Wednesday 14 October 2009

တရား ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ


ပြည်နယ်ဥပဒေကို ချိုးဖောက်ခဲ့တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးဇနီး

-ပက်ထရစ်ရှာလင်း-

အမေရိကန်နိုင်ငံမှာ ယာဉ်တိုက်မှု ကြောင့် လူသေဆုံးရသူဦးရေ နှင့် ဒဏ်ရာရသူဦးရေ ဟာ သန်းနဲ့ချီရှိတယ်လို့ အစိုးရ ရဲ့ လေ့လာဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလို သေဆုံး၊ ဒဏ်ရာရသူများပြားလာနေမှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်မှာ ယာဉ်ကားမောင်းနှင်း နေစဉ် လက်ကိုင်ဆက်သွယ်ရေးကိရိယာ မသုံးစွဲရ လို့ ဥပဒေ အဖြစ်သတ်မှတ်ပြဌာန်းခဲ့ပြီး၊ ၂၀၀၈ ခုနှစ် ဇူလိုင်လ မှာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးမှူး အာနိုး(Arnold Schwarzenegger ) ကိုယ်တိုင် ယာဉ်စည်းကမ်း ဥပဒေတရပ် အဖြစ် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တယ်။ ပြည်နယ်အစိုးရက ငွေကြေး အကုန်ကျခံပြီး ကယ်လီဖိုးနီးယား အဝေးပြေးလမ်းမတွေပေါ်မှာ ဒီဥပဒေ ကို လိုက်နာကြဖို့ ၁၅၀,၀၀၀ ကျော် အချက်ပြ သတိပေးပုံ တွေကို ချိတ်ဆွဲထားခဲ့ကြသလို၊ အဝေးပြေးလမ်းမတွေကို ထိမ်းကြပ်ကွပ်ကဲနေတဲ့ ဌာနကလည်း လိုက်လံ စစ်ဆေး ဖမ်းဆီးမှုတွေကို ပြုလုပ်ခဲ့ကြတယ်။

ဒီဥပဒေကို ပထမအကြိမ် ချိုးဖောက်သူဟာ ဒဏ်ငွေ ဒေါ်လာ ၂၀ ပေးဆောင်ရမှာဖြစ်ပြီး၊ ဒုတိယအကြိမ်ထပ်မံ ချိုးဖောက်ခဲ့လျှင် ဒဏ်ငွေ ဒေါ်လာ ၅၀ ပေးဆောင်ရမှာဖြစ်တယ်လို့ သတ်မှတ်ထားခဲ့တယ်။ ဒါပေမဲ့လည်း ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလီးစ်မြို့ မှာ ဒီဥပဒေ ချိုးဖောက်ခဲ့လျှင်တော့ ပထမအကြိမ် ချိုးဖောက်သူဟာ ဒဏ်ငွေ ၉၃ ဒေါ်လာ ပေးဆောင်ရမှာဖြစ်ပြီး၊ ဒုတိယအကြိမ်ထပ်မံချိုးဖောက်ခဲ့လျှင် ဒဏ်ငွေ ၂၀၁ ဒေါ်လာ ပေးဆောင်ရမှာဖြစ်တယ်လို့သတ်မှတ်ထားခဲ့တယ်။

မနေ့က နာမည်ကြီး မင်းသား၊မင်းသမီးတွေ နဲ့ လူသိများသူတွေရဲ့ အကြောင်းရေးသားနေတဲ့ TMZ.com မှာ ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရ အုပ်ချုပ်ရေးမှူး အာနိုး(Arnold Schwarzenegger ) ရဲ့ ဇနီး မရီယာ ( Maria Shriver ) ဟာ မော်တော်ကားမောင်းနေစဉ် လက်ကိုင်ဖုန်း အသုံးပြုနေသော ပုံကို ဖော်ပြပြီး၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးမှူးရဲ့ ဇနီးကိုယ်တိုင် မော်တော်ယာဉ် စည်းကမ်းကို လိုက်နာမှုမရှိလို့ သူမ ကို ဒဏ်ငွေထပ်မံ ချသင့်တယ်လို့ ရေးသားထားတယ်။

ပြည်နယ်အစိုးရ အုပ်ချုပ်ရေးမှူး အာနိုး(Arnold Schwarzenegger ) ဟာ သူကိုယ်တိုင် လတ်မှတ်ရေးထိုးထားခဲ့ မော်တော်ယာဉ် ဥပဒေကို သူ့ဇနီးကိုယ်တိုင် လိုက်နာမှုမရှိခဲ့လို့ အတော်လေး အရှက်ရခဲ့ကြောင်း ၀န်ခံထားပြီး၊ သူ့ဇနီးကို ဥပဒေချိုးဖောက်ခဲ့မှုကြောင့် ဒဏ်ငွေပေးဆောင်ရမယ်လို့ ဆိုတယ်။ ဒီလို ဥပဒေချိုးဖောက်မှု ကို ဖော်ပြပေးတဲ့ TMZ.com ကို တည်ထောင်ခဲ့သူ ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြည်နယ်အစိုးရ အုပ်ချုပ်ရေးမှူး အာနိုး(Arnold Schwarzenegger) က အကြောင်းပြန်ခဲ့ပြီး၊ သူ့ရဲ့ ကိုယ်ပိုင် အင်တာနာ စာမျက်နှာ မှာလည်း ဒီကျေးဇူတင်ရှိကြောင်း ရေးသားထားတဲ့ စာကို ဖော်ပြ ထားကြောင်း သိရှိရပါသည်။

ဒီနေ့ နည်းပညာ၊ အတက်ပညာ ခေတ်မှီတိုးတက်လာတာနဲ့အမျှ ဥပဒေချိုးဖောက်ခဲ့သူတွေဟာ ဖုန်းကွယ်မှု လုပ်လို့မရတော့ ပါဘူး။ မြန်မာနိုင်ငံမှာလည်း "တရား ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ" ဆိုတာ အပြောထက် ဓာတ်ပုံတွေက ပိုမို သက်သေပြလာကြတော့မှာပါ။ စံနစ်ကို ဆန့်ကျင်လို့ သွားရပေမဲ့၊ ခေတ်ကိုတော့ ဆန့်ကျင်လို့ သွားမရတော့ပါလို့ တင်ပြယင်း-

-ပက်ထရစ်ရှာလင်း-


အမေရိကန်နိုင်ငံမှာ ယာဉ်တိုက်မှု ကြောင့် လူသေဆုံးရသူဦးရေ နှင့် ဒဏ်ရာရသူဦးရေ နှုန်းထား

Car Crash Stats: There were nearly 6,420,000 auto accidents in the United States in 2005. The financial cost of these crashes is more than 230 Billion dollars. 2.9 million people were injured and 42,636 people killed. About 115 people die every day in vehicle crashes in the United States -- one death every 13 minutes.

In 2003 there were 6,328,000 car accidents in the US. There were 2.9 million injuries and 42,643 people were killed in auto accidents.

In 2002, there were an estimated 6,316,000 car accidents in the USA. There were about 2.9 million injuries and 42,815 people were killed in auto accidents in 2002.

There were an estimated 6,356,000 car accidents in the US in 2000. There were about 3.2 million injuries and 41,821 people were killed in auto accidents in 2000 based on data collected by the Federal Highway Administration.

No comments :