Friday 13 November 2009

ရွှေ အေး နှစ်ပြားမတန်(သီချင်း)



http://www.demowaiyan.co.cc/ မှကူးယူဖေါ်ပြပါသည်။

2 comments :

homeboy said...

hi

ပြည်သူ said...

ဒို့များ မွေးသောဌာန ကျေးတောရွာက ရွှေအေးတို့များ
စကားတွေ မူမမှန်တော့ အားလုံးက ဝိုင်းပြီးတော့ရွံတာပေါ့
တခြားမြို့ထဲ ရွာထဲမှာလဲ လူတိုင်းမေးငေါ့ကာ ဒင်းအကြောင်း ပါစမြဲ
အသင်းတွေဖွဲ့ တိုင်းပြည်အတွက်တဲ့ ကြံ့ဖွတ်နဲ့စွမ်းအားရှင် မှည့်ခေါ်ကြပြန်
သခင့်အလိုကျတာအမှန် အော်ရန် ရွာခံလူတိုင်း ဝိုင်းအော်ကြော့လံ
လာပြန်ချီသေးရဲ့တဖန် (ကြံကြံဖန်ဖန် ကြံကြံဖန်ဖန်)
ညာသံတွေပေးခဲ့ပြန် (ညီလာခံ ညီလာခံ)
အဖော်တွေမှာအော်နေတာအမှန် (အော်နေ အော်နေပြန်)
မမျှော်လေကွာ အော်ပေးပါရန် (ခေါ်နေ ခေါ်နေ ပြန်)

ဟေ့လာကြ (ဗျာ့ ဗျာ ဗျာ့)
စိုက်ပါဟ လာကြ (အမိန့်တွေထွက်ပြီဗျာ့)
လမ်းတဖက်တချက် မြေလွတ်ကိုမချန် ကြက်ဆူစိုက် ချီတက်ရန် (လုပ်ဟ)
အမှားဖက်လဲ မပျက်ချီရန် တသက်တာသွား ပြည်ပျက်ဉာဏ် (အဟုတ်ဟ)
မှန်းချက်က လေမှာတိုက်ဆောက်ပြန် နှစ်ပြားမတန် နှစ်ပြားမတန်
အကြံကြီးသာ ကြီးကြံပြန် ဖွတ်တက်မဲ့ဉာဏ် ဟေး

ဟေလာကွယ်မောင်တို့ ဟေလာကွယ်မယ်တို့ ကြားလို့မှကောင်းကြပြန် ရော့် ရော့်၊
ဟေလာကွယ်မောင်တို့ ဟေလာကွယ်မယ်တို့ ကြားလို့မှကောင်းကြပြန် ရော့် ရော့်၊

အသံဗလံများ နားပိတ်လို့ထား ဦးတည်ချက်တွေအမှန်
ပြည်သူများကို လှည့်စားရန် မြှောက်ကြွားဟောက်စား ရွှေအေးနှစ်ပြားမတန်
(နောက်တယောက် လာပြန်ပြီလားဟေ့ ဟေ ဟေ ဝါး) (၂)

အကြွားသန်သန် စကားမူမမှန် လူတကာထံ မူယာအကြံ (ရွှီး)
အတွေးဟာအမှန် လက်တွေ့မမှန်ကန် ရူးသွပ်လို့စိတ်ဖောက်ပြန် (ရွှီး ရွှီး)
ကြပ်ပြည်အမြန် မြို့တည်ရန် ပီပြင်အောင် ကြံစည်ပြန် (ရွှီး ရွှီး)
ဝိုင်းမြှောက်ကြပြန် ကိုင်းကြည့်ကြပြန် အာဏာရူးတို့ အရူးဇာတ်ခင်းနေပြန် (လုပ်ဟ)
ပြည်သူအပေါင်းတို့ ဝိုင်းပြီးအော်ရန် ပြည်ကျော်စည်းရိုး တဖက်ကအော်နေပြန် (၂)
(ဟေ့ ဟေ့) ဒီလိုလုပ်ပါ တဖန်
(အို အို) ဟိုလိုလုပ်ပါ အကြံ
(ဟေ့ ဟေ့) ငါတော့လေ နေရာမှန်
(အို အို) အခွင့်ထူး ရလို့အိမ်မပြန်
နင်နေတတ်တယ် မထင်နဲ့ကွယ် ငါပြောမယ်
ဟိုလေလှိုင်းမှာ နင်ပြောတာ ငါနားမလည်
တဦးစ နှစ်ဦးစ အခွင့်ထူးရတော့ တိတ်သွားပြန်
အိုတရေးနိုးဟစ်သံ ဟေး