Sunday, 8 November 2009

ဂျပန် ၀န်ကြီးချုပ် သစ် ဟတိုယာက နအဖ ကို သတိပေးလိုက်ပြီ


နအဖ ခေါင်းဆောင်များ၏ လုပ်ရပ်များ ကို နိုင်ငံတကာမှ ပြစ်တင်ရှုံ့ ချခြင်းခံနေရပုံ



-WFWW-
တိုကျို၊ ဂျပန်

မြန်မာ နအဖ စစ်အုပ်စုခေါင်းဆောင် သိန်းစိန် ဦးစီးတဲ့ ကိုယ်စလှယ် အဖွဲ့ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ ကျင်းပနေတဲ့ မဲခေါင်မြစ်ဝှမ်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၀န်ကြီးအဆင့် အစည်းအဝေး ကို လာရောက် တက်ရောက်ခဲ့တယ်။ ဒါဟာ ဂျပန်နှင့် မဲခေါင်မြစ်ဝှမ်း(၅)နိုင်ငံ အကြားကျင်းပတဲ့ အစည်းအဝေးပွဲဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာ (Yukio Hatoyama ) က မဲခေါင်မြစ်ဝှမ်း(၅)နိုင်ငံ စီမံကိန်း အစည်းအဝေးသို့ တက်ရောက်လာသော စစ်အစိုးရဝန်ကြီးချုပ်သိန်းစိန် ဦးဆောင်တဲ့ ကိုယ်စလှယ် အဖွဲ့ကို နောက်ဆုံးနေ့ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တဲ့ စကားတွေကတော့ -
  • ၁) မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်စဉ်တွေ သိသာထင်ရှား တိုးတက်ပြောင်းလဲလာမှ ဂျပန်နိုင်ငံက ထောက်ပံ့ပေးအပ်မည့် ODA (Offical Development Assistance) များကို ယခင်အတိုင်း ပြန်လည် ပေးအပ်မယ်။
  • ၂) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ကိုချွင်းချက်မရှိ အမြန်လွှတ်ပေးရမည်။
  • ၃) ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း နိုင်ငံရေးအင်အားစု အားလုံးပါဝင်နိုင်ရမည်။ လွတ်လပ်ပြီး၊ တရားမျှတသော။ ရွေးကောက်ပွဲ ဖြစ်ရမည်။
  • ၄) အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံ အပေါ်ထားရှိသော ထိတွေ့ဆက်ဆံ အဖြေရှာမှု နိုင်ငံခြားရေး မူဝါဒ အသစ်ကို ဂျပန်အစိုးရ က အပြည့်အ၀ထောက်ခံမှု ပေးသွားမည်။
  • ၅) လူသားချင်းစာနာတဲ့ အကူအညီများကို တိုးမြှင့်ထောက်ပံ့သွားမည်။

တကယ်တော့ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ နိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ ထိုင်း၊လော၊ ဗီယက်နမ် နဲ့  ကမ္ဘောဒီးယား(၅)နိုင်ငံ အတွက် (၃)နှစ်အတွင်း ဂျပန်အစိုးရမှ အကူအညီ ODA (Offical Development Assistance) အမေရိကန်ဒေါ်လာ ၅ဘီလီယံနဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ပေးအပ်မှာဖြစ်ပါတယ်။ ယခင်က ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို ဂျပန်ယန်းငွေ ၁၀ ဘီလီယံထောက်ပံ့မှု အကူအညီတွေပေးခဲ့ပေမဲ့ ၊ ၂၀၀၈ ခုနှစ်မှာ ထောက်ပံ့မှုအကူအညီ ဂျပန်ယန်းငွေ ၁.၁၈ ဘီလီယံ နှင့် နည်းပညာ အကူအညီ ၁.၆၄ ဘီလီယံသာ ကူညီထောက်ပံ့ခဲ့တယ်။

ဂျပန်အစိုးရတွေ ဟာ လွန်ခဲ့တဲ့ နှစ်တွေက စပြီး အနှစ် ၂၀ အတွင်းပြောင်းလဲမှုမရှိတဲ့ နအဖ ခေါင်းဆောင်မှု ပိုင်း ကို အတော်လည်း စိတ်ပျက်နေကြပြီး၊ နယူးကလီးယားနည်းပညာ အတွက် ကွန်မြူနစ်မြောက်ကိုရီးယား အစိုးရ နှင့် နအဖ စစ်အုပ်စု အကြား ဆက်ဆံရေးတိုးမြှင့်နေမှုများ ကို အတော်လည်း ဒေါသထွက် နေကြကြောင်း၊ ဂျပန်အစိုးရ ထိပ်တန်း ပုဂ္ဂိုလ်ကြီးတစ်ဦးက ဂျပန်ရုပ်မြင်သံကြားတွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

အာဏာကို သေတဲ့အထိ ဖက်တွယ်သွားကြမဲ့ နအဖ စစ်အုပ်စုခေါင်းဆောင် အာဏာရှင် များဖြစ်ကြတဲ့ သန်းရွှေ၊မောင်အေးဟာ နအဖ စစ်အုပ်စု ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ စစ်ဘက်ထိပ်တန်း ခေါင်းဆောင် များကို ဂျပန်နိုင်ငံသို့ အခွင့်ရတိုင်းစေလွှတ်ခဲ့ကြတယ်။ တချို့ စေလွှတ်ခြင်း ခံရတဲ့ သူတွေတောင် သေဆုံးသွားကြသလို၊ တချို့ ဟာ အကျဉ်းထောင်တွေ မှာ ထောင်ချ ခြင်းခံနေရတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ လက်ရှိထောင်ချခြင်းခံနေရသလို၊ နိုင်ငံခြားရေးဝန်ကြီး ၀င်းအောင် ဟာလည်း ထောင်ထဲမှာ ပဲ သေဆုံးခဲ့ရတယ်။ စေလွှတ်ခံရတဲ့သူတွေ သာ တစ်ယာက်ပြီးတစ်ယောက် ပြောင်းလဲသွား ပေမဲ့၊ စေလွှတ်တဲ့ အာဏာရှင် နှစ်ဦး ကတော့ အနှစ် ၂၀ သာ ကျော်သွားတယ် မပြောင်းလဲသေးပါဘူး။ အခုလည်း မဲခေါင်မြစ်ဝှမ်း(၅)နိုင်ငံ စီမံကိန်း အစည်းအဝေး တက်ရောက်ဖို့ သိန်းစိန် နဲ့ ဥာဏ်ဝင်း ကို ဂျပန်နိုင်ငံသို့ စေလွှတ်လိုက်ပြန်ပါပြီ။ သူတို့လည်း အရင် ယူနီဖောင်းဝတ် စစ်သားနိုင်ငံရေးသမားတွေလို ဘယ်တော့ ထောင်နန်းစံကြမလဲတော့ မသိသေးပါ။

ဒီ အာဏာရှင် နှစ်ဦးဟာ တပ်တွင်း နှင့် ပြည်သူ့ဝန်ထမ်းတွေ ကို အသက် ၆၀ ပြည့်ရင် စစ်တပ်က အနားယူခိုင်း နေပေမဲ့၊ သူတို့ နှစ်ဦး ကိုယ်တိုင် နဲ့ သူတို့နဲ့ နီးစပ်သူတွေ ကတော့ စစ်တပ်မှာ သေတဲ့ အထိ စစ်သားနိုင်ငံရေး တာဝန်ထမ်းခွင့် ရထားကြသူတွေဖြစ်တယ်။ တကယ်တော့ စစ်တပ် တစ်ခုလုံးဟာ သူတို့နှစ်ဦး အာဏာတည်မြဲဖို့ ဆက်လက် အကွာအကွယ်ပေး နေကြရတာသာဖြစ်ကြောင်း။


1 comment :

Unknown said...

ဓါတ်ပုံမှ ဆန္ဒပြသူနဲ့  ရဲအရေအတွက် တူတူလောက် ရှိတယ်ဆိုတာ ဆန္ဒပြသူ တွေကို စိတ်မချလို့ ဘဲ။ ၀န်ကြီးချုပ် တစ်ယောက်ရဲ့  ခရီးစဉ်မှာ သူ့ ရဲ့ လုံခြုံရေးဟာ ဦးစားပေး အရေးကြီးဆုံးဘဲ။ ထိပ်သီး အစည်းအဝေး လာတဲ့ ၀န်ကြီးချုပ် အတွက် လုံခြုံရေးက ဂျပန် အစိုးရမှာ လုံးလုံးတာဝန်ရှိတယ်။ ဂျပန်မှာ မိန်းကလေးတစ်ဦးကို လိုက်နှောင့်ယှက်နေတာ ရဲကိုကြိုတင်ပြီး တိုင်ထားပေမဲ့ ရဲက ဂရုမစိုက်လို့  နောက်ဆုံး ဒီမိန်းကလေး ဘူတာရုံ ရှေ့မှတင် ဒါးအထိုးခံ ပြီးသေသွားတာ လူတိုင်းအသိ။ မြန်မာနိုင်ငံမှာ လာသမျှ ဧည်သည့်ပူစရာ မလိုဘဲ သွားနိုင်တာနဲ့ ယှဉ်ကြည့်ရင် မြန်မာနိုင်ငံက အသာကြီး။

ဂျပန်ပြောနေတာတွေက အရင် အစိုးရက ပြောနေတာတွေနဲ့ ဘာမှမခြားပါ။ သူ့ ဆရာ့အကြိုက် ၀တ်ကျေတန်းကျေ လိုက်ပြောနေရတာ။ မြန်မာ နဲ့ အမေရိကန် တိုက်ရိုက် ဆက်ဆံရေး အပေါ်မှာ မူတည်ပြီး လေသံပြောင်းပါလိမ့်မယ်။ ထူးခြားတာက တစ်ချိန်က နိုင်ငံရေးအရ မဖြစ်နိုင်ဘူးလို့  ထင်တဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ် ကိုယ်တိုင် ရောက်လာပြီဘဲ ဒါ နိုင်ငံရေးအရ အမြတ်ဘဲ။ ဟိုတုံးထဲက လမ်းမပေါ်မှာ ဆန္ဒပြသူများက အခုထိ လမ်းမပေါ်မှာ ဆန္ဒပြတုံးဘဲ။ ဆန္ဒပြသူတွေကလဲ မြန်မာအပေါ် အမြင်မကြည်လင်သူ ဂျပန်လွှတ်တော်အမတ် အချို့  (သူတို့ လဲသူ့ ဆရာ အခိုင်းခံရလို့ ) က ခိုင်းတဲ့ အတိုင်း လုပ်နေရတာ။ မျှော်လင့်ချက် ကတော့ ဂျပန်မှာ ဒုက္ခသည် သတ်မှတ်ခံရရေးဘဲ။ အလုပ်ဗီဇာနဲ့ ဂျပန်မှာ နေရဖို့  ဒေါ်လာ တစ်သောင်းကျော် ကုန်မှာ ဒီနည်းက လွယ်ကူ၊ ပိုက်ဆံမကုန် သံရုံးကိုလည်း အခွန်ရှောင်လိုတော့ အလွယ်လမ်း လိုက်သူတွေက ဆန္ဒပြသူတွေ ဖြစ်ကုန်တာပေါ့။

ဂျပန်ကအကူအညီ ပေးပေး မပေးပေး မြန်မာလူမျိုး တစ်ဦးအနေနဲ့  ဂုဏ်ယူပြီး ပြောချင်တာက ဂျပန်စစ်ရှုံးပြီး စားစရာဆန်မရှိတဲ့ အချိန်မှာ မြန်မာက ဆန် အထောက်အပံ့ ပေးခဲ့တာဘဲ။ တစ်ခြားနိုင်ငံတွေ စစ်အတွင်းက နှိပ်စက်ခဲ့လို ဂျပန်ကို မုန်းတီး ပြန်လည်အစဖေါ်နေချိန်မှာ နေချိန်မှာ ဖက်ဆစ်တော်လှန်ရေး နေ့ ကနေ့  တပ်မတော်နေ့  ပြောင်းခဲ့တာ မြန်မာဘဲ။ ဒါကို သိတဲ့ဂျပန်တွေ အများကြီးပါ။ တရုတ်နဲ့  နီးစပ်တာ မကြိုက်လို့  မပေါင်းနဲ့ လို့  ပြောလို့ လဲ မရဘူး ဆိုတာ သိတယ်။ တရုပ်လို မြန်မာပြည်ဘက်က ရပ်တည်ပေး အကူအညီ ပေးလာခဲ့ရင် တစ်မျိုးဖြစ်လာမှာပေါ့။ အမေရိကန်လဲ တရုပ်ဖေါက်ခဲ့တဲ့ လမ်းအတိုင်း စလျှောက်ပြီ ဆိုတော့ ဂျပန်လဲ ဆက်လိုက် ယုံဘဲ ရှိတယ်။

မြန်မာက ဒီမိုကရေစီ သွားမယ် ပြောပြီးပြီ၊ ကွန်မြူနစ်စနစ် သွားမယ် ပြောတာမဟုတ်။ ဖွဲ့  စည်းပုံအခြေခံ ဥပဒေကို ၉၂ ရာခိုင်နှုံးကျော် ပြည်သူလူထု ထောက်ခံမှုနဲ့  အတည် ပြုပြီးပြီ။ လာပြင်ဖို့  ပြောရင် မြန်မာပြည်သူ လူထုဆန္ဒကို စော်ကား တာနဲ့  တူတူဘဲ။ ရွေးကောက်ပွဲ လုပ်ပေးမယ် ပြောပြီးပြီ။ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပေးမယ် ပြောပြီးပြီ ကိုယ့်အရည်အချင်း ကိုယ်ယုံကြည်ရင် ၀င်ပြိုင် ယုံဘဲ ရှိတော့တယ်။ လွှတ်တော်အမတ်တွေ ဖြစ်မှ ပြင်ကြပေါ့။