-အောင်မောင်း-
ဘန်ကောက်၊ထိုင်း
ထိုင်းနိုင်ငံ တွင် ကျင်းပလျက်ရှိသော အာဆီယံ လူထုအဖွဲ့အစည်းများ ဆိုင်ရာ အစည်းအဝေးတွင် အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံ အတွက် ကိုယ်စားလှယ် အဖြစ် ပြည်ပ အခြေစိုက် မြန်မာ အတိုက်ခံအဖွဲ့မှ ရွေးချယ်လိုက်ကြောင်း သိရသည်။
ဒါပေမဲ့ လူထု အခြေပြု လူမှုအဖွဲ့အစည်းများ ညီလာခံ မှာ ဘယ် ပြည်ပ အခြေစိုက် မြန်မာအတိုက်အခံ အဖွဲ့အစည်း တွေ၊ ဘယ် လူထု ကိုယ်စားပြု အဖွဲ့အစည်းတွေ က ရွေးချယ်လိုက်တယ် ဆိုတာကို တော့ သတင်းတွေထဲမှာ တိတိကျကျ ဖော်ပြထားခြင်း မရှိပါဘူး။ တချို့ ကလည်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ နီးစပ်နေသူ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ များ၏ အကူအညီရရှိနေသော အဖွဲ့အစည်းများ၊ စစ်အုပ်စုအောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်တွင်း လူမှုရေး အသင်းအဖွဲ့များသာ ရွေးချယ်ခွင့် ရရှိခဲ့ကြတာ၊ လူထု အခြေပြု လူမှုအဖွဲ့အစည်းများ ညီလာခံ ကို တက်ရောက်ခွင့်ရှိကြတာ ဖြစ်တယ်လို့ ပြစ်တင် ဝေဖန်ပြောဆို နေကြတယ်။
နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ နီးစပ်နေသူအဖွဲ့အစည်းများ၊ အကူအညီရရှိ နေသော အဖွဲ့အစည်းများ၊ စစ်အုပ်စုအောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်တွင်း အသင်းအဖွဲ့များသာ နှစ်စဉ်တက်ရောက်လေ့ရှိကြတာလို့ ပြောဆိုနေကြတယ်။
ဒီအငြင်းပွားနေမှုကြောင့် ရွေးချယ်မှု အပိုင်း မှာ ပွင့်လင်းမှုတွေ၊ ထင်သာမြင်သာရှိမှုတွေ၊ စံနှုန်းစံထားတွေ၊ လိုအပ်ချက်တွေ၊ ရွေးချယ်မှုဘုတ်အဖွဲ့မှာ ပါဝင်သူတွေ၊ ပါဝင်အရွေးချယ်ခံသူတွေရဲ့ လုပ်ဆောင်ခဲ့မှုတွေဟာ ထင်ရှားတိုးတက်မှုရှိခဲ့ခြင်း ရှိမရှိဆိုတဲ့ ရလာဒ်တွေ အပေါ် ကို ပြန်လည်လေ့လာဆန်းစစ်သင့်တယ်လို့ ထောက်ပြကြတယ်။
နိုင်ငံကို ကိုယ်စားပြု လူထု ကိုယ်စလှယ်ရွေးပွဲတွင် လူထုကို အမှန်တကယ်ကိုယ်စားပြုခြင်း မရှိသော အစိုးရမဟုတ်သည့် အဖွဲ့များသာ ၀င်ရောက်ယှဉ်ပြိုင်နေကြတယ်လို့ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ အတိုက်အခံအဖွဲ့အစည်းများနဲ့ ပြည်ပရောက် မြန်မာ အတိုက်အခံ အဖွဲ့ အစည်းများ က ဝေဖန်ပြောဆိုနေတဲ့ သတင်းတွေကို အင်တာနက် စာမျက်နှာတွေ မှာ မနေ့က ဖတ်ရှု့ ရပါတယ်။
"၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ တချို့ အဖွဲ့တွေဟာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကိုသာ ကိုယ်စားပြုပြီး၊ တကယ်တော့ ပြည်သူလူထုကို ကိုယ်စားပြုခြင်းမရှိဘူး။ လူထု အခြေပြု လူမှုအဖွဲ့အစည်းတွေက လည်း လွတ်လပ်စွာစံနစ်တကျ၊ နည်းမှန်လမ်းမှန် ရွေးချယ်မှုပေးလိုက်တာ မဟုတ်ဘူး လို့ " လူထုအကျိုးဆောင်ရွက်မှုကို လေ့လာဆန်းစစ်သုတေသနပြုနေကြတဲ့ မြန်မာပြည် လူထုကိုယ်စားပြု ကွန်ယက်အဖွဲ့က (Civil Society Networks For Burma) က မနေ့က သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန် ကြေညာခဲ့ကြတယ်။
နိုင်ငံ ကိုယ်စားလှယ်ရွေးရန်အတွက် အငြင်းပွားဖွယ်ဖြစ်နေသောကြောင့် အာဆီယံအဖွဲ့ကြီး အနေနှင့် သက်ဆိုင်ရာနိုင်ငံ ကိုယ်စားပြု လူထုအခြေပြု လူမှုအဖွဲ့ကိုယ်စားလှယ် ရွေးချယ်ရာတွင် ပွင့်လင်း မြင်သာမှုမရှိကြောင်း အခြား လေ့လာသူများက ဖေန်ပြောဆိုမှုများရှိ နေခဲ့သည်။
Tuesday, 20 October 2009
Subscribe to:
Post Comments
(
Atom
)
1 comment :
KO MOE THEE...I NEED YOUR GMAIL ACCOUNT. plase give me. selfless soul
Post a Comment