Wednesday 16 December 2009

ဒေါ်အောင်ဆန်းစုကြည် ဦးအောင်ရွှေ၊ဦးလွင်၊ဦးလွန်းတင်တို့ နဲ့ တွေ့ ဆုံခွင့်ရ



ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်သန်းရွှေထံစာတစောင်ပို့ ထားပါတယ်။ စာမှာ ဗိုလ်ချုပ်သန်းရွှေနဲ့ တွေ့ ဆုံပြီးစီးပွားရေးပိတ်စို့ မှုကိုအဖြေရှာရန် နဲ့  သူမရဲ့ ပါတီခေါင်းဆောင်များ နဲ့ တွေ့ ဆုံ ခွင့်ကိုတောင်း ဆိုထားခဲ့ပါတယ်။ ဒီတောင်းဆိုမှုမှာ ဗိုလ်ချုပ်သန်းရွှေနဲ့ တွေ့ ဆုံမှုကို အကြောင်းမပြန်သေးပေမဲ့  အသက်အရွယ်ကြီးရင့်နေတဲ့ သူမ ပါတီခေါင်းဆောင်တွေနဲ့  မနေ က တွေ့ ဆုံခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ရွှေ ( ၉၁ နစ်)၊ ဦးလွန်းတင် (၈၈ နစ်) နဲ့ ဦးလွင် ( ၈၆ နှစ် ) တို့ ကို စစ်အစိုးရ ညေ့် ဂေဟာ မှာတွေ့ ဆုံခဲ့တယ်လို့ သိရတယ်။ တွေ့ ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီကို ပြန်လည်ဖွဲ့ စည်းဖို့ အတွက် ဒီခေါင်းဆောင်တွေဆီက ခွင့်ပြုချက်တောင်းခံခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ မီးစာကုန်ဆီခန်းအနေထားကိုရောက်ရှိနေပါတယ်။ ပြုပြင်ပြောင်းလဲမှုများကိုနစ်ပေါင်းများစွာကတည်းက ပြုလုပ်သင့်ပေမဲ့ အခုထိ မလုပ်ခဲ့ကြပါဘူး။ လက်ရှိ တာဝန်ယူနေတဲ့ ဦးအောင်ရွှေနဲ့ စီအီစီအဖွဲ ဟာ ပြည်သူလူထုက ပေးအပ်ထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုအောင်မြင်အောင်အကောင်ထည်ဖေါ်နိင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ သူတို့ ရဲ့ မပြတ်သားတဲ့ခေါင်းဆောင်မှု မျာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက်ရော တိုင်းပြည်အတွက်ပါ အဆိုးဆုံးအခြေအနေများကို ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့  လက်ရှိခေါင်းဆောင် သုံးဦးတွေ့ ဆုံမှုဟာ နောက်ဆုံးတွေ့ ဆုံမှုဖြစ်နိင်ပြီး

ဒီအချိန် မှာ အကျိုးရှိတဲ့ တိုးတက်တဲ့ပြုပြင်ပြောင်းလဲမှုတွေကိုမလုပ်နိင်ရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနာဂတ်ဟာ စိုးရိမ်စရာဖြစ်လာနိင်ပါတယ်။


No comments :