Monday 28 December 2009

အီရန်မှာ မဲသူခိုး အာဏာရှင်အစိုးရကို ရဲရဲဝံ့ဝံ့ဆန့်ကျင်နေပြီ


အီရန် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ၌ လူအမြောက်အများ သေဆုံးမှုရှိ

-WFWW( ဒူဘိုင်း)-
source: CNN

အီရန်နိုင်ငံ တီဟီရန် မြို့တော်တွင် တနင်္ဂနွေနေ့ က ဖြစ်ပွားခဲ့သည့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဆန္ဒပြပွဲ၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ လူအမြောက်အများသေဆုံးမှုရှိ ပြီး ဆန္ဒပြသူ ၃၀၀ ကျော် ဖမ်းဆီးထိမ်းသိမ်းခြင်း ခံခဲ့ရကြောင်း အီရန် အာဏာပိုင်တွေက အီရန်ရုပ်မြင်သံကြား သတင်းများမှတဆင့် အတည်ပြု ပြောဆိုသွားပါသည်။

ဆန္ဒပြသူများစုဝေးရာ တဟီရန်မြို့လယ်တွင် ရဲကားများ၊ လူနာတင်ကားများ အပြင် ရဲရဟတ်ယာဉ်များလည်း ပျံသန်းနေတာတွေ ကို တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုခဲ့ကြသည်။ ဆန္ဒပြသူများက “ အာဏာရှင် ကျဆုံးပါစေ၊ အာမာဒီနီဂျက်ဒ် အာဏာရှင်အစိုးရ မောင်းထုတ်ကြ၊ ဘာသာရေး ခေါင်းဆောင်ကြီး ခါမေနီ လူသတ်သမား” လို့ ကြွေးကြော်ဆန္ဒပြ ခဲ့ကြကြောင်းသိရပါသည်။

အီရန် ပြည်သူများ နှင့် အတိုက်အခံခေါင်းဆောင်များကို ထောက်ခံသူများ က အာမာဒီနီဂျက် အာဏာရှင်အစိုးရ ၏ ခြိမ်းချောက်ခံရမှု၊ အကြမ်းဖက်နှိမ်နှင်းခံနေရမှုများ ကို အံတုပြီး ဆက်တိုက်ဆိုသလို ဆန့်ကျင်ဆန္ဒပြနေကြပါသည်။ အတိုက်အခံ ခေါင်းဆောင်များကလည်း လူထုဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်လှုပ်ရှားနေကြကြောင်း အီရန်ကလာတဲ့ သတင်းများအရ သိရှိရပါသည်။ ဆန္ဒပြသူများ နှင့် ဆန္ဒပြမှုကို ဖြိုခွင်း ပစ်ခတ်နှိမ်နှင်းနေသော လုံခြုံရေးရဲများအကြား ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုတွေ တီဟီရန်မြို့ နေရာအနှံ့အပြားမှာ ဖြစ်ပွားနေကြောင်းလည်း ကြားသိရပါသည်။

အီရန်ကျောင်းသားများ နှင့် အတိုက်အခံပါတီကို အားပေးထောက်ခံသူများ က မဲခိုးပြီးတက်လာတဲ့ အာဏာရအစိုးရကို မဲသူခိုး အာဏာရှင်အစိုးရလို့ခေါ်ပြီး ရဲရဲဝံ့ဝံ့ဆန့်ကျင်သွားမှာဖြစ်သလို၊ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာ မလွှဲပေးချင်ပဲ တက်လာတဲ့ အာမာဒီနီဂျက် အာဏာရှင်အစိုးရ ကို တရားမ၀င် အာဏာရှင်အစိုးရလို့ခေါ်ပြီး ရဲရဲဝံ့ဝံ့ဆန့်ကျင်သွားမယ်၊ ဆန္ဒပြပွဲတွေ ကို ဆက်လက်ပြုလုပ်ဖို့ လှုံ့ဆော်သွားမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း ကြားသိရပါသည်။



No comments :