Thursday 5 November 2009

ရွေးကောက်ပွဲဆိုရာဝယ်

Dim Lian (မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်)

ရွေးကောက်ပွဲဆိုတာ အများပြည်သူလူထုကနေ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် ဆုံးဖြတ်ချက် ချမှတ်နိုင်သူ၊ မူဝါဒရေးဆွဲနိုင်သူများကို ရွေးချယ်တဲ့ဆုံးဖြတ်ချက်ချမှတ်မှု ဖြစ်စဉ်တခုဖြစ်ပါတယ်။ ၁၇ ရာစုက အစပြုပြီး ခေတ်သစ်ကိုယ်စားပြု ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲတွေကို အသုံးပြုလာကြပါတယ်။ The spirit of Laws ဆိုတဲ့ စာအုပ်ထဲမှာ Montesquieu က ရွေးကောက်ပွဲတွေမှာ မဲပေးခြင်းအားဖြင့် ပြည်သူလူထုဟာ အချုပ်အခြာအာဏာကို ကျင့်သုံးတာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုဟာ နောင်လာမယ့် အစိုးရတွေ၊ အုပ်ချုပ်သူတွေကို ဆုံးဖြတ်နိုင်သူတွေဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

ရှေးခေတ်ဂရိနဲ့ ရောမသမိုင်းတွေထဲမှာ ရွေးကောက်ပွဲသဏ္ဍာန်တွေ အများအပြားတွေ့ရပါတယ်။ ဒါပေမယ့် အစိုးရအုပ်ချုပ်သူတွေကို လူထုက ရွေးကောက်တဲ့ ခေတ်သစ်ရွေးကောက်ပွဲတွေကတော့ ၁၇ ရာစုအစောပိုင်း ကာလက မြောက်အမေရိကနဲ့ ဥရောပမှာ ထွန်းကားခဲ့တဲ့ ကိုယ်စားပြုဒီမိုကရေစီ အတွေးအခေါ်ကနေ ပေါ်ပေါက်လာတာပါ။ အစိုးရနေရာတွေကို ရွေးကောက်ပွဲနဲ့ ရွေးချယ်တာမှာ သဏ္ဍာန်အမျိုးမျိုး ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အချို့ဝန်ကြီးနေရာတွေဟာ ရွေးကောက်ပွဲနဲ့ ရွေးချယ်တာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲပုံစံအမျိုးမျိုး ရှိပါတယ်။ သမ္မတ ရွေးကောက်ပွဲ(presidential election)၊ အထွေထွေ ရွေးကောက်ပွဲ(General election)၊ ဒေသဆိုင်ရာ ရွေးကောက်ပွဲ (local election) စတာတွေပါ။

ရွေးကောက်ပွဲသွင်ပြင်လက္ခဏာများ


ရွေးကောက်ပွဲသွင်ပြင်လက္ခဏာအများအပြား ရှိပါတယ်။

(၁) Suffrage
ရွေးကောက်ပွဲတွေမှာ ဘယ်သူက မဲပေးခွင့် ရှိတယ်ဆိုတာ အလွန်အရေးကြီးပါတယ်။ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်တွေက လူတွေအားလုံးကို မဲပေးခွင့် မပေးပါဘူး။ စိတ်ဝေဒနာသည်တွေနဲ့ ကန့်သတ်အသက်မပြည့်သေးသူတွေဟာ မဲပေးခွင့် မရှိပါဘူး။ ရှေးခေတ်အေသင်မှာဆိုရင် အမျိုးသမီးတွေ၊ နိုင်ငံခြားသားတွေနဲ့ ကျေးကျွန်တွေကို မဲပေးခွင့် မပြုခဲ့ပါဘူး။

(၂) Nomination
ကိုယ်စားပြု ဒီမိုကရေစီ (representative democracy) မှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို နိုင်ငံရေးပါတီတွေက ကြိုတင်ရွေးချယ်ပြီး အမည်စာရင်း တင်သွင်းရပါတယ်။ တိုက်ရိုက်ဒီမိုကရေစီ (Direct democracy) မှာကျတော့ ဒီမိုကရေစီဖြစ်တဲ့အတွက် ကော်မရှင်က သတ်မှတ်ထားတဲ့ အရည်အချင်း ပြည့်မှီသူတိုင်း ကိုယ်စားလှယ်လောင်းအနေနဲ့ မှတ်ပုံတင်နိုင်ပါတယ်။ တချို့နိုင်ငံတွေမှာနိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေအပြင် တသီးပုဂလိက ကိုယ်စားလှယ်တွေပါ အမည်စာရင်း တင်သွင်းခွင့်ရှိပါတယ်။

(၃) Electoral system
ရွေးကောက်ပွဲစနစ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစီအမံတွေနဲ့ မဲပေးရွေးချယ်တဲ့ စနစ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ရွေးကောက်ပွဲစနစ်တွေမှာ နဲ့ ဆိုပြီး အမျိုးမျိုး ရှိပါတယ်

(၄) Scheduling
ဒီမိုကရေစီစနစ်ရဲ့ အခြေခံသဘောသဘာဝဆိုတာမှာ ရွေးကောက်ခံ ကိုယ်စားလှယ်များဟာ လူထုအပေါ်မှာ တာဝန်ခံမှု ရှိရပါတယ်။ အစိုးရ အဖွဲ့အတွင်းမှာ တာဝန်ဆက်ယူနိုင်ဖို့အတွက် မဲပေးသူတွေရဲ့ လိုအပ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေကို အချိန်အတိုင်းအတာတခု သတ်မှတ်ပြီး ပုံမှန်ကျင်းပရပါတယ်။ အစိုးရအဖွဲ့သစ်တွေကို ထပ်မံရွေးချယ်ဖွဲ့စည်းရပါတယ်။ အိုင်ယာလန် နိုင်ငံမှာ သမ္မတကို ခုနစ်နှစ်တကြိမ် ရွေးချယ်ပြီး၊ အမေရိကန်သမ္မတကိုတော့ လေးနှစ်တကြိမ် ရွေးကောက်ပွဲကျင်းပ ရွေးချယ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများ

အားနည်းတဲ့နိုင်ငံတွေမှာ နိုင်ငံတကာ ရွေးကောက်ပွဲစံညွှန်းတွေကို မပြည့်မှီပါဘူး။ ရွေးကောက်ပွဲလွတ်လပ်ခွင့်၊ တရားမျှတခွင့်တွေ မရှိပါဘူး။ အာဏာရှင်တွေက ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ အာဏာရှင်တွေဟာ အုပ်ချုပ်ရေးအာဏာ (စစ်တပ်၊ ရဲ၊ မာရှယ်လော၊ တင်းကြပ်တဲ့

ရွေးကောက်ပွဲ ဥပဒေ) ကို ကျင့်သုံးပြီး အာဏာအတင်းရယူတာတွေ လုပ်တတ်ကြပါတယ်။ အာဏာရှင် လက်ကိုင်တုတ်အဖွဲ့အစည်းတွေကလဲ မဲရုံကြီးကြပ်သူတွေကို နေရာယူပြီး မဲခိုးတာတွေ၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုကို ထောက်ခံသူတွေကို အုပ်စုဖွဲ့ ရန်ပြုတာတွေ လုပ်တတ်ကြပါတယ်။

ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေကတော့
(၁) ပွင့်လင်းတဲ့ နိုင်ငံရေးဆွေးနွေးပြောဆိုခွင့် မရှိတာတွေ၊ ရွေးကောက်ပွဲရေးရာတွေ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေနဲ့ ပတ်သက်ပြီး ကော်မရှင်က ထုတ်ပြန်မှုမရှိတာတွေ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ဟောပြောခွင့်မရှိပဲ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။
(၂) တရားမမျှတသော ရွေးကောက်ပွဲဥပဒေတွေကိုလဲ အာဏာရှင်အစိုးရတွေက ချမှတ်လေ့ရှိပါတယ်။ အတိုက်အခံကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပေးတာတွေ ဖြစ်ပါတယ်။
(၃) ရွေးကောက်ပွဲကင်ပိန်းတွေကို ဖျက်ဆီးတာတွေလဲ ပြုလုပ်လေ့ရှိပါတယ်။ အတိုက်အခံပါတီရုံးတွေကို ပိတ်ခိုင်းတာ၊ ကင်ပိန်းလှုပ်ရှားမှုတွေကို ဖိနှိပ်တာ၊ မဲပေးသူတွေကို ခြိမ်းချောက်ပြီး အာဏာရှင်ကိုပဲ မဲပေးခိုင်းတာတွေ ပြုလုပ်တတ်ပါတယ်။
(၄) ရွေးကောက်ပွဲကျင်းပတဲ့ နည်းလမ်းတွေ ရှုပ်ရှုပ်ထွေးထွေး လုပ်ထားတာတွေလဲ ရှိပါတယ်။ မဲပေးသူတွေကို မဲပေးရတဲ့ ပုံစံတွေနဲ့ပတ်သက်ပြီးေ၀၀ါးအောင်လုပ်တာတွေ၊ မဲပုံးဖျက်ဆီးတာတွေ၊ ရလာဒ်မှားပေးတာတွေ၊ မဲရုံတွေမှာ အာဏာရှင်လက်ကိုင်တုတ်တွေက စောင့်ကြည့်နေတာတွေ ဖြစ်ပါတယ်။

နိဂုံး
စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားဖို့အတွက် ရွေးကောက်ပွဲဟာ အဓိကကျပေမယ့် ရွေးကောက်ပွဲလွတ်လပ်ခွင့်နဲ့ တရားမျှတမှု မရှိရင် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို မတည်ဆောက်နိုင်ပါဘူး။ အာဏာရှင်တွေကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတိုင်းဟာ ဒီမိုကရေစီကို ဆောင်ကျဉ်းပေးနိုင်တယ်ဆိုတဲ့ အဆိုပြုချက်တွေဟာ မမှန်ကန်ပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments :