အောင်မိုး/ဂျေရာပွန်သော်မဆင်
ဘန်ကောက်၊ ထိုင်း
အဂတိ လိုက်စားမှု ဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံရမည်လို့ ထိုင်းနိုင်ငံ အဆင့်မြင့် တရားရုံးတော်က ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ခ်စင် ကို ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က သူ့ရဲ့ စီးပွားရေး အကြံပေး အတိုင်ပင်ခံ နှင့် ကမ္ဗောဒီးယားအစိုးရရဲ့ စီးပွားရေးအကြံပေးအဖြစ် ဘုရင့်အမိန့် ပြန်တမ်းနဲ့ခန့်အပ် လိုက်တယ်ဆိုတဲ့ အစိုးရ ရဲ့ ကြေညာချက်ကို ဗုဒ္ဓဟူးနေ့က ကမ္ဘေဒီယား ရုပ်မြင်သံကြားမှာ ထုတ်ဖော်ပြသ သွားခဲ့တယ်။
ဒီလို ကမ္ဘောဒီးယား အစိုးရ ထုတ်ပြန်ကြေညာချက် ကို ထုတ်လွှင့်ပြသပြီး မကြာခင်မှာပဲ ထိုင်းအစိုးရ က ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းသံအမတ် ကို ပြန်လည်ခေါ်ယူခဲ့လိုက်ကြောင်း ထိုင်း ၀န်ကြီးချုပ် အာဘီဆစ်က သတင်းထောက်များကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ခ်စင် ဟာ အပြစ်ဒဏ် ကို လက်မခံပဲ၊ နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်။ အခုလို ၀ရမ်းပြေး သပ်ခ်စင် ကို အကာအကွယ်ပေး လက်ခံမှုပြုတာဟာ ထိုင်းနိုင်ငံ တရားရေးစီရင်ထုံး စံနစ် နှင့် ထိုင်းပြည်သူတွေကို စော်ကား လိုက်တာသာဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ ပက်သက်ပြီး သံတမန်ရေး အရ လိုအပ်တဲ့ လက်တုန့်ပြန်မှု ကိုသာ ပြုလုပ်ခဲ့တာသာ ဖြစ်ကြောင်း ၀န်ကြီးချုပ် အာဘီဆစ်က သတင်းထောက်များ ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် အနေ နဲ့ ထိုင်း-ကမ္ဘောဒီဒယား နှစ်နိုင်ငံဆက်ဆံရေးကို အဓိကထားမလား၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ခ်စင် နဲ့ သူ့အကြားဆက်ဆံရေးကိုသာ အဓိက ထားမလားဆိုတာ ရွေးချယ်ရလိမ့်မယ် လို့ သတင်းစာရှင်းလင်းပွဲ မှာ ထုတ်ဖော်ပြောဆို ခဲ့တယ်။
ဒီရာထူးခန့်အပ်တာဟာ ကမ္ဘောဒီးယား အစိုးရရဲ့အတွင်းရေးကိစ္စသာဖြစ်တယ်။ ဒါပေမဲ့ တကယ်လို့ သူသာ ကမ္ဗောဒီးယားမှာ အခြေချနေ တယ်ဆိုရင် သပ်ခ်စင်ကို ပြန်လည် လွှဲပြောင်းပေးဖို့ တွန်းအားပေးတာပဲ ဖြစ်မှာပါလို့ ထိုင်း ဒုတိယ ၀န်ကြီးချုပ် SUTHEP THAUGSUBAN က ပြောဆိုခဲ့ပါတယ်။ ဒီရာထူးခန့်အပ်မှု ကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယား အကြား နှစ်နိုင်ငံဆက်ဆံရေး တင်းမာ လာဖွယ်ရှိပါတယ်။
ှ

0 comments:
Post a Comment