-သာထက်-
တိုကျို ( DFB/WFWW)
ဂျပန်နိုင်ငံ တိုကျိုမြို့ မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၀န်ကြီးအဆင့် အစည်းအဝေး သို့ တက်ရောက်ခဲ့တဲ့ နအဖ စစ်အုပ်စု ၀န်ကြီးချုပ် သိန်းစိန် တည်းခိုရာ တိုကျို မြို့ Yotsuya ရှိ New Otani hotel ရှေ့တွင် ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသော JAC မှဦးဆောင်ပြီး မြန်မာနိုင်ငံသားများ စုပေါင်းပြီး နံနက် ၉ နာရီ မှ ၁၁ နာရီ အထိ ဆန္ဒပြ ခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ဂျပန်အစိုးရ က လုံခြုံရေးအပြည့်ချထားပြီး ဆန္ဒပြတဲ့လူတွေကို စောင့်ကြည့်ခဲ့ကြသည်။ နအဖစစ်ဗိုလ်ချုပ်သိန်းစိန်အား လာရောက်မှု အပေါ် ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်မှု ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့၊ ရှီနာဂါဝါမြို့ ရှိ နအဖစစ်အခွန်ရုံးရှေ့ တွေမှာလည်း ကျင်းပခဲ့ကြတယ်။ ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်မှု သို့ တိုကျိုမြို့ ရှိ မြန်မာ့ ဒီမိုကရေစီ အဖွဲ့အစည်း အသီးသီးမှ ပါဝင်ခဲ့ကြပြီး၊ ဆန္ဒပြပွဲများ သို့ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်းကြားသိရပါသည်။
စစ်အုပ်စု ခေါင်းဆောင်များသည် ပြည်ပခရီးထွက်ခါတိုင်း သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးများသို့ သွားရောက်၍ သံရုံးဝန်ထမ်းများ၏ ဂါဝရပြုခံကြပါတယ်။ သို့ပေသော်ငြားလည်း သိန်းစိန်နဲ့ အဖွဲ့ဟာ တိုကျိုမြို့ မြန်မာသံရုံးသို့လည်း တဖွဲဖွဲ လာရောက်ခဲ့ကြသော မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ရဲ့ ဆန္ဒပြအင်အား ကြောင့် သံရုံးသို့ သွားရောက်လည်ပတ်မှု ကို ဖျက်သိမ်းခဲ့ရကြောင်း တိုကျိုက လာတဲ့ သတင်းများက ပြောဆိုနေကြသည်။
အတည်မပြုရသော သတင်းများအရ သံရုံးသို့မလာဝံ့ဘဲ တည်းခိုရာဟိုတယ်၌ပင် သံရုံးဝန်ထမ်းများ၏ ဂါဝရပြုခံကြောင်း ကြားသိရပါတယ်။
No comments :
Post a Comment