Saturday 19 December 2009

နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကို နှိုင်းယှဉ်ကြည့်ခြင်း

သားသမီးမကောင်း ၊ မိဘခေါင်း ဆိုသကဲ့သို့ ယခုမြန်မာနိုင်ငံမှာ အပုပ်နံ့တွေနဲ့နာမည်ကြီးနေတဲ့ လူငယ်များကိုကြည့်မယ်ဆိုရင် ဗိုလ်မှုး၊ ဗိုလ်ချူပ်တွေရဲ့ သား၊ သမီးများဖြစ်နေတာ ကိုတွေ့ရပါလိမ့်မယ်…သူတို့တွေဟာ လူငယ်တွေမို့လို့ဆိုးတယ်လို့ပြော တာထက် မိုက်ရိုင်းတယ်လို့ပြောတာပိုမှန်ပါလိမ့်မယ်…ရှေးလူကြီးတွေရဲ့ဆိုရိုးစကားသာမှန်
တယ်လို့ပြောရင် သေချာပေါက် မိဘ ဖြစ်တဲ့ ဗိုလ်မှုး၊ ဗိုလ်ချူပ် တွေမကောင်းတာပါလို့ပြော ရပါလိမ့်မယ်…ဘာကြောင့်လဲဆိုတော့ နှုတ်ကြမ်းရင် အမိယုတ်လို့ ၊ ကိုယ်ကြမ်းရင် အဖ ယုတ်တယ် လို့ဆိုရိုးစကားရှိပါတယ်…အခု ဆိုးသွမ်းပြီးမိုက်ရိုင်းတဲ့ လူငယ်တွေဟာဖြင့် နှုတ်ရော ကိုယ်ရော ကြမ်းတာကြောင့် အမိကော ၊ အဖ ကော ကမျိုးမစစ်ဘူးဆိုတာ အတိုင်းသာပေါ်လွင်နေပါတယ်…ဒီလို လူငယ်တွေရဲ့ဘ၀ က အမှန်တကယ်တော့ အလွန်ကိုသနားစရာကောင်းပါတယ်…မိဘ ရယ် စည်းစိမ်ရယ် အာဏာရယ်က ၀ိုင်းပြီး ထိုးနှက်လိုက်ချိန်မှာတော့ သူတို့တွေဟာ လူဆိုးဘ၀ နဲ့ ပြည်သူတွေနှာခေါင်းရှုံ့ရတဲ့ဘ၀ မျိုးရောက်သွားရတာပါ…
နအဖ ဗိုလ်ချူပ်သား၊ သမီးတွေနဲ့အပြိုင် ဆိုးသွမ်းနေသူများကတော့ ပိုက်ဆံရှိသားသမီးများပင်ဖြစ်ပါတယ်…အဲဒီထဲမှာ ၀န်ကြီးသားတွေ၊ အဆိုတော်တွေ ၊ဖော်လံဖားနေတဲ့ လူကြီးသားသမီးများလည်းပါပါတယ်…သူတို့တွေဟာ နိုင်ငံထဲမှာ ဆိုးသွမ်းလို့ မ၀ဘဲ နိင်ငံခြားကို ပါလှည့်ပြီး မကောင်းတဲ့ အကျင့်စရိုက်တွေကို မြန်မာလူမျိုးသိက္ခာကျလောက်အောင် လုပ်ပြပါတော့တယ်…ဗိုလ်ချူပ်သားတွေ သမီးတွေမိုက်ရိုင်းတာ ကတော့ သိနေလို့ အဖတ်လုပ်ပြီး ပြောမနေချင်ပေမယ့် တချို့ လူငယ်တွေအတုခိုးနေတဲ့ ရုပ်ရှင် အနုပညာရှင်တွေ နိုင်ငံခြားရောက်ရင် အားလုံးပဲချွတ်လိုက်ပါတော့ လို့မပြောရုံတမယ် လုပ်နေတာကတော့ မြန်မာနိုင်ငံကို ဖာနိုင်ငံဖြစ်နေပြီလို့ ကမ္ဘာကို ကြေငြာနေသလို
ပါပဲ..အရမ်းကို ရုပ်ဆိုးလွန်းပါတယ်…ကိုယ့်နိုင်ငံထဲမှာတော့ ယာဉ်ကျေးတဲ့ အသိုင်းအ၀ိုင်း
ဖြစ်နေလို့ မလုပ်ရဲပေမယ့် ပြင်ပ နိုင်ငံလည်းရောက်သွားရော သွေးက စကားပြောတော့
တာပဲလေ…….ပြည့်တန်စာ မတစ်ယောက်လို ဆိုပြမှ၊ ဖာသည်တစ်ယောက်လို တင်လှုပ်ပြ
မှ အထင်ကြီးမှာလားဗျာ……..
ဒါဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပိုက်ဆံလည်းရှိ၊ အာဏာလည်းရှိုပြီး မပျက်ဆီးတဲ့ သူတွေမရှိတော့ဘူးလားလို့မေးစရာရှိပါတယ်…..ရှိပါ့ဗျား……
တကယ့်ကို စစ်တပ် အသိုင်းအ၀ိုင်း ဗိုလ်ချူပ် ရဲ့ သမီး…..တကမ္ဘာလုံး ကလူတွေ တအား
လိုချင်တဲ့၊ အမေရိကန်သမ္မတတောင် ဒီဆုကိုရဖို့အရမ်းကိုကြိုးစားခဲ့ရတဲ့ နိုဘယ်လ်ဆုကို
ရရှိထားသူ……ဘ၀ရဲ့ ဆယ်စုနှစ်တစ်ခုကို ပြည်ပ နိုင်ငံမှာဖြတ်သန်းခဲ့ရပေမယ့် ချိတ်ထမိန် နဲ့ ချိတ်အင်္ကျီကိုသာဝတ်ဆင်သူ၊ သူ့ရဲ့ အစွမ်းအစတွေ အားမန်တွေကို ရိုက်ချိုးပြီး ထိန်းသိမ်းခံထားရပေမယ့် ရန်သူကို အပြူံးနဲ့ ပဲရင်ဆိုင်ခဲ့သူ၊ မြန်မာအမျိုးသမီးတစ်ယောက်
ဟာ ယောက်င်္ကျားတွေနဲ့ ရင်ဘောင်တန်းပြီး ပြည်သူတွေရဲ့အခွင့်အရေးကို ဘ၀အဆုံးခံပြီး
ယူပေးနေသူ…………….အမေစု (ခေါ်) ဒေါ်အောင်ဆန်းစုကြည် ပါပဲခင်ဗျာ….......ကျွန်တော် ချီးမွမ်းတာ လွန်နေရင်ပြောပါဗျာ…….အခု ဗိုလ်ချူပ်ကြီးရဲ့ သမီး စိန်စီပြီး ဒေါ်လာတွေခဲဖိုးပေးနေချိန်မှာ သူဟာ ပြည်သူတွေရဲ့ အကျိးစီးပွားအတွက် ၇တတ်မအေးဖြစ်နေတာပါ……..စင်ပေါ်တတ်ပြီး ကိုယ့်အနုပညာကို ဖင်ပေါ်၊ ခေါင်းပေါ် နဲ့ဖြစ်နေတဲ့အချိန်မှာ သူဟာ နိုင်ငံရေးစင်မြင့်ပေါ်မှာ မြန်မာလူမျိုးပီသစွာ အနောက်တိုင်းဝတ်စုံတောင်မ၀တ်ဘဲ ရိုးရာ အကျီင်္နဲ့ နိုင်ငံကိုကိုယ်စားပြုခဲ့တာပါ........
ကျွန်တော်တို့နိုင်ငံဟာ သူများတွေထက် အတော်ကြီးကိုနောက်ကျနေခဲ့ပါပြီ
ကိုယ်ကျင့်သီလ နဲ့ ယာဉ်ကျေးမှုပါ ပျောက်ရင်တော့ မြန်မာလူမျိုးဆိုတာ မရှိတော့ပါဘူး…
ရေဆာနေတဲ့ လူကို ရေတိုက်မှ အငတ်ပြေမှာပါ…ရေမတိုက်ဘဲနဲ့ ထမင်းကျွေးရင် စားပိုးနင့်ပြီးသေသွားမှာပါ…အနောက်နိုင်ငံတွေ မှာ အတုယူစရာတွေဒီလောက်အများကြီး
ရှိရက်နဲ့ မကောင်းတဲ့ အပြုအမှုကိုမှ ရွေးယူတာကိုး…….သူတို့ရဲ့ တစ်ဦးအပေါ်တစ်ဦးလေး
စားပုံတွေ..လူတစ်ယောက်ရဲ့အခွင့်အရေးတွေကို အသုံးချပုံတွေ..အစားအသောက် အနေအထိုင်ဆင်ခြင်ပုံတွေ..Gentleman တစ်ယောက်ရဲ့ ထိန်းသိမ်းအပ်တဲ့ အချက်တွေ…
အများကြီးရှိနေပါတယ်……
အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ကတော့ ကိုယ်ကျင့်တရားဆိုတာ အိနြေ္ဒ နှင့် အရှက် ကို လုံခြုံစွာစောင့်ထိန်းခြင်းလို့ဆိုထားပါတယ်…မြန်မာ လူမျိုးတွေမှာအိနြေ္ဒ တွေ အရှက်တွေ ရှိပါသေးရဲ့လားဗျာ…..ရှိတဲ့လူတွေကျတော့ ထောင်ထဲမှာဘဲ သက်တမ်းစေ့ သွားအောင်ချ၊ မနေနိုင်အောင် အမျိုးမျိုးလုပ်၊ နအဖရဲ့ လက်ပါးစေတွေက
သားကောင်း၊ သမီးကောင်းတွေကိုဖျက်ဆီး၊ နအဖက လည်းသူ့ ထိုင်ခုံကိုမြဲဖို့အတွက်
အပြစ်မဲ့တဲ့ပြည်သူတွေကို မကောင်းတဲ့အရာမျိုးစုံနဲ့ ဖျက်ဆီး၊ ဒီလို မကောင်းတဲ့အရာတွေ
လွယ်လွယ်ကူကူလုပ်နိုင်ဖို့အတွက် မူးတဲ့အရာတွေကို ဖော်ဖော်သီသီရအောင် လုပ်၊ အဲလိုနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားကို ဖျက်ဆီးနေပါတယ်….အဲလို ဖျက်ဆီးနေတာကို တော်လှန်တဲ့ သူရဲကောင်းများကိုတော့ ဂျပန်နှိပ်စက်တာ အများကြီးသက်သာတယ်လို့ပြောလို့ရတယ်…စာသင်နေတဲ့ ကျောင်းသားလေးတွေ၊ သမာဓိရှိတဲ့ ဘုန်းဘုန်းတွေဟာ သူတို့ရဲ့ စစ်ဖိနပ်အောက်မှာ သွေးထွက်ခဲ့ရပါတယ်…ပြည်သူကိုယ်ကျင့်တရားမရှိလို့ ဆိုးသွမ်းတဲ့ အစိုးရတတ်တယ်လို့
ဆိုလို့ရှိရင် ဒီလိုဆိုးသွမ်းတဲ့ အစိုးရရှိလို့လည်း ပြည်သူတွေ ကိုယ်ကျင့်တရားပျက်ရတာပါ..

ဒါကြောင့် မြန်မာပြည်သူတွေဟာ ဘယ်ဘာသာဝင်မဆို ဘာသာတရားကို
အလွန်ပဲ ယုံကြည်လေးစားလိုက်နာကျပါတယ်..အဲဒါကြောင့် ဘာသာတိုင်းမှာ ပြဠာန်းထား တဲ့ ကိုယ်ကျင့်တရား သီလကို လက်နက်သဖွယ်အသုံးပြု၍ ဘာသာမဲ့ နအဖ အစိုးရကို တိုက်ထုတ်ကြပါစို့လို့ ဒီဆောင်းပါးလေးနဲ့တိုက်တွန်းလိုက်ပါတယ်…
ကိုသီလ

8 comments :

Maung said...

Dec
27,
2007ကောင်းကြသေးရဲ့လား

ဆောင်းပါး from OE

ဒေါ်စုဆီက ဘာကြောင့်ကျွန်တော်ထွက်လာရသလဲ၊ အကြောင်းသုံးချက်ရှိပါတယ်။
တစ်။ ပါတီတွင်းဆက်ဆံရေးအခြေအနေ။
နှစ်။ ဒေါ်စုရဲ့ ထက်အောက်ဝဲယာဆက်ဆံမှုအခြေအနေ။
သုံး။ ဒေါ်စုရဲ့လူမှုရေးအကြောင်းများ။
ပါတီတွင်းဆက်ဆံရေး
၈၈ အရေးတော်ပုံအပြီးမှာ ကျောင်းသားတွေထဲမှာ အကြမ်းအားဖြင့် လေးစုကွဲသွားတယ်။ ကိုနိုင်အောင်တို့နဲ့ ပါသွားသူများ၊ ကိုမင်းကိုနိုင်တို့နဲ့ ဗကသအဖြစ်ကျန်ခဲ့သူများ၊ ကိုမိုးသီးဇွန်တို့နဲ့ လူ့ဘောင်သစ် ဖြစ်သွားသူများနဲ့ ဒီချုပ်လူငယ်အဖွဲ့မှာ ပါသူများလို့ ခွဲခြားနိုင်ပါတယ်။ ကျွန်တော်ကတော့ တော့ ဒီချုပ်ထဲပါတဲ့ အုပ်စုထဲလိုက်သွားပါတယ်။ ဒါကလည်း ဒေါ်စုကို အထင်ကြီးတာရယ်။ မကသ ကလာတာမို့ ဗကသ အောက် ခေါင်းမလျှိုခြင်တာရယ် နှစ်ခုလုံးပါပါတယ်။

ဒီချုပ်ကို သိတဲ့အတိုင်း အောင်စုတင် လူကြီးသုံးဦးခေါင်းဆောင်ပါတယ်။ စီအီးစီကို အောင်စုတင် အုပ်စုတစ်ခုစီက ၁၄ ဦးနဲ့ ဖွဲ့ပါတယ်။ စီအီးစီအားလုံးကို ခေါင်းဆောင်သုံးဦးကပဲ တိုက်ရိုက်ရွေးပြီးခန့်တာပါ။ ဦးအောင်ကြီးထွက်သွားတော့ စီအီးစီဝင်တွေက စုတင်အုပ်စုဝင်တွေပဲကျန်ပါတယ်။ ဒီချုပ် ဗဟိုကို ဖွဲ့ပြီးတော့ ပြည်နယ်၊ တိုင်းစည်းတွေ၊ မြို့နယ်စည်းတွေဆက်ဖွဲ့ပါတယ်။ ဒါတွေအားလုံး ဗဟိုဦးစီးစနစ်နဲ့ ခန့်အပ်ခဲ့တာပါ။ ဒီချုပ်အောက်ခြေအဖွဲ့ဝင်များအနေနဲ့ ပြောခွင့်မရှိပါ။ ပြောဖို့ကြိုးစားသူများရှိရင်လည်း ဒီအချိန်က စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန်၊ ရွေးကောက်ပွဲအတွက်လည်း ပြင်ရမယ်။ အခြေအနေတည်ငြိမ်မှ ပြန်ရွေးကြတာပေါ့ဆိုပြီး ခေါင်းဆောင်များက ပြောခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ရွေးတော့လည်း စီအီးစီနဲ့ တိုင်းစည်းတွေညှိပြီးရွေးခဲ့တာပါ။ မဆလခေတ်က ပါတီကချပေးတဲ့ကိုယ်စားလှယ်ကို ထောက်ခံရသလိုပဲ ကျွန်တော်တို့ စီအီးစီက ချပေးတာကို ထောက်ခံခဲ့ရတာပါ။

ဒီလိုနဲ့ ဒေါ်စု အထိန်းသိမ်းခံရတော့လည်း ဒေါ်စုမရှိသေးခင် ဒီလိုပဲထိန်းထားဦး ဒေါ်စု ထွက်လာမှ လုပ်ကြတာပေါ့နဲ့ပဲ အချိန်ကုန်ခဲ့တာပါ။ ၁၉၉၅ မှာ ဒေါ်စုထွက်လာတော့လည်း ခြံဝမှာ ဟောပြောပွဲလုပ် တာ၊ သတင်းစာရှင်းလင်းပွဲလုပ်တာ။ စီအာရ်ပီပီဖွဲ့တာနဲ့ပဲ အချိန်ကုန်ပြီး ၂၀၀၁ ခုနှစ်အထိရောက်ခဲ့ပါ တယ်။ ပါတီအဖွဲ့အစည်းတွေကို ပြင်ဖွဲ့တာ၊ ပါတီတွင်းဒီမိုကရေစီရှင်သန်အောင်လုပ်တာတွေ လုပ်ရမယ့် အစား တိုက်ပွဲတွေဖော်ပြီး ပါတီထုကို ဆွဲဆောင်ထားဖို့ပဲလုပ်ခဲ့တာပါ။ ပါတီတွင်းဒီမိုကရေစီ ရှင်သန်အောင်တောင် မလုပ်နိုင်ဘဲနဲ့ နိုင်ငံကို ဒီမိုကရေစီပန်းတိုင်ပို့နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ဒါဟာ ဒီချုပ်အပေါ် စိတ်ကုန်ရတဲ့ အကြောင်းတစ်ချက်ပါ။

ဒေါ်စုရဲ့ထက်အောက်ဝဲယာဆက်ဆံမှုအခြေအနေ
ဒေါ်စုရဲ့ ပညာအရည်အချင်း၊ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောနိုင်မှု၊ အဟောအပြောကောင်းမှု နဲ့ နိုင်ငံတကာ ဗဟုသုတကြွယ်ဝမှုတို့ကို မျိုးချစ်တွေထဲမှာရော၊ တတ်သိတွေထဲမှာရော၊ အခြားပါတီက ခေါင်းဆောင်တွေထဲမှာရော ဘယ်သူမှ မယှဉ်နိုင်တာ မဆလ တံခါးပိတ်ခေတ်မှာ လူဖြစ်ရတဲ့ ကျွန်တော် တို့ကတော့ ဝေးရော။ ဒါပေမယ့် ဒေါ်စုက ကျန်တဲ့ခေါင်းဆောင်တွေမှာ မြန်မာ့နိုင်ငံရေးနယ်ပယ်က သင်ခန်းစာတွေ အတွေ့အကြုံတွေအများကြီးရှိတယ်ဆိုတာ မေ့နေခဲ့တယ်။ ဒါ့ကြောင့် ကျန်တဲ့လူတွေ အပေါ် အထင်သေးတဲ့စိတ်နဲ့ ကြည့်တာ၊ ပြောတာတွေကို တွေ့လာရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလည်း ဒေါ်စုကြည်ထက်ငယ်တဲ့အချိန်မှာ ဖဆပလကို ခေါင်းဆောင်ခဲ့တာပါ။ ဒါပေမယ့် ဗိုလ်ချုပ်က ကျောင်းသားသမဂ္ဂ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ် ဂိုဏ်း စတာတွေမှာ ခေါင်းဆောင်နေရာတွေယူခဲ့သလို့ ဗမာ့တပ်မတော်မှာလည်း ဦးစီးချုပ်လုပ်ခဲ့ပြီးမှ ဖဆ ပလ ခေါင်းဆောင်ဖြစ်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ဦးဘဖေ၊ ဦးရာဇတ်၊ သခင်မြ၊ ပျော်ဘွယ်ဦးမြ၊ ဦးဘဂျမ်းစတဲ့ ၀ါရင့် နိုင်ငံရေးသမားကြီးတွေကို အလေးထားနေရာပေးပြီး ခေါင်းဆောင်မှုယူခဲ့တာတွေ့ရမှာပါ။

ဒေါ်စုကြည်ကတော့ ဗိုလ်ချုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် မျိုးချစ်အဖိုးကြီးတွေကိုယ်တောင် အန်ကယ်ခေါ်ပြီး ပယ်ပယ်နယ်နယ် တွယ်ပါတယ်။ အဖိုးကြီးတွေခင်ဗျာ မစုရေ အန်ကယ်တို့ကလေနဲ့ ပြာနေအောင် ကြောက်ရပါတယ်။ တတ်သိတွေကိုလည်း ဘာတတ်သိပညာရှင်လည်း ဘာညာနဲ့အုပ်တာပါဘဲ။ ဒေါ်စု တန်းတူ ဆက်ဆံတာနှစ်ယောက်တော့ ရှိပါတယ်။ ဦးဝင်းတင်နဲ့ ဗိုလ်ကြီးဟောင်းဝင်းထိန်ပါ။ ဒါ့ကြောင့်လည်း မိုးသီးဇွန်က သူ့စာတမ်းမှာ ဒီချုပ် စီအီးစီတွေဟာ ကပ္ပိယကြီးတွေလိုပဲ ကျောင်းထိုင်ဆရာတော် ဒေါ်စုမသိရင် ဘာမှမလုပ်ရဲဘူးလို့ ရေးခဲ့တာပါ။

Anonymous said...

အစ်ကို့ ရ့ဲနှိုင်းယှဉ်ဖေါ်ပြချက်ကိုလက်ခံပါတယ်။
ဒါပေမယ့် နှိုင်းယှဉ်မှုက ဖွတ်ဟဲ့ ‘‘မနှိုင်းကောင်း နှိုင်းကောင်း‘‘ ဆိုတဲ့မြန်မာစကားလိုပြောရရင်တော့ မနှိုင်းတောင် မနှိုင်းကောင်းလောက်ဘူးထင်ပါတယ်
ခံယူချက်။ ရည်ရွယ်ချက်။လုပ်ဆောင်ချက်။စေတနာ။သဘောထား စသည်ဖြင့်ဘာမှ နှိုင်းစရာကိုမကောင်းအောင်ကွာနေတာပါ
‘‘တိုင်းပြည်နဲ့ လူထုကောင်းစားရေး တိုက်ပွဲ ၀င်နေတဲ့လူ/ အမျိုးသမီးတစ်ယောက်ဖြစ်ပါလျှက်ခိုင်မာသောစိတ်ဓါတ် ဖြင့် ကိုယ်ကျိုးစွန့်လုပ်ဆောင်နေသူတစ်ယောက်နဲ့။ တခြားတိုင်းပြည်အတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သူ ‘‘
တွေကို ‘‘တိုင်းပြည်ကိုရောင်းစားပြီး လူထုပေါ်ခေါင်းပုံဖျတ်နေ တဲ့လူသားသမီးတွေ‘‘ နဲ့ ကဘယ်အချက်မှ ယှဉ်ပြောစရာ။တန်းတူထားစရာမမြင်ပါ။
အမြင်သဘောကိုရေးစေချင်လို့  comment ပေးခိုင်းလို့ ပေးပါသည်။စာရေးသူအပေါ် မည်သည့် ရည်ရွယ်ချက်မှမထားပါ။ရေးသားတင်ပြချက်အားလုံး ဖတ်ရှု့ လေ့လာရသဖြင့်ကျေးဇူးတင်ပါသည်။

Anonymous said...

it was a good essay! Wasn't it?

min said...

ခက်တော့ ခက်နေပြီ၊MAUNGဆိုတဲ့လူလို့မိမိကိုယ်ကိုမိမိ
ခံယူထားသူရေ၊မြန်မာပြည်သူလူထု ဒေါ်အောင်ဆန်းစု
ကြည်ကို ချစ်တာ၊လေးစားတာတွေဟာ ခိုင်လုံတဲ့ တိကျ
တဲ့ အကြောင်းတွေ အများကြီးရှိပါတယ်၊မြန်မာပြည်ကို
နည်းမျိုးစုံနဲ့ သိက္ခာကျဆင်းအောင်လုပ်နေတာ လူနည်း
စု လက်တဆုပ်စာ ဂျိုဂုတ်တွေရဲ့ သားသမီးတွေ မတရား
စီးပွားရှာပြီးချမ်းသာနေတဲ့ လူတွေနဲ့ သူတို့ရဲ့သားသမီး
တွေ တချို့သောအနုပညာမရှိဘဲ အနုပညာရှင်လို့ခံယူ
ထားသော လူးတွေ၊မင်းလိုကောင်မျိုးတွေကြောင့်ပါကွာ
်တကမ္ဘာလုံးကလေးစားတဲ့ မြန်မာပြည်ရဲ့ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မဆီမဆိုင်ဆွဲမထည့်ပါ
နဲ့ကွာ၊မင်းအတွက်ပြောတာပါ၊ဒေါ်စုကစေတနာမှန်တဲ့
လူဆိုတော့ ဘာမှမဖြစ်ဘူး၊မင်းဘဝအတွက်ကတော့မ
ကောင်းဘူး၊ဘာကြောင့်လဲဆိုတော့ မေတ္တာပြည့်ဝတဲ့
ပြည်သူအပေါ်မှာ စစ်မှန်တဲ့စေတနာနဲ့ အနစ်နာခံပေး
ဆပ်နေတဲ့ အမေစုလိုလူကို စော်ကားနေမတဲ့မင်းရဲ့ယုတ်
ညံတဲ့အကုသိုလ်ကံတွေက မင်းကိုပြန်အကျိုးပေးမှာစိုး
လို့ပါ၊မင်းဆရာသန်းရွှေလို သူတော်ကောင်းတွေချွတ်မရ
တဲ့လူမျိုးဖြစ်နေရင်တော့ မပြောတတ်ဘူး။မင်းကံတရား
ပေါ့ကွာ၊စေတနာက ကံဖြစ်တယ်ဆိုတာတော့ မင်းသိ
ထားဖို့လိုမယ်နော်။

Anonymous said...

Author is just launching the attack on unnecessary areas. Anybody can shake his or her ass if this is in accordance with the law. That's called Human Right.. U should try to learn the law and refrain from attacking without valuable point.. U r trapped in this evil Burmese Traditions and Culture that caused Modern Burmese society of Prostitutes, Slaves and Corruptions.

Anonymous said...

အင်း..ခင်ဗျားရဲ့ ပို့ စ်ကို ကျွန်တော်ကူးသွားတယ်
ကျွန်တော့်ဘလော့မှာ တင်မလို့ ပါ။ကျွန်တော်လည်း
လူတွေအဆဲခံရတာဘယ်လိုလဲလို့ သိချင်တယ်