Monday, 21 December 2009
ဗိုလ်သန်းရွှေ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုတိယပေးစာအား အကြောင်းမပြန်သေး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဇော်ဝင်း (နယူးရော်ခ်)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ဆက်လက်ဖမ်းဆီးထားခြင်းအမှု အယူခံပြင်ဆင်ခွင့် အတွက် လျှောက်လဲချက်ကို မြန်မာနိုင်ငံ ဗဟိုတရားရုံးချုပ်က ယနေ့လက်ခံလိုက်ပါတယ်။ သို့သော် ဗိုလ်သန်းရွှေ မှ ဒေါ်အောင်ဆန်းစုကြည် ပေးစာအား တရားဝင် အကြောင်းပြန်ကြားခြင်းလုံးဝမရှိသေးပါ။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော တရားမ၀င် ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အပေါ်လည်း အလားတူပြစ်ဒဏ်များ ချမှတ်သည်။
အမိန့်ချအပြီး စက္ကန့်ပိုင်းအတွင်း ဗိုလ်သန်းရွှေ က သူလုပ်ပိုင်ခွင့်ကိုအသုံးပြု၍ သူ့အမိန့်ဖြင့် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ် (၁၈) လသို့ချက်ချင်းပြောင်းပေးခဲ့ ကြောင်း စာလွှာကိုပေးဖတ်စေခဲ့သည်။မြန်မာ့လွတ်လပ်ရေးကိုအရယူပေးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးကို စာနာထောက်ထား၍ သူ့သမီးအား သက်ညှာစွာ ကူညီပေးခဲ့သည်ဟု ဆိုခဲ့သည်။
ရှေ့နေ ဦးကြည်ဝင်း နှင့် ဦးဉာဏ်ဝင်း
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်း နှင့် ဦးဉာဏ်ဝင်းတို့က အင်းစိန်ခရိုင်အထူးတရားရုံးက ယင်းသို့ ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ အယူခံတင်ခဲ့ရာ တိုင်းတရားရုံးက အောက်တိုဘာ (၂) ရက်တွင် အယူခံအမှုကို ပယ်ချခဲ့သည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဗဟိုတရားရုံးချုပ်သို့အယူခံပြင်ဆင်ခွင့်ကို တင်သွင်းခဲ့ပြီးနောက် ယနေ့ လျှောက်လဲချက်တင်သွင်းရာတွင် အမှုလျှောက်လွဲချက်ကို ဗဟိုတရားရုံးချုပ်က လက်ခံလိုက်ခြင်းဖြစ်သည်။
နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ထပ်မံပေးပို့ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယပေးစာတွင် ဗိုလ်သန်းရွှေနှင့် တွေ့ဆုံနိုင်ရန် တောင်းဆိုထားပါတယ်။ ဗိုလ်သန်းရွှေ မှ အကြောင်းပြန်ခြင်းလုံးဝ မရှိသေးပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယပေးစာက ဗိုလ်သန်းရွှေ၏ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေး ဆန္ဒ တကယ်ရှိမရှိ ကို စမ်းသပ်လိုက်ခြင်း ပင်ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရသက်တမ်း နှစ်ပေါင်း (၂၀) ကျော်အတွင်း (၁၄) နှစ် ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် နေနေရသည်။
at 12:54
Subscribe to:
Post Comments
(
Atom
)
1 comment :
ကိုညီညီအောင်ရဲ့ ဘောကို မသင့်သူများ...အကြောင်း ဖတ်ဖို့ ဖိတ်ခေါ်ချင်ပါတယ် မိတ်ဆွေ...။
Post a Comment