Sunday 4 October 2009

Special Issue : သိန်းစိန်-ဥာဏ်ဝင်း ဖိနပ်နဲ့ အပေါက်ခံရခြင်း


September 29,2009.
-------------------------------------------------------------------------------------------------
Special Issue
-------------------------------------------------------------------------------------------------
မြတ်စိုး စီစဉ် တင်ပြသည်။ WFWW - Freedom Media
-------------------------------------------------------------------------------------------------

သိန်းစိန်-ဥာဏ်ဝင်း ဖိနပ်နဲ့ အပေါက်ခံရခြင်း

ကိုမိုးသီးနဲ့  အသေးစိတ်တွေ့ ဆုံမေးမြန်းခန်း



ကြီးမြတ်တဲ့ ခေါင်းဆောင်တွေ၊ သူရဲကောင်းတွေကို ပန်းတွေကြဲ၊ ဖဲပြာကြိုးတွေလွှင့်၊ တူရိယာတွေ သံပြိုင်တီးမှုတ်ပြီး ကြိုဆိုဂုဏ်ပြုရတာ၊ လူယုတ်မာတွေ ၊ ခွေးသူခိုးတွေ ကို တော့တံတွေးနဲ့ ထွေး၊ ဖိနပ်တွေ၊ မစင်ပုပ် တွေနဲ့  ပစ်ခတ်ရှုတ်ချ လေ့ရှိကြတာဟာ ခမ်းနားထည်ဝါတဲ့ ယဉ်ကျေးမှု တိုင်းမှာရှိကြတယ်။ လူယုတ်မာတွေ ၊ခွေးသူခိုးတွေကို နိင်ငံတော်အကြီးအကဲဆိုပြီးကိုးကွယ်ချင်တာတော့ အရိုအသေပေးချင် တာတော့ - ကယ်ပါတွေရဲ့ ဓလေ့ထုံးထမ်းတွေ၊ ကျွန်တွေရဲ့  ဓလေထုံးထမ်းတွေမှာပဲ တွေ့ရပါတယ်။ ဒါကိုယဉ်ကျေးမှုလို့မသတ်မှတ်ကြဘူး။ ဒီလိုယဉ်ကျေးမှုမျိုးကျနော့်မှာမရှိဘူး ။
( မိုးသီးဇွန် )



ကိုမြတ်စိုး - နအဖ ကိုယ်စားလှယ်အဖွဲ့ ဖြစ်တဲ့ သိန်းစိန် ဥာဏ်ဝင်း တို့ကို ခင်ဗျား ဖိနပ်နဲ့ ပေါက်ပြီးဆုံးမလိုက်တဲ့ လှုပ်ရှားမှုအတွက် ချီးကျူးဂုဏ်ပြုကြောင်း ပထမဦးစွာ ပြော လိုပါတယ်။ Congratulation- ပါ။ ဒီ သတင်းက မြန်မာ ပြည်မှာ ဟော့အဖြစ်ဆုံး သတင်းဖြစ်နေတယ်။

ဖိနပ်နဲ့ပေါက်လိုက်တဲ့ ပုံကို ဗွီအိုအေ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင် နှင့် အင်တာနက်စာမျက်နှာပေါ်တွေ မှာ ရန်ကုန်မှာ ကြည့်လိုက်ရတဲ့ သူတွေ လည်း ကြည့်လိုက်ကြရတယ်။ လ္ဘက်ရည်ဆိုင်တွေမှာ ဒီသတင်းကို ၀မ်းသာအားရပြောတဲ့ သူတွေပြောနေကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်မှာလူငယ်တွေက ဒီသတင်းကို ပြောနေကြတယ်။ အင်တာနက်တွေမှာ လူငယ်တွေက ဒီသတင်းကို တယောက်နဲ့ တယောက်ရေးကြ၊ပြောကြ၊ ပို့ ကြ၊ တွေဖြစ်နေတယ်။

ဒီတော့ ဒီအကြောင်းကိုလူတွေသိပ်သိချင်နေတဲ့အတွက် ခင်ဗျားကိုအင်တာဗျူးချင်တယ်။ လူတွေသိချင်နေတဲ့မေးခွန်းလေးတွေ နည်းနည်းမေးချင်ပါတယ်။


မြတ်စိုး- ပြောစမ်းပါဗျာ။ ခင်ဗျား တို့ ဘာကြောင့် ဒီလိုပေါက်တာလဲ။ ဘယ်လို ပြင်ဆင်မှုတွေလုပ်ခဲ့သလဲ။

မိုးသီး- ဖိနပ်နဲ့ ပေါက်လိုက်ရတဲ့ရည်ရွယ်ချက် သုံးချက်ရှိပါတယ်။

ကိုမိုးသီးက သိန်းစိန်- ဥာဏ်ဝင်း တို့ အား ဟော်တယ်မှထွက်လာပါက ဖိနပ်ဖြင့်အပစ်ခံရမည်ဟု ကြိုတင်သတိပေးနေပုံ ။
ဗွီဒီယို - မှတ်တမ်း- မကြေးမှုံ ( VOA)

နံပတ်တစ်က -ဘ ၀မှန်ကိုပို့ ပေးတာ။

ဘ၀မှန်ဆိုတာက နအဖ က သူတို့ ကိုယ်သူတို့ ဘုရင်လို ထင်ပြီးလူတွေကို ကန်တော့ခိုင်း၊ လက်အုပ်ချီခိုင်း လုပ်နေတာတွေ ကို ဆုံးမချင်တာ။ သူတို့ဟာ ဘုရင်မဟုတ်ဘူး။ သူတို့ဟာ ရာဇ၀တ်သားတွေ၊ လူလိမ်တွေ၊ သူတို့ဟာ ပြည်သူကိုယ်စားလှယ်တွေ မဟုတ်ဘူး ဆိုတာကို သူတို့ ကိုယ်သူတို့ သိသွားစေချင်တာ။ ပြည်သူ့ ကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည် ဆိုတာ အမှန်ပါလားဆိုတာ သိစေချင်တာပါ။

ဒါ့အပြင် သူတို့ဟာ အနှစ် ၂၀ ကျော် ကြာ ရွေးကောက်ပွဲမရှိ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိ၊ တရားဥပဒေမရှိ တရားမ၀င်အုပ်ချုပ်နေတဲ့သူတွေ၊ လူသားတွေအပေါ်မှာ ပြစ်မှု ကျူးလွန်ခဲ့တဲ့ သူတွေဖြစ်တယ်။ ၈ လေးလုံးအရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ ရွှေဝါရောင် မှာ သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့မှု တွေမှာ လူသားတွေအပေါ်မှာ ရာဇ၀တ် ပြစ်မှု ကျူးလွန်ခဲ့တဲ့ သူတွေဖြစ်တယ်။ နောက်ပြီး နားဂစ် မှာ အပြစ်မရှိတဲ့ သူတွေ သေဆုံးခဲ့ရ၊ ထောင်သွင်းအကျဉ်းချခံနေရတာ တွေကို ကျွန်တော်တို့ ဘ၀ မှာ ဘယ်လိုမှ မေ့ပျောက်လို့ ရမှာမဟုတ်ဘူး။ ဒါကြောင့်မို့ သူတို့ဟာ ရာဇ၀တ် ပြစ်မှု ကျူးလွန်သူတွေဖြစ်တယ်ဆိုတာ သူတို့ကိုယ် သူတို့ သိစေချင်တယ်။

ဥာဏ်ဝင်းကားကို ဖိနပ်နဲ့ ပစ်ပေါက်ပြီး ရူးဖိနပ်ကို ပြန်လည်စီးနေတဲ့ ကိုမိုးသီးကိုတွေ့ ရစဉ်

နံပတ်နှစ် က - ဖြေလုံးပေးရတာ။


ပြည်သူတွေမှာ ၂၀၀၇ သံဃာတွေ၊ ပြည်သူတွေ အသတ်ခံရတာတွေ၊ နားဂစ်မုန်တိုင်းမှာ အပြစ်မဲ့ပြည်သူ တစ်သိန်း၊ လေးသောင်းကျော်သေခဲ့ရတာ၊ ပျောက်ဆုံးခဲ့ရတာ၊ ၂၀၀၉ ခုနစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားရိုက်နှက် ဖမ်းဆီးခံရတာ၊.... ဒီလို နာကျည်းခံစားချက်တွေ အတွက် နိင်ငံရေးမှာ ဖြေလုံးလုပ် ပေးရတယ်။ အဓိပ္ပါယ်ကတော့ ခံလာရတဲ့အခါမှာ အနိုင်ပြန်မရရင် စိတ်ပိုင်းဆိုင်ရာဒဏ်သင့်မှုဖြစ်သွားတတ်တယ်။ Inward Exploration အတွင်းလှိုက်ပြီး ကြေ ကွဲသွားတတ်တယ်။ ထွက်ပေါက်ပြန်ပေးရတယ်။ ၁၉၈၈ ခုနစ်မတ်လ ၁၆ ရက်နေ့ မှာ တံတားဖြူမှာ ကျောင်းသားတွေအသတ်ခံရတယ်။ ဒီတော့ အရေးအခင်းမှာ တက်ကြွစွာပါဝင်သူတို့ က မတ်လ ၁၈ ရက်နေ့ မှာ မဆလရဲ့ အသစ်ချပ်ချွတ် ကုန်တိုက် တခုဖြစ်တဲ့ သိမ်ကြီးဈေး စီရုံကြီးကို မီးရှို့ ပြစ်ခဲ့ကြတယ်။ ဒါကိုခင်ဗျားတို့ မှတ်မိဦးမှာပေါ့။

ပြည်သူလူထုကို ဒုက္ခအတိရောက်အောင်လုပ်လာတဲ့သူတွေကို ဖိနပ်နဲ့ ပေါက် လိုက်တယ်
ဆိုတဲ့သတင်းကို လူထုတွေကြားရင် ၀မ်းသာ ရမှာပဲ ။ လူတွေပျော်ရမှာပဲ။ ဒါဟာ ဒုက္ခတွေ ကြားထဲ က ရယ်စရာပေါ့။ ဖြေလုံးပေါ့။



ဥာဏ်ဝင်းကို ကော်ဖီပူပူနဲ့  ကြိုဆိုနေတဲ့ Mr. Creator
ဖိနပ်ပျံ ကို နောက်ကွယ်မြင်ကွင်းမှာ တွေ့ရစဉ်

နံပတ်သုံးက- အမေရိကန်ပြန် လက်ဆောင် ။

သူတို့ အမေရိကန် ကိုလာခွင့်ရတယ်။ သူတို့ ကိုယ်သူတို့ လူရာဝင်ပြီ။ အမေရိကန်ဆီက အကူညီတွေရမယ် မျှော်လင့်နေတယ်။ တိုင်းပြည်ပြန်ရောက်ရင်ကြွားကြဦးမယ်။

မင်းတို့ကိုဆက်ဆံမယ်။ ဒါပေမဲ့ အမေရိကန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်၊ လူအခွင့်အရေး တိုးတက်မှုတွေ လုပ်၊ ဒီလို မဟုတ်ဘူးဆိုရင် စီးပွားရေးပိတ်ဆို့ မှုတွေ ဆက်လုပ်ဦးမယ် ဆိုထားပါတယ်။ ဒါကို မသိဘူး။ အူးမြူးနေတယ်။ လုပ်စရာရှိတာမလုပ်ဘူး။ သောက်ကြွားပိုကြဦးမယ်။ ဒီတော့ တရားပြလိုက်ရတာပါ။ အမေရိကန် အစိုးရက အကြံပေးတဲ့ အတိုင်းမလုပ်ရင် မင်းတို့ ဖိနပ်စာမိမယ်ဆိုတာ ကြိုတင်သတိပေးလိုက် ရတာပါ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း သူတက်နိုင်သလောက်ကြိုးစားပြီး မြန်မာပြည် သွားရောက် တွေ့ဆုံဆွေးနွေး ပြီးခဲ့ပြီ။ အခု အမေရိကန် က လက်ခံတွေ့ဆုံခဲ့ခြင်း၊ သံတမန်ရေးအရ ထပ်မံ ကြိုးပမ်းနေခြင်း ဟာ နအဖစစ်အုပ်စု အတွက် နောက်ဆုံး ထွက်ပေါက်ဆိုတာ သူတို့ သိစေချင်တယ်။


မိုးသီး- ဟုတ်ကဲ့။ ဖိနပ်နဲ့ ပေါက်မယ်၊ ကြက်ဥပုပ်နဲ့ ပေါက်မယ်လို့ ကျနော်တို့ ကြိုတင်ကြေညာခဲ့ပါတယ်။ ကျနော် တို့ ဘလောက်ကနေတဆင့်ပေါ့နော်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုနေတင်မြင့် တို့ ကိုဖိုးခွားတို့ ဆိုရင် ၁ပတ်လောက် ကထည်းကပဲ ကြက်ဥ ၃ ဒါဇင်ကို ကြိုတင်အပုပ်ခံ ထားကြတယ်။

ကျနော်ကိုယ်တိုင် တော့ ဘာတခုနဲ့ မှပေါက်ဖို့ အစီအစဉ်မရှိပါဘူး။ ကိုယ်တိုင်မီးမလောင် ပေမဲ့ မီးလောင်ခြင်းကို အားပေး နေခဲ့ပါတယ်။ ဒါပေမဲ့ ဒီကောင်တွေကို တွေ့တော့ စိတ် မထိမ်းနိုင်တော့ပဲ ဆော်လိုက်မိတာပါ။ ဘယ်သူမဆို လုပ်မိမှာပါပဲ။

မြတ်စိုး- ကောင်းသဗျာ။ လှုပ်ရှားမှု စတင်ပြင်ဆင်ပုံ၊ လှုပ်ရှားကြပုံလေး
အသေးစိတ်လေး လုပ်စမ်းပါဗျာ။ အင်တာနက်မရှိတဲ့သူတွေ သိနိင်အောင်လို့ ပါ။ လုပ်ပါဦး။

မိုးသီး- ပြောပြပါမယ်။ သိန်းစိန်-ဥာဏ်ဝင်းတို့ နယူးယောက်မြို့  မက်ဟန်တန်- East Gate Hotel မှာ တည်းတယ်လို့ သတင်းအတိကျရလာတယ်။ သူတို့ ဘယ်အချိန်ရောက်မယ်။ ဘယ်အခန်းမှာတည်းတယ်။ ဘယ်နေ့ ပြန်မယ်ဆိုတာတွေပေါ့။ ဒီတော့ ကျနော်တို့ က သူတို့ကို ကမ်ပိန်းလုပ်ဖို့ အသေးစိတ်အစီစဉ် ဆွဲခဲ့ကြတယ်။ ညက မစ္စတာခရီရေတာ နဲ့ တယ်လီဖုန်းနဲ့ စကားပြောဖြစ်တယ်။ သူလာမယ်။ တကယ်လို့ လိုအပ်ရင်သူက ကားရှေ့ မှာ ပစ်လှဲပြီး ကားကိုရပ်အောင်လုပ်မယ်လို့ ဆိုတယ်။ ကျနော်ကလည်း လိုအပ်ရင်လုပ်ရမယ်လို့ သူကို ပြောခဲ့တယ်။ ဒါနဲ့  မနက် ၆ နာရီထပြီး ကျနော်ရယ် ကိုအောင်ခန့် ရယ်၊ ကိုဇော်ဝင်းရယ် သွားကြတယ်။ Elmhurst Station ကနေ Grand Central ကို seven Train စီးပြီးသွားခဲ့ကြတယ်။ ဟိုရောက်တော့ ၇နာရီထိုးနေပြီ။ ကျနော်တို့ ထက်အရင် ကိုအောင်တို့ ရောက်နေပြီ။ သူတို့ က ပိုစတာတွေကိုင်ပြီး ဆန္ဒပြနေကြတယ်။ ဗွီအိုအေက သတင်းထောက်နှစ်ယောက်က ဗွီဒီယိုမှတ်တမ်း လာတင်နေတာကို တွေ့ ရတယ်။

မကြာဘူး။ သိန်းစိန် ဥာဏ်ဝင်းတို့ နောက်လိုက်တွေဟော်တယ်က ထွက်လာတယ်။ လူများတယ်။ အမေရိကန် လုံခြုံရေး အရာရှိတွေ ရဲတွေကိုလည်းတွေ့ ရတယ်။ ကျနော်တို့ ထက် များနေတယ်။ ကျနော်တို့ က ၁၃ ယောက်လောက်ပဲရှိတယ်။ ကျနော်က သူတို့ကို Five Scenery Deprivation Attack လုပ်ဖို့ ချက်ခြင်းဆုံးဖြတ်လိုက်တယ်။

ကိုမြတ်စိုး- Five Scenery Deprivations ဆိုတာက ။

မိုးသီး- ဒါကတော့ မြန်မာလို နားလည်အောင်ပြောရရင် -

အာရုံငါးပါးကို ဖြတ်တောက်တိုက်ခိုက်ခြင်းပေါ့။ ကျနော်တို့ ရှေ့ တန်းမှာ ရန်သူ့ စခန်းကို တက်စီးကြတဲ့အခါမှာ သုံးတယ်။ ကိုယ်ဖက်က မြေအနေထား အသာစီး ရတဲ့အခါမျိုးမှာ သုံးလေ့ရှိတယ်။ နည်းနာကတော့ အာရုံငါးပါးစလုံးကို ဘာမှမလုပ် နိင်အောင် နားဗ် ဖြစ်နေအောင် ရန်သူကိုလုပ်ထားရတဲ့နည်းပေါ့။ လုပ်နည်းကတော့ ပါးစပ်က မပြတ်ဆဲပေးနေရတယ်။ ပစ်ခတ်မှုတွေတရစပ်လွှတ်၊ အနံ ဆိုးဆိုး တွေလွှတ်၊ မီးတွေရှို့ ၊ တဖက်ရန်သူက ဘာလုပ်ရ မှန်းမသိအောင်ဖြစ်နေ တာပေါ့။ ကျနော်တို့ ပါလာတဲ့ ရဲဘော်တွေက လည်း အ၀ီဇိပွက်သလို မနားတမ်းဆဲဆိုပေးလိုက်တဲ့အခါမှာ သူတို့ လုံခြုံရေး ယူထားတဲ့သူတွေက ကယောင်ခြောက်ခြားတွေ စိုးရိမ်စိတ်တွေဖြစ်နေတယ်။

သူတို့ကို ဒီလို ပြန်လှန် ဆဲဆိုတာတွေ တသက်လုံးမကြားရတော့ဘူးလို့ များ ယူဆထား ကြသလား မသိဘူးလေ။ သူတို့ကိုလည်း ကျနော်တို့ လူတွေက ဗွီဒီယိုမှတ်တမ်း၊ ဓါတ်ပုံမှတ်တမ်း တွေပြန်ရိုက်ယူထားကြတယ်။

အမေရိကန် ရဲတွေကလည်းဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ ဆဲတဲ့သူ၊ပေါက်မယ်လုပ်တဲ့သူ။ ဟိုဖက်ကားလမ်းကူးလိုက် ဒီဖက်ကူးလိုက် ဒို့ ဖက်ကလုပ်နေတော့ဒီကောင်တွေ ကယောင်ခြောက်ခြား ဖြစ်နေတယ်။ ဒီအချိန်မှာ သိန်းစိန် နောက်လိုက် လုံခြုံရယူပေးနေတဲ့ သူတွေက ဘန်ကားနဲ့ ထွက်လာတယ်။ သူတို့ကိုဝိုင်းဆဲ - ဖိနပ်တွေနဲ့ ပေါက်ကြတယ်။

သူတို့ ဘယ်လောက်ကယောင် ဖြစ်သွားကြသလဲဆိုတော့ ဥာဏ်ဝင်းကား နဲ့ သိန်းစိန်ကားကို ထားပြီးထွက်သွား ကြတယ်။ ဥာဏ်ဝင်းကားက ကိုယ်တို့ ရှေ့ တည့်တည့်ရောက်လာတော့ ကိုယ်က ကားရှေ့ တည့်တည့် ကနေ ကားမှန်ကို ဖိနပ်နဲ့ ပစ်ဆော်လိုက်တယ်။ ဥာဏ်ဝင်းက လန့်ပြီးငုံ့ ရှောင်တယ်။ ဒီအချိန်မှာ Mr. Creator က ကော်ဖီခွက်နဲ့ ဖြန်းကနဲ ပက်ထည့် လိုက်တယ်။ သူကော်ဖီက နို့ က များပုံရတယ်။ ကားမှန်တခုလုံး ပေပွသွားတယ်။ နောက်ဒို့ ရဲဘော်နှစ်ယောက်က ဖိနပ်နဲ့  ဥာဏ်ဝင်းကားကို ဆက်တိုက်ပေါက်ကြတယ်။ သိန်းစိန်ကိုထားပြီး ဥာဏ်ဝင်းကား က မောင်းပြေးတယ်။ သိန်းစိန်ကားက ဆက်မလိုက် ရတော့ပဲ ယာဉ်ကြောကို ပြောင်းပြန်မောင်းပြေးရတဲ့အထိ ဖြစ်သွားတယ်။ သိန်းစိန်ကားကို လည်း ဘယ်သူဖိနပ်လည်းမသိဘူး ဒုံးကနဲ မှန်သွားတယ်။ သူတို့ အကွဲကွဲအပြားပြား ဖြစ်သွားတာပေါ့။


မြတ်စိုး- ဒီတော့ခင်ဗျား ဗျူဟာက ရန်သူကို ဖရိုဖရဲဖြစ်အောင်လုပ်၊
ပြီးတော့ ရည်မှန်းထဲဝင်လာအောင် တိုက်ပွဲဆင် တဲ့သဘောပေါ့။ ရှင်းရှင်းပြောရရင်
ကိုယ့်တီးလုံးအောက်မှာ ရန်သူက နေရအောင် လုပ်တာပေါ့။

မိုးသီး- ဟုတ်ပါတယ်။

မြတ်စိုး- ကောင်းလိုက်တာ။ အားရစရာကောင်းလိုက်တာ။ အမေရိကန် အဆင့်မြင့်လုံခြုံရေးနဲ့ သူတို့
ရဲ့ တုန့်ပြန်မှု ကရော။

မိုးသီး- အထူးလုံခြုံရေး အရာရှိတယောက်က ကိုယ်တို့  ထဲကို You are under arrested ဆိုပြီး လာဖမ်းတယ်။ ကံကောင်းတာလားတော့မသိဘူး။ ကိုယ့် နောက်က ရဲဘော်ကိုဖမ်းတာကိုယ်က သူရှေ့ တည်တည့် ကြီးမှာ နေပြီး ကိုယ့်ကို သူမမြင်ဘူး။ ကိုယ်ကြောင်သွားတယ်။

ဒါမျိုး ခဏခဏဖြစ်ဘူးတယ်။ ပထမဆုံးက ၈၈တုံးက ကျနော်တောထဲလာဖို့ လုပ်နေချိန်မှာ သူတို့ ကျနော်ကို ပိတ်ပြီးဖမ်းကြတယ်။ ကျနော်ရယ်ဂျင်မီရယ်၊ ကိုရင်ထွေး၊ ကိုတင်ထွန်းလှိုင်တို့ ရယ်ပေါ့ ။ သိန်းကြီးဈေး ၂၇ လမ်းနဲ့ ဆူလေဘုရားလမ်းဒေါင့်ပေါ့။ ညနေ ၅ နာရီခွဲလောက်။ ထောက်လှမ်းရေးတွေအုပ်လိုက်ကြီး မိုးသီးဆိုတာ ဒီကောင်ပဲဆိုတဲ့အသံကြားလိုက်ရတယ်။ နောက်ကနေသူတို့ လိုက်တယ်။ ကျနော်တို့ ပြေးတယ်။ ဂျင်မီကို အရင်မိသွားတယ်။ ဒီအချိန်မှာ ကျနော်က ရပ်ထားတဲ့ ဘစ်ကားတစီးပေါ်ကို ခုန်တက်လိုက်တယ်။ ကိုယ်နဲ့  အတူကိုတင်ထွန်းလှိုင်ပါလာတယ်။ ကားကလူရှင်းပြီး ခုံတွေတောင်လွတ်နေတယ်။ မတ်တပ်ရပ်တဲ့သူမရှိဘူး။ ကိုယ်တို့  ခုံလွတ်တခုမှာ ၀င်ထိုင်လိုက်တယ်။ ဒီအချိန်မှာ ကားရှေ့ပေါက်ကရော၊ နောက်ပေါက်ကပါ ထောက်လှမ်းရေး နစ်ယောက်စီ ၀င်လာတယ်။ ကိုယ်ကတော့သွားပြီ။ မိပြီအောက်မေ့တာ သူတို့ ကိုယ့်ကို မမြင်ဘူးကွာ၊ ပျာယာပျာယာနဲ့ ရှာနေကြတယ်။ နောက်တော့ ကားပေါ်က ခုန်ဆင်းသွားကြတယ်။ ဒီတော့ကားသမားက မောင်းထွက်လာတော့ ကိုယ်ကံသီသီလေး လွတ်သွားတာပေါ့။

ခုလည်းဒီလိုပဲ အမေရိကန်ထောက်လှမ်းရေးတွေက ကားလမ်း မကိုဆင်းလာပြီး ကိုယ်ကိုကျော်ပြီး နောက်ကရဲဘော်ကို သွားဖမ်းတော့ ကိုယ်လည်းခပ်တည်တည်နဲ့ လှည့်ထွက်လာခဲ့တယ်။ ဖမ်းရင်လည်းလိုက်သွားရုံပဲပေါ့။ ရယ်ရတယ်။

ကိုမြတ်စိုး- အဖမ်းခံရတဲ့ရဲဘော်ကရော ။

မိုးသီး- သူနာမည်တော့ မပြောချင်ဘူး။ သူလုံခြုံရေးအတွက်ပေါ့။ သူက သာမန်လူငယ်တဦးပါ။ မခံချင်လို့ ဆန္ဒလာပြပြီး ဖိနပ်နဲ့ ၀င်ပေါက်တာပေါ့။ သူ့ကို ထောက်လှမ်းရေးက ဖမ်းနေချိန်မှာ ဒို့ ရဲဘော်တဦးဖြစ်တဲ့ ကိုဇော်ဝင်းက ၀င်ပြီးဘာသာပြန်ပေးတယ်။

ဒီအချိန်မှာ ဒို့ ထဲက ရဲဘော်တဦးက ထောက်လှမ်းရေး အိတ်ကို ကိုယ်အိတ်မှတ်ပြီး သယ်လာတယ်။ ဒီအခါထောက်လှမ်းရေး က သူကိုလှည့်ဆဲနေတုံး မှာ ကိုဇော်ဝင်းက ဟိုရဲဘော်လေးကို ဟေ့ လူ ဒိုးတော့ ဆိုတော့။ ဒီရဲဘော်လည်း သုတ်ခြေတင်တော့ တာပဲ။ ဟားဟား။


မြတ်စိုး- အခွင့်ကောင်းကို အသုံးချလိုက်တဲ့သဘောပေါ့။ ဟားဟား။
ဒီတော့ကာ - ခုပွဲကို ဘယ်လို သုံးသပ်သလဲ ။

မိုးသီး- လှုပ်ရှားမှုအောင်မြင်တယ်။ စုပေါင်း တိုက်ပွဲဝင်မှု ( Coordinated Action)ရဲ့ အကျိုးဆက်ပေါ့။ မနက်ပွဲ ပြီးတော့ ညနေ ပွဲမှာ ဆက်ချကြတယ်။ ညနေပွဲကလည်း ဒီကောင်တွေကို ခွေးပြေးဝက်ပြေးပြေးရတာကိုတွေ့ နိုင်ပါတယ်။

ပါဝင်တိုက်ပွဲဝင်တဲ့ရဲဘော်တွေ ကို ဒီနေရာက ချီးကျူးဂုဏ်ပြုပါတယ်။ သိန်းစိန်ကားကို တံထွေးနဲ့ ထွေးခဲ့တဲ့ ကိုဖိုးခွားနဲ့ နော်ဆဲဆဲ ကိုလည်း ဦးထုတ်ချွတ်ပြီးအလေးပြုပါတယ်။

Chaos Management လုပ်နိင်တဲ့ ကိုနေတင်မြင့်၊ ကိုဇော်ဝင်း၊ ကိုအောင်ခန့် လည်း ချီးကြူးပါတယ်။ ဓါတ်ပုံမှတ်တမ်းတင်ရင်း တိုက်ပွဲဝင်ခဲ့တဲ့ ကိုအောင်မင်းထွန်း၊ကိုသိမ်းမင်း ဂုဏ်ယူပါတယ်။

မြတ်စိုး- ဘာလို့ ဒီသတင်းဒီလောက်ပြန့် သွားတာလည်း။

မိုးသီး- နည်းပညာပေါ့။ သူတို့ ကို ခုလိုဆဲဆို ကန့်ကွက်ဆန္ဒပြကြတာတွေဟာ ဒါပထမဆုံးတော့မဟုတ်ဘူးဗျ။ သံအမတ် ဦးသောင်းတို့ တုန်းကလည်းဒီလို ပဲ မြန်မာကျွတ်ကျွတ်ညံအောင် တွေဝိုင်းဆဲကြ တာပဲ။ ဒီတခါကျတော့ သတင်းနည်းပညာ တိုးတက်လာတဲ့အကျိုးကို ကျနော်တို့ ရလိုက်ကြတယ်။ ဓါတ်ပုံ၊ဗွီဒီယိုရတယ်။ အင်တာနက်ကနေ တမ္ဘာလုံးကိုဖြန့် လိုက်တော့ အားလုံးသိကုန်တယ်။ မော်လမြိုင်ကတောင် သိတယ်ဗျာ။ မြန်လိုက်တာ။

မြတ်စိုး- အိုကေ ။ ဆက်မေးခြင်တာတော့ Moral Issue ကိုဆက်မေးခြင်တယ်။ ဒီမှာတချို့ 
က ပြောကြတယ်။ ဒီလိုလုပ်တာ မကောင်းဘူး။ မြန်မာ့ယဉ်ကျေးမှု နဲ့ မကိုက်ညီဘူး လို့ ဆိုကြတယ်။ ဒီမှာ ကျနော်တို့ စစ်တမ်းကောက်ထားတဲ့အထဲမှာ တချို့ လူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြ သင့်တယ်လို့ လည်း မဲပေးထားကြတယ်။

ဒါနဲ့ ပတ်သက်လို့ -

မိုးသီး- သောက်ပိုတွေပေါ့ကွာ။ မြန်မာ ယဉ်ကျေးမှု ထက်စာရင် အမှန်တရားကို မြတ်နိးတယ်။ ပို ပြီး ကိုယ်ကျင့်သုံးတယ်။ ကြုံတုန်းပြောရဦးမယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက လွတ်လပ်ရေးကာလက သာယာဝတီနယ်ဖက်ကို စည်းရုံးရေးဆင်းတယ်။ ဆရာကြီးကနယ်တွေရောက်ရင် ဘုရားတွေကို ၀င်ဖူးလေ့ရှိတယ်။ အဲဒီနယ်ဖက်ရောက်တော့ စေတီတွေမှာ ခေါင်းလောင်းတွေ မတွေ့ ရဘူး။ ဆရာကြီးက ဒီနယ်က စေတီတွေမှာ ခေါင်းလောင်းတွေမတွေ့ ပါလားလို့ မေးတော့ ဒေသခံတဦးဟာ အမလေး မပြောချင်ပါဘူးဆရာကြီးရယ် ဗိုလ်မင်းရောင် သူပုန်ထတုန်းက ကျနော်တို့ ကောင်းကောင်းအိပ်ရတယ်၊ စားရတယ်မရှိပါဘူး။ ခေါင်းလောင်းတွေကို လည်း သူက လက်နက်လုပ်ဖို့ ဆိုပြီး ယူသွားတယ်ဗျလို့ ဆိုတော့ ဆရာကြီးက ဗိုလ်မင်းရောင်ကိုဘယ်လို ကြည်ညို သွားမှန်းမသိဘူးလို့ သူစာမှာ မှတ်တမ်းရေးခဲ့တယ်လေ။

နောက်မေးခွန်း ငြိမ်းချမ်းစွာ ဆန္ဒပြတာ ကို ကျနော်ထောက်ခံတယ်။ ဒါပေမဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ တခြားနည်းမျိုးစုံ ဟာလည်းတရားဝင်တယ်ဆိုတာမမေ့သင့်ဘူး။

17 comments :

bigcat said...

Ko Moe Thee,

It was a small victory but its psychological effect is ways much higher. BRAVO!

Kane said...

I think Packs of Shit would be better than shoes. So it would be a better story. Please Packs of Shit next time. Just like L'oreal Make-Up and I'm sure Everyone around the world enjoy the story. There could be many headlines.. Junta fellows deserves Shit Packs more.. Shoes are a lot cleaner n human accessories. They should be decorated with Shit.

Anonymous said...

ဝဲစားတွေကို ပိုးလိုးပက်လက် သွေးပျက်ခြောက်ခြား သွားအောင် စနစ်တကကျ ပယ်ပယ်နယ်နယ် တစ်တစ်ခွခွ တိုက်ခိုက်ခဲ့ပုံကို အသေးစိတ်ပြန်လည် ရှင်းပြထားတာပဲ ။ အားရပါးရရှိလိုက်တာဗျ ။ ခုလောက်ဆို ဒီဂျဘလွတ်ဝဲစားတွေ ညအိပ်ခါနီးတိုင်း အမြှီးကုတ်စဉ်းစားပြီး သေတဲ့ထိ ခိုးကြောင်ခိုးဝှက်ရှက်သွားမှာ သေခြာတယ်ဗျ ။ Moral Issue တွေဘာတွေ လျှောက်တွေးမနေနဲ့ဗျို့ ။

မေအိခင်(လယ်ဝေး) said...

ကိုမိုးသီး သံဃာ့ကိုသတ် သံဃာသင်းခွဲ နေတဲ့ စစ်အုပ်စု ကို ဖိနပ်မပြောနဲ့  ချီးထုတ် နဲ့ပေါက်ရင်တောင်တရားတယ်ဗျို့  -တစ်ချို့  လူငယ်တွေ တောင် ကိုမိုးသီးတို့ ဦးဆောင်ခဲ့တဲ့ ဖိနပ်ပေါက်ပွဲ ကိုထောက်ခံ ပြီးဆောင်းပါးတွေ ရေး နေကြတာဗျ ။

layaung said...

BRAVO! Ko Moe Thee. I am looking forward to see more in the future. BRAVO.

Anonymous said...

မိုက်တယ်ဗျာ ဗျူဟာ ငါးချက်နဲ့ ကို အစီအစဉ်ရှိရှိ စနစ်တကျ ကြိုတင် စိန်ခေါ်ပြီးတော့ ဖိနပ်နဲ့စောင့်ပစ်တာ ကိုမိုးသီးတို့ လို တယောက် ဖိနပ်တဖက်နဲ့သာကောက်ပေါက်လိုက်မယ်ဆိုရင် ဖိနပ်ပုံနဲ့  ဖိသတ်လို့ ရတယ် ဒီ ခွေးမျိုးတွေကို ။

ဒါပေမယ့်ကိုမိုးသီးရယ် နောက်များတော့ ဖိနပ်တံဆိပ်ကို ပေါ်တင်ကြီးမကြွားပါနဲ့ဗျာ။ ဖိနပ်ပုံကြည့်ကတည်းက ဈေးခပ်နိမ့်နိမ့်ထဲကတော့မဟုတ်ဘူးဆိုတာသိပါတယ်။

Sakura said...

Bravo!, Ko Moe Thee. Many thanks for the interview!

Anonymous said...

နောက်တခါကျရင်..လူတွေကို ထိအောင်ပေါက်ကြပါဗျ။
ကားပေါ် ဆင်းနေ၊တက်နေတုန်းပေါ့။
ကားကိုထိတာထက်..အဲဒီ လူတွေရဲ့ အသားကို ထိစေချင်တာ။

Anonymous said...

ဖိနပ်နဲ့ပေါက်တာ အကြမ်းဖက် သာဆိုရင် အမေရိကန်အစိုးရက ဖမ်းထည့်ပစ်တာ ကြာပြီဗျာ။ လူတွေမလဲ ကိုယ်မလုပ်ရဲတိုင်း အပြစ်လိုက်ပြောနေတာ။
ဒီလို အရှင်လတ်လတ်ကို လုပ်ရတာ တန်တယ် ကိုမိုးသီးရေ။ ခုပွဲက ခါတိုင်း သံရုံးရှေ့မှာ သွားအော် စာပေးတဲ့ ပွဲမျိုးမှမဟုတ်တာပဲ။ အားပေး ထောက်ခံတယ်ဗျို့

Anonymous said...

ကိုမိုးသီး ထောက်ခံတယ် ဗျာ။နအဖ က သံဃာ ဂိုဏ်း သင့်နေတာ။ဘာလုပ်လုပ် တရား တယ်။သေကုန် လဲ သာသနာ့ ရန်အေးတာပေါ့။ အောင်ဆန်းသား

Anonymous said...

Ko Moe Thee and your heroic group,by
watching it replay on youtube it
really gave us a sense of satisfaction, feel like
jumping into the screen and join u
all. Normally the cuss words will
be bothersome, but this is the most
effective weapon under the circumstances we are in. It takes
a lot of guts, glad no one got arrested. The Junta sympathizers
n ass kissers you know deep down
in your heart how ruthless and
cruel they are towards our people,
examine your own God given conscience, this life or next
life Karmic retribution Whut pyan
lite late mei.
By the way next
time when skirmishes happen with
protestors and swanarshin, everyone
should carry some pins and stab
the pins into those thugs, make
sure it is crowded and they would
not know who poked them. THANKS SO
MUCH, APPRECIATED AND PROUD OF YOU
ALL

tintshwethiha said...

thank!

Aung Myat Win(Law)KwanseiGakuinUniversity Japan said...

ko Moe Thee,
You are my HERO.

Aung Myat Win(Law)KwanseiGakuinUniversity Japan said...

Ko Moe Thee,
You are my HERO.

ဖြစ်ရပ်မှန် said...

နယူးယောက် ဆန္ဒပြပွဲ၏ ဖြစ်ရပ်မှန်

အောက်ပါလင်ခ့်တွင် သွားဖတ်ရန်
http://padaukmyay.blogspot.com/2009/10/new-york-shenzi-banzai-ad.html

Unknown said...

ရုးနေကြလားမသိပါဘူးဗျာ......

Anonymous said...

bomb နဲ.ဆို အံကိုက်ပဲ
KMTေ၇.