Tuesday, 10 November 2009

ပြည်တွင်းလှုပ်ရှားမှု သတင်း


-ရန်ကုန်-

၈-၁၁-၀၉ ရက်နေ့ ည ၁၂ နာရီခန့်တွင် လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့နှင့် မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ်မှ အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ် ရေဥက္ကံ ကျေးရွာ ရှိ ရဲကင်း ၊ ကျန်စစ်သား အိမ်ရာ ဆိုင်းဗုဒ်၊ဗစ်တိုးရိးယား စတိုး ဆိုင်းဗုဒ် များနှင့် ပန်းလှိုင် ဂေါက်ကွင်း ခြံစည်းရိုး အုပ်ရိုးတို့တွင် ပို့စကဒ်များ ကပ်ခြင်း၊ ကြေငြာချက်များ ကပ်ခြင်းနှင့်GAB=TBM=FBF စာသားများ ရေးသား ခြင်းလှုပ်ရှားမှု့များ ပြုလုပ်ခဲ့ကြပါသည်။

ထပ်မံပြီး -9.11.2009 ရက်နေ့ည ကြည့်မြင်တိုင်မြို့နယ် သီ၇ိမင်္ဂလာဈေး အတွင်းလှုပ်ရှားမှု အဖြစ် ပို့စကဒ်များအား ပြည်သူလူထုအတွင်း ဖြန့်ဝေခြင်း၊ ဈေးအတွင်းရှိ နံရံများ ဈေးတာဝန်ခံရုံးနံရံများ တံခါးများဆိုင်းဘုတ်များတွင် မြေသြဇာအဖွဲ့ ၀င်များမှလှုပ်၇ှားမှုများပြုလုပ်ခဲ့ကြပါသည်။


2 comments :

Unknown said...

Great,warmly welcome.

Anonymous said...

အခုလို လှုပ်ရှားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာဖြန့်တာ၊ စာကပ်တာလောက်နဲ့ နအဖ က မျက်စောင်းတောင် ထိုးမှာမဟုတ်ဘူး။ သူတို့နဲ့ သက်ဆိုင်တဲ့ လူ၊ ပစ္စည်းတို့ကို ဖျက်စီးမှ သူတို့က နာမှာ။ အသားမနာ မချင်း သူတို့က အေးဆေးပဲ။ နိုဝင်ဘာ ၁၅ရက် နောက်ပိုင်း လှုပ်ရှားမှုကို ပြောက်ကျားတပ်ဖွဲ့ ရဲ့ အစီအစဉ် ကို စောင့်မျော်ကြည့်ရှု့ နေမယ်။ အကောင်းဆုံး မြေသြဇာ အဖွဲ့လည်း ဒီထက်ပိပြင်အောင် ကြိုးစာပါအုံးနော်။ ထောင်ထဲ ဒီအတိုင်းရောက်မယ့်အစား လက်စားချေမှု တစ်ခုလောက်လုပ်ပြီး ထောင်ထဲဝင်ရတာ ပိုတန်မယ်လိုပ ထင်ပါတယ်