Sunday 20 December 2009

ပျော်ရွှင်သောအားလပ်ရက် အတွက် ဆုတောင်း ဗွီဒီယို



ဇော်ဝင်း(နယူးရော်ခ့်)

အမေရိကန် သမ္မတကြီး အိုဘားမားနဲ့ သူ့ပါတီအောင်မြင်ရေးလှုပ်ရှားသူများ ရဲ့ ပျော်ရွှင်သောအားလပ်ရက် အတွက် ဆုတောင်း ဗွီဒီယို ကိုလက်ခံရရှိပါတယ်။

အမေရိကန် သမ္မတကြီး အိုဘားမား သူ့ဇနီး မစ်ရှဲလ်အိုဘားမား (Michelle Obama) သမီးလေး မလိယာအိုဘားမား စရှားအိုဘားမား (Malia Obama and Sasha Obama) တို့နဲ့ အမေရိကန်ပြည်ထောင်စုသူ/သား များအားလုံး ပျော်ရွှင်သောအားလပ်ရက် ဖြစ်ကြပါစေလို့ ကိုမိုးသီး ဘလောက်ခ် မှ ဆုပြန်တောင်းပေးလိုက်ပါတယ်။

ကျွန်တော့်တို့ ချစ်ရသော သန်းငါးဆယ်ကျော် ပြည်သူလူထုအားလုံး ကိုလဲ စစ်အာဏာရှင်စနစ်အောက်မှ အမြန်ဆုံး လွတ်မြောက်ကြပါစေ လို့ဆုတောင်းလိုက်ပါတယ်။ နေအိမ်အကျယ်ချုပ်ဖြင့် အကျဉ်းခံနေရကြရသူ ကာကွယ်ရေးဦးစီချုပ် ဟောင်း ဗိုလ် ချုပ်ကြီးသူရ ဦးတင်ဦး နှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ သက်တော်ရာကျော်ရှည် ကာ မြန်မာနိုင်ငံပြည်သူများအတွက် ဒီမိုကရေစီရရှိရေး ဦးဆောင်မှု များ ဆက်လက်ပေးနိုင်ကြပါစေ။ မြန်မာနိုင်ငံအကျဉ်းထောင် အသီးသီး အကျဉ်းကျခံနေကြရသူများ ဖြစ်ကြတဲ့ ဦးဂမ္ဘီယ အပါအဝင် ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် ရဟန်းသံဃာတော်များ သီလရှင်များ ကိုမင်းကိုနိုင် ကိုမင်းဇေယျ ကိုမြအေး ကိုဌေးကြွယ် ကိုပြုံးချို မမီးမီး ကိုဂျင်မီအပါအဝင် ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများ အားလုံး နှင့် ဦးခွန်ထွန်းဦး ကိုဇာဂနာ မစုစုနွေး ကိုထင်ကျော် ကိုဇေယာသော် တို့ ကျမ္မာ သက်ရှည်စွာဖြင့် ဒီမိုကရေစီရရှိရေး ဦးဆောင်မှု များ ဆက်လက်ပေးနိုင်ကြပါစေ။ အကျယ်ချုပ် အကျဉ်းချုပ်ခံ ဘဝ များ မှ အမြန်ဆုံးလွတ်မြောက်ကြပါစေ လို့ဆုတောင်းလိုက်ပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ကြိုးပမ်းနေကြသူအားလုံး ပျော်ရွှင်သော အားလပ်ရက်ဖြစ်ကြပါစေခင်ဗျာ။

ဗွီဒီယို လင်ခ့် ကို ကလစ်လုပ်ပြီး ကြည့်ရှူ့နိုင်ပါတယ်။
http://holiday.barackobama.com/?fname=Zaw

No comments :