Thursday 5 November 2009

ယနေ့ တွေ့ မြင်ရသော မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်




1 comment :

တစ်နိုင်စံ said...

အကျယ်ချုပ် အကျဉ်းချုပ်တွေနဲ့ ဖိနှိပ်မှုတွေအောက်က တိုးထွက်လာတဲ့ ဒေါ်စုရဲ့ လန်းဆန်းနေတဲ့ အပြုံးဟာအဓိပ္ပါယ်မဲ့ မဟုတ်ပါဘူး၊
မြန့်မာ့ ဒီမိုကရေစီရေး အတွက်သာမက လူသားအားလုံးရဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေတဲ့သူတွေအားလုံး အတွက် ရည်ရွယ်ချက်အပြည့်နဲ့ ပေးတဲ့ အားဆေးတခွက်ပါ။
ဒီဆေးကိုသောက် ဒီအားကိုယူပြီး ဒေါ်စုကို ဝိုင်းကူကြပါစို့။
ဒေါ်စုကလုပ်ပါလို့ ပြောတဲ့အလုပ်တွေကိုလုပ်ကြမယ၊်
ဒေါ်စုကလုပ်ပါ ပြောလို့မဖြစ်တဲ့ လုပ်သင့်လုပ်ထိုက်တာ တွေကိုလည်း
မချင့်မရဲ မဖြစ်ပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ကြပါစို့။
တစ်နိုင်ငံလုံး အဖိနှိပ်ခံတွေအားလုံး
အုပ်တစ်ခဲ မဖြစ်နှိုင်သေးလျှင်တောင် သဲတစ်ပွင့်ဖြစ်ပါစေ။
ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေကို တကယ်ချစ်တဲ့ တပ်မတော်သားများလည်း လှံတစင်း မဖြစ်နှိုင်သေးလျှင်တောင်
အပ်တချောင်းဖြစ်ပါစေ။
ဒါမှသာ အပြစ်မြင်နေတဲ့ ပြည်သူတွေကြားမှာ ကိုယ့်ကိုယ်ကိုကိုယ် အပြစ်ကင်းတယ်လို သင်တကယ်ခံစားနိုင်မှာ။
အရေးကြီးလှပြီမို့ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေနဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာအတွက်
တစ်ယောက်ကစ တစ်ရာမဆုံးပဲ တစ်နိုင်ငံလုံးပါဝင် တိုက်ပွဲဆင်မှ ပေးဆပ်ရတာ အနဲးဆုံးဖြစ်လိမ့်မယ်။
အာဏာရှင်စနစ်သာ အဓိကတရားခံဆိုတာ ပြတ်ပြတ်မြင်ပြီး
ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်ပွဲဝင်နေသူတွေကို
အမှားမြင်လို့ အားမလိုအားမရဖြစ်ခဲ့လျှင်လည်း
အပြစ်မတင် ခလောက်မဆွဲပဲ သင်လည်း သဲတစ်ပွင့်ဖြစ်လိုက်ပါလို့ ပြောပါရစေ။