Thursday 19 November 2009

ဒိန်းဒေါင် ပြောတဲ့ ဟာသ များ သို့မဟုတ် ရီစရာ ထဲက ငိုစရာများ




ဒီနေ့ မြန်မာ ပြည်မှာ နာမည် ကျော်ကြားနေတဲ့ ဒိန်းဒေါင် အငြိမ့်ကို တင်ပြလိုက်ပါတယ်။ ဒီအငြိမ့်  ကတော့ ကျနော်တို့ မြင်နေကြကြားနေကြအငြိမ်အပြင်အဆင်တွေ နဲ့ မတူပဲတမူထူးခြားတာကိုတွေ့ ရပါလိမ့်မယ်။ နအဖ ဖက်စစ်ဝါဒီတွေရဲ့  ဖိနိပ်မှုအောက်မှာ အငြိမ့်ယျဉ်ကျေးမှု ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ်။  အကူညီမဲ့ ခက်ခဲစွာရပ်တည်နေရတဲ့သူတို့ဘ၀ကိုတွေ့ ရလိမ့်မယ်။ 


အခက်ခဲတွေကြားမှာ စင်ပေါ်ကအနုပညာရှင်နဲ့စင်အောက်ကအနုပညာရှင် တွေကြားမှာ ဟန်ဆောင်မှုတံတိုင်း ခြားနားမှုမရှိပဲ တသားတည်းဖြစ်တည်နေတယ်။ လူရွှင်တော် ဒိန်းဒေါင်နဲ့ ပန်းသီးတို့ ရဲ့  ပျက်လုံးတွေက သန်းရွှေစစ်အုပ်စုရဲ့ အောက်မှာ  ဒီနေ့ မြန်မာ ပြည်သူလူထု ရဲ့ ခါးသီးစရာကောင်းလှတဲ့ ဘ၀ အထွေထွေကို လှစ်ဟပြသလိုနေပါတယ်။ တချို့ နေရာမှာဟာသတွေက ရုမ်းရင်းကြမ်းတမ်း နေကောင်းနေပါလိမ့်မယ်။ 


ဒါကိုက ဒီနေ့ ဖြစ်နေတဲ့ အတ္တဘ၀မှန်ဝါဒ  ( existentialism )တခု  ဖြစ်နေပါတယ်။
လုံခြုံမှုမရှိတဲ့အမျိုးသမီးတွေရဲ့ ဘ၀၊ အဟောသီကံဖြစ်နေတဲ့ပညာရေးစနစ်၊ မရေရာတဲ့အနာဂတ်တွေ၊ပုတ်သိုးဆွေးမြေ့နေတဲ့ အမည်ခံအစိုးရယန္တရား နဲ့ ယဉ်ကျေးမှုဆိတ်သုဉ်းမှုတွေကို သူတို့ နည်းသူတို့ ဟန်နဲ့ တင်ပြနေတယ်။ ရီမောစရာတွေကိုတင်ပြပေးနေတဲ့ ဟာသအနုပညာရှင်တွေ ရဲ့  ငိုကြွေးနေတဲ့နုလုံးသားတွေကို မှန်းဆမြင်နိင်ပါလိမ့်မယ်။ ငိုကြွေးမှုတွေကြားမှ ရီမောနိင်တဲ့သူတို့ ကို  ချီးကြူးမိတယ်။ 



5 comments :

Anonymous said...

ကိုမိုးသီးရဲ့ ဖောက်ထွက်တွေးတတ်တဲ့အမြင်ကို
ချီးကျုးပါတယ်။( ဆရာကောင်းရဲ့  တပည့်ပြီသပေတယ် )
ပြည်သူတွေ ဖောက်ထွက်အောင်ပွဲခံမဲ့ အတွေးမျိုးတင်ပါ။
အခုဟာက လွန်ခဲ့တဲ့၂၅နှစ်လောက်က မိုးမိုးအင်းယားစာတွေ အတွေးထက်မပိုဘူး။

Anonymous said...

နအဖ က ယဉ်ကျေးမှုတွေကို ဖျောက်ဖျက်နေတာလား ထိန်းသိမ်းအားပေးနေတာလားဆိုတာ ခေါင်းရှိသူတိုင်း သိပါတယ်....

aristhteinwin said...

ဒိန်းဒေါင် ရဲ့  ဟာသတွေဟာ ဘာတွေလဲ ရယ်စရာလဲ တခုမှ မပါဘဲ ပရိတ်သတ်ကရယ်နေကြတယ်။ ပြီးတော့ အငြိမ့် လို့ သုံးနှုန်းတာ သဘာဝ မကျဘူး။ အငြိမ့်ဆိုရင် မင်းသမီးပါရမယ်-မင်းသမီးအ၀တ်အစားနဲ့ ပေါ့။ မြန်မာ့ တူရိယာ ပစ္စည်းနဲ့  တီးကွက် ကကွက်တွေပါရမယ်-အငြိမ့်ဟန် မပျောက်အောင် လူရွှင်တော်ကလဲ တောင်ရှည် ပုဆိုးနဲ့  ခေါင်းပေါင်းနဲ့ လေချိုးတို့ သဖြန်းတို့ ဆို တတ် ပြောတတ်ရမယ်။ အခုတော့ လူရွှင်တော်ကလဲ ဘောင်းဘီဝတ်- မင်းသမီးကလဲ ဘောင်းဘီဝတ် စကပ်ဝတ်နဲ့ ( ကိုးဘွဲ့ ရ အငြိမ့်ထဲကြည့်လိုက်ရတာပြောတာပါ)မြန်မာ့ယဉ်ကျေးမှူ ကို အခုခေတ် လူငယ်တွေ သိအောင် ဘယ်လိုပြရမလဲ ရှေးတုန်းက အငြိမ့်သဘင်ဆိုတာ ဒီလိုရှိတယ်ကွလို့  ပြောပြရမည့်ကိန်းဖြစ်နေပြီ။ ယဉ်ကျေးမှူပပျောက်အောင်လုပ်တာ အစိုးရချည်း အပြစ်တင်မနေသင့်ပါ။ အနုပညာရှင်တွေကိုယ်တိုင်က အနုပညာအရည်အသွေးပြည့်ဝဘို့ လိုပါတယ်။ ထိမ်းသိမးဘို့ လိုပါတယ်။ အခုတော့ အနုပညာရှင်အများစုဟာ ပျက်လုံးဆို ခါးအောက်က မတက်တော့ဘူး။ ကြားရတာ နားရှက်စရာကောင်းပါတယ်။

Anonymous said...

aristhteinwin ပြောတာသဘာဝကျပါတယ် ဒါပေမယ့်ရီတော့ရီ၇ပါတယ် သို့ သော် ကျွန်တော်တို့ နိုင်ငံရဲ့ ရှေးရိုးအစဉ်အလာတွေမပျောက်မပျက်အောင် အားလုံးကဒေါသစိတ်ကိုရှေ့မထားဘဲနဲ့  ဂရုနာစိတ်များနဲ အားလုံးပူးပေါင်းအကြံဥာဏ်ပေးကြရင်ကောင်းမယ်လို့ ထင်ပါကြောင်း.....

ကိုလင်း said...

မျက်မှန်လေးတွေချွတ်ပြီသေချာကြည့်လိုက်ပါ ပြောချင်တာပြချင်တာမြင်စေချင်တာကိုကြည့်လိုက်တာ.....ပြီးမှသေချာစဉ်းစားပြီးဝေဖန်ပေါ့...........