Friday 11 December 2009

ကမ္ဘာ့ ဒုတိယဖြစ်သွားပြန်တဲ့ မြန်မာပြည်


-ခွန်မြလှိုင်ဘလော့ခ်-

မြန်မာနိုင်ငံဟာ ရာသီဥတု ဘေးဒဏ်ကြောင့် ထိခိုက် ခံရဆုံး နိုင်ငံတွေထဲမှာ ကမ္ဘာ့ ဒုတိယ အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ နိုင်ငံ ဖြစ်တယ်လို့ ကမ္ဘာ့ ရာသီဥတု ဘေးအန္တရာယ် ၂၀၁၀ ဆိုတဲ့ အစီရင်ခံစာ တရပ်ကို ဒီဇင်ဘာ ၈ရက်နေ့ကပဲ ထုတ်ပြန် လိုက်ပါတယ်။ ဒီအစီရင်ခံစာကို ရာသီဥတု နဲ့ဖွံ့ဖြိုးမှုအဖွဲ့ကြီး Germanwatch က ကမ္ဘာ့ အကြီးဆုံး အာမခံကုမ္ပဏီကြီး Munich Re ရဲ့သတင်းအချက်အလက် အဖွဲ့နဲ့ ပူးပေါင်း ထုတ်ပြန်တာပါ။

၁၈နှစ်တာ ကာလအတွင်း ကမ္ဘာ တ၀ှမ်း ရာသီဥတုကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်းရဲ့ လေးပုံတပုံဟာ မြန်မာ နိုင်ငံက ဖြစ်ပြီး လူသေဆုံးမှု အများဆုံး နိုင်ငံအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အစီရင်ခံစာ ထဲက စာရင်းဇယားတွေ သတင်း အချက်အလက်တွေ အရ ရာသီဥတုဘေးဒဏ် ခံရ အနည်းဆုံး မြန်မာ နိုင်ငံက ထိခိုက်မှုအများဆုံး ခံရတဲ့ နိုင်ငံ ဖြစ်ခဲ့တယ် ဘာကြောင့်လဲ။

ရာသီဥတုနဲ့ သဘာဝဘေးဒဏ် ကြိုတင်ကာကွယ်ရေး မူဝါဒ ချမှတ် ဆောင်ရွက်မှု နိမ့်ပါးတာကြောင့် ခုလို ဖြစ်ရတာလို့
ပညာရှင်တွေကတော့ မှတ်ချက်ပေးထားပါတယ်။

ကိုယ်ဘယ်လို ပတ်ဝန်းကျင်မှာ နေထိုင်ချင်သလဲ။ ကိုယ့်ရင်သွေးငယ်တွေကို ဘယ်လို ပတ်ဝန်းကျင်မှာ စိတ်ချလက်ချ ထားချင် သလဲ။ အဲလို နေထိုင်နိုင်ဖို့ ထားရစ်နိုင်ဖို့ ဘာတွေ လုပ်ဖို့ လိုမလဲ။

Global Climate Risk Index 2010



ခွန်မြလှိုင်ဘလော့ခ်မှ ကူးယူဖော်ပြသည်။

No comments :