ဒီရက်ပိုင်းအတွင်း ပြည်တွင်းက သတင်းဂျာနယ် နှစ်စောင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ် တစ်ဦး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သေဆုံးခြင်း သတင်းကို ဖတ်မိပြီး ဤဆောင်းပါးကို ရေးရန် အကြံဖြစ်ပါသည်။
သတင်းအကျဉ်းမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပြီးစ အမျိုးသမီးငယ်တစ်ဦးသည် ဗိုက်နာသဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ရုံတွင် သွားရောက်ပြသသည်။ ဆရာဝန်တစ်ဦးက စမ်းသပ်စစ်ဆေးပြီး အူအတက်ရောင်ရောဂါ ရှိသည်ဟု ဆိုကာ ခွဲစိတ်ကုသသည်။ ခွဲစိတ်ကုသအပြီး နှစ်ရက်အကြာတွင် အမျိုးသမီးငယ် သေဆုံးသွားခဲ့သည်။ သတင်းနှစ်ပုဒ်လုံး၏ သုံးသပ်ချက်မှာ ဆရာဝန်၏ အမှားကြောင့် အမျိုးသမီးငယ် အသက်ဆုံးရှုံးရသည်ဟု ဆိုထားပြီး နောင်တွင် အလားတူ အမှားမျိုးမဖြစ်ရန် အကြံဥာဏ် ပေးထားလေသည်။
သတင်းဆောင်းပါး အကျယ်ကို အောက်ပါ ဂျာနယ်နှစ်စောင်တွင် ဖတ်ရှုနိုင်ပါသည်။
Snap-shot
weekly 11
ကျွန်တော့်အနေဖြင့် တရားဥပဒေ ရှုထောင့်နှင့် ဆေးပညာရှုထောင့် တို့မှကြည့်၍ ပြန်လည် ဆွေးနွေးလိုသည်။
တရားဥပဒေရှုထောင့်
(၁) သတင်းနှစ်ပုဒ်လုံး၏ အရင်းအမြစ်သည် ကွယ်လွန်သွားသော အမျိုးသမီးငယ်၏ မိခင်ထံမှ ဖြစ်သည်။ သက်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံနှင့် ပါဝင်ပတ်သက်နေသော ဆရာဝန် (သို့မဟုတ်) ၄င်းတို့က လွှဲအပ်သော ရှေ့နေတို့၏ တိုက်ရိုက် ပြောဆိုချက်များ မပါဝင်။ (မိခင်က တဆင့်ပြောသော ဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတစ်ဦး၏ ပြောဆိုချက်သည် hearsay evidence ဖြစ်သဖြင့် သက်သေအဖြစ် တင်ရန် ခဲယဉ်းသည်။) ထို့ကြောင့် မျှတမှု ရှိသော သတင်းများ မဟုတ်ပေ။
(၂) သေဆုံးရသည့် အကြောင်းရင်းကို ရင်ခွဲစစ်ဆေးသည့် ဆေးစစ်ချက် (Post-Mortem report) မပါရှိ။ Death certificate ( သေစာရင်း ) တစ်ခုတည်းသည် သေဆုံးရသည့် အကြောင်းရင်းအတွက် ပြည့်စုံလုံလောက်သည့် အထောက်အထား မဖြစ်ပါ။
(၃) ဆရာဝန်၏ မကျွမ်းကျင်မှု (သို့မဟုတ်) ပေါ့လျော့မှု ဖြစ်မဖြစ်ကို ဘက်လိုက်မှုမရှိသော (၄င်းပုဂ္ဂလိက ဆေးရုံနှင့်၎င်း၊ ကုသသော ဆရာဝန်နှင့်၎င်း၊ လူနာရှင်နှင့်၎င်း တစုံတရာ ပတ်သက်မှု မရှိသည့်) စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားခြင်း မရှိ။
(၄) မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်အရ တရားရုံးရှေ့မှောက်တွင် အပြစ်ရှိသည်ဟု စီရင်ခြင်း မခံရသေးသရွေ့ တရားစွဲဆိုခံရသူအား အပြစ်မရှိဟု မှတ်ယူရမည်ဆိုသော “Innocent until proven guilty” ဆိုသည့် မူကို ဆန့်ကျင်နေသည်။ (စကားချပ်။ ။ အမေရိကန် နိုင်ငံ ဖို့ဒ်ဟုဒ်စစ်စခန်းတွင် စစ်သား ၁၃ ဦးကို သေစေမှုဖြင့် စွပ်စွဲခံနေရသော ဗိုလ်မှုးဟာဆန်အား မျက်မြင်သက်သေများ အများအပြားရှိနေစေကာမူ တရားရုံးက ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးသဖြင့် ယခုအချိန်အထိ စာနယ်ဇင်းများက “Accused” ဟူသည့် စကားလုံးဖြင့်သာ သုံးနှုန်းပြီး အပြစ်ရှိသူဟု မသုံးနှုန်းကြောင်း သတိပြုမိပါသည်။)
ဆေးပညာရှုထောင့်
(၁) အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သည် ကိုယ်အလေးချိန်နည်းသော မြန်မာ အမျိုးသမီးများ အဖို့ ပုံမှန်ရှိသော သွေးပေါင်ချိန် ဖြစ်နိုင်သည်။ အမျိုးသမီးငယ်၏ နေထိုင်မကောင်း မဖြစ်မီက ရှိသော သွေးပေါင်ချိန်နှင့် နှိုင်းယှဉ် စဉ်းစားရန်လိုသည်။ သာမာန်အားဖြင့်မူ အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သည် သွေးပေါင်ချိန် နည်းနေသည်ဟု မဆိုသာ။
(၂) Acute abdomen - ရုတ်တရက်ဖြစ်သော ဗိုက်အောင့်ဗိုက်နာ ရောဂါအုပ်စု၏ လက္ခဏာများမှာ ခပ်ဆင်ဆင်တူသည်။ သေစာရင်း Death certificate တွင်ပါရှိသော ရောဂါအမည် သတ်မှတ်ချက်ဖြစ်သည့် Mesenteric lymphadenitis (အူရှိ ပြန်ရည်ကျိတ်ရောင် ရောဂါ) နှင့် Acute appendicitis (အူအတက်ရောင်ရောဂါ) ရောဂါ နှစ်မျိုးစလုံးမှာ ရုတ်တရက်ဖြစ်သော ဗိုက်နာ ဗိုက်အောင့် ရောဂါ အုပ်စုတွင် အကျုံးဝင်သဖြင့် ရောဂါလက္ခဏာ ဆင်တူသည်။ ၀မ်းဗိုက်ကို ဖိလျင် နာခြင်း (tenderness) သည် ၄င်း Acute abdomen ရောဂါအုပ်စု၏ လက္ခဏာ တစ်မျိုးဖြစ်သည်။ ကုသပုံမှာ ကွဲပြားသည်။ အူအတက်ရောင်ရောဂါ ဖြစ်လျှင် ခွဲစိတ်ကုသမှသာ ပျောက်ကင်းရန် အခွင့်အလန်းများပြီး ပြန်ရည်ကျိတ်ရောင်ခြင်း အတွက်မူ ခွဲစိတ်ကုသရန် လိုအပ်လေ့မရှိ။
(၃) ခွဲစိတ်ကုသရန်အတွက် အရွယ်မရောက်သေးသူဖြစ်ပါက မိဘ (သို့) အုပ်ထိမ်းသူ၏ ခွင့်ပြုချက် ရယူရန်လိုသည်။ ထိုခွင့်ပြုချက်တွင် ခွဲစိတ်ခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်များကို သိရှိနားလည်ကြောင်းနှင့် ခွင့်ပြုကြောင်းပါရှိသည်။ ကျွန်တော်တို့ နိုင်ငံတွင် ဆရာဝန့် သဘောပါဟု ဆရာဝန်ကို ပုံအပ်တတ်ကြသည်။ အမှန်တကယ် ဖြစ်သင့်သည်မှာ ဆရာဝန် ကိုယ်တိုင် (သို့) ဆရာဝန်က လွှဲအပ်ခြင်း ခံရသော သူနာပြု က ခွဲစိတ်ခြင်း၏ အကျိုး၊ အပြစ်တို့ကို လူနာရှင်အား သေသေချာချာနားလည် သဘောပေါက်အောင် ရှင်းပြပြီး လူနာရှင်က ဆုံးဖြတ်ချက် ချရန်ဖြစ်သည်။ ဆိုလိုရင်းမှာ ဆေးပညာရှင်များဖက်က လူနာနှင့် လူနာရှင် နားလည် သဘောပေါက်အောင် ရှင်းလင်း ပြောပြရန် တာဝန်ရှိပြီး၊ ဆုံးဖြတ်ချက်ချရန်နှင့် ထိုဆုံးဖြတ်ချက်၏ အကျိုးဆက်ကို ခံစားရန်မှာ လူနာနှင့် လူနာရှင်ဖြစ်သည်။ ခွဲစိတ်ကုသချက်တွင် ကျွမ်းကျင်မှု ရှိမရှိကမူ ခွဲစိတ်ကုသသူ ဆရာဝန်၏ တာဝန်ဖြစ်ပေမည်။
(၄) “တီဗွီဓာတ်မှန် မရိုက်၊ သွေးမစစ်ပဲ ခွဲစိတ်ခန်းထဲ ပို့လိုက်တယ်” ဟု လူနာရှင် မိခင်က ပြန်လည်ပြောပြကြောင်း သတင်းတွင် ရေးသားထားသည်။ ဤအချက်မှာ အတိအကျ မှန်မမှန် ပြောရခက်သည်။ အဘယ်ကြောင့်ဆိုသော် အရေးပေါ်ခွဲစိတ်ကုသမှု အတွက် ပြင်ဆင်တိုင်း သွေးအမျိုးအစား စစ်ဆေးခြင်းနှင့် သွေးအရန်သင့်ထားခြင်းတို့က မဖြစ်မနေ လုပ်ရမည့်ကိစ္စများပင်။ ထိုသို့ မလုပ်ဆောင်ခဲ့သော် ဆရာဝန်ဖက်က “ပေါ့လျော့မှု” ရှိသည်ဟု ပြောမည်ဆိုက ပြောနိုင်သည်။ တီဗွီဓာတ်မှန် ရိုက်ခြင်းသည် ဤရောဂါအတွက် အကောင်းဆုံး စစ်ဆေးချက် ဟုတ်မဟုတ် ကျွန်တော် မပြောတတ်ပေ။ သို့ရာတွင် လူနာကို လက်ဖြင့် စမ်းသပ်ရုံတင်မကပဲ ထပ်မံအတည်ပြုသည့် စစ်ဆေးချက် ( ဥပမာ - ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း ) ကို ဆောင်ရွက်ရန် အခြေအနေပေးပါက ဆောင်ရွက်သင့်ပေသည်။ အထက်ပါအချက်မှာ ကျွန်တော်၏ ထင်မြင်ချက်သာဖြစ်ပြီး ပို၍ ဖြစ်သင့်သည်မှာ မခွဲစိတ်မီ လုံလောက်သော စမ်းသပ် စစ်ဆေးချက်များ ပြုလုပ်ခဲ့ခြင်း ရှိမရှိကို ကျွမ်းကျင်သော ပညာရှင်များပါသည့် (တရားဥပဒေ ရှုထောင့် အချက် - ၃ ပါ) ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးရေး အဖွဲ့က အဆုံးအဖြတ် ပေးရပေမည်။
ပြန်လှန် ဆွေးနွေးချက်ကို အချုပ်ဆိုရသော် သတင်းပါ အချက်အလက်များသည် ဆရာဝန်တွင် အပြစ်ရှိသည် (သို့မဟုတ်) မရှိပါဟု ပြောဆိုရန် မလုံလောက်ဟု ထင်မြင်မိပါသည်။ ထို့အပြင် တရားရုံးတွင် တရားရင်ဆိုင်ပြီး ဆရာဝန်တွင် အပြစ်ရှိသည်ဟု စီရင်ချက် မချမှတ်သေးသောကြောင့် ဥပဒေသဘောအရ ယခုပစ္စုပ္ပန်အချိန်တွင် ဆရာဝန်၌ အပြစ်မရှိဟု မှတ်ယူရပေမည်။
တိုင်းပြည်၏ မျက်စိနှင့် နားသဖွယ်ဖြစ်သော သတင်းမီဒီယာအချို့၏ သတင်းဆောင်းပါး ရေးသားသူများက ဥပဒေရှေ့က တင်ကြို၍ အဆုံးအဖြတ်ပေးနေခြင်းသည် တရားစည်းဘောင်လွတ်နေကြောင်း ထောက်ပြလိုက်ရပါသည်။
လူမှုရေး ရှုထောင့်တစ်ခုတည်းမှ ကြည့်၍ ကောက်ချက်ချသူများ၏ ထင်မြင်ယူဆချက်များ အတွက်မူ ကျွန်တော့်အနေဖြင့် မပြောသာပေ။ ဤဆောင်းပါး နှစ်ပုဒ်၏ ကောက်ချက်များနှင့် Prejudice ( ဥပဒေ ရှေ့က တင်ကြိုအဆုံးအဖြတ်ပေးခြင်း ) တို့ကို လုံးဝ သဘောမတူ စေကာမူ မြန်မာနိုင်ငံရှိ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် တိုက်တွန်းနှိုးဆော်သည်ကိုတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ တိုင်းပြည်၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာစေဖို့ ဆေးဝန်ထမ်းများသာမက ပြည်သူပြည်သားအားလုံးနှင့် သတင်းမီဒီယာများတွင်ပါ တာဝန်ရှိသည် မဟုတ်ပါလား။
ပြန်လှန် ဆွေးနွေးလိုပါက မှတ်ချက်တွင် ရေးသားပေးသွားပါရန် မေတ္တာရပ်ပါသည်။ စီဘောက်စ်တွင် ဆွေးနွေးရ ခက်ခဲသောကြောင့် ဖြစ်ပါသည်။
အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်
မူရင်း- http://health.ngoinmyanmar.org/2009/11/presumption-of-innocence.html
14 comments :
Good suggestion.
I want to point out the incident based on the facts I have read from her mother.
Firstly, the patient has been High Temperature for 5 previous days and even if it is diagnosed as favour of appendicitis, great surgeon will not practice the operation in terms of surgical point of view.
Secondly, the surgeon said she is very pale and pressure is low. The facts he should have to think, check and exclude the other possible causes like Dengue fever which was the cause of death.
Thirdly, the surgeon came to see her in post operative period only once even though her condition was extremely and unexpectedly deteriorated. It should be the multi-involving team management.
Fourthly, Hospital had the meetings and admitted that was their fault.
I can see some missing care and negligence in terms of doctor patient relationship.
That case should be properly conducted and questioned to proceed the enquiry to find out the cause. But it seemed to be doctor's.
In terms of Journalism, I think they should ask and interview almost everyone involving in the incident as you said.
However, the words they mentioned in the article are those the mother said. I think it was reasonable for the ethics and they should mention the sufferer's feelings publicly.
The fact is that there is no place to complaint and no proper laws for the misconduct in Myanmar. If there is, the future incident can be protected by taking count from them and making protocols for doctor treatment.
Sadly, the parents are swallowing their sorrows quietly.
That's the fact...
Eventually, the arrow is leading back to the policy makers who govern the country.
Hello,
All the points that you mentioned in your article are correct. That local journal should abide by media ethics. But the problem is that Myat Khine himself did not pass 10th standard. So it will be very difficult for him to know ethics of journalism. Media must be balanced.
Why Mr.Hlamon did not comment during Daw Aung San Suu Kyi case?
မြန်မာနိုင်ငံရဲ့ ဥပဒေရေးရာ အကြောင်းကို အဓိက စောင်းပေးကာ ဆွေးနွေးတင်ပြခြင်းရဲ့ ရည်ရွယ်ချက်ကို သိပါရစေ... ဆွေးနွေးတင်ပြခြင်းလို့ ခေါင်းစဉ်တပ်ထားပေးမယ့် ဘာကို အဓိက ဦးစားပေးဆွေးနွေးချင်မှန်း ခေါင်းစဉ်ရှာမရပါ။ တစ်ခုပဲ ပြောချင်ပါသည် ... ယခု သေဆုံးသွားသော မိန်းကလေးငယ်သည် ဆွေးနွေးတင်ပြထားသူ၏ သမီးငယ်လေးတစ်ယောက်ဖြစ်နေပါက ဘယ်လို အမြင် ရှုထောင့်ကနေ တင်ပြ သုံးသပ်ပေးမည်ဆိုသည်ကို အထူး စိတ်ဝင်စားစွာ ဖတ်ချင်ပါသည်။
၁။ ဂျာနယ်တွေက မှားတယ်လို့ဆိုရအောင်လဲ “ဘယ်အထူးကုဆေးခန်းမှာ ဖြစ်ပာတယ်၊ ဘယ်အထူးကုဆရာဝန်ပာ” ဆိုပြီးတော့လည်း ထည့်ရေးထားတာ မတွေ့မိပာ။ တရားခံဘယ်သူ ဟာဆိုပြီးတော့လဲ သုံးနှုံးထားတာမဖတ်လိုက်ရပာ။ ဂျာနယ်မှာကတော့ သေဆုံးသူ ကျောင်းသူရဲ့ မိဘတွေရဲ့ပြောဆိုချက်တွေကို ဖှောပြထားတာဖတ်ရပာတယ်။ ဒာကလည်း မီဒီယာအလုပ်ပဲလေ။ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင်မဟုတ်ဘူးဆိုတာ သက်ဆိုင်တဲ့သူတွေက ပြန်ဖြေရှင်းပော့။ ဒာဆို မီဒီယာမှားတယ်ဆိုတာလည်း မဟုတ်သေးပာဘူး။
၂။ အဲဒာဆို တုပ်ကွေးဖြစ်တဲ့ ကျောင်းသူလေးက မှားတာလား? နေတောင်မှ မကောင်းရဲသလိုဖြစ်နေပာဦးမယ်။ ဒာလည်းမဟုတ်သေးဘူး။
၃။ ဒာဆို လူနာရှင်မိဘတွေမှာ အပြစ်ရှိတယ်ပော့။ သူတို့မှ ဆေးမကုတတ်တာ၊ သမီး နေမကောင်းလို့ ဆေးခန်းပြတာ အပြစ်လား။ အလကားပြတာလဲ မဟုတ်ဘူးလေ။ ပိုက်ဆံမှ သောက်သောက်လဲ ပေးပြရတာ။ ကျမဿမာရေးဝန်ဆောင်မှုပေးတဲ့ Service ကို ငွေကြေးများ စွာပေးပြီး ဝယ်ထားရတာလေ။ ဒီလောက်လေးနဲ့ သူတို့သမီးတစ်ယောက်လုံး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်တဲ့အပှောမှာ သူတို့ဒီလောက် တောင် မပြောရဘူးလား။ သူများနိုင်ငံတွေမှာဆိုရင် တရားတောင်စွဲကြတာနှော။ လူနာရှင်တွေမှာ အပြစ်ရှိတယ်ဆိုရင်တော့ …. ဒာလည်း မဟုတ်သေးဘူးထင်တယ်။
ဒီဆောင်းပားကို ဖတ်ရင်း တစ်ခုခုတော့ မှားနေပြီလို့ ခံစားရပာတယ်။ ဆောင်းပားရှင်ကတော့ မြန်မာသတင်းမီဒီယာအချို့ဆိုပြီး Eleven Media Group နဲ့ လျှပ်တစ်ပျက် ဂျာနယ်တိုက် ၂ ခုကို ဝေဘန်ထားပာတယ်။ လျှပ်တစ်ပျက် တော့သိပ်မဖတ်လို့ မသိဘူး။ (တကယ်က ကြိုက်ကို မကြိုက်လို့ မဖတ်တာပာ။) Eleven Media ကထုတ်တဲ့ ဂျာနယ်တွေကတော့ မြန်မာပြည်မှာ ထိပ်တန်းအဆင့်ရှိတဲ့ ဂျာနယ်တစ်ခု လို့မြင်ပာတယ်။ ကျနှောပြောတဲ့ထိပ်တန်းဆိုတာ စာဖတ်သူအပှော စေတနာထားတဲ့နေရာမှာ ပေးထားတဲ့ အဆင့်အတန်းပာ။ မီဒီယာကျင့် ဝတ်ဆိုရင်လည်း ကျနှောအခုအလုပ်လုပ်နေတဲ့နိုင်ငံက တချို့သတင်းစာတွေထက် လိုက်နာပာသေးတယ်။ ထားပာတော့ကျနှောပြောချင် တာက ဘယ်သူမှားတာလဲ? အခုကိစဿစမှာ ဘယ်သူမှားခဲ့တာလဲ?
၃။ နောက်တစ်ယောက်ကတော့ သူငယ်ချင်းရဲ့ အမျိုးသမီးပာ။ အိပ်မပျှောတဲ့စိတ်ရောဂာ ဖြစ်နေတဲ့လူနာလို့ပဲ လွယ်လွယ်ပြောကြပာစို့ဗျာ။ သူ့ရဲ့ အထူးကုဆရာဝန်ကလည်း ဆေးတွေပဲလှိမ့်သောက်ခိုင်းတော့တာပာပဲ။ ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ ဇစ်မြစ်ကိုလဲ မစုံစမ်းပဲ ဆေးကြည့် လှိမ့်သောက်ခိုင်းနေတာပာ။ စိတ်ရောဂာဆိုတာ စိတ်နဲ့ပဲကုရတာမဟုတ်လား။ ဆေးအကူအညီလည်းလိုပာတယ်။ ဒာပေမဲ့ ဆေးအကူအညီတစ်ခုတည်းနဲ့တော့ ကုလို့မရနိုင်ပာဘူး။ နောက်ဆုံးမိတ်ဆွေအပောင်းအသင်းတွေ ကောင်းမှုနဲ့ပဲ အဲဒီစိတ်ရောဂာ ပျောက် သလောက်ဖြစ်သွားပာတယ်။ အိပ်ကလည်းပျှောလွန်းလို့ တစ်ရက်ကို ၃ ခာလောက်ခွဲအိပ်ရပာတယ်။
၂။ သူငယ်ချင်းတစ်ယောက် အူအတက်ပောက်ပာတယ်။ အဲဒာ အထူးကုဆရာဝန်က အစာအိမ်ဖြစ်တာဆိုပြီးတော့ အစာအိမ်ဆေးများကို သောက်ဘို့ညွှန်ကြားပာတယ်။ နောက်ဆုံး အဲဒီသူငယ်ချင်းဗိုက်က နာလွန်းလို့ ပုဆိုးတောင်မဝတ်နိုင်တဲ့ အခြေအနေရောက်တော့မှ အဲဒီ အထူးကုက ဆေးရုံတက်ဘို့ပြောပာတော့တယ်။ ဆေးရုံရောက်တော့ အူအတက်က ပြည်တွေဟာ ပျံ့ကုန်လို့ဆိုပြီး Operation လုပ်တာ ပုံမှန်ထက် ၃ ဆလောက်ကြာခဲ့ပာတယ်။ ကံကောင်းလို့ အဲဒီအူအတက်ပောက်တဲ့လူနာ မသေတာပာ။
၁။ အဒှောတစ်ယောက် နှလုံးရောဂာရှိလို့ မနဿတလေးမှာ လစဉ်လိုလို ဆေးသွားစစ်ရပာတယ်။ တစ်ခောက်မှာ အထူးကုဆရာဝန်ကြီးက လူနာ ကို ခင်ဗျားမှာ (အသည်းရောင်၊ အသားဝာ) C ပိုးရှိနေတယ်။ အနည်းဆုံး (အဲဒီ့အချိန်က) ၁၅ သိန်းလောက်ကုန်မယ်။ အကုန်ခံနိုင်လား လို့မေးပာတယ်။ ဆေးစစ်ကပြန်လာကတည်းက လူနာဟာ စိတ်ထိခိုက်ပြီး ပိန်ချုံးသွားလိုက်တာ အရိုးပှောအရေတင် သေကောင် ပောင်းလဲဖြစ်သွားပာတယ်။ နောက်ဆုံးအခြေအနေ မကောင်းလို့ ဆေးရုံထပ်တင်၊ ဆေးပြန်စစ်တော့ အဲဒီ C ပိုးမရှိပာဘူးတဲ့။ အရင် တစ်ခောက်ကစစ်ထားတဲ့ Result ကမှားနေပာတယ်တဲ့။ ဘယ်လောက်စိတ်တိုဘို့ကောင်းလဲ။ လူနာက ကံကောင်းလို့မသေတယ်။ ဘယ်သူမှားလဲစဉ်းစားကြည့်ပာဦး။ ခင်ဗျားသာအထူးကုဆရာဝန်ဆိုရင် (လူနာမှာ C ပိုးရှိနေတယ်ဆိုဦးတော့) ‘နှလုံးရောဂာသည်လူနာ’ကို အဲဒီလိုပြောရက်ပာ့မလား။ နောက်ဆုံးမပြောမဖြစ်ပြောရတယ်ဆိုရင်တောင် ‘လူနာရှင်’ ကိုပဲပြောပာတော့လား။
ဒာဆိုရင် တစ်ခုခုမှားနေတာ ဘယ်သူလဲ … အထူးကုဆရာဆေးခန်းလား? အထူးကုဆရာဝန်ကြီးလား? ဒာမှမဟုတ် ဒီဆောင်းပားရှင်ကိုယ် တိုင်ပဲလား? မြန်မာပြည်ကလူတွေဆိုရင်တော့ ဒာဘယ်သူ့အမှားလဲဆိုတာ၊ ဘယ်သူတွေအသုံးမကျလဲဆိုတာ တန်းသိပာတယ်။ ဘယ်သူမှားလဲလို့ ကျနှောမပြောတော့ပာဘူး။ ကျနှော ကိုယ်တွေ့အဖြစ်အပျက်လေး ၃ ခုကိုပဲ ပြောပြပာ့မယ်။ ကိုယ့်ဟာကိုယ်ပဲ အဖြေ ထုတ်ကြည့်ပာ။
ကဲဘယ်သူမှားလဲ ဘယ်သူအသုံးမကျလဲ ကိုယ့်ဟာကိုယ် ဖြေကြည့်ပာဦး။ သူငယ်တန်းစာမေးပွဲ မေးခွန်းလောက်မခက်ပာဘူး။
အဲဒာ ကျနှောအတွေ့အကြုံတွေထဲက တချို့တလေပာ။ အကုန်မဟုတ်သေးပာဘူး။ မြန်မာပြည်က လူသန်းပောင်းမြောက်များစွာရဲ့ အတွေ့ အကြုံတွေဆို ဘယ်လောက်တောင် များမလဲဆိုတာ ခန့်မှန်းသာကြည့်ပာတော့။
ဆောင်းပားရှင်ကို ကျနှောတစ်ခုအကြံပြုချင်တာကတော့ ဘာကိုပဲရေးရေး၊ ဘာကိုပဲတင်ပြတင်ပြ ဘက်လိုက်ခြင်းကင်းစွာနဲ့ ရေးပာ၊ တင် ပြပာ။ ဖတ်ရတဲ့သူတွေအတွက် အကျိုးရှိစေမဲ့စာမျိုးကို ရေးပာ။ စစ်အစိုးရအကြိုက်၊ (ဒာမှမဟုတ်) စစ်အစိုးရဆန့်ကျင်တဲ့ နိုင်ငံရေးလုပ်စား နေသူများအကြိုက် စာမျိုးကိုရေးလို့ စာဖတ်သူတွေအတွက် ဘာအကျိုးမှ မရှိဘူးဆိုတာသိစေချင်ပာတယ်။
According to the story surgeon observed pale extremities.It is sad that surgeon cannot able to detect shock,since they know better than other doctors about shock.However Paediatricians and GPs know better than surgeons about Dengue shock syndrome.I always refer Dengue patients over 12 years old with impending shock to Pediatrician instead of Physicians. Similarly,O&Gs do unnecessary LSCS operation to get money. If she had consulted a GP and referred to Paediatrician,she could survive.
Dr. Hla Mon,
In general, I agreed on your response. BUT, in Burma, there is no legal system to make judgement on such issue. If there is any trial, that doctor & the clinic will win because the girl's parents can no longer effort to bribe the judge or juries.
You may hear about Dr. Khin Maung Win, Consultant surgon for liver and internal medicine. The practice license of him and 3 or 4 other doctors were revoked for mistreating a patient. But they got back their license after they successfully bribe to Daw Kyaing Kyaing, wife of Senior General Than Shwe.
So, where is the judgement or legal system in Myanmar? So, it may not be fair to blame that doctor without any trial BUT I agreed that such publication should be printed. If the doctors have no ethic, why should the public need ethic in response?
reply to author's comment
"မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း"
check this link out
http://www.news-eleven.com/index.php?option=com_content&view=article&id=803:2009-11-29-11-03-52&catid=78:2009-11-13-06-25-17&Itemid=135
Post a Comment