Tuesday, 13 October 2009
ကမ္ဘာပျက် မဲ့  ၂၀၁၂ ရုပ်ရှင်ကား
ခင်ဗျား ဘာသာ ခင်ဗျား ဘယ်မှာပဲနေနေ ၊ ဘယ်ဘာသာပဲယုံယုံ၊ ကမ္ဘာကြီးကတော့ ၂၀၁၂ ခုနစ်မှာ ပျက်ဆီးပါတော့မယ်လို့  ဟောလီဟုဒ် ရုပ်ရှင် ဒါရိုက်တာ Roland Emmerich က ဟောကိန်းထုတ်ထားပါတယ်။ သူရဲ့  ၂၀၁၂ ဆိုတဲ့ရုပ်ရှင်ကားကတော့
ရုံမတင်ရသေးခင်ကတည်းက လူတွေရဲ့ စိတ်ဝင်စားအားပေးမှုကို အကြီးအကျယ်ရထားပါတယ်။ သဘာဝပတ်ဝင်းကျင်တွေ ပျက်ဆီး
ယိုယွင်းလာမှုကြောင့် ကမ္ဘာကြီးပူနွေးလာတယ်။ ဟိမ၀န္တတောင် က ရေခဲတွေရေပျော်ကြရက ရေလွမ်းမိုးမှုဖြစ်ပြီးကမ္ဘာကြီး ပျက်ဆီးသွားပုံကိုတင်ဆက်ထားပါတယ်။ ဒီနေ့  သဘ၀ပတ်ဝန်းကျင်တွေပျက်ဆီးနေပုံက ကြောက်ခမန်းလိလိဖြစ်နေပါတယ်။
ရေကြီးမယ်။ငလျင်လှုပ်မယ်။ ဆူနားမိတွေဖြစ်မယ် စသဖြင့် ပညာရှင်တွေထုတ်ထားတဲ့ဟောကိန်းတွေက အလွန်မှန်လာတယ်။
သိပ်မကြာတော့ပဲ ကျနော်တို့  မျိုးဆက်မှာကိုပါမြင်ရမဲ့အရာတွေဖြစ်နေပါတယ်။ ဘန်ကောက်မြို့ ၊ နယ်သာလန်နိင်ငံ၊ မော်လဒိုက်ကျွန်းစုနိင်ငံ တွေဟာ ရေအောက်ထဲမှာနစ်မြုပ်ပျောက်ကွယ်တော့မယ်လို့ ဟောကိန်းတွေထွက်နေပါတယ်။
နောင်မကြာခင်မှာ ဒုက္ခသည်ဆိုတာဟာ ဘာသာရေး၊နိင်ငံရေးစနစ်ဆိုးတွေကြောင့်တင်မဟုတ်တော့ပဲ သဘ၀ပတ်ဝန်းကျင်ပျက်ဆီးမှုကြောင့်ပါ ဒုက္ခသည်တွေတိုးပွားလာမယ်လို့ လည်းဆိုတာပါတယ်။ ဒီနေ့ ကမ္ဘာသစ်ဖြစ်စဉ်မှာ အရှင်းစနစ်ရဲ့ ဆိုးကျိုးတွေကို ကျနော်တို့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
ဒီအခြေအနေတွေကို ၂၀၁၂ ရုပ်ရှင်ကား က သွယ်ဝိုက်ပြီး သတိပေးထားပါတယ်။ ကြည့်သင့်တဲ့ ကား တကားလို့ ပြောပါရစေ။ နမူနာ ကြေညာ ထားတာကိုတင်ဆက်လိုက်ပါတယ်။
at 10:18
Subscribe to:
Post Comments
(
Atom
)
1 comment :
ok
Post a Comment