Sunday 4 October 2009

*သံတိုင်ကြားကN.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များ*


ုံကျမတို့နိုင်ငံမှာ စစ်အာဏာရှင်တွေက N.L.D.ပါတီဝင်တွေအပေါ်မှာ ညှင်းပန်းနှိပ်စက်ပုံတွေကျမ လက်လှမ်းမှီသလောက်စုစည်းပြီးတင်ပြပေးသွားပါမယ်။ N.L.D(လူငယ်)နောက်တဦးအနေနဲ့ ကိုနေတင်မြင့်နဲ့ စကားလက်ဆုံ မေးမြန်းထားခဲ့တာတွေ ကိုပြန်လည်ဖော်ပြပေးပါမယ်။
မြတ်လေးငုံ။
ကိုနေတင်မြင့် အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုဘယ်အချိန်က စတင်ဝင်ရောက်ခဲ့ပါသလဲရှင်။
ကိုနေတင်မြင့်။
ကျနော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီစတင်ဖွဲ့စည်းကတည်းက လူငယ်တယောက်အနေနဲ့ ပါဝင် လှုပ်ရှားခဲ့ပါတယ်။ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် တို့ဦးဆောင်မှုဖြင့်ဖွဲ့စည်းခဲ့တဲ့အခါမှ (NLD)လူငယ်ဗဟိုတာဝန်ခံ အဖြစ်တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။(NLD) လူငယ်စတင်ဖွဲ့စည်းတဲ့ အချိန်မှာ(NLD) ဗဟိုလူငယ်တာဝန်ခံကို (၁၉)ဦးနဲ့စတင်အကောင်ထည် ဖော်ဆောင်ရွက်ခဲ့ပါတယ်။
မြတ်လေးငုံ။
NLD ပါတီမှာ အဲဒီအချိန်တုန်းက လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုတာ
ဝန်မျိုးကိုယူခဲ့ရပါသလဲ။နောက်ပိုင်း ဘာတာဝန်တွေကို ထပ်ပြီး ထမ်းဆောင်ခဲ့ရပါသလဲရှင်။
ကိုနေတင်မြင့်။
(၁၉၈၈၊ ၁၉၈၉ )ကာလမှာ ကျနော် ဒီမိုကရေစီနှင့်လူအခွင့်အရေးအတွက်(NLD)ပါတီရဲ့ ဗဟိုလူငယ်တာဝန်ခံတယောက်အနေနဲ့ တာဝန်ယူခဲ့သလိုဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကို အနီးကပ်တာဝန်ယူခဲ့တဲ့ရတဲ့(သုံးရောင်ခြယ်ကျောင်းသားများတပ်ဦး)ရဲ့အထွေထွေအတွင်းရေးမှူးတာဝန်ကိုလဲထမ်းဆောင်ခဲ့ရပါတယ်။ ( ၁၉၈၉ )မှာစစ်အာဏရှင်တို့ရဲ့ ဖမ်းဆီးမှုကိုခံယူရပြီးထောင်ကျခဲ့တဲ့အတွက်နောက်ထပ်တာဝန်များကို မယူနိုင်ခဲ့တော့ပါဘူး။
မြတ်လေးငုံ။ဗဟိုလူငယ်စတင်ဖွဲ့စည်းချိန်တည်းကပါဝင်ခဲ့တာဆိုတော့လူငယ်ဖြစ်ခဲ့တဲ့ကိုနေကြီးရဲ့ ခံစားချက်။
ကိုနေတင်မြင့်။
(NLD)ဗဟိုလူငယ်တာဝန်ခံ အနေနဲ့ရယ် (သုံးရောင်ခြယ်ကျောင်းသားများတပ်ဦး)ရဲ့အထွေထွေအတွင်းရေးမှူး တာဝန်တွေကိုယူခဲ့ရတဲ့ အတွက်တာဝန်ယူမှု တွေပိုကြီးလာပါတယ်။ ဒီမိုကရေစီနဲ့အခွင့်ရေးတွေ အမိမြန်မာပြည်မှာ ပေါ်ထွန်းရေးအတွက်ယုံကြည်ချက်အပြည့် ဇွဲ့သတ္တိအားမာန်နဲ့ လုပ်ဆောင်နိုင်တဲ့ စိတ်ခံစားချက်ကိုရရှိခဲ့ပါတယ်။
မြတ်လေးငုံ။
ကိုနေကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စည်းရုံးရေးခရီးစဉ် တွေပါခဲ့ဘူးတော့အတွေ့အကြုံလေး တွေပြောပြပေးပါလား။
ကိုနေတင်မြင့်။
၁၉၈၈ သြဂုတ်လ (၂၆) ရက်နေ့မှာ ရွှေတိဂုံဘုရား အနောက်ဘက်မုဒ်မှာ ဒီမိုကရေစီလူထု ဟောပြောပွဲကြီးမှာ ဒေါ်အောင်ဆန်းစုကြည် စတင်ဟောပြောပြီး နောက်ပိုင်းကတည်းက အန်တီနေအိမ် အကျယ်ချုပ်မချခင် ကာလအထိအန်တီနေအိမ်ခြံဝင်းအတွင်းနေထိုင်ခဲ့ရပြီး တိုင်းနယ့်ပြည်နယ်အနှံ စည်းရုံးရေး ခရီးစဉ်တိုင်းလိုလို ဒေါ်အောင်ဆန်းစုကြည် ရဲ့လုံခြုံရေးကိုတာဝန်ယူခဲ့ရပါတယ်။အန်တီ ၏ ညဏ်အမြော်မြင် ကြီးမားမှု၊ သွက်လက်ထက်မြက်မှု၊ ပြည်သူလူထုကြီးကိုအလေးထားဆက်ဆံမှု၊ မြန်မာနိုင်ငံတော်ကြီးနှင့် ပြည်သူလူထုအပေါ်ထားရှိတဲ့အန်တီရဲ့စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားပေးဆပ် အနစ်နာခံမှုတွေက ကျနော်တို့အတွက်အတုယူစရာဖြစ်သလို၊ မိခင်တယောက်အနေနဲ့ ကော ခေါင်းဆောင်ကောင်းတယောက်အနေနဲ့ကော ရိုသေလေးစားချစ်ခင်မိပါတယ်။
မြတ်လေးငုံ။
ကိုနေကြီးက နိုင်ငံရေးအကျဉ်းသား တယောက်ဆိုတော့ဘာကြောင့်ဖမ်းဆီးခံရတာလဲ။ နောက်ဘယ်မှာဖမ်းခံခဲ့ရတာလဲ။ ဘာပုဒ်မနဲ့လဲ။ ကိုနေကြီးထောင်ဘယ်နှစ်နှစ်ကျခဲ့လဲ။ နောက်အမှုတွဲဘယ်နှစ်ယောက်လဲ။ကိုနေကြီးထောင်ပြောင်း ခဲ့ရသေးတယ်နော်။ ဘယ်ထောင်တွေလဲပြောပြပေးပါ။
ကိုနေတင်မြင့်။
ပထမအကြိမ် ၁၉၈၉ မှာဒီမိုကရေစီနှင့် လူခွင့်ရေးတရားဟောပြောမှုနဲ့ စစ်ခုံးရုံးမှ(၃)မှာပုဒ်မ၅(ည)နဲ့ ထောင်ဒဏ်(၄)နှစ် ။ ဒုတိယတကြိမ်မှာ ညီလာခံကိုဆန့်ကျင် လှုံဆော်ဖြန့်ဝေမှု၊ နိုင်ငံတကာအသင်းအဖွဲ့များနှင့် ဆက်သွယ်မှုစသဖြင့် ၅(ည)/၁ရ/၁/၁ရ/၂၀ပုဒ်မ(၄)ခုနဲ့စွဲ့ချက်တင်ခံခဲ့ရတယ်။ထောင်ဒဏ်အနှစ်(၂၀) ချမှတ်ခဲ့တယ်။ ပထမအကြိမ်က အမှုနှင်တပေါင်းတည်းကျခံခဲ့ရပါတယ်။အမှုတွဲတွေက ဒေါက်တာအောင်ခင်ဆင့် အပါအဝင် (၁၂ )ယောက်။ စစ်အာဏရှင်အောက်မှာဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် လုပ်ခဲ့လိုထောင်(၂)ခါကျခဲ့ရပါတယ်။ထောင်ထဲမှာစုစုပေါင်း (၁၅)နှစ်ကျော်ကျော်နေခဲ့ရပါတယ်။ အဲဒီကာလအတွင်းမှာထောင်တွေပြောင်းရွေ့ခံရပြီး ထောင်တွေက တော့အင်းစိန်ထောင်၊ တွဲဘက်ထောင်(အင်းစိန်)၊ သာယာဝတီထောင်၊ မန္တလေးထောင်၊ မြင်းခြံထောင်၊တို့ပါဘဲ၊ အကြာဆုံးနေခဲ့ရတာကတော့မြင်းခြံထောင်မှာပါ။
မြတ်လေးငုံ။
ကိုနေကြီး မြင်းခြံထောင် ရဲ့ကြမ်းတမ်း ပုံတွေပြောပြပါ။ မြင်းခြံထောင်မှာ ဆေးဝါးကုသပေးမှုရှိမရှိပြောပြပေးပါ။ မြင်းခြံထောင်ထဲမှာ ပြစ်ဒဏ်ခံရပုံလေးကိုပြောပြပါ။ ထောင်ထဲမှာနေစဉ်စိတ်ခံစား ချက်လေးကိုပြောပြပေးပါ။
ကိုနေတင်မြင့်။
ထောင်တွင်း အတွေ့အကြုံတွေကို ပြောရရင်တော့ ပြောလို့မကုန်ပါဘူး။ စာရေးဆရာ(ရန်အောင်မောင်မောင်) ရေးတဲ့စာအုပ်လိုပေါ့ ထောင်တဆက် စာအုပ်လောက်ကို ရနိုင်ပါတယ်။ပြောရရင်တော့နေစဉ်နဲ့အမျှစိတ်နှောက်ယှက်ဖြစ်ရတာတွေ၊ဖိနှိပ်ညှင်းပန်းမှုတွေနဲ့၊ စိတ်ဓာတ်အင်းအားနဲ့ပြန်လည်တုံပြန်တိုက်ခိုက်ခဲ့ရတာပါဘဲ။လွှတ်လပ်မှု၊မျှတမှုကိုလိုချင် လို့ကလောင်တံကိုင်တဲ့လက်တွေ၊စွန့်လွှတ်စွန့်စားမှုနဲ့အပြင်လောကမှာ

တိုက်ပွဲဝင်လာလို့ထောင်ကျပါတယ်၊ ထောင်ထဲမှာလွှတ်လပ်မှုကိုပိတ်ပင်၊လူအခွင့်အရေးတွေကိုတားဆီး၊ လူလူချင်ဥပဒေမဲ့ညှင်းပန်းနှိက်စက်မှုတွေ၊ထပ်လုပ်နေတော့ခွပ်ဒေါင်းစိတ်ဓာတ်တွေဘဲ(ဖိလျှင်ကြွ၊ထိရင်ချ)ဆိုတဲ့ အတိုင်းလက်တုန့်ပြန်ကြတာပေါ့။အဲလိုတိုက်ရင်းနဲ့ထောင်ထဲမှာအမှန်တရားတွေ၊ လွပ်လပ်မှုတွေအတွက်ထောင်ထဲမှာအသက်ပေးခဲ့ရတဲ့အာဇာနည်ရဲဘော်များ ဟာလဲအများကြီးပါဘဲ၊ သူတို့အတွက်ကျနော်အမြဲတမ်းအလေးပြုဂုဏ်ယူလျှက်ပါ။ထောင်တွင်း ညှင်းပန်းနှိပ်စက်မှု တွေကိုပြောပြရရင်တော့ အများကြီးပါဘဲ ။ ညီမ မေးလိုသာပြောရတာပါ။ ပထမအကြိမ် နိုင်ငံရေးတရားဟောစဉ် အဖမ်းခံရစဉ်ကဘေးမှာ ကျောင်းသားပြည်သူတွေက ကျနော်ကိုဖမ်းဆီး ထိုးကြိတ်နေတာကို မခံမရပ်နိုင်ကြလို့ ထောက်လှမ်းရေးတွေကို တွေ့ရာပစ္စည်းတွေနဲ့ပေါက်နှက်ကျလို့ ထောက်လှန်းရေးတွေ တော်တော်လေးကို ဒဏ်ရာတွေရခဲ့ပါတယ်။ လာဖမ်းတဲ့ကားလဲ တော်တော်လေးကို ကြေမွပျက်စီးသွားပါတယ်။ကျနော် ကားပေါ်လဲ ရောက်ရော ကျနော်ဦးခေါင်းကို ဓားနဲ့ထိုးစိုက်ချင်းကိုခံခဲ့ရတယ်။ပြီးတော့စစ်ကြောရေးမှာ ကျနော်နဲ့ပါတ်သက်တဲ့လူတွေကို ဖော်ထုတ်ခိုင်းပြီးမပြောလို့ဆိုပြီးကြမ်းပြင်ပေါ်မှာ ခဲသေးသေးလေးတွေခင်းထားပြီး ဒူးထောက်ခိုင်းတယ်။ မျက်နှာကိုလဲ အဝတ်နဲ့အုပ်ထားတယ်၊ လက်နှစ်ဘက်ကိုလဲလေပေါ်မှာ တန်းလှန်းချီထားသေးတယ်။သူတို့ နောက်ကနေ ကန်ကြောက်တာလဲ ခံနေရတာပါ။ ခေါင်းကိုလဲသံပုံးစွတ်ပြီး အဆက်မပြတ်တီးတာလဲခံရသေးတယ်။ နားထဲက သွေးတွေကျတဲ့အထိအောင် ခံစားခဲ့ရပါတယ်။နောက်ဆုံးမေးတာတွေကို မဖြေလို့ဆိုပြီးထပ်လုပ်တယ်။ ကျင်စက်နဲ့ ထပ်တို့ခံရပြန်တယ်။ ဒါကတော့စစ်ကြောရေး အတွေ့အကြုံတွေပါ။ထောင်အတွေ့အကြုံကတော့ မြင်းခြံ့ ထောင်အကြောင်းပြောပြပါမယ်။ အကြာဆုံးနေလာခဲ့တဲ့အတွက်ပါ၊ နိုင်ငံရေးသမားတွေက အလုပ်လုပ်ခိုင်းတာ မလုပ်နိုင်ဘူးဆိုပြီးတော့တုန့်ပြန်တဲ့အခါမှာ ကျနော်ကို ခြေကျင်းဝတ်ထောက်နဲ့ တနှစ်ကျော်ကျော် ထားခဲ့ပါတယ်။ ဒီကြားတည်းဒေါက်တချောင်း ထပ်တိုးပြီး ထားတာခံခဲ့ရပါတယ်။ ခြုံစရာစောင်မရှိ၊ ခေါင်းအုံးမရှိ၊ အခင်းမရှိ၊ထောင်ဝင်စာလဲပိတ်တာခံထားရပါသေးတယ်။သူတို့ကျွေးတဲ့မဝထမင်း၊မဝတဲ့ရေကိုသောက်ခဲ့ရတာပါ။ဒါအပြင်ငရဲလမ်းလို့ခေါ်တဲ့ ကျောက်စရစ်ချွန်ချွန်သေးသေးလေးတွေ အပေါ်မှာခြေကျဉ်းကြီးနဲ့ ထောက်ကြီးနဲ့မိချောင်း တွားတက်ခဲ့ရပြီး၊ ဘေးတချက်တဘက် ကနေပြီးကျွဲရိုက်တဲ့ကြိမ်လုံးကြီးတွေနဲ့ မရေတွက်နိုင်လောက်အောင်ရိုက်ခံခဲ့ရပါတယ်၊ အချက်(၁၀၀)ကျော်လောက်ရှိမှာပါ။ညနေပိုင်းမှာ ကျနော်တို့တွေကို (တလပေါ)လို့ခေါ်တဲ့ဟင်းရွက်ပြုတ်ရေကို မဝရေစာထမင်းနဲ့လာကျွေးခဲ့ပါတယ်။နောက်(တလပေါ)ဟင်းရေကိုခပ်ပြီးလာပေးတဲ့ပုံကလဲမနက်ဆိုရင်စိုက်ခင်းအတွက်ကျင်ငယ်တွေကိုခပ်ပြီးလောင်းတဲ့ပုံးနဲ့ လာပေးတာလေ၊ကျန်းမာရေးအရဘယ်လို့ကောင်းမလဲစဉ်းစားကြည့်ပါတော့။ကိုယ်တွေကသိနေပေမဲ့လဲ ကိုယ်အတွက်စားဘို့ကိုဘယ်မှာမှမရှိတော့သူတို့လာပေးတဲ့ဟင်းနဲ့ထမင်းကိုမစားဘဲမနေလို့မရဘူးလေ စားရတာဘဲ။ဒီတော့လူတွေကကျန်းမာရေးတွေဆိုးဝါးလာတော့တာပါဘဲ။သောက်ရေအိုးကိုလဲလောက်တွေ ကျလို့နောက်စာကလေးချီတွေပါထားလိုလဲပေးပို့ပြောတော့လုံးဝကိုမလာလုပ်ပေးခဲ့ပါဘူး၊ နောက်ဆုံးတော့လဲမတတ်နိုင်တဲ့အဆုံးလောက်ကောင်တွေကိုဖယ်ပြီးသောက်ခဲ့ရပါတယ်။နောက် ထောင်လက်စွဲဥပဒေအတိုင်း အကျဉ်းသားများရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုတောင်းလို့ဆိုပြီးတိုက်ပိတ်တာ ကိုခံရပြန်တယ်။ ရေကိုတနေ့ကို ၂ ခွက်ဘဲလာတိုက်တယ်။ထမင်းပုံစံနည်းနည်းလာကျွေးတယ်။မိလ္လာကိုတနေ့တခါလာပြီးမလဲတော့ မိလ္လာတွေကိုပြည့်လျှံပြီးအပြင်ကိုကျလာတာပေါ့နောက် လောက်ကောင်တွေလဲတက်လာတာဘဲလေ။လောက်ကောင် တွေကလဲကိုယ်ပေါ်ကိုညအိပ်တာနဲ့တက်လာတာဘဲ။နောက် မိသားစုဆီကို စာရေးခွင့်ရဘို့အစာ အငတ်ခံပြီးဆန္ဒပြတော့ ထောင်ပိုင်ကိုယ်တိုင်ေ၇အိုးကို ရိုက်ခွဲသွားပြီး ရေမသောက်ရတာ (၁၀)ရက်။ ဒီလိုနဲ့ဘဲတရက်တလတနှစ်နောက်တော့၁၀စုနှစ်နီးပါးကြာခဲ့ပါတယ်။ ခြေကျဉ်းဒဏ်ကြောင့် အောက်ပိုင်းကို(၂)ခါချိတာခံခဲ့ရပါတယ်။ဆေးဝါးကုသပို့ကတော့နတ္တိပါဘဲ။ ဒါတွေဟာယုံကြည်ချက်ကိုပိုမိုခိုင်မာစေပြီး သံရိုင်းတုံးတခုကိုသံမဏီပြားတခုဖြစ်အောင် လုပ်ပေးတယ်လို့ခံယူပါတယ်။
မြတ်လေးငုံ။

ကိုနေကြီး ထောင်ထဲပြန်လွှတ်တဲ့ နေ့လေးကိုပြောပြပေးပါ။
ကိုနေတင်မြင့်။
နှစ်ခါပေါင်း ၁၉၈၉ မှ ၂၀၀၅ ထိထောင်ထဲမှာနေခဲ့ရတယ်။ ၂၀၀၅ ဂျူလိုင်(၆)ရက်နေ့ မှာမြင်းခြံထောင် ကနေအကျဉ်းထောင် ဥပဒေလက်စွဲ ပုဒ်မ(၄၀၁)ချွင်းချက်မရှိလွှတ်ပေးခဲ့တယ်။ မြန်မာဆိုးရိုး စကားပုံရှိခဲ့တယ်ညီမ။ ရှင်လိင်ပြန်တဲ့နေ့၊ မိန်းမယူတဲ့နေ့၊ ထောင်ထဲကပြန်လွှတ်တဲ့နေ့၊ ပျော်ရွှင်ခြင်းသုံးရပ် ကိုဖော်ပြပေးထားတယ်လေ။ကျနော်ကတော့ မပျော်ရွှင်ခဲ့ပါဘူး တကယ်အမှန်ပါ။ပွင့်ပွင့်လင်းလင်းပြောတာပါ။အကျဉ်းထောင် ထဲက အခန်းကျဉ်းကျဉ်းလေးထဲမှာ နေလာတဲ့နှစ်တွေနဲ့ အပြင်ကိုပြန်ရောက်တော့ သိပ်ကျယ်ဝန်းတဲ့ မြန်မာပြည်ကြီးထဲ ကိုထောင်ထပ်ပြောင်းရွေ့ခံရတယ်လို့ခံစားခဲ့ရပါတယ်။ မလွှတ်မြောက်ဘဲ ကျန်ရှိနေတဲ့ရဲဘော်များရဲ့မျက်နှာ၊ လွတ်လပ်မှုမရှိဘဲသွားလာတိုင်း စောင့်ကြည့်ခံနေရတဲ့ဘဝတွေ၊လူထုရဲ့ ဘက်ပေါင်းစုံကချွတ်ခြုံကျမှု၊ငိုကြွေးမြည်းတံမှု၊ ဝေဒနာများရဲ့ တောက်ခေါက်သံ၊ ဒါတွေဟာ မပြီးမြောက်သေးတဲ့တော်လှန်းရေးကိုပြီးမြောက် အောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ အသိ စိတ်ဓာတ်ကိုကျောက်တိုင်ကြီး လိုပိုမိုခိုင်မာလာ စေခဲ့တယ်၊ ဒီလိုမျိုး ကျနော်တို့စ ခဲ့တဲ့တော်လှန်းရေးကြီးကိုကျနော်တို့ ကိုယ်တိုင်ဘဲ အဆုံးသတ်မယ်လို့ စိတ်ထဲမှာ ခိုင်မာစွာခံယူထားတယ်။
မြတ်လေးငုံ။
ကိုနေကြီး အနေနဲ့ ၈၈ မျိုးဆက် ဆိုပြီး ဆက်လုပ်ခဲ့တဲ့ ရည်ရွယ်ချက်လေးကိုလဲပြောပြပါ။
ကိုနေတင်မြင့်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို မင်းကိုနိုင်၊ မင်းဇေယျ၊ ဌေးကြွယ် ၊ မြအေး၊ကျနော် တို့တတွေစည်းရုံးစွာနဲ့ ငြိမ်းချမ်းလှုံဆော်မှုတွေကို စတင်ခဲ့တယ်၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူတရပ်လုံးပူးပေါင်းပါဝင်ခဲ့တဲ့ ၂၀၀ရ ရွှေဝါရောင်တော်လှန်းရေးတို့ကို စတင်ဖြစ်ပေါ်လာစေခဲ့ပါတယ်။
မြတ်လေးငုံ။ကိုနေကြီးအနေနဲ့ ဒီဘက်ရောက်လာတော့ လဲဘယ်မှာဆက်လုပ်ခဲ့
တယ်ဆိုတာလေးကိုလဲပြောပေးပါ။ကိုနေတင်မြင့်။၂၀၀၇ စက်တင်ဘာရွှေဝါရောင် တော်လှန်းရေးမတိုင်ခင်မှာ ကျနော်ထိုင်းနိုင်ငံမဲဆောက်ကိုထွက်လာခဲ့တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)မှာ ပါဝင်ခဲ့ပြီးဆက်လက် လှုပ်ရှားခဲ့ပါတယ်။ ဒါအပြင် CMM လို့ခေါ်တဲ့ပြည်တွင်းလှုပ်းရှားကော်မတီအဖွဲ့မှာ
Co-ordinator အဖြစ် လှုပ်ရှားခဲ့ပြန်တယ်။ ဒီလိုနဲ့ ၂၀၀၈ဧပြီလ ၉ ရက်နေ့မှာ အမေရိကန်နိုင်ငံကိုရောက်ရှိခဲ့ပါတယ်။ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အမေရိကန်ဌာနခွဲ့မှာအတွင်းရေးမှုးအနေ နဲ့ ဆက်လက် တာဝန်ထမ်းဆောင်နေပါတယ်။
မြတ်လေးငုံ။ခုလိုမအားတဲ့ကြားတည်းက ညီမကို စိတ်ရှည်စွာနဲ့ပြောပြပေးတဲ့ ကိုနေကြီး (ကိုနေတင်မြင့်)အထူး ကျေးဇူးတင်ပါတယ်။ ညီမကို ကိုနေကြီးအနေနဲ့ဘာများပြောချင်ပါသေးလဲ။
ကိုနေတင်မြင့်။
ကိုယ်ပါတီအလံတော်အာက်မှာ ခုထိ ပါတီအပေါ်စိတ်ပါဝင်စားစွာနဲ့ ကိုယ်နိုင်တဲ့ဘက်ကနေပြီးဝိုင်းဝန်းလုပ်ကိုင်ပေးနေတဲ့ ညီမ(မြတ်လေးငုံ)ကိုလဲ အကိုတို့က လေးစားပါတယ်။
မျှဝေခံစားနိုင်ပါစေ။
မြတ်လေးငုံ။

http://myatlayngon.blogspot.com/ မှကူးယူဖေါ်ပြသည်။

3 comments :

ဖြူဖွေး said...

တရားမရှိဘူး မပြည့်ဝဘူး ဘဲဆိုဆို
ခွင့်မလွှတ်ချင်ဘူး သူတို့ကို ညီတူမျှတူ လက်စားချေချင်တယ်။

ဖြူဖွေး said...

တရားမရှိဘူး မပြည့်ဝဘူး ဘဲဆိုဆို
ခွင့်မလွှတ်ချင်ဘူး သူတို့ကို ညီတူမျှတူ လက်စားချေချင်တယ်။

Anonymous said...

ိကိုနေတင်မြင့် လို သူရဲကောင်း တစ်ဦး က အခုလို ပြည်တွင်း မှာသာ အော်ခဲ့ရင် ဒီမိုကရေစီ မြန်မြန်ရနိုင်မယ် ထင်တယ်။ ပုဆိုးခြုံ ထဲက နေ မပြပါနဲ့ ။