Friday, 2 October 2009

ဒေါ်စုနဲ့ နိင်ငံရေးအကျဉ်းသားတွေကိုမလွှတ်ရင် စီးပွားရေးပိတ်စို့ မှု ဆက်ရှိမယ်။

ဝါရှင်တန်

ဆီိးနိတ်လွှတ်တော်ကြားနာပွဲမှာ အရေးယူပိတ်ဆို့ရေးကို ဆန္ဒပြခဲ့ကြတယ် အမေရိကနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ရေးပေါ်လီစီဟာ စတင်ဖိအားပေးပြုလုပ်လာတဲ့အချိန်ကစလို့ မြန်မာစစ်အစိုးရ အနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲလာအောင် ဘယ်လောက်များ ထိရောက်မှူ ရှိခဲ့သလဲ ဆိုပြီးတော့ ဆီးနိတ်လွှတ်တော်ခန်းမထဲမှာ အထက်လွှတ်တော်အမတ် ဂျင်ဝဘ်က ဦးဆောင်ပြီး အဓိက ဆွေးနွေးသွားတယ်၊

အဲဒီ စက်တင်ဘာ ၃၀ နေ့က ပြုလူပ်တဲ့ကြားနာပွဲမှာ အမေရိကနိုင်ငံခြားရေးဝန်ကြီးဌါန အာရှပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားဝန်ကြီး ကာတ်ကမ့်ဘဲလ်၊ဂျော့ချတောင်းတက္ကသိုလ် အာရှလေ့လာရေးပါမောက္ခ ဒေဗစ်စတိုင်းဘတ်၊ အင်ဒီယာနားတက္ကသိုလ် ဥပဒေပါမောက္ခ ဒေးဗစ်ဝီလျံနဲ့ တခါကကုလအတွင်းရေးမှူးချူပ်လုပ်ခဲ့တဲ့ ဦးသန့်ရဲ့မြေး သမိုင်းပညာရှင်လို့ခေါ်တဲ့ ဦးသန်းမြင့်ဦးတို့က စာတမ်းဖတ်ပြီး ဆွေးနွေးသွားကြတယ်၊သာသနာဥသျှောင်ဆရာတော်ဦးစန္ဒောဘာသ၊ဦးပညာဇေါတ၊ ဒေါက်တာအရှင်နာယက နဲ့ ဦးအောင်စောဦး အပါအ၀င် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ တက်ရောက်ကြားနာခွင့် ရခဲ့ကြတယ်၊ အမေရိကနိုင်ငံရဲ့စီးပွါးရေးပိတ်ဆို့မှူတွေကိုလျှော့ချခဲ့လို့ ဗီယက်နမ်နိုင်ငံဟာအရင်ကထက် ပိုမိုပွင့်လင်းလာတယ်ဆိုတဲ့ကောက်ချက်ကို ယုံကြည်တဲ့ အထက်လွှတ်တော်အမတ် ဂျင်ဝဘ်ဟာ ခုလဲဘဲ အရေးယူပိတ်ဆို့မှူကို လျှော့ချရုံတင်မက ဖယ်ရှားချင်တဲ့သူဖြစ်တယ်၊ ဒီတော့ သူ့ကိုဆန့်ကျင်ကန့်ကွက်တဲ့မြန်မာဒီမိုကရေစီ အင်အားစုတွေက မြန်မာဟာ ဗီယက်နမ် မဟုတ်ဘူးဆိုတဲ့ စာတမ်းပါတီရှပ်ကို ၀တ်ြ့ပီး ဆီးနိတ်လွှတ်တော်ခန်းမထဲမှာ တက်ရောက်ပြီးဆန္ဒပြနေခဲ့ကြနိုင်တယ်၊အမေရိကလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာတ်ကမ့်ဘဲလ် ကနေပြီးတော့ ဒီအချိန်မှာ လောလောဆယ် အရေးယူပိတ်ဆို့မှူတွေကို လျှော့ချလိုက်ချင်းဟာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် နှစ်ပေါင်းများစွာကြိုးပမ်းဆောင်ရွက်နေသူတွေအပြင် လုပ်ဖေါ်ကိုင်ဖက် နိုင်ငံတွေအနေနဲ့ကော အထင်လွှဲမှားစရာဖြစ်သွားနိုင်သလို စစ်အစိုးရအနေနဲ့လဲ အဓိပ္ပါယ်တမျိုးကောက်ယူသွားနိုင်တယ်ဆိုပြီး ဆွေးနွေးတယ်၊ ပါမေက္ခဒေးဗစ်စတိုင်းဗတ်က စစ်အစိုးရလို့ နာမည်ထုတ်ပြီးဆွေးနွေးသွားတယ်။

ဦးသန့်ရဲ့မြေးဖြစ်သူ ဦးသန်းမြင့်ဦးက စစ်အစိုးရလို့ ခေါ်တာသူမကြိုက်ဘူးဆိုတော့ ပါမောက္ခဒေးဗစ်စတိုင်းဗတ်က ရီလိုက်သေးတယ်၊ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆိုပြီးပြောဆိုဆွေးနွေးနေလို့ဘဲဖြစ်တယ်၊ ဦးသန်းမြင့်ဦးကဆွေးနွေးသွားရာမှာစာတမ်းမှာပါလို့သာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို တချက်သာထုတ်ဖေါ်ပြောဆိုပြီး စီးပွါးရေးပိတ်ဆို့မှူကို လုံးဝမလုပ်ဖို့ တင်ပြသွားတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျည်းသားတွေလွတ်မြောက်ရေးရှိမှသာ စီးပွါးရေးပိတ်ဆို့မှူတွေကို ဒါမှမဟုတ် ပြုပြင်ပြောင်းလဲမှူတွေကို မပြုလုပ်သမျှ အရေးယူပိတ်ဆို့မှူတွေပြောင်းလဲမှာ မဟုတ်ဘူးလို့ပြောဆိုသွားတဲ့သူကတော့ လက်ထောက်နိုင်ငံခြားရေး န်ကြီးကတ်ကမ်ဘဲလ်ဖြစ်တယ်၊ဦးသန်းမြင့်ဦးဟာ မြန်မာနိုင်ငံသားတဦးဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ဘာကြောင့်များ နာမည်ထုတ်ဖေါ်ပြီး မပြောဆိုသလဲဆိုတာစဉ်းစားစရာဖြစ်နေတယ်၊ ဒါကြောင့်လဲ အမေရိကအစိုးရနဲ့ ဒီလိုကိစ္စတွေရှိလာရင် ပြုပြင်ပြောင်းလဲရေး အသွင်ကူးပြောင်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်တော့မယ် ဒါမှမဟုတ် ပြုလုပ်ကြမယ်ဆိုရင် ဒီမိုကရေစီအင်အားစုတွေဘက်က ပြောဆိုဆွေးနွေးပါဝင်ဖို့လိုတယ်၊

ခိုင်အောင်ကျော် (စစ်တွေ)

2 comments :

Anonymous said...

အဲ့ဒီဦးသန်းမြင့်ဦးဆိုတဲ့နွားကိုဘယ်သူကခေါ်လို့ရောက်လာတာလဲ တက်ရောက်ရမယ့်လူတွေစာရင်းကိုဘယ်သူ ကအဆိုတင်သွင်းတာလဲ အမေရိကားမှာဖြစ်နေတဲ့အတွက် တော်လှန်အင်အားစုတွေက အရးကြီးတဲ့အခန်းက ပါဝင်နိုင်ဘို့ရာ လက်ဦးနေရာယူထားဘို့ ကြိုးပန်းအားထုတ်သင့်ပါကြောင်း

Anonymous said...

ဟုတ်တယ် ဒင်းက ဘာမို့လို့ တက်ခွင့်၇တာလဲ ။ အလကား မြန်မာနိုင်ငံအကြောင်းဘာသိလို့လဲ။ စစ်အစိုးရမခေါ်လို့ ဖာခေါင်းအစိုးရလို့ ခေါ်ပေးရမှာလား။ ဦးသန့်မြေးဖြစ်တိုင်း လက်ခံမယ် မထင်နဲ့။ နိုင်ငံအတွက် ဘယ်ထောင့်ကနေ ဘာလုပ်ပေးဖူးလဲ။ နအဖတွေရဲ့ အရိုက်အသတ်ခံရသူတွေကို စာနာဖို့ သတိမရဘူး။ အတင်းဖျာခင်းနေရာယူမလို့လား။