Friday 11 December 2009

ကိုပင်ဟေဂင်အစီရင်ခံစာ- ဆင်းရဲမွဲတေမှု ကြောင့် မြန်မာပြည်သူများ အသက်ဆုံးရှုံးခဲ့ရ


နားဂစ်မုန်တိုင်း တိုက်ခိုက်ပြီး ခိုကိုးရာမဲ့ဖြစ်ခဲ့သောမြန်မာပြည်သူများနှင့် ဆင်းရဲမွဲတေမှုအခြေအနေ
The Figures
The UN Human Development Report 2006 has ranked Burma in its Human Poverty Index table at 130 out of 177 countries, well below some other South East Asian countries such as Thailand (74) and Malaysia (61), though above Laos at 133 and close to Cambodia at 129. In 2004 the World Bank concluded that Burma is "trapped in abject poverty despite its rich resources base. Although there has been notable moderate growth in the economy, the trickle-down effect of this growth did not reach the poor. The country's poverty and development indicators have lagged behind those of its neighbours". An estimated 30 percent of the population ( or approximately 15 million people) live below the poverty line and inflation is running at a rate of between 30 and 40 percent a year.
-မြတ်စိုး-
၁၂.၁၀.၂၀၀၉

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကွန်ဖရင့်၌ တင်သွင်းသော အစီရင်ခံစာ တစောင်တွင် ၁၉၉၀ မှ ၂၀၀၈ ခုနှစ်အတွင်း ရာသီဥတုကြောင့် အဆိုးရွားဆုံး ထိခိုက်ခဲ့ ရသော နိုင်ငံများတွင် ဘင်္ဂလာဒေ့ရှ်၊ မြန်မာနှင့် ဟွန် ဒူးရပ်စ် နိုင်ငံတို့ ပါဝင်သည်ဟု ရေးသားဖော်ပြထားသည်။ ထိုအစီရင်ခံစာကို ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု သက်ရောက်မှုများအား ဆယ်စုနှစ် ၂ စုကြာ လေ့လာထားသည့် ဘာလင်အခြေစိုက် ကမ္ဘာ့ရာသီဥတု စောင့်ကြည့်ရေး အဖွဲ့ကြီးက သုတေသန ပြုခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကို နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဝင်ရောက် ဖျက်ဆီး ခဲ့မှုကြောင့် လူပေါင်း ၈၅၀၀၀ သေဆုံး၍ ငွေကြေးဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ ၄ ဘီလျံ ရှိခဲ့သည်ဟု မြန်မာစစ်အစိုးက ထုတ်ပြန်ကြေညာခဲ့ သော်လည်း ၊ ကုလသမဂ္ဂက သုတေသနပြု ထားသော အစီရင်ခံစာအရ လူပေါင်း ၁၃၄၀၀၀ မျှ သေဆုံး၊ ပျောက်ဆုံးခဲ့၍ လူပေါင်း ၂ ဒဿမ ၄ သန်း အိုးအိမ်များ ပျက်စီးဆုံးရှုံးပြီး မုန်တိုင်းဒဏ်ခံခဲ့ရသည်ဟု ဆိုသည်။

ဒီလို လူအမြောက်အများ သေဆုံးမှု၊ ပျောက်ဆုံးမှု၊ အိုးမဲ့အိမ်မဲ့ပျက်စီးဆုံးရှုံးခဲ့မှုဟာ မြန်မာနိုင်ငံ ရဲ့ ဆင်းရဲမွဲတေမှုအခြေအနေ များကြောင့်ဖြစ်ပြီး၊ ၂၀၀၇ ခုနှစ်က တင်သွင်းခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး နှင့် စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးရေး အဖွဲ့အစည်းရဲ့ အစီရင်ခံစာ အရ မြန်မာနိုင်ငံ လူဦးရေ ရဲ့ ၃၂.၇ ရာခိုင်နှုန်းဟာ ဆင်ရဲမွဲတေမှု အောက်မှာ နေထိုင်နေရကြောင်း ဖော်ပြ ထားပါသည်။ ယင်း အစီရင်ခံစာ အရ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်သူ လူဦးရေ ၁၅ သန်းကျော် နေထိုင်နေကြရကြောင်း ခန့်မှန်း ဖော်ပြထားပါသည်။

၂၀၀၆ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂရဲ့ UNDP အဖွဲ့ကြီးက ထုတ်ပြန်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု အစီရင်ခံစာ မှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၂ နိုင်ငံမှာ အဆင့် ၁၃၈ နေရာမှာ ရှိကြာင်း ဖော်ပြထားပြီး၊ လူသားများ ဆိုင်ရာ ဆင်းရဲမွဲတေမှု မှာ နိုင်ငံပေါင်း ၁၇၇ နိုင်ငံ အနက် အဆင့် ၁၃၀ မှာရှိကြောင်း ဖော်ပြထားပါသည်။ ၂၀၀၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုအောက်မှနေထိုင်ရသူဟာ စုစုပေါင်း လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော် ခန့်ရှိတယ်လို့ ခန့်မှန်းတွက်ဆခဲ့ကြပါသည်။ မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု နှင့်ပက်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ အစီရင်ခံစာများဟာ ကွဲလွှဲချက်(သို့) အငြင်းပွားဖွယ်ရာကွာခြားချက်များ မရှိခဲ့ပါ။

ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကွန်ဖရင့်တွင် တင်ပြခဲ့သော အစီရင်ခံစာများအရ “အုပ်ချုပ်စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် မြန်မာပြည်သူများဟာ ဆယ်စုနှစ်ပေါင်းများစွာ ဆင်းရဲမွဲတေမှု အောက်မှာ နေထိုင်နေရပြီး၊ ထိုသို့ဆင်းရဲမှု အောက်မှာ နေထိုင်ကြရခြင်းကြောင့် ရာသီဥတုအန္တရာယ်ကို အထူးသဖြင့် ပို၍ပင် ခံနိုင်ရည်မရှိကြောင်း တွေ့ရသည်'' ဟု ဖော်ပြထားသည်။ ဆင်းရဲသော နိုင်ငံများ မှာလည်း ရာသီဥတု အန္တရာယ်ကို မကြာခဏ ခံခဲ့ကြရပြီး၊ ခိုကိုးရာမဲ့ဖြစ်ကာ အသက်ဆုံးရှုံးမှုများစွာရှိခဲ့ သည်ဟုလည်း အစီရင်ခံစာထဲတွင် ဖော်ပြထား ပါသည်။

References:

No comments :