Thursday 22 October 2009

မနုသီဟဖင်နှစ် ခွ သို့ မဟုတ် စစ်သား နိင်ငံရေးသမား များ

ကြပ်ပြေးနေပြည်တော်မှာ ၀န်ကြီးတွေမျက်ခုံး ခက်လှုပ်လှုပ်ဖြစ်နေကြတယ်လို့ သိရတယ်။ တချို့ က ၀န်ကြီးသက်တမ်း ၆ လပဲ ကြာတော့မယ်လို့ပြောနေတယ်။ အစိုးရအဖွဲ့ ကိုလည်း ရွေးကောက်ပွဲ မတိုင်မှီဖျက်သိမ်းမှာဖြစ်ပါတယ်။ အသစ်ပြန်လည်ဖွဲ့ မဲ့အစိုးရအဖွဲ့ မှာ ၀န်ကြီး ၈ ဦး ကနေ ၁၁ ဦးလောက် အထိပဲထားတော့မယ်လို့ ဆိုပါတယ်။ ကျန်တဲ့ဝန်ကြီးတွေကို တော့ ရွေးကောက်ပွဲ ၀င်စေခြင်းဖြင့် နေရာပေးသလိုလို နဲ့ ကန်ထုတ်နေခြင်းဖြစ်တယ်လို့ အစိုးရအဖွဲ့ ထဲမှာဆွေးနွေးနေကြပါတယ်။ ရွေးကောက်ပွဲမှာ သူတို့ နိင်ပါ့မလား ဆိုတာကို ဗိုလ်ချုပ်ပြုတ် ၀န်ကြီးပြုတ်တွေက စိုးရိမ်နေကြတယ်လို့ သိရတယ်။

ဥပမာ - လပွတ်တာမြို့ နယ်က ၀င်ရောက်ယှဉ်ပြိုင်ရမဲ့ ဗိုလ်ချုပ် တဦးဟာ လပွတ်တာမြို့ နယ် က မြို့ နယ်ဆရာဝန်မကြီးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ သူမက နာဂစ်မုန်တိုင်း မှာ လူထုတွေကို ကူညီထားတဲ့ အတွက် လူထုက သူမကိုအလွန် လေးစား နေခြင်းဖြစ်ပါတယ်။

ဖျာပုံမြို့ နယ်မှာတော့ ဗိုလ်ချုပ်စိုးနိင်ကိုလျာထားတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ တော်ဝန် လုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်သိန်းလင်း ကတော့ ရန်ကုန်မှာ ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေအနေနဲ့ က တသက်လုံး အာဏာနဲ့ သေချာပေါက်နေရာတွေ ကို ယူလာတဲ့ သူတွေဖြစ်တဲ့ အတွက်အခုလို ရွေးကောက်ပွဲနဲ့ တက်ခိုင်းတဲ့ အဖြစ်ကိုရင်ဆိုင်နေရတဲ့ ဘ၀ကို စိုးရိမ်နေတာ သဘာဝကျပါတယ်။

သန်းရွှေ က စစ်တပ်ကိုဖြို ခွဲ နေပြီလို့ လည်း တီးတိုးပြောနေကြပါတယ်။ ၂၀၁၀ ရွှေးကောက်ပွဲဟာ သန်းရွှေဟာ ခဲတလုံး တည်းနဲ့ ငှက်နစ်ကောင် စီမံကိန်းကိုဆွဲနေ လို့ပါ။ တပ်မတော်ထဲက အလားအလာရှိတဲ့ ဗိုလ်ချုပ်တွေကို အရပ်ဖက်ကို ရွေ့ ပြစ်ခြင်းဖြင့် တပ်မတော်ထဲမှာသူ့သြဇာကို ကြာမြင့်အောင်ဆွဲထားဖို့ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ (၂၀၁၀ ကြောင့် ဒီမိုကရေစီ အင်အားစုတွေကိုလည်း ရွေးကောက်ပွဲဝင်သူ၊ မ၀င်သူစသဖြင့် အချင်းချင်း ပြိုကွဲစေနိင်လို့ ဖြစ်ပါတယ်။ ) သူတို့ ကို ၀န်ကြီးအဖွဲ့ က နှုတ်ထွက်စေပြီး ရွေးကောက်ပွဲကို ၀င်ခိုင်းဖို့ညွန့် ကြားလိုက်ပြီဖြစ်ပါတယ်။

သန်းရွှေ လုပ်သမျှ ကိုလွှတ်ထားပေးရင်တော့ တပ်မတော်ဟာ ခေတ်မှီတပ်မတော်တရပ် ဖြစ်မလာပဲ ထိုင်းနိင်ငံက စစ်တပ်လို နိင်ငံရေးသမား တ၀က် စစ်ဗိုလ်ချုပ်တ၀က် ဗိုလ်ချုပ်ပျက် တွေလက်ထဲမှာ ရေစုံမျှော်ပြီ တော့မဲ့ ကိန်းဖြစ်နေပါတယ်။ ပြည်သူလူထု ချစ်မြတ်နိုးတဲ့ စစ်သား စစ်စစ် - Professional Soliders တွေမဟုတ်ပဲ ဗိုလ်အောင်ကြီးလို စစ်သားနိင်ငံရေး သမား ဇတ် သွပ်သွင်းခံရခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ မနုသီဟ ဖင်နစ်ခွ ညမှာ စစ်သား၊ နေ့မှာ နိင်ငံရေးသမားတွေ ဘ၀ကိုကျရောက်တော့မည်ဖြစ်ပါကြောင်း။


No comments :