့ ဆလိမ် မကွဲဘူး။