Saturday 3 October 2009

ဒေါ်အောင်ဆန်းစုကြည်အား နအဖ ဆက်ဆံရေး ဝန်ကြီးတွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်အား နအဖ ဆက်ဆံရေး ဝန်ကြီးတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ အောက်တိုဘာလ ၃ရက် နေ့လည်တနာရီခန့်က နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က စ်ီမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ခေါ်ယူတွေ့ဆုံဆွေးနွေးကြောင်း သတင်းရရှိပါသည်။ ဆွေးနွေးပွဲမှာ ၄၅မိနစ်ခန့် ကြာခဲ့ပြီး ၁နာရီ ၄၅ မိနစ်ခန့်တွင် နေအိမ်သို့ပြန်လည် ခေါ်ဆောင်သွားသည်ဟု သိရပါသည်။

ဆွေးနွေးချက်များကို ထုတ်ပြန်ကြေငြာမည် မကြေငြာမည်ကို မသိရသေးပါ။ နိုင်ငံရေး အသိုင်းအဝိုင်းမှ သုံးသပ် ပြောဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံပေးစာ နှင့် ပတ်သက်၍ တုံ့ပြန်ဆွေးနွေးမှူ တခုလဲဖြစ်နိုင်သလို အမေရိကန်၏ ပေါ်လစီ အပြောင်းအလဲ အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးညှိနှိုင်း နေသည်ဆိုသော အချက်ကို ပြလိုသည့် ပြယုတ်တခု လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေပါသည်။

ဆက်ဆံရေးဝန်ကြီးဆိုသော ရာထူးတခုကို ဖန်တည်း၍ ဦးအောင်ကြည်အား ဝန်ကြီးခန့်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်းမှုများကို ၂၀၀၇ ခုနှစ်နှစ်ကလည်း ပြုလုပ်ခဲ့ဘူးသော်လည်း ထူးခြားသော ဖြစ်ပေါ်ပြောင်းလဲမှု တစုံတရာ မရှိပဲ နအဖမှ တဖက်သတ်ရပ်ဆိုင်းခဲ့ပါသည်။
နောက်ပိုင်းတွင် ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်ခြံတွင်းသို့ ဝင်ရောက်သည့် ကိစ္စနှင့်ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တောင်ဒဏ်၃ နှစ် ချခဲ့ပြီးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန်ဖြင့် ထောင်ဒဏ် တနှစ်ခွဲ သို့ပြောင်းကာနေအိမ် အကျယ်ချုပ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ မနေ့ကပင် ထိုအမှုနှင့်ပါတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို ရန်ကုန်တိုင်းတရား ရုံးက ပယ်ချခဲ့ပါသည်။

သုံးသပ်သူများက မည်သို့ပင် ဖြစ်စေကာမှု ဆွေးနွေးမှုသည် စိတ်စေတနာ မှန်ကန်ပါက ကောင်းမွန်သော တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်သောကြောင့် ကြိုဆိုသင့်သည် ဟုပြောပြသွားပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

1 comment :

min said...

ဝဋ်ရှိသရွေ့တော့ခံကြရအုံးမှာဘဲလက်ရှိအစိုးရလို့ခံယူ
ထားတဲ့စစ်ဘီလူးသန်းရွှေနဲ့သူ့နောက်လိုက်စစ်ခွေးတွေ
ကပြည်သူနဲ့သံဃာတော်တွေကိုနည်းမျိုးစုံနဲ့နှိတ်စက်
ညှင်းပန်းတယ်.ပြည်ပမှာခေါ်င်းဆောင်ဆိုပြီးနေရာယူ
လူတွင်ကျယ်လုပ်နေတဲ့NCGUBကခေါ်င်းရှောင်ကြီးတွေ
နဲ့သူ့နောက်လိုက်တွေကပြည်သူတွေကိုအမျိုးမျိုးညာပြီး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ငွေတွေကိုနည်းမျိုးစုံနဲ့ဘုံးပြီး
ကိုယ်ကျိုးအတွက်သုံးနေရတာမဝလို့နိုင်ငံတစ်ကာကို
လှည့်ပတ်ပြီးတောင်းရုံကလွဲပြီးဘာမှမလုပ်တတ်ကြ
တော့ခံကြပေအုံးပေါ့ပြည်သူတွေရယ်ဝဋ်ရှိသရွေ့ပေါ့လေတော်တော်ရင်နာဖို့ကောင်းသလိုတော်တော်လည်းရှက်
ဖို့ကောင်းပါတယ်ဗျာ.ပြည်သူတွေအတွက်အဆုံးစွန်ပေး
ဆပ်နေတဲ့ပြည်သူတွေတစ်ကယ်ချစ်တဲ့ဒေါ်အောင်ဆန်း
စုကြည်ကမြန်မာနိုင်ငံတော်ကြီးနဲ့တကွပြည်သူတွေအ
တွက်အစစအရာရာပေးဆပ်စွန့်လွှတ်အနစ်နာခံနေချိုန်
မှာအဝေးရောက်ခေါ်င်းဆောင်ဆိုတဲ့လူးတွေကသူမလွတ်
မြောက်ရေးအတွက်ထိရောက်တဲ့လုပ်ဆောင်ချက်တွေ
ထင်ရှားတဲ့သာဓကတွေဘယ်နှစ်ခုများလုပ်ဆောင်နိုင်ပါ
သလဲ.လက်လှမ်းမိတဲ့သူမရဲ့သားနှစ်ယောက်ကိုရောဘာ
တွေများနှုတ်နဲ့သော်လည်းကောင်းလက်နဲ့သော်လည်း
ကောင်းစောင့်ရှောက်ဘူးပါသလဲ.ခင်ဗျားတို့စားနေတဲ့အ
စားအသောက်ခင်ဗျားတို့ခံစားနေတဲ့စည်းစိမ်တွေဟာ
ဖြုစင်မှု့ရှိရဲ့မရှိရဲ့ဆိုတာခင်ဗျားတို့ဟာခင်ဗျားတို့အသိ
ဆုံးပါဘဲ.သံသရာဆိုတာဘယ်လောက်ကြောက်စရာ
ကောင်းလဲဆိုတာတော့အသက်ကြီးလို့လူကြီးတွေဖြစ်နေ
တဲ့ခင်ဗျားတို့ကကျနော်ထက်ပိုသိမှာပါ.