Friday 2 October 2009

အမေရိကန် အလုပ်လက်မဲ့ အခြေအနေ

-မြတ်စိုး-
၁၀.၀၂.၂၀၀၉


စက်တင်ဘာလတွင် အမေရိကန် နိုင်ငံ၌ အလုပ်လက်မဲ့ဦးရေ ၉.၈ ရာခိုင်နှုန်း သို့ ရောက်ရှိခဲ့ကြောင်း ဒီနေ့ လစဉ် ထုတ်ပြန်တဲ့ အမေရိကန် အလုပ်သမားရေးရာ ဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထား ပါတယ်။ ဒီလို အလုပ်လက်မဲ့ ဦးရေ တိုးများလာခြင်းကြောင့် ၁၉၈၃ ခုနှစ် ဇွန်လ မှ စ၍ အလုပ်ရှင်များ အလုပ်အကိုင်လျော့ချမှုဟာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့တယ်ဆိုတယ်။ ဒီထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တွင် ဖော်ပြထားသော အချက်အလက် ကိန်းကဏန်း များအရ လက်ရှိ အမေရိကန် စီးပွားရေးအခြေအနေဟာ ၁၉၃၀ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှု ကာလ က ထက် ပိုပြီး ဆိုးဝါးနေတဲ့ လက္ခဏာ ပြသနေတယ်လို့ ဆိုပါတယ်။

အမေရိကန် စီးပွားရေး၏ ၇၀ ရာခိုင်နှုန်း ဟာ လူထု စားသုံးသူတွေရဲ့ ငွေကြေးသုံးစွဲမှုပမာဏ ပေါ်မှာ မှုတည်ပါတယ်။ ဒါပေမဲ့ လူထု စားသုံးသူတွေဟာ အလုပ်အကိုင်လျော့ချမှုတွေ၊ ၀င်ငွေလျော့ကျမှုတွေ နှင့် မြင့်မားနေတဲ့ အလုပ်လက်မဲ့ပြဿနာတွေကြောင့် သုံးစွဲမှု (Consumer spending) တွေ ကို အားနည်းလာစေနေကြောင်း သတိပေး ဖော်ပြထားပါတယ်။

ဝေါ်စရိထ် (Wall Street ) မှာ လုပ်ကိုင်နေကြတဲ့ စီးပွားရေး ကျွမ်းကျင်သူပညာရှင်များရဲ့ အဆိုအရ စက်တင်ဘာလမှာ အလုပ်အကိုင် ၁၈၀,၀၀၀ ဆုံးရှုံးမယ်လို့ ခန့်မှန်းတွက်ဆခဲ့သော်လည်း၊ တကယ်တော့ ၂၆၃,၀၀၀ အလုပ်အကိုင်တွေ ဆုံးရှုံး ခဲ့ရတာကြောင့် ခန့်မှန်းတာထက်ပိုများခဲ့တယ်လို့ ဆိုတယ်။ သြဂုတ်လ မှာ တော့ အလုပ်အကိုင် ၂၀၁, ၀၀၀ ဆုံးရှုံးခဲ့ကြောင်း ထဲ့သွင်းဖော်ပြထားပါတယ်။ သြဂုတ်လ မှာ အလုပ်လက်မဲ့ ဦးရေ ၉.၇ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

တကယ်လို့ အချိန်ပိုင်းလုပ်ခဲ့ရတဲ့ သူတွေ၊ အလုပ်အကိုင်သစ်ရှာဖွေမှုရပ်တန့် လိုက်သူတွေ ကိုပါ ထည့်သွင်းကြမယ်ဆိုရင် အမေရိကန်မှာ စုစုပေါင်းအလုပ်လက်မဲ့ဦးရေ ၁၇ ရာခိုင်နှုန်း ရှိမှာ ဖြစ်ပြီး၊ ဒါဟာ ၁၉၉၄ ခုနှစ် ကတည်းက အဆိုးဝါးဆုံး အခြေအနေပဲလို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ လထဲမှာ တင် အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ လူဦးရေ ၅၀၀,၀၀၀ ကျော် အလုပ်အကိုင်တွေရှားပါးနေမှုကြောင့် အလုပ်အကိုင်သစ်ရှာဖွေမှုတွေ ရပ်တန့်လိုက်ကြတယ်လို့ ဖော်ပြထားတယ်။

လောလောဆယ် အလုပ်လက်မဲ့ဖြစ်နေကြသူ ၁၅.၁ သန်း ကျော် ရှိပြီး၊ အလုပ်အကိုင် ၇.၂ သန်းကျော်ဟာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ လမှာ စတင်ဖြစ်ပွားခဲ့တဲ့ စီးပွားရေးဆုတ်ယုတ်မှု ကတည်းက လုံးဝ ဆုံးရှုံးသွားခဲ့တယ်လို့ လစဉ် ထုတ်ပြန်တဲ့ အလုပ်သမားရေးရာ ဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နာရီစား အလုပ်သမား တယောက် ရဲ့ ပျှမ်းမျှ အလုပ်ချိန်ဟာ စက်တင်ဘာလမှာ တပတ်ကို ၃၃ နာရီ သို့ ကျဆင်းသွား တာကြောင့် နောက်ထပ် အလုပ်သမားသစ်များထပ်မံ ခေါ်ယူမှုမပြုခင်၊ လက်ရှိ အလုပ်သမားများရဲ့ အလုပ်ချိန်နာရီကို တိုးလာအောင်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်း (Construction jobs ) မှာ အလုပ်အကိုင် ၆၄,၀၀၀, ၀န်ဆောင်လုပ်ငန်း (Service sector) မှာ ၁၄၇,၀၀၀ နဲ့ အရောင်းအ၀ယ်လုပ်ငန်း ( Retailers) မှာ ၃၈,၅၀၀ မှာ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ကြောင်း အလုပ်သမားရေးရာ လစဉ်ထုတ် အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါသည်။


2 comments :

rosary said...

nice article..Please,go ahead..

Unknown said...

please tell us
about situation of the people who are from Thai Burma border
and have gone for resettlement in US.


We all hope they are fine.